ကမ္ဘာပေါ်ရှိ အကြီးမားဆုံး ခေါင်းလောင်းကြီး (၅) လုံး

၁ – ဓမ္မစေတီခေါင်းလောင်းကြီး

၂ – မင်းကွန်းခေါင်းလောင်းကြီး

၃ – ရုရှား ကြေးသွန်းခေါင်းလောင်းကြီး

၄ – တရုတ် ကြေးသွန်းခေါင်းလောင်းကြီး

၅ – ဂျပန် ကြေးသွန်းခေါင်းလောင်းကြီး

၁ – ဓမ္မစေတီခေါင်းလောင်းကြီး

ဓမ္မစေတီ ခေါင်းလောင်းကြီးသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ခေါင်းလောင်းတော်ကြီး ဖြစ်ပြီး ၁၄ ရာစုတွင် မွန်ဘုရင် ဓမ္မစေတီမင်းမှ ရွှေတိဂုံဘုရားသို့ သွန်းလုပ် လှူဒါန်းခဲ့သည်။ ဓမ္မစေတီခေါင်းလောင်းကြီးသည် ရွှေတိဂုံစေတီသို့ လှူဒါန်းသည့် ခေါင်းလောင်းကြီးများအနက် ပထမဦးဆုံး ခေါင်းလောင်းကြီး ဖြစ်သည်။

၁၆ ရာစုတွင် ပေါ်တူဂီ လူမျိုး ဒီဗရစ်တို ခေါ် ငဇင်ကာမှ ခေါင်းလောင်းကြီးကို ရွှေတိဂုံဘုရား ကုန်းတော်ပေါ်မှ အဓမ္မယူငင်သွားပြီးနောက် ဖောင်ဖြင့် သယ်ယူရန် ကြိုးစားစဉ် ရန်ကုန်မြို့နှင့် သံလျင်မြို့အကြား မြစ်သုံးခုဆုံရာ နေရာတွင် နစ်မြုပ်သွားခဲ့သည်။ ၎င်းခေါင်းလောင်းတော်ကြီးမှာ ယခုထက်တိုင် မြစ်အောက်တွင် နစ်မြုပ်နေဆဲဖြစ်ပြီး ဆယ်ယူရန် ကြိုးပမ်းမှုများမှာ အောင်မြင်ခြင်း မရှိသေးပေ။

ခေါင်းလောင်းကြီးသည် စောက် ၁၂ တောင်ရှိ၍ ကြေးပိဿာချိန် ၁၈၀ဝဝဝ (တစ်သိန်းရှစ်သောင်း) ရှိသည်။ ၎င်းကိုတန်ဖွဲ့ပါက ၂၉၀ တန် ရှိသည်။

ထို့ကြောင့်ဓမ္မစေတီခေါင်းလောင်းသည် စာကိုလိုကော ခေါင်းလောင်းထက် မင်းကွန်းခေါင်းလောင်းတစ်ခုစာ ပို၍ ကြီးမားနေ သည်ကို အံ့ဩဖွယ် တွေ့ရှိရသည်။ ထိုအတိုင်းဖြစ်လျှင် ဓမ္မစေတီခေါင်းလောင်း ကို ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းအဖြစ် သတ်မှတ်ရပေမည်။

စာကိုလိုကော ခေါင်းလောင်းသည် ၁၈ ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီ ခေါင်းလောင်းမှာ အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်း ဖြစ်သဖြင့် နှစ် ၃၀ဝ ပို၍ စောနေသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီ ခေါင်းလောင်းသည် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းများအနက် ရှေးအကျဆုံးသော ခေါင်းလောင်း ဖြစ်သည်။

သမိုင်းကြောင်း

မြန်မာ့သမိုင်းတွင် မွန်တို့၏ မဂဒူးမင်းဆက်တွင် ၁၆ ဆက်မြောက် မွန်ဘုရင် ဓမ္မစေတီမင်းသည် ဟံသာဝတီ (ယခု ပဲခူး) မှ အုပ်စိုးပြီး ၁၄၈၀ – ခုတွင် လူဦးရေ စစ်တမ်း ကောက်ယူခဲ့သည်။ သို့သော် သူ့ခန့်အပ်ထားခဲ့သော ဥပိုက်၊ သမန္တရာဇ်၊ တုရင်ရာဇာ၊ စွန္တရာဇ် အမတ် ၄ ယောက်တို့သည် အိမ်ထောင်စု စာရင်းသာမကပဲ အခွန်ပါ ကောက်ယူခဲ့ကြရာ ကြေးနီ ပိဿာချိန် ၁၈၀ဝဝဝ ရရှိသည်။

ဓမ္မစေတီမင်းအား ဆက်သသောအခါတွင် ဘုရင်က စိတ်ဆိုးပြီး ၎င်းကြေးများကို ပြည်သူတို့ထံ ပြန်လည် ပေးအပ်စေသည်။ ပြည်သူတို့က ဘုရင်အား သူတို့ ပြန်မယူလိုဘဲ သင့်တော်ရာ ကောင်းမှုပြုရန် ဘုရင်အား ပြောသဖြင့် အမတ်ကြီး ဗညားအိန်အား ခေါင်းလောင်းအဖြစ် သွန်းစေခဲ့သည်။

ပဲခူးမြို့ ရွှေမော်ဓောဘုရား၏ ရာဟုထောင့် အနောက်ဘက် မြေကွက်လပ်တွင် ၁၄၈၄ ခု ဖေဖော်ဝါရီလ ၅ ရက်နေ့ (မြန်မာသက္ကရာဇ် ၈၅၁ – ခုနှစ်၊ တပေါင်းလဆန်း (၈)ရက်၊ ကြာသပတေးနေ့) တွင် စတင်၍ ပွဲသဘင် ကျင်းပ၍ သွန်းလောင်းခဲ့သည်။

အခါပေးခဲ့သော ဆရာတို့မှာ ဇေယျာဗာဟု၊ ရာဇာဗာဟု၊ ပဲခူးသမုတ္တရာ နန္ဒစည်သူကျော်၊ သင်္ဃရာဇာ ဆရာတို့ ဖြစ်သည်။ လောကညဏပဏ္ဏိတ် အမတ်က ခေါင်းလောင်း သွန်းလောင်းသော အချိန်မှာ မိချောင်းနက္ခတ် ဖြစ်သဖြင့် အသံကောင်းစွာ မမြည်နိုင်ဟု ဟောကြားခဲ့သည်။

ဘုရင်က ဟောကြားချက် မမှန်လျှင် ဆွေခုနှစ်ဆက် မျိုးခုနစ်ဆက် အပြစ်ပေးမည်။ ဟောကြားချက်မှန်လျှင် သူကောင်းပြုမည်ဟု ပြောကြားခဲ့သည်။ ခေါင်းလောင်းကြီး ပြီးသော အခါတွင် အသံ မမည်သောကြောင့် လောကညဏပဏ္ဏိတ် အမတ်အား ရာဇပရောဟိတဘွဲ့ ချီးမြှင့်ခဲ့သည်။

များမကြာ အမြို့မြို့အိမ်ရှိ စာရင်းကို ယူစေ အမိန့်ရှိ၍ ဥပိုက်အမတ်နှင့် သမန္တရာဇ်၊ တုရင်ရာဇာ၊ စွန္တရာဇ် အမတ်လေးယောက်ကို ခန့်၍ သွားလေသော် အိမ်ရှိတိုင်းက ရုံမှတ်ကြေး တစ်သန်းရှစ်သိန်းရကြောင်းကို ကြားတော်မူလျှင် အိမ်ရှိကိုသာ သိလို၍ ခန့်ထားသည်ကို ဆင်းရဲသူ၊ ဆင်းရဲသားတို့ကြေးကို ခံယူကောက်မည်လောဟူ၍ အမတ်လေးယောက်တို့ကို အပြစ်ပေး၍ ကြေးကိုတုံ့စေ အမိန့်တော်ရှိသည်ကို အမြို့မြို့ ကျေးလက်သားတို့က သင့်ရာကောင်းမှုတော်ဖြစ်အောင် လှူတော်မူပါ။ ကျွန်တော်တို့ မယူပါပြီဆိုသောကြောင့် ဒဂုံဆံတော်ရှင်မှာ ဆွဲရအောင် ခေါင်းလောင်းကြီး သွန်းစေဟု ဗညားအိန် အမတ်ကြီးကို ခန့်၍ *:(စာမူအတိုင်း ရေးသားသည်။)

ခေါင်းလောင်း၏ ပုံသဏ္ဌာန်

ခေါင်းလောင်းကြီးမှာ စောက် (၁၂) တောင် အဝ (၈) တောင် ရှိသည်။ ခေါင်းလောင်းကြီး၏ အလယ်ဖောင်းရစ်တွင် နှစ်ကျိပ်ရှစ်ဆူပါသော ဖောင်းကြွဘုရား (၂၈) ဆူပါပြီး ၎င်း၏ အပေါ်ဘက်တွင် အတွဲတစ်တွဲလျှင် ကျောက်သံပတ္တမြား (၄၅) လုံး ပါရှိသော အတွဲ (၄၅) တွဲ၊ အတန်း (၂) တန်း ပါရှိသဖြင့် (၄၅လုံး x ၄၅တွဲ x ၂တန်း) စုစုပေါင်း ကျောက်သံပတ္တမြားပေါင်း ၄၀၅၀ လုံး ပါရှိသည်။

ယခုလက်ရှိ အခြေအနေတွင်ခေါင်းလောင်းကြီး၏ ကွင်းမှာ အနည်းငယ် ကွဲအက်လျက် ရှိပြီး ကျောက်သံပတ္တမြား ဒုတိယတွဲမှာ အနည်းငယ် ပြုတ်လျက် ရှိသည်။

