မစိတ်မွှန်နေတဲ့ လူပျိုကြီးနှင့် ဖေ့ဘုတ်အွန်လိုင်းဖူးစာ ဂစ်တာရှိတ်မမ တို့တွေ့ကြသောအခါ
“ကျွန်တော့်ကိုဖမ်းကြပါ… ကျွန်တော့်ကို မြန်မြန်ဖမ်းပေးကြပါ အီးအဟီးဟီး…” လူပျိုကြီးဦးတိုး ရဲစခန်းထဲကို ငိုကြီးချက်မနဲ့ ပြေးဝင်သွားတယ်။
တာဝန်ကျရဲအရာရှိက- “ကဲ ထိုင်ပါ… တစ်ကိုယ်လုံးလည်း ဒဏ်ရာတွေနဲ့ မြင်မကောင်းပါလား?… ဘယ်လိုဖြစ်လာတာလဲ?… ဘာကိစ္စကြောင့်ဖမ်းရမှာလဲဆိုတာပြောပါဦး”
“ဒီလိုပါ ဦးရဲကြီးရယ်… ကျွန်တော်နဲ့ အွန်လိုင်းမှာချစ်ကြိုက်နေတဲ့ကောင်မလေးကို အခုတည်းခိုခန်းမှာချိန်းတွေ့ပြီးမှ ဒီအတိုင်းထားပစ်ခဲ့ပါတယ်… ကျွန်တော့်မှာအပြစ်ရှိပါတယ်… ကျွန်တော့်ကိုဖမ်းပါဗျာ”
“ဟာကွာ ခင်ဗျားမို့လို့ နှမချင်းမစာမနာလုပ်ရက်တယ်… ကောင်းပြီလေ ဒါဆိုရင်တော့ပြစ်မှုမြောက်သွားပြီ… ဖမ်းရမှာပေါ့။ ကဲ… ဖြစ်စဉ်ကို အစကနေသေချာပြောပြစမ်းပါအုန်း”
ရဲအရာရှိကစာအုပ်နဲ့ဘောလ်ပင်ယူပြီးလိုက်မှတ်ဖို့ပြင်တယ်။“ဒီလိုပါဦးရဲကြီးရယ်… အဲဒီအွန်လိုင်းကချစ်သူကို ခိုးပြေးဖို့ ကျွန်တော်တည်းခိုးခန်းတစ်ခုကို ချိန်းလိုက်ပါတယ်…
ကျွန်တော်တည်းခိုခန်းကို ရောက်သွားတော့ သူကအရင်ရောက်နှင့်နေပါပြီ”
“ဟုတ်ပြီဆက်ပြော” “ကျွန်တော်အခန်းထဲဝင်သွားတော့ သူဘာလုပ်နေတယ်ထင်လဲ” “ဘာလုပ်နေလဲ…?” “ကုတင်ပေါ်ထိုင်ပြီး နှပ်ချေးထိုင်ကလော်နေတယ်ဗျာ…”
“အဲ… ဟုတ်ပါပြီလေ…နောက်တော့ရော?”
“ကျွန်တော်လည်း ရင်တဒိတ်ဒိတ်နဲ့ သူ့ဘေးမှာဝင်ထိုင်လိုက်ပြီး သူ့လက်ကလေးကို ဖွဖွလေးငုံ့နမ်းလိုက်တော့… ဖွီ… အားလာလား သူ့လက်သည်းကြားမှာနည်းနည်းနောနော ဂျီး(ချေး)တွေလားဗျာ”
“ဪ sexyကျချက်နော်… အင်းဆက်ပြောပါဦး” “ဒါနဲ့ ကျွန်တော်က လက်သည်းတွေကို သန့်သန့်ရှင်းရှင်းထားပါလားဆိုတော့ သူကဘာလုပ်တယ်ထင်လဲ?”
“အင်းးး… ဘာလုပ်လဲ?” “သူ့လက်သည်းတွေကို လျှာနဲ့ထိုးကလော်နေတယ်လေ” “ထွီ… အဲလေ ယောင်ယောင်သွားလို့ ဆက်ပြော”
“ကျွန်တော်လည်း ညားပြီးရင်တော့ ပြုပြင်လို့ရကောင်းပါရဲ့ဆိုပြီး ပါးလေးကို ရွှတ်ခနဲ ငုံ့နမ်းလိုက်တာပေါ့….”
