တရု.တ်နိုင်ငံမှာ နေအတု နှင့် လအတုကို နည်းပညာဖြင့် ဖန်တီးရယူနိုင်ပြီ..

တရု တ်နိုင်ငံမှာ နေအတု နှင့် လအတုကို နည်းပညာဖြင့် ဖန်တီးရယူနိုင်ပြီ..

Artificial ကို မြန်မာလို “အတု” လို့ ဘာသာ ပြန်ဆိုကြပေမဲ့.. Artifact ကိုတော့ “လက်လုပ်ပစ္စည်း” (တနည်း) “လူလုပ်ပစ္စည်း” လို့ အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။ တရုတ်နိုင်ငံမှာ ယခုဆိုလျှင်ဖြင့် နေ နဲ့ လ ကို အတု (တနည်း) နည်းပညာဖြင့် ဖန်တီး ရယူနိုင်နေပြီ ဖြစ်ပါတယ်။

လအတုဆိုတာ တကယ့် လ အရွယ်အစားလောက်ကြီး လ အတုကို ဆိုလိုခြင်း မဟုတ်ပါ။ သံလိုက်စက်ကွင်းကို အသုံးချပြီး မြေဆွဲအားကို လျော့ပါးအောင် ပြုလုပ်ထားတဲ့ နည်းပညာဖြစ်ပါတယ်။

အရွယ်အစားအားဖြင့် နှစ်ပေသာသာ အကျယ်လောက်ရှိတဲ့ လေဟာနယ် အခန်းတစ်ခုထဲမှာ မြေဆွဲအားမရှိအောင် ဖန်တီးလုပ်ယူထားပါတယ်။ ထိုအခန်းထဲကို ကျောက်သားများထည့်သွင်းပြီး လ မျက်နှာပြင်နဲ့ တူအောင် ပြင်ဆင်ထားမှာဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့.. မြေဆွဲအားနည်းတဲ့ လ မျက်နှာပြင်မှာ စမ်းသပ်မှုတွေ မပြုလုပ်ခင်.. ကြိုတင်လေ့လာတွေ့ရှိချက်တွေ စမ်းသပ်နိုင်ရန်ဖြစ်ပါတယ်။ မကြာမီမှာ လကမ္ဘာကို လူသားတို့ ခြေချနေထိုင်နိုင်ကြတော့မှာပါ။

နေအတုအတွက်ကိုတော့.. တရုတ်၊ အမေရီကန်၊ ရုရှား၊ ဂျပန် နဲ့ တောင်ကိုးရီးယားမှ ပညာရှင်များစုပေါင်းကာ ဒေါ်လာ ၁ ထရီလီယံ ရင်းနှီးမြှုပ်နှံပြီး တီထွင်ဖန်တီးနေကြတာ ဖြစ်ပါတယ်။

ပလာစမာ အဏုမြူဓါတ်ပေါင်းဖိုကြီးနဲ့ နေထက် ငါးဆလောက်ပူပြင်းတဲ့ အပူစွမ်းအင်ကို ၁၇ မိနစ်ကြာ ရယူနိုင်နေပါပြီ။ လက်ရှိသုံးစွဲနေကြတဲ့ နယူကလီးယား ဓါတ်ပေါင်းဖိုများနေရာမှာ ပိုမိုသန့်စင်တဲ့ နေ စွမ်းအင်ကို အစားထိုး သုံးစွဲလာနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

နေဟာ ဟိုက်ဒရိုဂျင် နဲ့ ဟီလီယံတို့ နယူကလိယ ဓါတ်ပြုပေါက်ကွဲနေတဲ့ ဓါတ်ငွေ့ဘောလုံးကြီးဖြစ်ပါတယ်။ အဆိုပါဓါတ်ပြုခြင်းမှ ထွက်လာတဲ့ အပူနဲ့ အလင်းစွမ်းအင်ကို ကမ္ဘာအပါအဝင် ဂြိုဟ်တွေက အသုံးပြု (မှီခို) ကြရပါတယ်။

နေ အတုဟာ ကျနော်တို့ရဲ့ မိခင် နေ ရဲ့ နေရာကို အစားထိုးမှာ မဟုတ်ပဲ သန့်စင်တဲ့ (တနည်း) ဖန်လုံအိမ်ဓါတ်ငွေ့ စွန့်ထုတ်မှု နည်းပါးတဲ့ စွမ်းအင်ရင်းမြစ်တစ်ခု ဖြစ်လာရန်သာ ရည်ရွယ်ပါတယ်။

အနာဂတ်ကမ္ဘာကြီး ရေရှည်တည်တံ့ပြီး သာယာလှပဖို့ တိုးတက်လာတဲ့ အသိပညာ အတတ်ပညာတို့နဲ့ လူသားတို့ ကြိုးစားပြင်ဆင်သွားရမှာပဲ ဖြစ်ပါတော့တယ်။

အနာဂတ်ပညာရေးအတွက်..

Credit သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Zawgyi

တ႐ု တ္ႏိုင္ငံမွာ ေနအတု ႏွင့္ လအတုကို နည္းပညာျဖင့္ ဖန္တီးရယူႏိုင္ၿပီ..