ဖယောင်းပုံစောက် ၁၂ တောင်၊ အဝ ၇ တောင် သွန်းမည် ရှိရာတွင် အခါပေးသူ ဇေယဗာဟု၊ ရာဇာဗာဟု၊ ပဲကူးသမုတ္တရာ နန္ဒစည်သူကျော်တို့ကို သင်္ဃရာဇာ ဆရာလေးပါး ပေး၍ တပေါင်းလ္ဆန်း ရှစ်ရက်၊ ကြာသပတေးနေ့၊ သိဟ်လက်တွင် မင်းလည်း ကိုယ်တော်နှင့် မိဖုရား ကိုယ်လုပ်တော်တို့အပြင် အမတ်ပြည်သူတို့ကို ပွဲသဘင်ကြီးစွာ ခင်းရာတွင် လောကဉာဏဆရာသည် မင်းကို လျှောက်သည်ကား ခေါင်းလောင်းတော်သည် သွန်းပြီးလျှင် အပြစ်အဆာမရှိ ချောမောလိမ့်မည်။ ထိုအခါ အသံ မရရှိလမည်၊ လျှောက်သည်ကို အထက်က သည့်ကဲ့သို့ဖြစ်မည်ကို မလျှောက်မထား ယခုမှ လျှောက်ဆိုသော်၊ ဆိုသည့်အတိုင်း မမှန်လျှင် အမျိုး ၇ ဆက်တိုင် အပြစ်ပေးမည်။ ဆိုသည့်အတိုင်း မှန်လျှင် အမျိုး ၇ ဆက် ကောင်းအောင် ပြုမည်ဟု အမိန့်တော်ရှိသည်နှင့် သွန်းပြီးသော် ထိုဆရာဆိုတိုင်း ရှိသည်နှင့် ခေါ်၍ မေးတော်မူသော် ဆရာတို့ပေးသည့် အခါသည် နက္ခတ် ၆ လုံး ဖြစ်သည်။ နက္ခတ် ၆ လုံးတို့သည် မိချောင်းနက္ခတ်၊ မိချောင်းတို့သည် လျှာမရှိဖြစ်၍ မမြည်နိုင် ရှိရသည်ဟု လျှောက်လေသည်။ မင်းလည်းကြားလျှင် အမှန်ပင် ဖြစ်ချေသည်ဟု ဆုကြီးလာဘ်ကြီးပေး၍ ရာဇပုဟောဟိတ် အမည်ကိုလည်း ပေးတော်မူသည်။ ခေါင်းလောင်းကိုလည်း ဒဂုံဆံတော်ရှင် ဘုရားမှာ ဆုတောင်းဆုယူပြု၍ ဆွဲထားပြီးလျှင် ဟံသာဝတီမြို့တော်သို့ ပြန်တော်မူသည်။ *:(စာမူအတိုင်း ရေးသားသည်။

လှူဒါန်း

ဓမ္မစေတီမင်းသည် ထိုခေါင်းလောင်းကို သွန်းလောင်းပြီးသောအခါတွင် ရွှေလှေ ရွှေလှောင်း ရွှေဖောင်တို့ဖြင့် တင်ဆောင်လာပြီး မြန်မာသက္ကရာဇ် ၈၅၂ ခုနှစ် ကဆုန်လဆန်း ၃ ရက်နေ့တွင် ဒဂုံ (ယခု ရန်ကုန်) ရှိ ရွှေတိဂုံစေတီတော်သို့ မတင်လှူဒါန်းခဲ့ရာ ကဆုန်လဆန်း ၉ ရက်နေ့တွင် ပြီးစီး၍ ကဆုန်လဆန်း ၁၁ ရက်တွင် ရေစက်ချ လှူဒါန်းခဲ့သည်။ တစ်ပြိုင်တည်းမှာပင် ၅၀ဝ ပိဿာ ရှိ ခေါင်းလောင်း အသေးလည်း သွန်းလောင်း လှူဒါန်းခဲ့သည်ဟု ဆိုသည်။ ဓမ္မစေတီ ခေါင်းလောင်းကြီးသည် ရွှေတိဂုံဘုရား (စနေဒေါင့်) ကုန်းတော်ပေါ်တွင် ၁၂၃ နှစ်တိတိ တည်ရှိခဲ့သည်။

နိုင်ငံခြားသားများ ရောက်ရှိခြင်း

နောင် နှစ်တစ်ရာ ကြာပြီးနောက် ၁၅၈၂ ခုတွင် အီတလီ ကျောက်ကုန်သည် ဂစပါရို ဘယ်ဘီသည် ရွှေတိဂုံ ဘုရား သို့ရောက်ရှိခဲ့ပြီး ရွှေတိဂုံဘုရားကို အသေးစိတ် မှတ်တမ်းတင် ခဲ့သည်။ သူရေးခဲ့သည်မှာ “ကျွန်ုပ် တွေ့ခဲ့ရသည်မှာ အလွန်ခမ်းနားသော ခန်းမကြီးထဲတွင် အလွန့်အလွန် ကြီးမားသော ခေါင်းလောင်းကြီး ရှိပြီး အတိုင်းအတာအားဖြင့် ခြောက်လှမ်းနှင့် သုံးဖန် ရှိပြီး အထက်မှ အောက်သို့ စာလုံးတစ်ခုနှင့် တစ်ခု ပူးကပ်နေသောစာများ အပြည့်ရေးထားပြီး ဖက်ရမည်ပုံ မပေါ်ပေ။”

၁၅၃၀ ခုတွင် မွန် ဘုရင်များ၏ အာဏာစက် ကျဆင်းလာပြီး ၁၅၃၅ ခုတွင် အောက်ပြည်သည် အထက်ပြည်နှင့် ခြားနားသွားသည်။ တစ်ချိန်တည်းမှာ ဥရောပ ကုန်သည်နှင့် စွန့်စားရှာဖွေသူများ အောက်မြန်မာပြည်သို့ ရောက်လာကြသည်။ ၁၅၉၀ ခုနှစ်များတွင် ပေါ်တူဂီ လူမျိုး စွန့်စားရှာဖွေသူ ဖီလစ် ဒီ ဘရုတ်တို ရ နီကုတ် အား စီရမ်(သန်လျင်)တွင် အောက်မြန်မာပြည် အုပ်ချူပ်သူများက ကုန်သွယ်ရုံး ဖွင့်ခွင့် ပေးလိုက်သည်။ ၁၆၀ဝ ခုတွင် သူ၏ ဩဇာမှာ မြစ်ကြောင်း တစ်လျှောက် ဘေးပတ်ဝန်းကျင် အပါအဝင် ဒဂုံ အထိ ရောက်သည်။

ယူဆောင်ခြင်း

၁၆၀၈ ခု (မြန်မာသက္ကရာဇ် ၉၇၄ခု တန်ဆောင်မုန်း လပြည့်နေ့ တနင်္ဂနွေနေ့) နေ့လယ် ၁၂ နာရီတွင် တွင် ဒီဘရစ်တို သည် ရွှေတိဂုံ စေတီတော်မှ ဓမ္မစေတီ ခေါင်းလောင်းကြီးကို တောင်ပေါ်မှ လှိမ့်ချ၍ မြစ်တွင် ဆင်များဖြင့်ဆွဲကာ ပုဇွန်တောင် ရေလက်ကြားတွင် ဖေါင်ပေါ်သို့ တင်ခဲ့သည်။ ခေါင်းလောင်းကြီး နှင့် ဖောင်သည် သန်လျှင်မှစ၍ မြစ်ကြောင်းတစ်လျှောက် ခရီးနှင်ခဲ့သည်။

သို့သော် ရန်ကုန်မြို့နှင့် သန်လျှင်မြို့ ကြားပဲခူးမြစ် နှင့် ရန်ကုန်မြစ် ဆုံရာ မြစ်ဆုံ ခေါ် နေရာတွင် ဖောင်ပျက်ပြီး ခေါင်းလောင်းကြီး မှာ ရေအောက် သို့ ကျသွားခဲ့သည်။[ကိုးကားချက်လိုသည်] ဒီ ဘရစ်တို လည်း ရေအောက် ပါသွားခဲ့သည်။ ပေါ်တူဂီ တို့လည်း ၎င်းကို ခိုးယူခြင်းကြောင့် အထိနာသည်။ ပေါ်တူဂီ ဂတ်ရုံးအား ဒေါသထွက်သော ဗမာများက တိုက်ခိုက်ခဲ့ပြီး မှတ်တမ်းများအရ ပေါ်တူဂီ ခေါင်းဆောင်မှာ ဝါးရင်းတုတ်ဖြင့် တစ်ချက်ခြင်း ရိုက်၍ တဖြည်းဖြည်းခြင်း သေစေသည်ဟု ဆိုသည်။

ခေါင်းလောင်းကြီးနှင့်အတူ ဘုရင်မကြီး ရှင်စောပုမှ ကျိုက္ခမီရေလယ်ဘုရားသို့ လှူဒါန်းရန်အတွက် ဦးသာဆွေ ခေါင်းဆောင်သော အဖွဲ့မှ သွန်းလုပ်ထားသော ဉာဏ်တော် ၇ တောင် ရွှေသားစင်စစ် အလေးချိန် (၃) တန်ရှိသည့် ရပ်တော်မူ ဘုရားတစ်ဆူ၊ လုံအိုးကွဲသွားသောကြောင့် ဉာဏ်တော် ၇ တောင်တွင် တစ်မိုက်လျော့သော ရွှေသားအလေးချိန် (၃) တန်ရှိသည့် ရပ်တော်မူ ဘုရားတစ်ဆူ စုစုပေါင်း ရွှေ (၆)တန်နှင့် တန်ချိန် ၆၀ ခန့် ရှိသည့် အခြားခေါင်းလောင်း အသေးတစ်လုံးတို့လည်း အတူတကွ နစ်မြုပ်သွားခဲ့သည်ဟု ဆိုကြသည်။ နစ်မြုပ်နေသော နေရာမှာ ရေအနက် (၂၇)ပေ မြေကြီးအောက် (၂၅) ပေ စုစုပေါင်း (၅၂) ပေ တွင် ရှိသည်ဟု ဆိုသည်။