“ဘာဆက်ဖြစ်လဲ?” “ကျွန်တော်နမ်းတဲ့နေရာတစ်ခုတည်းကွက်ပြီးမည်းသွားတယ်” “ဟင်?… ခင်ဗျားနှာခေါင်းမှာ အိုးမည်းတွေပေနေလို့များလား?”
“ဘယ်ကလာ… ဖို့ထားတဲ့ သူ့မိတ်ကပ်တွေပျက်သွားပြီး သူ့နဂိုအသားရေပေါ်လာတာ”
“ဗျာ??….”
“အဲဒါနဲ့ သူ့ပါးကို ကမန်းကတန်းလက်နဲ့ပွတ်ကြည်လိုက်တော့မှ အာပါ့ပါး ဖေ့စ်ဘုတ်ပေါ်ကရုပ်နဲ့တခြားစီ… မည်းလိုက်တဲ့အသားဗျာ… ယင်ကောင်နားရင်တောင်ရှာတွေ့မယ်မထင်ဘူး”
“အဲလောက်တောင်မည်းသလားဗျ?” “ဒါနဲ့ကျွန်တော်ပြောလိုက်တယ်… အချစ်မှာအသားအရည်မလိုဘူး… ပိုလျှံနေတာတွေမလိုဘူး… အခုသွားဖျက်လို့ ပြောလိုက်တော့ ကပျာကယာရေချိုးခန်းထဲဝင်သွားတယ်”
“စိတ်ဝင်စားလာပြီ… ဆက်စမ်းပါဦး” “ခဏအကြာ ရေချိုးခန်းထဲကနေ သူပြန်ထွက်လာတော့ သူ့လက်ထဲမှာ ဘယ်ညာတစ်ခုစီ အပိုပြန်ပါလာတယ်”
“ဟင်!!!… ဘာတွေတုံးဗျ?” “ဖင်တုနဲ့ ရင်တု” “ဂျာ…” “တကယ်ပါဗျာ ဂစ်တာရှိတ်လို့ ကျွန်တော်ထင်ထားတဲ့ သူ့ပုံစံကပိန်ခြောက်မည်းမှောင်နေလိုက်တာများ ကြေးနန်းကြိုးကို တိပ်အမည်းပတ်ထားသလိုမျိုး”
“ခွီးခွီး… အဲလေ… အဟမ်း အဟမ်း… ခင်ဗျားကလည်း ဒီလောက်နဲ့တော့ အပြစ်ဆိုစရာလားဗျာ?”“ဒီလောက်အထိတော့ ကျွန်တော် စိတ်ခိုင်ပါသေးတယ်… ပြောရရင် တဏှာစိတ်မကုန်သေးဘူးဆိုပါတော့”“ပုထုဇဉ်သဘာဝပေါ့” “ကုတင်ပေါ်သူပြန်ရောက်လာတော့ ကျွန်တော့်ပုခုံးကို သူ့ခေါင်းလေးနဲ့ ပေးမှီထားလိုက်တယ်”
“ဟဲဟဲ… ကောင်းခန်းရောက်ပြီမလား?” “အဲဒီအချိန် ကျွန်တော်လည်း ဘာရယ်ညာရယ်မသိတော့ဘူး ‘မ’ စိတ်စမွှန်တဲ့အချိန်ပေါ့”
“အင်း….☻”
“သူ့ဆံပင်လေးကို အသာအယာပွတ်ပြီး နှစ်ကိုယ်ကြားလေးပြောလိုက်တယ်… ဆံပင်လေးကို တစ်သက်လုံးပိုင်ဆိုင်ချင်လိုက်တာဆိုတော့”
“အဲဒီတော့… သူကဘာပြောလဲ?” “ရော့… ယူချင်ယူလေဆိုပြီး သူ့ဆံပင်အတုကြီးချွတ်ပေးတယ်”
“ဟိုက်?… စောင်ကတုံးမကြီးပေါ့… အဲလေ ယောင်လို့ အင်း အဟဲ… ဒီလောက်နဲ့ စိတ်ပျက်စရာလားဗျာ… အချိန်တန်ရင်ပြန်ပေါက်မှာပေါ့”
