အမိအဖ ကို လုပ်ကျွေး ပြုစုခြင်း၏ ယခုဘဝ နှင့် နောင်ဘဝ အကျိုး…

အမိအဖ ကို လုပ်ကျွေး ပြုစုခြင်း၏ ယခုဘဝ နှင့် နောင်ဘဝ အကျိုး…

ရဟန်းတို့ အကြင် အမျိုးတို့၏ သားသမီးတို့သည် မိမိအိမ်၌ အမိအဖတို့ကို လုပ်ကျွေးပူဇော် အပ်ကုန်၏။ ထို အမျိုးတို့သည် ”ဗြဟ္မာ”နှင့်တကွ နေသည် မည်ကုန်၏။

ရဟန်းတို့ အကြင် အမျိုးတို့၏ သားသမီးတို့သည် မိမိအိမ်၌ အမိအဖတို့ကို လုပ်ကျွေးပူဇော်အပ်ကုန်၏၊ … ။

ထို အမျိုးတို့သည် ”လက်ဦး ဆရာ” နှင့်တကွ နေသည်မည်ကုန်၏။ ရဟန်းတို့ အကြင် အမျိုးတို့၏ သားသမီးတို့သည် မိမိအိမ်၌ အမိ့အဖတို့ကို လုပ်ကျွေးပူဇော်အပ်ကုန်၏။ ထို အမျိုးတို့သည် ”အဝေးမှ ဆောင်ယူလာသော အလှူကို ခံယူ ထိုက်သူ” နှင့်တကွ နေသည်မည်ကုန်၏။ …. ။

ရဟန်းတို့ ဗြဟ္မာဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း။ ရဟန်းတို့ လက်ဦးဆရာဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း။ ရဟန်းတို့ အဝေးမှ ဆောင်ယူလာသော အလှူကို ခံယူထိုက်သူဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း … ။

ထိုသို့ မည်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း။ ရဟန်းတို့ အမိအဖတို့သည် သားသမီးတို့အား များစွာ ကျေးဇူးရှိကုန်၏၊ အသက်ကို စောင့်ရှောက်တတ်ကုန်၏၊ ကျွေးမွေးတတ်ကုန်၏၊ ဤလောကကို ညွှန်ပြတတ်ကုန်၏ဟု (မိန့်တော်မူ၏)။

အမိအဖတို့ကို သားသမီးတို့၏ ”ဗြဟ္မာ”ဟူ၍လည်းကောင်း၊ ”လက်ဦးဆရာ”ဟူ၍လည်းကောင်း၊ သားသမီးတို့၏ ”အဝေးမှ ဆောင်ယူလာသော အလှူကို ခံယူ ထိုက်သူ”ဟူ၍လည်းကောင်း ဆိုအပ်ကုန်၏၊ (အမိ အဖတို့သည်) သားသမီးတို့အား အစဉ်သနားတတ်ကုန်၏။

ထို့ကြောင့်သာလျှင် ပညာရှိသော သားသမီးတို့သည် ထိုအမိအဖတို့ကို ကိုင်းညွတ် ရှိခိုးရာ၏။ ထမင်း ဟင်းဖြင့်လည်းကောင်း၊ ထို့ပြင် အဖျော်ယမကာဖြင့်လည်းကောင်း၊ အဝတ်အရုံဖြင့်လည်းကောင်း၊ အိပ်ရာနေရာဖြင့်လည်းကောင်း၊ အမွှေးနံ့သာ လိမ်းကျံပေးခြင်းဖြင့်လည်းကောင်း၊ ရေချိုးပေးခြင်းဖြင့်လည်းကောင်း၊ ခြေလက်တို့ကို ဆေးကြောပေးခြင်းဖြင့်လည်းကောင်း ကောင်းစွာ ပြုစုလုပ်ကျွေးရာ၏၊ … ။

အမိအဖတို့၌ ထိုသို့ လုပ်ကျွေးခြင်းကြောင့် ထို သားသမီးကို မျက်မှောက်ဘဝ၌ပင် ပညာရှိတို့သည် ချီးမွမ်းကုန်၏၊ ထို သားသမီးသည် တမလွန်ဘဝသို့ ရောက်သော် နတ်ပြည်၌ မွေ့လျော်ရ၏ … ။

Zawgyi

အမိအဖ ကို လုပ္ေကြၽး ျပဳစုျခင္း၏ ယခုဘဝ ႏွင့္ ေနာင္ဘဝ အက်ိဳး…

ရဟန္းတို႔ အၾကင္ အမ်ိဳးတို႔၏ သားသမီးတို႔သည္ မိမိအိမ္၌ အမိအဖတို႔ကို လုပ္ေကြၽးပူေဇာ္ အပ္ကုန္၏။ ထို အမ်ိဳးတို႔သည္ ”ျဗဟၼာ”ႏွင့္တကြ ေနသည္ မည္ကုန္၏။