ဆယ်ယူရန် ကြိုးပမ်းမှုများ

ရန်ကုန်ရှိ သမိုင်း အထောက်အထားများ အရ ၁၈၀ဝ ခုတွင် ခေါင်းလောင်းကြီးကျရာနေရာတွင် ဝဲကတော့ ထိုးသည်ဟု ပါသည်မှတပါး ဓမ္မစေတီ ခေါင်းလောင်းကြီးအား ဆယ်ယူမှု မရှိခြေ။ ယခုခေတ် လူကြီးများပင် ၎င်း ဝဲကတော့ကို မျက်မြင် ကိုယ်တွေ့ရှိသည်ဟု ဆိုကြသည်။ မြစ်မှာ မနက်ပေ။ ပေ ၄၀ သာရှိပြီး ရေအောက်ရွှံညွှန်များမှာ နောက်ထက် ပေ ၄၀ လောက် ရှိမည်ဖြစ်ပြီး ၎င်းရွှံညွှန်များထဲတွင် ခေါင်းလောင်း ရှိပေမည်။

ဂြိုဟ်တုမှ တွေ့ရှိ

၂၀၁၂ – ခု၊ မတ်လ (၁၆)ရက်တွင် ရန်ကုန်မြစ်-ပဲခူးမြစ်-ပုဇွန်တောင်ချောင်းတို့ ဆုံရာအလယ်တွင် နှစ်ပေါင်း ၄၀၀ ကျော်တိုင် နစ်မြုပ်နေသော ဓမ္မစေတီ ခေါင်းလောင်းကို အမေရိကန်နိုင်ငံမှ လွှတ်တင်ထားသော နာဆာ Land Sat 7 ဂြိုဟ်တုဖြင့် ခေါင်းလောင်းပုံရိပ်ကို အတိအကျ တွေ့ရှိခဲ့ပြီ ဖြစ်သည်။ “လွန်ခဲ့တဲ့ ငါးရက်လောက်က ကြည့်ဖြစ်ခဲ့တာ ဘယ်နေရာမှာ ခေါင်းလောင်း ရှိတယ်၊ ဘယ်နေရာမှာ သင်္ဘောပျက် ရှိတယ်ဆိုတာတွေကို အတိအကျ မြင်နေရပါတယ်။ ဓမ္မစေတီခေါင်းလောင်းကို ရေထဲကနေ ပြန်လည်ဆည်ယူဖို့ ခန့်မှန်းခြေ ဒေါ်လာငါးသိန်း ဝန်းကျင်လောက် လိုတယ်။ အခုလက်ရှိတော့ အဲဒီဓမ္မစေတီ ခေါင်းလောင်းကို ဆယ်ယူဖို့ နိုင်ငံတော်အနေနဲ့ ဘယ်သူ့ကိုမှ လုပ်ပိုင်ခွင့် မပေးသေးဘူး” ဟု ဒဂုံတက္ကသိုလ် ဘူမိဗေဒ အငြိမ်းစား ပါမောက္ခ ဦးစိုးသိန်းက ပြောသည်။

ပြီးခဲ့သည့် နှစ်များအတွင်းက ဩစတြေးလျနိုင်ငံမှ ပညာရှင်များက Sonar System နှစ်မျိုး ဖြစ်သည့် Lowlarce HDS 7 Structure Scan Star Fish Side Scan စနစ်တို့ကို အသုံးပြုပြီး လာရောက်စမ်းသပ် ဖော်ထုတ်ခဲ့ကြရာ ခေါင်းလောင်း ရှိမည့် နေရာ နှစ်နေရာကို စမ်းသပ် ဖော်ထုတ်ခဲ့ကြသော်လည်း နေရာ အတိအကျကိုမူ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိကြောင်း ယင်းက ထပ်မံပြောသည်။

ဩစတြေးလျနိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုက ခေတ်မီ ပစ္စည်းကိရိယာများ အသုံးပြု၍ ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ ခေါင်းလောင်းတော်ကြီး၏ ပုံရိပ်ဟု ယူဆရသော နေရာနှစ်နေရာကို ဖမ်းယူရရှိခဲ့ကြောင်း၊ သို့သော် သေချာစွာ အတည်ပြု ပေးနိုင်ရေးအတွက် ရေငုပ်စမ်းသပ် အတည်ပြုရန် လိုအပ်ကြောင်း သိရသည်။

“ဩစတြေးလျ ပညာရှင်တွေက ဓမ္မစေတီခေါင်းလောင်း ရှိမယ့်နေရာကို အသံလှိုင်းနဲ့ စမ်းသပ်ခဲ့ကြတာ။ ကျွန်တော်က မြစ်အတွင်းမှာ ရှိတဲ့ သံဓာတ် အနည်းအများ ပမာဏကို Land Sat 7 နာဆာဂြိုဟ်တုနဲ့ ကြည့်ရှုစမ်းသပ်ပြီး ခေါင်းလောင်းကို ဖော်ထုတ် တွေ့ရှိခဲ့တာပါ” ဟု ဦးစိုးသိန်းက ပြောသည်။ ရွှေတိဂုံစေတီတော် နှစ် ၂၆၀၀ ပြည့်တွင် လူအများ အဆိုပါ ဓမ္မစေတီ ခေါင်းလောင်းကြီးကို ဖူးမြော်စေချင်သည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ Land Sat 7 နာဆာဂြိုဟ်တုဖြင့် ကြည့်ရှုခဲ့ခြင်း ဖြစ်သည်ဟု ယင်းက ထပ်မံ ပြောသည်။ “ဓမ္မစေတီ ခေါင်းလောင်းကြီး အကြောင်းကို လူကြီးသူမတွေ ပြောတာပဲ ကြားဖူးတယ်။ တစ်ခါမှ မမြင်ဖူးဘူး။ အခုလို ဂြိုဟ်တုနဲ့ ခေါင်းလောင်းပုံရိပ်ကို အတိအကျ မြင်ရပြီဆိုတော့ ဘယ်အချိန် ကုန်းပေါ်ကို ပြန်ရောက်မလဲဆိုတာ စိတ်ဝင်စားမိတယ်” ဟု အဆိုပါ ခေါင်းလောင်းအကြောင်းကို စိတ်ဝင်စားသည့် ပုဇွန်တောင်မြို့နယ်နေသူ တစ်ဦးက ပြောသည်။


၂ – မင်းကွန်းခေါင်းလောင်းကြီး

မင်းကွန်းခေါင်းလောင်းကြီးမှာ ကမ္ဘာပေါ်တွင် အကြီးဆုံး ခေါင်းလောင်းများစာရင်းဝင် ဖြစ်သည်။ မင်းကွန်းခေါင်းလောင်းကြီးကို ဧရာဝတီမြစ် အရှေ့ဘက်ကမ်း၊ စွန်းလွန်းရွာတွင် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ်၊ ကဆုန်လဆန်း ၁၅ ရက်နေ့တွင် ပန်းတင်းဝန် မဟာနန္ဒကျော်စွာ ဦးစီးသော ကြေးသွန်းလုပ်သား ပညာရှင်များက သွန်းလောင်းခဲ့ကြသည်။

ဘိုးတော်ဘုရားလက်ထက် ( ၁၇၈၂ – ၁၈၁၉ ) က ၁၇၉၀ ခုနှစ်တွင် သွန်းလောင်း ပူဇော်ခဲ့သော မင်းကွန်းခေါင်းလောင်း မှာ (ရုရှ မြို့တော်) ကရင်မလင် နန်းတော် ရှိ ကမ္ဘာအကြီးဆုံးခေါင်းလောင်းထက် အနည်းငယ် သေးပါသည်။

သို့သော် ရုရှ ခေါင်းလောင်းနှင့် မတူ တမူကွဲချက်က ထိုအရာမှာ ကွဲအက်လျက် ရှိလင့်ကစား မင်းကွန်း ခေါင်းလောင်းတော်မှာမူ ပြကတေ့ အကောင်း ယနေ့တိုင် ထိုး၍ ထူ၍ အသံလွင်လွင် မြည်ဆဲပင် ရှိသည်။

ကြေးချိန်အလေး က ၈၇ တန် အမြင့်က ၃.၇ မီတာ တဖြာ ၁၂ ပေ၊ အဝန်းက ၅ မီတာ သိုမဟုတ် ၁၆ ပေခွဲ၊ စဉ့်ကူးဘုရင်၏ မဟာဂန္ဒ ခေါင်းလောင်းထက် အတိအကျ ၃.၇၈ သိုမဟုတ် ၄ ဆနီးပါး ပိုလေးလံကာ ၁၇၉၀ ခုနှစ်တွင် သွန်းလုပ်တော်မူခဲ့ရာ ၁၈၄၁ ခုကျမှ သာယာဝတီမင်းလှူ မဟာသစ္ဆဒ ခေါင်းလောင်းတော်ထက်တော့ ၂ ဆ ပို၍ လေးလံမူလေသည်။

အတိုင်းအတာ

အဝအချင်း = ၁၆’ ၈ ၁/၄”

လုံးပတ် = ၅၀’ ၃/၄”

အစောက် = ၂၀’ ၃”

အလေးချိန် = ၉၀.၅၂ တန်

ပိဿာချိန် = ၅၅၅၅၅ ပိဿာ

မင်းဖြူမှန်မှန်ပြော ဆိုသည်မှာ မင်းကွန်းခေါင်းလောင်းကြီး၏ အလေးချိန်ကို မှတ်သားထားခြင်း ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ်၊ (အေဒီ – ၁၈၃၈)တွင် မြေငလျင်လှုပ်သဖြင့် အနည်းငယ် နေရာရွေ့၍ (၅) ပိဿာခန့် ပဲ့သွားခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၆၆ ခုနှစ်၊ (အေဒီ ၁၉၀၄) တွင် ဧရာဝတီ မီးသင်္ဘောကုမ္ပဏီမှ စကော့တလန်လူမျိုး အရာရှိတစ်ဦးက မူလသစ်သားယက်မပေါ်မှ ယခုရှိသော သံယက်မပေါ်သို့ ရွှေ့ပြောင်း တတ်ဆင်ပေးခဲ့သည်။ မင်းကွန်းခေါင်းလောင်းကြီးမှာ တိုင် (၁၆) တိုင် နှင့် ဘုံပြသာဒ် (၃)ဆင့် အမိုး တပ်ဆင်ထားသည်။