“မွေးရာပါ ဆံပင်မပေါက်တဲ့ရောဂါတဲ့ဗျာ” “တိန်… မှတ်ကရော” “ဒီအထိသည်းခံနိုင်ပါသေးတယ်ဗျာ”
“အင်း?…”
“သူက လူချင်းခဏခွာလိုက်ပြီး သူ့ချိုင်းမွှေးတွေကို တဗျင်းဗျင်းဆွဲနုတ်နေသေးတယ်” “ဟိုက်… အဲလေ… ချိုင်းမွှေးပေါက်တာ သဘာဝပါ”
“ဒီလောက်နဲ့မပြီးသေးဘူး” “ဟင်?!” “နုတ်ပြီးသားသူ့ချိုင်းမွှေးတွေကို လက်နဲ့ကိုင်ပြပြီးပြောတယ်… ကျွန်တော့်မှာ နှုတ်ခမ်းမွှေးမရှိလို့ ဆင်ကော်နဲ့ကပ်ပေးရမလားတဲ့”
“ထွီ…”
ရဲအရာရှိက သူ့နှုတ်ခမ်းကို လက်နဲ့ကမန်းကတန်းလှမ်းပိတ်တယ်။ “ကျွန်တော်လည်း ကျန်တဲ့နေရာမကြည့်ရဲ့တော့ဘဲ သူ့နှုတ်ခမ်းလေးကိုပဲ စိုက်ကြည့်နေလိုက်တယ်
အမယ်… ရုပ်သာဆိုးတာဗျ… ပြုံးလိုက်ရင်တော့ လွှတ်လှ”
“တော်ပါသေးရဲ့… ကောင်းတဲ့နေရာလည်းရှိသေးလို့” “သွားလေးတွေက ပုလဲလုံးလေးတွေလိုပဲနော်လို့ကျွန်တော်ပြောလိုက်တော့”
“အင်း….” “ဒါတောင်ရေဆေးရသေးဘူးဆိုပြီး သူ့အံပုံကြီး ချွတ်ပြတယ်” “ဟိုက်!!! သွားကျိုးမကြီး… ထွီ အေ့ ဝေါ့” ရဲအရာရှိက ရင်ဘတ်ကလေးဖိပြီး ကပျာကယာ ရေထသောက်တယ်။ ပြီးမှပြန်လာထိုင်တယ်။
“ကျွန်တော်လည်း ဖြစ်ချင်ရာဖြစ် မျက်စိစုံမှိတ် ချစ်တော့မယ်ဆိုပြီး သူ့ခါးကို အတင်းဆွဲဖက်လိုက်တယ်” “အဲဒီတော့???” “သူကပြောတယ်… ဖြေးဖြေးဖက် ကလေးပျက်ကျမယ်တဲ့”
“ဟေ!! အဟားဟား နွား နွား”
“ဟင်? လက်ညှိုးကဘာလို့ကျွန်တော့်ကိုထိုးတာလဲ။ လှောင်တယ်ပေါ့?” “အဟီး… ခွိခွိ… ယောင်ယောင်သွားလို့ပါ မရီတော့ပါဘူး… အဟမ်း… အဟမ်း… ဆက်ပြောပါဦး”
“ဒါနဲ့ ကျွန်တော်လည်း မျက်ရည်တွေဝဲတက်လာပြီးတစ်ချိုးတည်း ထွက်ပြေးလာတော့တာပဲ အဟင့် ဟင့်…”
“ဪ အဲလိုလား? အဟင်း ခစ်ခစ် ဒါနဲ့နေစမ်းပါဦး… ခင်ဗျားဒဏ်ရာတွေကရော ဘယ်လိုရလာခဲ့တာလဲ?”
“ထွက်မပြေးခင်က သူ့ကိုမယူနိုင်ဘူးပြောလို့ သူ့ခြေတုကြီးချွတ်ပြီး တဖုန်းဖုန်းနဲ့ ရိုက်နှက်တော့တာပါပဲဗျာ… အီး အဟီး အဟင့်”
“အဟား….. ဟား…..ဟား….ဟား….”