ရဟန္းတို႔ အၾကင္ အမ်ိဳးတို႔၏ သားသမီးတို႔သည္ မိမိအိမ္၌ အမိအဖတို႔ကို လုပ္ေကြၽးပူေဇာ္အပ္ကုန္၏၊ … ။

ထို အမ်ိဳးတို႔သည္ ”လက္ဦး ဆရာ” ႏွင့္တကြ ေနသည္မည္ကုန္၏။ ရဟန္းတို႔ အၾကင္ အမ်ိဳးတို႔၏ သားသမီးတို႔သည္ မိမိအိမ္၌ အမိ့အဖတို႔ကို လုပ္ေကြၽးပူေဇာ္အပ္ကုန္၏။ ထို အမ်ိဳးတို႔သည္ ”အေဝးမွ ေဆာင္ယူလာေသာ အလႉကို ခံယူ ထိုက္သူ” ႏွင့္တကြ ေနသည္မည္ကုန္၏။ …. ။

ရဟန္းတို႔ ျဗဟၼာဟူေသာ ဤအမည္သည္ အမိအဖတို႔၏ အမည္တည္း။ ရဟန္းတို႔ လက္ဦးဆရာဟူေသာ ဤအမည္သည္ အမိအဖတို႔၏ အမည္တည္း။ ရဟန္းတို႔ အေဝးမွ ေဆာင္ယူလာေသာ အလႉကို ခံယူထိုက္သူဟူေသာ ဤအမည္သည္ အမိအဖတို႔၏ အမည္တည္း … ။

ထိုသို႔ မည္ျခင္းသည္ အဘယ္အေၾကာင္းေၾကာင့္နည္း။ ရဟန္းတို႔ အမိအဖတို႔သည္ သားသမီးတို႔အား မ်ားစြာ ေက်းဇူးရွိကုန္၏၊ အသက္ကို ေစာင့္ေရွာက္တတ္ကုန္၏၊ ေကြၽးေမြးတတ္ကုန္၏၊ ဤေလာကကို ၫႊန္ျပတတ္ကုန္၏ဟု (မိန႔္ေတာ္မူ၏)။

အမိအဖတို႔ကို သားသမီးတို႔၏ ”ျဗဟၼာ”ဟူ၍လည္းေကာင္း၊ ”လက္ဦးဆရာ”ဟူ၍လည္းေကာင္း၊ သားသမီးတို႔၏ ”အေဝးမွ ေဆာင္ယူလာေသာ အလႉကို ခံယူ ထိုက္သူ”ဟူ၍လည္းေကာင္း ဆိုအပ္ကုန္၏၊ (အမိ အဖတို႔သည္) သားသမီးတို႔အား အစဥ္သနားတတ္ကုန္၏။

ထို႔ေၾကာင့္သာလွ်င္ ပညာရွိေသာ သားသမီးတို႔သည္ ထိုအမိအဖတို႔ကို ကိုင္းၫြတ္ ရွိခိုးရာ၏။ ထမင္း ဟင္းျဖင့္လည္းေကာင္း၊ ထို႔ျပင္ အေဖ်ာ္ယမကာျဖင့္လည္းေကာင္း၊ အဝတ္အ႐ုံျဖင့္လည္းေကာင္း၊ အိပ္ရာေနရာျဖင့္လည္းေကာင္း၊ အေမႊးနံ႔သာ လိမ္းက်ံေပးျခင္းျဖင့္လည္းေကာင္း၊ ေရခ်ိဳးေပးျခင္းျဖင့္လည္းေကာင္း၊ ေျခလက္တို႔ကို ေဆးေၾကာေပးျခင္းျဖင့္လည္းေကာင္း ေကာင္းစြာ ျပဳစုလုပ္ေကြၽးရာ၏၊ … ။

အမိအဖတို႔၌ ထိုသို႔ လုပ္ေကြၽးျခင္းေၾကာင့္ ထို သားသမီးကို မ်က္ေမွာက္ဘဝ၌ပင္ ပညာရွိတို႔သည္ ခ်ီးမြမ္းကုန္၏၊ ထို သားသမီးသည္ တမလြန္ဘဝသို႔ ေရာက္ေသာ္ နတ္ျပည္၌ ေမြ႕ေလ်ာ္ရ၏ … ။

Leave a Comment