နှိုင်းယှဉ်စရာ ထိုခေါင်းလောင်း ၂ လုံးမှာ ယနေ့ဆို ရန်ကုန်မြို့ ရွှေတိဂုံစေတီ ကုန်းတော်၌ ရှိနေကြသည်။ မင်းကွန်း ခေါင်းလောင်းတော်ကြီးမှာ ခေါင်းလောင်းသွင်းအပ် ပညာရပ်၌ လက်ခပ်မလွဲ တစ်ခုတည်းသော လက်ရာဖြစ်သည့် အချက်ကို ဘိုးတော်ဘုရား ကိုယ်တိုင် သိတော်မူခဲ့ဟန်ရှိ၏။ ဤအကြောင်းကြောင့်ထင့်၊ အနုပညာ လက်ရာပညာရှင်ကို သူ့ထက်ကြီးသည့် ခေါင်းလောင်းတစ်လုံး ထပ်၍ သွန်းပြုလုပ်မည်ကို စိုး၍ အဆုံး စီရင်ခဲ့သည် ဆိုသတတ်။

ခေါင်းလောင်း မဟာမှာ သူရပ်တည်ရာ တပိုးလို ၁၈၃၈ ခု ငလျင်ဒဏ်ကို ကြံ့ကြံ့ခံလျက် မပျက်မစီး ယနေ့တိုင်ပင် တွဲလွဲဆွဲ၍ တန်ဆောင်းသစ်တွင် ဝန့်ဝန့်ထယ်ထယ် ကျောက်တိုင် ၂ လုံးကြား အောက်ခြေ သံမဏိ ယက်မခံ သံမဏိတန်း အပေါ်ဝယ် စံပယ်တော်မူလျက်ပင် ရှိသေးသည်။ ချိုမြသံသာ ထွက်ရှိလာဖို့ သာသာနှက်ရန် ဖိတ်မန္ဒက ပြုခံကြရသည်။ ယင်း မင်းကွန်းခေါင်းလောင်း တော်ကား မင်းကွန်းဘုရားအား ရည်စူး၍ သွန်းလောင်း လှူဒါန်းတော်မူခဲ့ခြင်းဖြစ်သည်။

၃ – ရုရှား ကြေးသွန်းခေါင်းလောင်းကြီး

လက်ရှိ ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီးမှာ ရုရှားနိုင်ငံ မော်စကိုမြို့၊ ကရင်မလင်နန်းတော်ရှိ (Tsar Kolokol) ဆာ-ကိုလိုကိုး ဖြစ်သည်။ ထိုခေါင်းလောင်းကြီးကို လက်မှုပညာရှင် (၂၀ဝ) ကျော်ကျော်ဖြင့် သွင်းလုပ်ထားခြင်း ဖြစ်သည်။

(၆.၁၄) မီတာ (သို့) (၂၀.၁၄) ပေမြင့်၍ (၆.၆) မီတာ (သို့) (၂၁.၆၅) ပေ အချင်းရှိ၏။ ထိုခေါင်းလောင်းကြီးမှာ တစ်ချိန်က အရှင်းလင်း အကြည်မြဆုံးသော သံစဉ်ထွက် ခေါင်းလောင်းကြီး ဖြစ်ခဲ့သည်။

ယခုအခါတွင်မူ ၁၇၃၃-၃၅ တွင် သွင်းလုပ်ခဲ့သော တန် (၁၈၀) အလေးချိန်ရှိ ထိုခေါင်းလောင်းကြီးမှာ ခေါင်းလောင်းသွန်းလုပ်စဉ်က တစ်နေရာ ပဲ့သွား၍ ပဲ့သွားသည့် အစသည်ပင် အမြင့် ၇’၊ အကျယ် ၈’ ရှိပြီး အလေးချိန် ၁၁ တန် ရှိသည်။ အမြင့် ၁၉’ ၃”၊ အဝန်း ၆၀’ ၉”၊ အထူ ၂’ ရှိသည်။

(မြန်မာ့ စွယ်စုံကျမ်း အတွဲ (၂) တွင် ခေါင်းလောင်းကြီး တစ်ခုလုံး၏ အလေးချိန်မှာ တန် ၂၀ဝ ကျော် ရှိသည်ဟု ဖော်ပြပြီး Britanica Emcyclopacedia အတွဲ (၂) တွင် တန် ၁၈၀ ရှိသည်ဟု ဖော်ပြခဲ့သည်။ သို့သော် Children Emcyclopacedia အတွဲ (၂) တွင် ၂၁၉ တန် ရှိသည်ဟု ဖော်ပြခဲ့သည်။) ကမ္ဘာ့ ဒုတိယအကြီးဆုံး ခေါင်းလောင်းသည်လည်း မော်စကိုမြို့မှာပင် ရှိ၍ အလေးချိန် ၁၂၈ တန် ရှိသည်။

၄ – တရုတ် ကြေးသွန်းခေါင်းလောင်းကြီး

တရုတ်ပြည်အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ် ဂျီနန်းမြို့ အရောက်တွင် မင် မင်းဆက် (၁၃၆၈ – ၁၆၄၄) လက်ထက် လွန်ခဲ့သောနှစ်ပေါင်း (၆၀ဝ) ခန့်က သွန်းလုပ်ခဲ့သော ရွန်ဂဲ(လ်) အမည်ရှိ ကြေးသွန်းခေါင်းလောင်းကြီးကို တွေ့ရ၏။

ထိုကြေးသွန်းခေါင်းလောင်းကြီးမှာ (၄၅) တန် အလေးချိန်ရှိ၍ (၆.၇၅) မီတာ အမြင့်ရှိ၏။ (၃.၃) မီတာ အချင်းရှိ၍ (ဝ.၂၂) မီတာ ထူ၏။ ခေါင်းလောင်းကြီး၏ အတွင်းအပြင် မျက်နှာစာ အပြည့်တွင် တရုတ်အက္ခရာ (၂၂၇, ဝဝဝ) ဖြင့် ထွင်းဖော်ထားသော ဗုဒ္ဓကျမ်းဂန်လာ သုတ္တန်များကို တွေ့ရှိရသည်။

၅ – ဂျပန် ကြေးသွန်းခေါင်းလောင်းကြီး

ကျိုတိုမြို့ ချီယွန်အင် ကျောင်းတော်တွင် တည်ရှိသော ခေါင်းလောင်းကြီးမှာ (၁၆၃၃) ခုနှစ်တွင် သွင်းလုပ်၍ (၇၄) တန် အလေးချိန် ရှိ၏။ ဂျပန်တွင် အလေးချိန်အများဆုံး ခေါင်းလောင်းကြီး ဖြစ်၏။ ၎င်းခေါင်းလောင်းကြီးကို ထိုးခတ်ရန် ရဟန်း (၁၇) ပါး လိုအပ်မည် ဖြစ်သည်။

Prepare By – Wise Man Property

Zawgyi

၁ – ဓမၼေစတီေခါင္းေလာင္းႀကီး

၂ – မင္းကြန္းေခါင္းေလာင္းႀကီး

၃ – ႐ုရွား ေၾကးသြန္းေခါင္းေလာင္းႀကီး

၄ – တ႐ုတ္ ေၾကးသြန္းေခါင္းေလာင္းႀကီး

၅ – ဂ်ပန္ ေၾကးသြန္းေခါင္းေလာင္းႀကီး

၁ – ဓမၼေစတီေခါင္းေလာင္းႀကီး

ဓမၼေစတီ ေခါင္းေလာင္းႀကီးသည္ ကမာၻေပၚတြင္ အႀကီးဆုံးေသာ ေခါင္းေလာင္းေတာ္ႀကီး ျဖစ္ၿပီး ၁၄ ရာစုတြင္ မြန္ဘုရင္ ဓမၼေစတီမင္းမွ ေ႐ႊတိဂုံဘုရားသို႔ သြန္းလုပ္ လႉဒါန္းခဲ့သည္။ ဓမၼေစတီေခါင္းေလာင္းႀကီးသည္ ေ႐ႊတိဂုံေစတီသို႔ လႉဒါန္းသည့္ ေခါင္းေလာင္းႀကီးမ်ားအနက္ ပထမဦးဆုံး ေခါင္းေလာင္းႀကီး ျဖစ္သည္။

၁၆ ရာစုတြင္ ေပၚတူဂီ လူမ်ိဳး ဒီဗရစ္တို ေခၚ ငဇင္ကာမွ ေခါင္းေလာင္းႀကီးကို ေ႐ႊတိဂုံဘုရား ကုန္းေတာ္ေပၚမွ အဓမၼယူငင္သြားၿပီးေနာက္ ေဖာင္ျဖင့္ သယ္ယူရန္ ႀကိဳးစားစဥ္ ရန္ကုန္ၿမိဳ႕ႏွင့္ သံလ်င္ၿမိဳ႕အၾကား ျမစ္သုံးခုဆုံရာ ေနရာတြင္ နစ္ျမဳပ္သြားခဲ့သည္။ ၎ေခါင္းေလာင္းေတာ္ႀကီးမွာ ယခုထက္တိုင္ ျမစ္ေအာက္တြင္ နစ္ျမဳပ္ေနဆဲျဖစ္ၿပီး ဆယ္ယူရန္ ႀကိဳးပမ္းမႈမ်ားမွာ ေအာင္ျမင္ျခင္း မရွိေသးေပ။