Zawgyi
မစိတ္မႊန္ေနတဲ့ လူပ်ိဳႀကီးႏွင့္ ေဖ့ဘုတ္အြန္လိုင္းဖူးစာ ဂစ္တာရွိတ္မမ တို႔ေတြ႕ၾကေသာအခါ
“ကြၽန္ေတာ့္ကိုဖမ္းၾကပါ… ကြၽန္ေတာ့္ကို ျမန္ျမန္ဖမ္းေပးၾကပါ အီးအဟီးဟီး…” လူပ်ိဳႀကီးဦးတိုး ရဲစခန္းထဲကို ငိုႀကီးခ်က္မနဲ႔ ေျပးဝင္သြားတယ္။
တာဝန္က်ရဲအရာရွိက- “ကဲ ထိုင္ပါ… တစ္ကိုယ္လုံးလည္း ဒဏ္ရာေတြနဲ႔ ျမင္မေကာင္းပါလား?… ဘယ္လိုျဖစ္လာတာလဲ?… ဘာကိစၥေၾကာင့္ဖမ္းရမွာလဲဆိုတာေျပာပါဦး”
“ဒီလိုပါ ဦးရဲႀကီးရယ္… ကြၽန္ေတာ္နဲ႔ အြန္လိုင္းမွာခ်စ္ႀကိဳက္ေနတဲ့ေကာင္မေလးကို အခုတည္းခိုခန္းမွာခ်ိန္းေတြ႕ၿပီးမွ ဒီအတိုင္းထားပစ္ခဲ့ပါတယ္… ကြၽန္ေတာ့္မွာအျပစ္ရွိပါတယ္… ကြၽန္ေတာ့္ကိုဖမ္းပါဗ်ာ”
“ဟာကြာ ခင္ဗ်ားမို႔လို႔ ႏွမခ်င္းမစာမနာလုပ္ရက္တယ္… ေကာင္းၿပီေလ ဒါဆိုရင္ေတာ့ျပစ္မႈေျမာက္သြားၿပီ… ဖမ္းရမွာေပါ့။ ကဲ… ျဖစ္စဥ္ကို အစကေနေသခ်ာေျပာျပစမ္းပါအုန္း”
ရဲအရာရွိကစာအုပ္နဲ႔ေဘာလ္ပင္ယူၿပီးလိုက္မွတ္ဖို႔ျပင္တယ္။“ဒီလိုပါဦးရဲႀကီးရယ္… အဲဒီအြန္လိုင္းကခ်စ္သူကို ခိုးေျပးဖို႔ ကြၽန္ေတာ္တည္းခိုးခန္းတစ္ခုကို ခ်ိန္းလိုက္ပါတယ္…
ကြၽန္ေတာ္တည္းခိုခန္းကို ေရာက္သြားေတာ့ သူကအရင္ေရာက္ႏွင့္ေနပါၿပီ”
“ဟုတ္ၿပီဆက္ေျပာ” “ကြၽန္ေတာ္အခန္းထဲဝင္သြားေတာ့ သူဘာလုပ္ေနတယ္ထင္လဲ” “ဘာလုပ္ေနလဲ…?” “ကုတင္ေပၚထိုင္ၿပီး ႏွပ္ေခ်းထိုင္ကေလာ္ေနတယ္ဗ်ာ…”
“အဲ… ဟုတ္ပါၿပီေလ…ေနာက္ေတာ့ေရာ?”
“ကြၽန္ေတာ္လည္း ရင္တဒိတ္ဒိတ္နဲ႔ သူ႔ေဘးမွာဝင္ထိုင္လိုက္ၿပီး သူ႔လက္ကေလးကို ဖြဖြေလးငုံ႔နမ္းလိုက္ေတာ့… ဖြီ… အားလာလား သူ႔လက္သည္းၾကားမွာနည္းနည္းေနာေနာ ဂ်ီး(ေခ်း)ေတြလားဗ်ာ”
“ဪ sexyက်ခ်က္ေနာ္… အင္းဆက္ေျပာပါဦး” “ဒါနဲ႔ ကြၽန္ေတာ္က လက္သည္းေတြကို သန႔္သန႔္ရွင္းရွင္းထားပါလားဆိုေတာ့ သူကဘာလုပ္တယ္ထင္လဲ?”
“အင္းးး… ဘာလုပ္လဲ?” “သူ႔လက္သည္းေတြကို လွ်ာနဲ႔ထိုးကေလာ္ေနတယ္ေလ” “ထြီ… အဲေလ ေယာင္ေယာင္သြားလို႔ ဆက္ေျပာ”
“ကြၽန္ေတာ္လည္း ညားၿပီးရင္ေတာ့ ျပဳျပင္လို႔ရေကာင္းပါရဲ႕ဆိုၿပီး ပါးေလးကို ႐ႊတ္ခနဲ ငုံ႔နမ္းလိုက္တာေပါ့….”
“ဘာဆက္ျဖစ္လဲ?” “ကြၽန္ေတာ္နမ္းတဲ့ေနရာတစ္ခုတည္းကြက္ၿပီးမည္းသြားတယ္” “ဟင္?… ခင္ဗ်ားႏွာေခါင္းမွာ အိုးမည္းေတြေပေနလို႔မ်ားလား?”