Artificial ကို ျမန္မာလို “အတု” လို႔ ဘာသာ ျပန္ဆိုၾက​ေပမဲ့.. Artifact ကို​ေတာ့ “လက္လုပ္ပစၥည္း” (တနည္း) “လူလုပ္ပစၥည္း” လို႔ အဓိပၸါယ္ဖြင့္ဆိုၾကပါတယ္။ တ႐ုတ္ႏိုင္ငံမွာ ယခုဆိုလွ်င္ျဖင့္ ​ေန နဲ႔ လ ကို အတု (တနည္း) နည္းပညာျဖင့္ ဖန္တီး ရယူ​ႏိုင္ေနၿပီ ျဖစ္ပါတယ္။

လအတုဆိုတာ တကယ့္ လ အ႐ြယ္အစား​ေလာက္ႀကီး လ အတုကို ဆိုလိုျခင္း မဟုတ္ပါ။ သံလိုက္စက္ကြင္းကို အသုံးခ်ၿပီး ​ေျမဆြဲအားကို ​ေလ်ာ့ပါး​ေအာင္ ျပဳလုပ္ထားတဲ့ နည္းပညာျဖစ္ပါတယ္။

အ႐ြယ္အစားအားျဖင့္ ႏွစ္​ေပသာသာ အက်ယ္​ေလာက္ရွိတဲ့ ​ေလဟာနယ္ အခန္းတစ္ခုထဲမွာ ​ေျမဆြဲအားမရွိ​ေအာင္ ဖန္တီးလုပ္ယူထားပါတယ္။ ထိုအခန္းထဲကို ​ေက်ာက္သားမ်ားထည့္သြင္းၿပီး လ မ်က္ႏွာျပင္နဲ႔ တူ​ေအာင္ ျပင္ဆင္ထားမွာျဖစ္ပါတယ္။

ရည္႐ြယ္ခ်က္က​ေတာ့.. ​ေျမဆြဲအားနည္းတဲ့ လ မ်က္ႏွာျပင္မွာ စမ္းသပ္မႈ​ေတြ မျပဳလုပ္ခင္.. ​ႀကိဳတင္ေလ့လာ​ေတြ႕ရွိခ်က္​ေတြ စမ္းသပ္ႏိုင္ရန္ျဖစ္ပါတယ္။ မၾကာမီမွာ လကမာၻကို လူသားတို႔ ​ေျခခ်​ေနထိုင္ႏိုင္ၾက​ေတာ့မွာပါ။

ေနအတုအတြက္ကို​ေတာ့.. တ႐ုတ္၊ အ​ေမရီကန္၊ ႐ုရွား၊ ဂ်ပန္ နဲ႔ ​ေတာင္ကိုးရီးယားမွ ပညာရွင္မ်ားစု​ေပါင္းကာ ​ေဒၚလာ ၁ ထရီလီယံ ရင္းႏွီးျမႇဳပ္ႏွံၿပီး တီထြင္ဖန္တီး​ေနၾကတာ ျဖစ္ပါတယ္။

ပလာစမာ အဏုျမဴဓါတ္​ေပါင္းဖိုႀကီးနဲ႔ ​ေနထက္ ငါးဆ​ေလာက္ပူျပင္းတဲ့ အပူစြမ္းအင္ကို ၁၇ မိနစ္ၾကာ ရယူႏိုင္​ေနပါၿပီ။ လက္ရွိသုံးစြဲ​ေနၾကတဲ့ နယူကလီးယား ဓါတ္​ေပါင္းဖိုမ်ား​ေနရာမွာ ပိုမိုသန္႔စင္တဲ့ ​ေန စြမ္းအင္ကို အစားထိုး သုံးစြဲလာႏိုင္ဖို႔ ရည္႐ြယ္ထားပါတယ္။

ေနဟာ ဟိုက္ဒ႐ိုဂ်င္ နဲ႔ ဟီလီယံတို႔ နယူကလိယ ဓါတ္ျပဳ​ေပါက္ကြဲ​ေနတဲ့ ဓါတ္​ေငြ႕​ေဘာလုံးႀကီးျဖစ္ပါတယ္။ အဆိုပါဓါတ္ျပဳျခင္းမွ ထြက္လာတဲ့ အပူနဲ႔ အလင္းစြမ္းအင္ကို ကမာၻအပါအဝင္ ၿဂိဳဟ္​ေတြက အသုံးျပဳ (မွီခို) ၾကရပါတယ္။

ေန အတုဟာ က်​ေနာ္တို႔ရဲ႕ မိခင္ ​ေန ရဲ႕ ​​ေနရာကို အစားထိုးမွာ မဟုတ္ပဲ သန္႔စင္တဲ့ (တနည္း) ဖန္လုံအိမ္ဓါတ္​ေငြ႕ စြန္႔ထုတ္မႈ နည္းပါးတဲ့ စြမ္းအင္ရင္းျမစ္တစ္ခု ျဖစ္လာရန္သာ ရည္႐ြယ္ပါတယ္။

အနာဂတ္ကမာၻႀကီး ​ေရရွည္တည္တံ့ၿပီး သာယာလွပဖို႔ တိုးတက္လာတဲ့ အသိပညာ အတတ္ပညာတို႔နဲ႔ လူသားတို႔ ႀကိဳးစားျပင္ဆင္သြားရမွာပဲ ျဖစ္ပါ​ေတာ့တယ္။

အနာဂတ္ပညာ​ေရးအတြက္..

Credit သန္႔ဦး (အာကာသႏွင့္ စၾကဝဠာ သင္​ေထာက္ကူ)

Leave a Comment