ေခါင္းေလာင္းႀကီးသည္ ေစာက္ ၁၂ ေတာင္ရွိ၍ ေၾကးပိႆာခ်ိန္ ၁၈၀ဝ၀ဝ (တစ္သိန္းရွစ္ေသာင္း) ရွိသည္။ ၎ကိုတန္ဖြဲ႕ပါက ၂၉၀ တန္ ရွိသည္။

ထို႔ေၾကာင့္ဓမၼေစတီေခါင္းေလာင္းသည္ စာကိုလိုေကာ ေခါင္းေလာင္းထက္ မင္းကြန္းေခါင္းေလာင္းတစ္ခုစာ ပို၍ ႀကီးမားေန သည္ကို အံ့ဩဖြယ္ ေတြ႕ရွိရသည္။ ထိုအတိုင္းျဖစ္လွ်င္ ဓမၼေစတီေခါင္းေလာင္း ကို ကမာၻ႔အႀကီးဆုံး ေခါင္းေလာင္းအျဖစ္ သတ္မွတ္ရေပမည္။

စာကိုလိုေကာ ေခါင္းေလာင္းသည္ ၁၈ ရာစုတြင္ သြန္းလုပ္ေသာ ေခါင္းေလာင္းျဖစ္ၿပီး ဓမၼေစတီ ေခါင္းေလာင္းမွာ ေအဒီ ၁၅ ရာစုက သြန္းလုပ္ခဲ့ေသာ ေခါင္းေလာင္း ျဖစ္သျဖင့္ ႏွစ္ ၃၀ဝ ပို၍ ေစာေနသည္ကို ေတြ႕ရွိရသည္။ ထို႔ေၾကာင့္ ဓမၼေစတီ ေခါင္းေလာင္းသည္ ကမာၻ႔အႀကီးဆုံး ေခါင္းေလာင္းမ်ားအနက္ ေရွးအက်ဆုံးေသာ ေခါင္းေလာင္း ျဖစ္သည္။

သမိုင္းေၾကာင္း

ျမန္မာ့သမိုင္းတြင္ မြန္တို႔၏ မဂဒူးမင္းဆက္တြင္ ၁၆ ဆက္ေျမာက္ မြန္ဘုရင္ ဓမၼေစတီမင္းသည္ ဟံသာဝတီ (ယခု ပဲခူး) မွ အုပ္စိုးၿပီး ၁၄၈၀ – ခုတြင္ လူဦးေရ စစ္တမ္း ေကာက္ယူခဲ့သည္။ သို႔ေသာ္ သူ႔ခန႔္အပ္ထားခဲ့ေသာ ဥပိုက္၊ သမႏၲရာဇ္၊ တုရင္ရာဇာ၊ စြႏၲရာဇ္ အမတ္ ၄ ေယာက္တို႔သည္ အိမ္ေထာင္စု စာရင္းသာမကပဲ အခြန္ပါ ေကာက္ယူခဲ့ၾကရာ ေၾကးနီ ပိႆာခ်ိန္ ၁၈၀ဝ၀ဝ ရရွိသည္။

ဓမၼေစတီမင္းအား ဆက္သေသာအခါတြင္ ဘုရင္က စိတ္ဆိုးၿပီး ၎ေၾကးမ်ားကို ျပည္သူတို႔ထံ ျပန္လည္ ေပးအပ္ေစသည္။ ျပည္သူတို႔က ဘုရင္အား သူတို႔ ျပန္မယူလိုဘဲ သင့္ေတာ္ရာ ေကာင္းမႈျပဳရန္ ဘုရင္အား ေျပာသျဖင့္ အမတ္ႀကီး ဗညားအိန္အား ေခါင္းေလာင္းအျဖစ္ သြန္းေစခဲ့သည္။

ပဲခူးၿမိဳ႕ ေ႐ႊေမာ္ေဓာဘုရား၏ ရာဟုေထာင့္ အေနာက္ဘက္ ေျမကြက္လပ္တြင္ ၁၄၈၄ ခု ေဖေဖာ္ဝါရီလ ၅ ရက္ေန႔ (ျမန္မာသကၠရာဇ္ ၈၅၁ – ခုႏွစ္၊ တေပါင္းလဆန္း (၈)ရက္၊ ၾကာသပေတးေန႔) တြင္ စတင္၍ ပြဲသဘင္ က်င္းပ၍ သြန္းေလာင္းခဲ့သည္။

အခါေပးခဲ့ေသာ ဆရာတို႔မွာ ေဇယ်ာဗာဟု၊ ရာဇာဗာဟု၊ ပဲခူးသမုတၱရာ နႏၵစည္သူေက်ာ္၊ သဃၤရာဇာ ဆရာတို႔ ျဖစ္သည္။ ေလာကညဏပဏၰိတ္ အမတ္က ေခါင္းေလာင္း သြန္းေလာင္းေသာ အခ်ိန္မွာ မိေခ်ာင္းနကၡတ္ ျဖစ္သျဖင့္ အသံေကာင္းစြာ မျမည္ႏိုင္ဟု ေဟာၾကားခဲ့သည္။

ဘုရင္က ေဟာၾကားခ်က္ မမွန္လွ်င္ ေဆြခုႏွစ္ဆက္ မ်ိဳးခုနစ္ဆက္ အျပစ္ေပးမည္။ ေဟာၾကားခ်က္မွန္လွ်င္ သူေကာင္းျပဳမည္ဟု ေျပာၾကားခဲ့သည္။ ေခါင္းေလာင္းႀကီး ၿပီးေသာ အခါတြင္ အသံ မမည္ေသာေၾကာင့္ ေလာကညဏပဏၰိတ္ အမတ္အား ရာဇပေရာဟိတဘြဲ႕ ခ်ီးျမႇင့္ခဲ့သည္။

မ်ားမၾကာ အၿမိဳ႕ၿမိဳ႕အိမ္ရွိ စာရင္းကို ယူေစ အမိန႔္ရွိ၍ ဥပိုက္အမတ္ႏွင့္ သမႏၲရာဇ္၊ တုရင္ရာဇာ၊ စြႏၲရာဇ္ အမတ္ေလးေယာက္ကို ခန႔္၍ သြားေလေသာ္ အိမ္ရွိတိုင္းက ႐ုံမွတ္ေၾကး တစ္သန္းရွစ္သိန္းရေၾကာင္းကို ၾကားေတာ္မူလွ်င္ အိမ္ရွိကိုသာ သိလို၍ ခန႔္ထားသည္ကို ဆင္းရဲသူ၊ ဆင္းရဲသားတို႔ေၾကးကို ခံယူေကာက္မည္ေလာဟူ၍ အမတ္ေလးေယာက္တို႔ကို အျပစ္ေပး၍ ေၾကးကိုတုံ႔ေစ အမိန႔္ေတာ္ရွိသည္ကို အၿမိဳ႕ၿမိဳ႕ ေက်းလက္သားတို႔က သင့္ရာေကာင္းမႈေတာ္ျဖစ္ေအာင္ လႉေတာ္မူပါ။ ကြၽန္ေတာ္တို႔ မယူပါၿပီဆိုေသာေၾကာင့္ ဒဂုံဆံေတာ္ရွင္မွာ ဆြဲရေအာင္ ေခါင္းေလာင္းႀကီး သြန္းေစဟု ဗညားအိန္ အမတ္ႀကီးကို ခန႔္၍ *:(စာမူအတိုင္း ေရးသားသည္။)

ေခါင္းေလာင္း၏ ပုံသဏၭာန္

ေခါင္းေလာင္းႀကီးမွာ ေစာက္ (၁၂) ေတာင္ အဝ (၈) ေတာင္ ရွိသည္။ ေခါင္းေလာင္းႀကီး၏ အလယ္ေဖာင္းရစ္တြင္ ႏွစ္က်ိပ္ရွစ္ဆူပါေသာ ေဖာင္းႂကြဘုရား (၂၈) ဆူပါၿပီး ၎၏ အေပၚဘက္တြင္ အတြဲတစ္တြဲလွ်င္ ေက်ာက္သံပတၱျမား (၄၅) လုံး ပါရွိေသာ အတြဲ (၄၅) တြဲ၊ အတန္း (၂) တန္း ပါရွိသျဖင့္ (၄၅လုံး x ၄၅တြဲ x ၂တန္း) စုစုေပါင္း ေက်ာက္သံပတၱျမားေပါင္း ၄၀၅၀ လုံး ပါရွိသည္။

ယခုလက္ရွိ အေျခအေနတြင္ေခါင္းေလာင္းႀကီး၏ ကြင္းမွာ အနည္းငယ္ ကြဲအက္လ်က္ ရွိၿပီး ေက်ာက္သံပတၱျမား ဒုတိယတြဲမွာ အနည္းငယ္ ျပဳတ္လ်က္ ရွိသည္။