“ဘယ္ကလာ… ဖို႔ထားတဲ့ သူ႔မိတ္ကပ္ေတြပ်က္သြားၿပီး သူ႔နဂိုအသားေရေပၚလာတာ”
“ဗ်ာ??….”
“အဲဒါနဲ႔ သူ႔ပါးကို ကမန္းကတန္းလက္နဲ႔ပြတ္ၾကည္လိုက္ေတာ့မွ အာပါ့ပါး ေဖ့စ္ဘုတ္ေပၚက႐ုပ္နဲ႔တျခားစီ… မည္းလိုက္တဲ့အသားဗ်ာ… ယင္ေကာင္နားရင္ေတာင္ရွာေတြ႕မယ္မထင္ဘူး”
“အဲေလာက္ေတာင္မည္းသလားဗ်?” “ဒါနဲ႔ကြၽန္ေတာ္ေျပာလိုက္တယ္… အခ်စ္မွာအသားအရည္မလိုဘူး… ပိုလွ်ံေနတာေတြမလိုဘူး… အခုသြားဖ်က္လို႔ ေျပာလိုက္ေတာ့ ကပ်ာကယာေရခ်ိဳးခန္းထဲဝင္သြားတယ္”
“စိတ္ဝင္စားလာၿပီ… ဆက္စမ္းပါဦး” “ခဏအၾကာ ေရခ်ိဳးခန္းထဲကေန သူျပန္ထြက္လာေတာ့ သူ႔လက္ထဲမွာ ဘယ္ညာတစ္ခုစီ အပိုျပန္ပါလာတယ္”
“ဟင္!!!… ဘာေတြတုံးဗ်?” “ဖင္တုနဲ႔ ရင္တု” “ဂ်ာ…” “တကယ္ပါဗ်ာ ဂစ္တာရွိတ္လို႔ ကြၽန္ေတာ္ထင္ထားတဲ့ သူ႔ပုံစံကပိန္ေျခာက္မည္းေမွာင္ေနလိုက္တာမ်ား ေၾကးနန္းႀကိဳးကို တိပ္အမည္းပတ္ထားသလိုမ်ိဳး”
“ခြီးခြီး… အဲေလ… အဟမ္း အဟမ္း… ခင္ဗ်ားကလည္း ဒီေလာက္နဲ႔ေတာ့ အျပစ္ဆိုစရာလားဗ်ာ?”“ဒီေလာက္အထိေတာ့ ကြၽန္ေတာ္ စိတ္ခိုင္ပါေသးတယ္… ေျပာရရင္ တဏွာစိတ္မကုန္ေသးဘူးဆိုပါေတာ့”“ပုထုဇဥ္သဘာဝေပါ့” “ကုတင္ေပၚသူျပန္ေရာက္လာေတာ့ ကြၽန္ေတာ့္ပုခုံးကို သူ႔ေခါင္းေလးနဲ႔ ေပးမွီထားလိုက္တယ္”
“ဟဲဟဲ… ေကာင္းခန္းေရာက္ၿပီမလား?” “အဲဒီအခ်ိန္ ကြၽန္ေတာ္လည္း ဘာရယ္ညာရယ္မသိေတာ့ဘူး ‘မ’ စိတ္စမႊန္တဲ့အခ်ိန္ေပါ့”
“အင္း….☻”
“သူ႔ဆံပင္ေလးကို အသာအယာပြတ္ၿပီး ႏွစ္ကိုယ္ၾကားေလးေျပာလိုက္တယ္… ဆံပင္ေလးကို တစ္သက္လုံးပိုင္ဆိုင္ခ်င္လိုက္တာဆိုေတာ့”
“အဲဒီေတာ့… သူကဘာေျပာလဲ?” “ေရာ့… ယူခ်င္ယူေလဆိုၿပီး သူ႔ဆံပင္အတုႀကီးခြၽတ္ေပးတယ္”
“ဟိုက္?… ေစာင္ကတုံးမႀကီးေပါ့… အဲေလ ေယာင္လို႔ အင္း အဟဲ… ဒီေလာက္နဲ႔ စိတ္ပ်က္စရာလားဗ်ာ… အခ်ိန္တန္ရင္ျပန္ေပါက္မွာေပါ့”
“ေမြးရာပါ ဆံပင္မေပါက္တဲ့ေရာဂါတဲ့ဗ်ာ” “တိန္… မွတ္ကေရာ” “ဒီအထိသည္းခံႏိုင္ပါေသးတယ္ဗ်ာ”