ဖေယာင္းပုံေစာက္ ၁၂ ေတာင္၊ အဝ ၇ ေတာင္ သြန္းမည္ ရွိရာတြင္ အခါေပးသူ ေဇယဗာဟု၊ ရာဇာဗာဟု၊ ပဲကူးသမုတၱရာ နႏၵစည္သူေက်ာ္တို႔ကို သဃၤရာဇာ ဆရာေလးပါး ေပး၍ တေပါင္းလၦန္း ရွစ္ရက္၊ ၾကာသပေတးေန႔၊ သိဟ္လက္တြင္ မင္းလည္း ကိုယ္ေတာ္ႏွင့္ မိဖုရား ကိုယ္လုပ္ေတာ္တို႔အျပင္ အမတ္ျပည္သူတို႔ကို ပြဲသဘင္ႀကီးစြာ ခင္းရာတြင္ ေလာကဉာဏဆရာသည္ မင္းကို ေလွ်ာက္သည္ကား ေခါင္းေလာင္းေတာ္သည္ သြန္းၿပီးလွ်င္ အျပစ္အဆာမရွိ ေခ်ာေမာလိမ့္မည္။ ထိုအခါ အသံ မရရွိလမည္၊ ေလွ်ာက္သည္ကို အထက္က သည့္ကဲ့သို႔ျဖစ္မည္ကို မေလွ်ာက္မထား ယခုမွ ေလွ်ာက္ဆိုေသာ္၊ ဆိုသည့္အတိုင္း မမွန္လွ်င္ အမ်ိဳး ၇ ဆက္တိုင္ အျပစ္ေပးမည္။ ဆိုသည့္အတိုင္း မွန္လွ်င္ အမ်ိဳး ၇ ဆက္ ေကာင္းေအာင္ ျပဳမည္ဟု အမိန႔္ေတာ္ရွိသည္ႏွင့္ သြန္းၿပီးေသာ္ ထိုဆရာဆိုတိုင္း ရွိသည္ႏွင့္ ေခၚ၍ ေမးေတာ္မူေသာ္ ဆရာတို႔ေပးသည့္ အခါသည္ နကၡတ္ ၆ လုံး ျဖစ္သည္။ နကၡတ္ ၆ လုံးတို႔သည္ မိေခ်ာင္းနကၡတ္၊ မိေခ်ာင္းတို႔သည္ လွ်ာမရွိျဖစ္၍ မျမည္ႏိုင္ ရွိရသည္ဟု ေလွ်ာက္ေလသည္။ မင္းလည္းၾကားလွ်င္ အမွန္ပင္ ျဖစ္ေခ်သည္ဟု ဆုႀကီးလာဘ္ႀကီးေပး၍ ရာဇပုေဟာဟိတ္ အမည္ကိုလည္း ေပးေတာ္မူသည္။ ေခါင္းေလာင္းကိုလည္း ဒဂုံဆံေတာ္ရွင္ ဘုရားမွာ ဆုေတာင္းဆုယူျပဳ၍ ဆြဲထားၿပီးလွ်င္ ဟံသာဝတီၿမိဳ႕ေတာ္သို႔ ျပန္ေတာ္မူသည္။ *:(စာမူအတိုင္း ေရးသားသည္။

လႉဒါန္း

ဓမၼေစတီမင္းသည္ ထိုေခါင္းေလာင္းကို သြန္းေလာင္းၿပီးေသာအခါတြင္ ေ႐ႊေလွ ေ႐ႊေလွာင္း ေ႐ႊေဖာင္တို႔ျဖင့္ တင္ေဆာင္လာၿပီး ျမန္မာသကၠရာဇ္ ၈၅၂ ခုႏွစ္ ကဆုန္လဆန္း ၃ ရက္ေန႔တြင္ ဒဂုံ (ယခု ရန္ကုန္) ရွိ ေ႐ႊတိဂုံေစတီေတာ္သို႔ မတင္လႉဒါန္းခဲ့ရာ ကဆုန္လဆန္း ၉ ရက္ေန႔တြင္ ၿပီးစီး၍ ကဆုန္လဆန္း ၁၁ ရက္တြင္ ေရစက္ခ် လႉဒါန္းခဲ့သည္။ တစ္ၿပိဳင္တည္းမွာပင္ ၅၀ဝ ပိႆာ ရွိ ေခါင္းေလာင္း အေသးလည္း သြန္းေလာင္း လႉဒါန္းခဲ့သည္ဟု ဆိုသည္။ ဓမၼေစတီ ေခါင္းေလာင္းႀကီးသည္ ေ႐ႊတိဂုံဘုရား (စေနေဒါင့္) ကုန္းေတာ္ေပၚတြင္ ၁၂၃ ႏွစ္တိတိ တည္ရွိခဲ့သည္။

ႏိုင္ငံျခားသားမ်ား ေရာက္ရွိျခင္း

ေနာင္ ႏွစ္တစ္ရာ ၾကာၿပီးေနာက္ ၁၅၈၂ ခုတြင္ အီတလီ ေက်ာက္ကုန္သည္ ဂစပါ႐ို ဘယ္ဘီသည္ ေ႐ႊတိဂုံ ဘုရား သို႔ေရာက္ရွိခဲ့ၿပီး ေ႐ႊတိဂုံဘုရားကို အေသးစိတ္ မွတ္တမ္းတင္ ခဲ့သည္။ သူေရးခဲ့သည္မွာ “ကြၽႏ္ုပ္ ေတြ႕ခဲ့ရသည္မွာ အလြန္ခမ္းနားေသာ ခန္းမႀကီးထဲတြင္ အလြန႔္အလြန္ ႀကီးမားေသာ ေခါင္းေလာင္းႀကီး ရွိၿပီး အတိုင္းအတာအားျဖင့္ ေျခာက္လွမ္းႏွင့္ သုံးဖန္ ရွိၿပီး အထက္မွ ေအာက္သို႔ စာလုံးတစ္ခုႏွင့္ တစ္ခု ပူးကပ္ေနေသာစာမ်ား အျပည့္ေရးထားၿပီး ဖက္ရမည္ပုံ မေပၚေပ။”

၁၅၃၀ ခုတြင္ မြန္ ဘုရင္မ်ား၏ အာဏာစက္ က်ဆင္းလာၿပီး ၁၅၃၅ ခုတြင္ ေအာက္ျပည္သည္ အထက္ျပည္ႏွင့္ ျခားနားသြားသည္။ တစ္ခ်ိန္တည္းမွာ ဥေရာပ ကုန္သည္ႏွင့္ စြန႔္စားရွာေဖြသူမ်ား ေအာက္ျမန္မာျပည္သို႔ ေရာက္လာၾကသည္။ ၁၅၉၀ ခုႏွစ္မ်ားတြင္ ေပၚတူဂီ လူမ်ိဳး စြန႔္စားရွာေဖြသူ ဖီလစ္ ဒီ ဘ႐ုတ္တို ရ နီကုတ္ အား စီရမ္(သန္လ်င္)တြင္ ေအာက္ျမန္မာျပည္ အုပ္ခ်ဴပ္သူမ်ားက ကုန္သြယ္႐ုံး ဖြင့္ခြင့္ ေပးလိုက္သည္။ ၁၆၀ဝ ခုတြင္ သူ၏ ဩဇာမွာ ျမစ္ေၾကာင္း တစ္ေလွ်ာက္ ေဘးပတ္ဝန္းက်င္ အပါအဝင္ ဒဂုံ အထိ ေရာက္သည္။

ယူေဆာင္ျခင္း

၁၆၀၈ ခု (ျမန္မာသကၠရာဇ္ ၉၇၄ခု တန္ေဆာင္မုန္း လျပည့္ေန႔ တနဂၤေႏြေန႔) ေန႔လယ္ ၁၂ နာရီတြင္ တြင္ ဒီဘရစ္တို သည္ ေ႐ႊတိဂုံ ေစတီေတာ္မွ ဓမၼေစတီ ေခါင္းေလာင္းႀကီးကို ေတာင္ေပၚမွ လွိမ့္ခ်၍ ျမစ္တြင္ ဆင္မ်ားျဖင့္ဆြဲကာ ပုဇြန္ေတာင္ ေရလက္ၾကားတြင္ ေဖါင္ေပၚသို႔ တင္ခဲ့သည္။ ေခါင္းေလာင္းႀကီး ႏွင့္ ေဖာင္သည္ သန္လွ်င္မွစ၍ ျမစ္ေၾကာင္းတစ္ေလွ်ာက္ ခရီးႏွင္ခဲ့သည္။

သို႔ေသာ္ ရန္ကုန္ၿမိဳ႕ႏွင့္ သန္လွ်င္ၿမိဳ႕ ၾကားပဲခူးျမစ္ ႏွင့္ ရန္ကုန္ျမစ္ ဆုံရာ ျမစ္ဆုံ ေခၚ ေနရာတြင္ ေဖာင္ပ်က္ၿပီး ေခါင္းေလာင္းႀကီး မွာ ေရေအာက္ သို႔ က်သြားခဲ့သည္။[ကိုးကားခ်က္လိုသည္] ဒီ ဘရစ္တို လည္း ေရေအာက္ ပါသြားခဲ့သည္။ ေပၚတူဂီ တို႔လည္း ၎ကို ခိုးယူျခင္းေၾကာင့္ အထိနာသည္။ ေပၚတူဂီ ဂတ္႐ုံးအား ေဒါသထြက္ေသာ ဗမာမ်ားက တိုက္ခိုက္ခဲ့ၿပီး မွတ္တမ္းမ်ားအရ ေပၚတူဂီ ေခါင္းေဆာင္မွာ ဝါးရင္းတုတ္ျဖင့္ တစ္ခ်က္ျခင္း ႐ိုက္၍ တျဖည္းျဖည္းျခင္း ေသေစသည္ဟု ဆိုသည္။

ေခါင္းေလာင္းႀကီးႏွင့္အတူ ဘုရင္မႀကီး ရွင္ေစာပုမွ က်ိဳကၡမီေရလယ္ဘုရားသို႔ လႉဒါန္းရန္အတြက္ ဦးသာေဆြ ေခါင္းေဆာင္ေသာ အဖြဲ႕မွ သြန္းလုပ္ထားေသာ ဉာဏ္ေတာ္ ၇ ေတာင္ ေ႐ႊသားစင္စစ္ အေလးခ်ိန္ (၃) တန္ရွိသည့္ ရပ္ေတာ္မူ ဘုရားတစ္ဆူ၊ လုံအိုးကြဲသြားေသာေၾကာင့္ ဉာဏ္ေတာ္ ၇ ေတာင္တြင္ တစ္မိုက္ေလ်ာ့ေသာ ေ႐ႊသားအေလးခ်ိန္ (၃) တန္ရွိသည့္ ရပ္ေတာ္မူ ဘုရားတစ္ဆူ စုစုေပါင္း ေ႐ႊ (၆)တန္ႏွင့္ တန္ခ်ိန္ ၆၀ ခန႔္ ရွိသည့္ အျခားေခါင္းေလာင္း အေသးတစ္လုံးတို႔လည္း အတူတကြ နစ္ျမဳပ္သြားခဲ့သည္ဟု ဆိုၾကသည္။ နစ္ျမဳပ္ေနေသာ ေနရာမွာ ေရအနက္ (၂၇)ေပ ေျမႀကီးေအာက္ (၂၅) ေပ စုစုေပါင္း (၅၂) ေပ တြင္ ရွိသည္ဟု ဆိုသည္။