“အင္း?…”
“သူက လူခ်င္းခဏခြာလိုက္ၿပီး သူ႔ခ်ိဳင္းေမႊးေတြကို တဗ်င္းဗ်င္းဆြဲႏုတ္ေနေသးတယ္” “ဟိုက္… အဲေလ… ခ်ိဳင္းေမႊးေပါက္တာ သဘာဝပါ”
“ဒီေလာက္နဲ႔မၿပီးေသးဘူး” “ဟင္?!” “ႏုတ္ၿပီးသားသူ႔ခ်ိဳင္းေမႊးေတြကို လက္နဲ႔ကိုင္ျပၿပီးေျပာတယ္… ကြၽန္ေတာ့္မွာ ႏႈတ္ခမ္းေမႊးမရွိလို႔ ဆင္ေကာ္နဲ႔ကပ္ေပးရမလားတဲ့”
“ထြီ…”
ရဲအရာရွိက သူ႔ႏႈတ္ခမ္းကို လက္နဲ႔ကမန္းကတန္းလွမ္းပိတ္တယ္။ “ကြၽန္ေတာ္လည္း က်န္တဲ့ေနရာမၾကည့္ရဲ႕ေတာ့ဘဲ သူ႔ႏႈတ္ခမ္းေလးကိုပဲ စိုက္ၾကည့္ေနလိုက္တယ္
အမယ္… ႐ုပ္သာဆိုးတာဗ်… ၿပဳံးလိုက္ရင္ေတာ့ လႊတ္လွ”
“ေတာ္ပါေသးရဲ႕… ေကာင္းတဲ့ေနရာလည္းရွိေသးလို႔” “သြားေလးေတြက ပုလဲလုံးေလးေတြလိုပဲေနာ္လို႔ကြၽန္ေတာ္ေျပာလိုက္ေတာ့”
“အင္း….” “ဒါေတာင္ေရေဆးရေသးဘူးဆိုၿပီး သူ႔အံပုံႀကီး ခြၽတ္ျပတယ္” “ဟိုက္!!! သြားက်ိဳးမႀကီး… ထြီ ေအ့ ေဝါ့” ရဲအရာရွိက ရင္ဘတ္ကေလးဖိၿပီး ကပ်ာကယာ ေရထေသာက္တယ္။ ၿပီးမွျပန္လာထိုင္တယ္။
“ကြၽန္ေတာ္လည္း ျဖစ္ခ်င္ရာျဖစ္ မ်က္စိစုံမွိတ္ ခ်စ္ေတာ့မယ္ဆိုၿပီး သူ႔ခါးကို အတင္းဆြဲဖက္လိုက္တယ္” “အဲဒီေတာ့???” “သူကေျပာတယ္… ေျဖးေျဖးဖက္ ကေလးပ်က္က်မယ္တဲ့”
“ေဟ!! အဟားဟား ႏြား ႏြား”
“ဟင္? လက္ညႇိဳးကဘာလို႔ကြၽန္ေတာ့္ကိုထိုးတာလဲ။ ေလွာင္တယ္ေပါ့?” “အဟီး… ခြိခြိ… ေယာင္ေယာင္သြားလို႔ပါ မရီေတာ့ပါဘူး… အဟမ္း… အဟမ္း… ဆက္ေျပာပါဦး”
“ဒါနဲ႔ ကြၽန္ေတာ္လည္း မ်က္ရည္ေတြဝဲတက္လာၿပီးတစ္ခ်ိဳးတည္း ထြက္ေျပးလာေတာ့တာပဲ အဟင့္ ဟင့္…”
“ဪ အဲလိုလား? အဟင္း ခစ္ခစ္ ဒါနဲ႔ေနစမ္းပါဦး… ခင္ဗ်ားဒဏ္ရာေတြကေရာ ဘယ္လိုရလာခဲ့တာလဲ?”
“ထြက္မေျပးခင္က သူ႔ကိုမယူႏိုင္ဘူးေျပာလို႔ သူ႔ေျခတုႀကီးခြၽတ္ၿပီး တဖုန္းဖုန္းနဲ႔ ႐ိုက္ႏွက္ေတာ့တာပါပဲဗ်ာ… အီး အဟီး အဟင့္”
“အဟား….. ဟား…..ဟား….ဟား….”