ဆယ္ယူရန္ ႀကိဳးပမ္းမႈမ်ား

ရန္ကုန္ရွိ သမိုင္း အေထာက္အထားမ်ား အရ ၁၈၀ဝ ခုတြင္ ေခါင္းေလာင္းႀကီးက်ရာေနရာတြင္ ဝဲကေတာ့ ထိုးသည္ဟု ပါသည္မွတပါး ဓမၼေစတီ ေခါင္းေလာင္းႀကီးအား ဆယ္ယူမႈ မရွိေျခ။ ယခုေခတ္ လူႀကီးမ်ားပင္ ၎ ဝဲကေတာ့ကို မ်က္ျမင္ ကိုယ္ေတြ႕ရွိသည္ဟု ဆိုၾကသည္။ ျမစ္မွာ မနက္ေပ။ ေပ ၄၀ သာရွိၿပီး ေရေအာက္႐ႊံၫႊန္မ်ားမွာ ေနာက္ထက္ ေပ ၄၀ ေလာက္ ရွိမည္ျဖစ္ၿပီး ၎႐ႊံၫႊန္မ်ားထဲတြင္ ေခါင္းေလာင္း ရွိေပမည္။

ၿဂိဳဟ္တုမွ ေတြ႕ရွိ

၂၀၁၂ – ခု၊ မတ္လ (၁၆)ရက္တြင္ ရန္ကုန္ျမစ္-ပဲခူးျမစ္-ပုဇြန္ေတာင္ေခ်ာင္းတို႔ ဆုံရာအလယ္တြင္ ႏွစ္ေပါင္း ၄၀၀ ေက်ာ္တိုင္ နစ္ျမဳပ္ေနေသာ ဓမၼေစတီ ေခါင္းေလာင္းကို အေမရိကန္ႏိုင္ငံမွ လႊတ္တင္ထားေသာ နာဆာ Land Sat 7 ၿဂိဳဟ္တုျဖင့္ ေခါင္းေလာင္းပုံရိပ္ကို အတိအက် ေတြ႕ရွိခဲ့ၿပီ ျဖစ္သည္။ “လြန္ခဲ့တဲ့ ငါးရက္ေလာက္က ၾကည့္ျဖစ္ခဲ့တာ ဘယ္ေနရာမွာ ေခါင္းေလာင္း ရွိတယ္၊ ဘယ္ေနရာမွာ သေဘၤာပ်က္ ရွိတယ္ဆိုတာေတြကို အတိအက် ျမင္ေနရပါတယ္။ ဓမၼေစတီေခါင္းေလာင္းကို ေရထဲကေန ျပန္လည္ဆည္ယူဖို႔ ခန႔္မွန္းေျခ ေဒၚလာငါးသိန္း ဝန္းက်င္ေလာက္ လိုတယ္။ အခုလက္ရွိေတာ့ အဲဒီဓမၼေစတီ ေခါင္းေလာင္းကို ဆယ္ယူဖို႔ ႏိုင္ငံေတာ္အေနနဲ႔ ဘယ္သူ႔ကိုမွ လုပ္ပိုင္ခြင့္ မေပးေသးဘူး” ဟု ဒဂုံတကၠသိုလ္ ဘူမိေဗဒ အၿငိမ္းစား ပါေမာကၡ ဦးစိုးသိန္းက ေျပာသည္။

ၿပီးခဲ့သည့္ ႏွစ္မ်ားအတြင္းက ဩစေၾတးလ်ႏိုင္ငံမွ ပညာရွင္မ်ားက Sonar System ႏွစ္မ်ိဳး ျဖစ္သည့္ Lowlarce HDS 7 Structure Scan Star Fish Side Scan စနစ္တို႔ကို အသုံးျပဳၿပီး လာေရာက္စမ္းသပ္ ေဖာ္ထုတ္ခဲ့ၾကရာ ေခါင္းေလာင္း ရွိမည့္ ေနရာ ႏွစ္ေနရာကို စမ္းသပ္ ေဖာ္ထုတ္ခဲ့ၾကေသာ္လည္း ေနရာ အတိအက်ကိုမူ ရွာေဖြေတြ႕ရွိခဲ့ျခင္း မရွိေၾကာင္း ယင္းက ထပ္မံေျပာသည္။

ဩစေၾတးလ်ႏိုင္ငံ အေျခစိုက္ ကုမၸဏီတစ္ခုက ေခတ္မီ ပစၥည္းကိရိယာမ်ား အသုံးျပဳ၍ ရွာေဖြမႈမ်ား ျပဳလုပ္ခဲ့ရာ ေခါင္းေလာင္းေတာ္ႀကီး၏ ပုံရိပ္ဟု ယူဆရေသာ ေနရာႏွစ္ေနရာကို ဖမ္းယူရရွိခဲ့ေၾကာင္း၊ သို႔ေသာ္ ေသခ်ာစြာ အတည္ျပဳ ေပးႏိုင္ေရးအတြက္ ေရငုပ္စမ္းသပ္ အတည္ျပဳရန္ လိုအပ္ေၾကာင္း သိရသည္။

“ဩစေၾတးလ် ပညာရွင္ေတြက ဓမၼေစတီေခါင္းေလာင္း ရွိမယ့္ေနရာကို အသံလႈိင္းနဲ႔ စမ္းသပ္ခဲ့ၾကတာ။ ကြၽန္ေတာ္က ျမစ္အတြင္းမွာ ရွိတဲ့ သံဓာတ္ အနည္းအမ်ား ပမာဏကို Land Sat 7 နာဆာၿဂိဳဟ္တုနဲ႔ ၾကည့္ရႈစမ္းသပ္ၿပီး ေခါင္းေလာင္းကို ေဖာ္ထုတ္ ေတြ႕ရွိခဲ့တာပါ” ဟု ဦးစိုးသိန္းက ေျပာသည္။ ေ႐ႊတိဂုံေစတီေတာ္ ႏွစ္ ၂၆၀၀ ျပည့္တြင္ လူအမ်ား အဆိုပါ ဓမၼေစတီ ေခါင္းေလာင္းႀကီးကို ဖူးေျမာ္ေစခ်င္သည့္ ရည္႐ြယ္ခ်က္ျဖင့္ ယခုကဲ့သို႔ Land Sat 7 နာဆာၿဂိဳဟ္တုျဖင့္ ၾကည့္ရႈခဲ့ျခင္း ျဖစ္သည္ဟု ယင္းက ထပ္မံ ေျပာသည္။ “ဓမၼေစတီ ေခါင္းေလာင္းႀကီး အေၾကာင္းကို လူႀကီးသူမေတြ ေျပာတာပဲ ၾကားဖူးတယ္။ တစ္ခါမွ မျမင္ဖူးဘူး။ အခုလို ၿဂိဳဟ္တုနဲ႔ ေခါင္းေလာင္းပုံရိပ္ကို အတိအက် ျမင္ရၿပီဆိုေတာ့ ဘယ္အခ်ိန္ ကုန္းေပၚကို ျပန္ေရာက္မလဲဆိုတာ စိတ္ဝင္စားမိတယ္” ဟု အဆိုပါ ေခါင္းေလာင္းအေၾကာင္းကို စိတ္ဝင္စားသည့္ ပုဇြန္ေတာင္ၿမိဳ႕နယ္ေနသူ တစ္ဦးက ေျပာသည္။

၂ – မင္းကြန္းေခါင္းေလာင္းႀကီး

မင္းကြန္းေခါင္းေလာင္းႀကီးမွာ ကမာၻေပၚတြင္ အႀကီးဆုံး ေခါင္းေလာင္းမ်ားစာရင္းဝင္ ျဖစ္သည္။ မင္းကြန္းေခါင္းေလာင္းႀကီးကို ဧရာဝတီျမစ္ အေရွ႕ဘက္ကမ္း၊ စြန္းလြန္း႐ြာတြင္ ျမန္မာသကၠရာဇ္ ၁၁၇၀ ျပည့္ႏွစ္၊ ကဆုန္လဆန္း ၁၅ ရက္ေန႔တြင္ ပန္းတင္းဝန္ မဟာနႏၵေက်ာ္စြာ ဦးစီးေသာ ေၾကးသြန္းလုပ္သား ပညာရွင္မ်ားက သြန္းေလာင္းခဲ့ၾကသည္။

ဘိုးေတာ္ဘုရားလက္ထက္ ( ၁၇၈၂ – ၁၈၁၉ ) က ၁၇၉၀ ခုႏွစ္တြင္ သြန္းေလာင္း ပူေဇာ္ခဲ့ေသာ မင္းကြန္းေခါင္းေလာင္း မွာ (႐ုရွ ၿမိဳ႕ေတာ္) ကရင္မလင္ နန္းေတာ္ ရွိ ကမာၻအႀကီးဆုံးေခါင္းေလာင္းထက္ အနည္းငယ္ ေသးပါသည္။

သို႔ေသာ္ ႐ုရွ ေခါင္းေလာင္းႏွင့္ မတူ တမူကြဲခ်က္က ထိုအရာမွာ ကြဲအက္လ်က္ ရွိလင့္ကစား မင္းကြန္း ေခါင္းေလာင္းေတာ္မွာမူ ျပကေတ့ အေကာင္း ယေန႔တိုင္ ထိုး၍ ထူ၍ အသံလြင္လြင္ ျမည္ဆဲပင္ ရွိသည္။

ေၾကးခ်ိန္အေလး က ၈၇ တန္ အျမင့္က ၃.၇ မီတာ တျဖာ ၁၂ ေပ၊ အဝန္းက ၅ မီတာ သိုမဟုတ္ ၁၆ ေပခြဲ၊ စဥ့္ကူးဘုရင္၏ မဟာဂႏၵ ေခါင္းေလာင္းထက္ အတိအက် ၃.၇၈ သိုမဟုတ္ ၄ ဆနီးပါး ပိုေလးလံကာ ၁၇၉၀ ခုႏွစ္တြင္ သြန္းလုပ္ေတာ္မူခဲ့ရာ ၁၈၄၁ ခုက်မွ သာယာဝတီမင္းလႉ မဟာသစၦဒ ေခါင္းေလာင္းေတာ္ထက္ေတာ့ ၂ ဆ ပို၍ ေလးလံမူေလသည္။

အတိုင္းအတာ

အဝအခ်င္း = ၁၆’ ၈ ၁/၄”

လုံးပတ္ = ၅၀’ ၃/၄”

အေစာက္ = ၂၀’ ၃”

အေလးခ်ိန္ = ၉၀.၅၂ တန္

ပိႆာခ်ိန္ = ၅၅၅၅၅ ပိႆာ

မင္းျဖဴမွန္မွန္ေျပာ ဆိုသည္မွာ မင္းကြန္းေခါင္းေလာင္းႀကီး၏ အေလးခ်ိန္ကို မွတ္သားထားျခင္း ျဖစ္သည္။ ျမန္မာသကၠရာဇ္ ၁၂၀၀ ျပည့္ႏွစ္၊ (ေအဒီ – ၁၈၃၈)တြင္ ေျမငလ်င္လႈပ္သျဖင့္ အနည္းငယ္ ေနရာေ႐ြ႕၍ (၅) ပိႆာခန႔္ ပဲ့သြားခဲ့သည္။ ျမန္မာသကၠရာဇ္ ၁၂၆၆ ခုႏွစ္၊ (ေအဒီ ၁၉၀၄) တြင္ ဧရာဝတီ မီးသေဘၤာကုမၸဏီမွ စေကာ့တလန္လူမ်ိဳး အရာရွိတစ္ဦးက မူလသစ္သားယက္မေပၚမွ ယခုရွိေသာ သံယက္မေပၚသို႔ ေ႐ႊ႕ေျပာင္း တတ္ဆင္ေပးခဲ့သည္။ မင္းကြန္းေခါင္းေလာင္းႀကီးမွာ တိုင္ (၁၆) တိုင္ ႏွင့္ ဘုံျပသာဒ္ (၃)ဆင့္ အမိုး တပ္ဆင္ထားသည္။

ႏႈိင္းယွဥ္စရာ ထိုေခါင္းေလာင္း ၂ လုံးမွာ ယေန႔ဆို ရန္ကုန္ၿမိဳ႕ ေ႐ႊတိဂုံေစတီ ကုန္းေတာ္၌ ရွိေနၾကသည္။ မင္းကြန္း ေခါင္းေလာင္းေတာ္ႀကီးမွာ ေခါင္းေလာင္းသြင္းအပ္ ပညာရပ္၌ လက္ခပ္မလြဲ တစ္ခုတည္းေသာ လက္ရာျဖစ္သည့္ အခ်က္ကို ဘိုးေတာ္ဘုရား ကိုယ္တိုင္ သိေတာ္မူခဲ့ဟန္ရွိ၏။ ဤအေၾကာင္းေၾကာင့္ထင့္၊ အႏုပညာ လက္ရာပညာရွင္ကို သူ႔ထက္ႀကီးသည့္ ေခါင္းေလာင္းတစ္လုံး ထပ္၍ သြန္းျပဳလုပ္မည္ကို စိုး၍ အဆုံး စီရင္ခဲ့သည္ ဆိုသတတ္။

ေခါင္းေလာင္း မဟာမွာ သူရပ္တည္ရာ တပိုးလို ၁၈၃၈ ခု ငလ်င္ဒဏ္ကို ႀကံ့ႀကံ့ခံလ်က္ မပ်က္မစီး ယေန႔တိုင္ပင္ တြဲလြဲဆြဲ၍ တန္ေဆာင္းသစ္တြင္ ၀န႔္ဝန႔္ထယ္ထယ္ ေက်ာက္တိုင္ ၂ လုံးၾကား ေအာက္ေျခ သံမဏိ ယက္မခံ သံမဏိတန္း အေပၚဝယ္ စံပယ္ေတာ္မူလ်က္ပင္ ရွိေသးသည္။ ခ်ိဳျမသံသာ ထြက္ရွိလာဖို႔ သာသာႏွက္ရန္ ဖိတ္မႏၵက ျပဳခံၾကရသည္။ ယင္း မင္းကြန္းေခါင္းေလာင္း ေတာ္ကား မင္းကြန္းဘုရားအား ရည္စူး၍ သြန္းေလာင္း လႉဒါန္းေတာ္မူခဲ့ျခင္းျဖစ္သည္။

 

၃ – ႐ုရွား ေၾကးသြန္းေခါင္းေလာင္းႀကီး

လက္ရွိ ကမာၻ႔အႀကီးဆုံး ေခါင္းေလာင္းႀကီးမွာ ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕၊ ကရင္မလင္နန္းေတာ္ရွိ (Tsar Kolokol) ဆာ-ကိုလိုကိုး ျဖစ္သည္။ ထိုေခါင္းေလာင္းႀကီးကို လက္မႈပညာရွင္ (၂၀ဝ) ေက်ာ္ေက်ာ္ျဖင့္ သြင္းလုပ္ထားျခင္း ျဖစ္သည္။

(၆.၁၄) မီတာ (သို႔) (၂၀.၁၄) ေပျမင့္၍ (၆.၆) မီတာ (သို႔) (၂၁.၆၅) ေပ အခ်င္းရွိ၏။ ထိုေခါင္းေလာင္းႀကီးမွာ တစ္ခ်ိန္က အရွင္းလင္း အၾကည္ျမဆုံးေသာ သံစဥ္ထြက္ ေခါင္းေလာင္းႀကီး ျဖစ္ခဲ့သည္။

ယခုအခါတြင္မူ ၁၇၃၃-၃၅ တြင္ သြင္းလုပ္ခဲ့ေသာ တန္ (၁၈၀) အေလးခ်ိန္ရွိ ထိုေခါင္းေလာင္းႀကီးမွာ ေခါင္းေလာင္းသြန္းလုပ္စဥ္က တစ္ေနရာ ပဲ့သြား၍ ပဲ့သြားသည့္ အစသည္ပင္ အျမင့္ ၇’၊ အက်ယ္ ၈’ ရွိၿပီး အေလးခ်ိန္ ၁၁ တန္ ရွိသည္။ အျမင့္ ၁၉’ ၃”၊ အဝန္း ၆၀’ ၉”၊ အထူ ၂’ ရွိသည္။

(ျမန္မာ့ စြယ္စုံက်မ္း အတြဲ (၂) တြင္ ေခါင္းေလာင္းႀကီး တစ္ခုလုံး၏ အေလးခ်ိန္မွာ တန္ ၂၀ဝ ေက်ာ္ ရွိသည္ဟု ေဖာ္ျပၿပီး Britanica Emcyclopacedia အတြဲ (၂) တြင္ တန္ ၁၈၀ ရွိသည္ဟု ေဖာ္ျပခဲ့သည္။ သို႔ေသာ္ Children Emcyclopacedia အတြဲ (၂) တြင္ ၂၁၉ တန္ ရွိသည္ဟု ေဖာ္ျပခဲ့သည္။) ကမာၻ႔ ဒုတိယအႀကီးဆုံး ေခါင္းေလာင္းသည္လည္း ေမာ္စကိုၿမိဳ႕မွာပင္ ရွိ၍ အေလးခ်ိန္ ၁၂၈ တန္ ရွိသည္။

 

၄ – တ႐ုတ္ ေၾကးသြန္းေခါင္းေလာင္းႀကီး

တ႐ုတ္ျပည္အေရွ႕ပိုင္း ရွန္ေဒါင္းျပည္နယ္ ဂ်ီနန္းၿမိဳ႕ အေရာက္တြင္ မင္ မင္းဆက္ (၁၃၆၈ – ၁၆၄၄) လက္ထက္ လြန္ခဲ့ေသာႏွစ္ေပါင္း (၆၀ဝ) ခန႔္က သြန္းလုပ္ခဲ့ေသာ ႐ြန္ဂဲ(လ္) အမည္ရွိ ေၾကးသြန္းေခါင္းေလာင္းႀကီးကို ေတြ႕ရ၏။

ထိုေၾကးသြန္းေခါင္းေလာင္းႀကီးမွာ (၄၅) တန္ အေလးခ်ိန္ရွိ၍ (၆.၇၅) မီတာ အျမင့္ရွိ၏။ (၃.၃) မီတာ အခ်င္းရွိ၍ (ဝ.၂၂) မီတာ ထူ၏။ ေခါင္းေလာင္းႀကီး၏ အတြင္းအျပင္ မ်က္ႏွာစာ အျပည့္တြင္ တ႐ုတ္အကၡရာ (၂၂၇, ဝ၀ဝ) ျဖင့္ ထြင္းေဖာ္ထားေသာ ဗုဒၶက်မ္းဂန္လာ သုတၱန္မ်ားကို ေတြ႕ရွိရသည္။

 

၅ – ဂ်ပန္ ေၾကးသြန္းေခါင္းေလာင္းႀကီး

က်ိဳတိုၿမိဳ႕ ခ်ီယြန္အင္ ေက်ာင္းေတာ္တြင္ တည္ရွိေသာ ေခါင္းေလာင္းႀကီးမွာ (၁၆၃၃) ခုႏွစ္တြင္ သြင္းလုပ္၍ (၇၄) တန္ အေလးခ်ိန္ ရွိ၏။ ဂ်ပန္တြင္ အေလးခ်ိန္အမ်ားဆုံး ေခါင္းေလာင္းႀကီး ျဖစ္၏။ ၎ေခါင္းေလာင္းႀကီးကို ထိုးခတ္ရန္ ရဟန္း (၁၇) ပါး လိုအပ္မည္ ျဖစ္သည္။

Prepare By – Wise Man Property

Leave a Comment