ဇနီးရှစ်ဦးနှင့် အချစ်ဗိမာန်လေး တည်ဆောက်နေသည့် ဘရာဇီးနိုင်ငံသား

ဇနီးရှစ်ဦးနှင့် အချစ်ဗိမာန်လေး တည်ဆောက်နေသည့် ဘရာဇီးနိုင်ငံသား

အဖော်အချွတ်ပုံများဖြင့် နာမည်ကျော်ကြားသည့် ပလေးဘွိုင် မဂ္ဂဇင်းကို သိကြမည် ထင်သည်။ ထိုမဂ္ဂဇင်းကို တည်ထောင်သူဟု ဟက်ဖ်နာကိုလည်း သိကြဦးမည်။


ဟက်ဖ်နာသည် လိင်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့အတွက် ကြိုးပမ်းခဲ့ပြီး ဇိမ်ခံအိမ်ကြီးများ တည်ဆောက်ကာ လိင်ပိုင်းဆိုင်ရာ ပါတီကြီးများ ကျင်းပခဲ့သည့်အတွက် လူသိများခဲ့သူ ဖြစ်သည်။ နှစ်သက်သူ ရှိသလို နှာခေါင်းရှုံ့သူများလည်း ရှိခဲ့ကြသည်။

ယနေ့ခေတ်မှာတော့ ဟုဟက်ဖ်နာ (Huge Hefner) ကို ကျော်တက်ရန် ကြိုးပမ်းမည့် ဘရာဇီး နိုင်ငံသားတဦး ပေါ်ပေါက်လာပြီ ဖြစ်သည်။ ထိုသူမှာ ဘရာဇီးနိုင်ငံသား မော်ဒယ်တဦး ဖြစ်သလို နာမည်ကျော်ကြား လူသိများသည့် social influencer တဦးလည်း ဖြစ်သည့် အာသာ အာဆို ဖြစ်သည်။

အာသာ အာဆိုသည် အမျိုးသမီး ရှစ်ဦးနှင့် လက်ထပ်ထားပြီး ထိုဇနီးရှစ်ဦးနှင့် ပျော်ပွဲကြီး ဆင်နွှဲရန် လွတ်လပ်သော အချစ်ဆိုသည့် အိမ်တော်ကြီးကိုလည်း ဆောက်လုပ်နေပြီ ဖြစ်သည်။

အာသာ အာဆိုသည် လိင်ပိုင်းလွတ်လပ်ခွင့်ကို လိုလားပြီး တလင်တစ်မယား စနစ်ကို ဆန့်ကျင်သူအဖြစ် နာမည်ကျော်ကြားသူ ဖြစ်သည်။

အာသာ အာဆိုသည် ယမန်နှစ်တွင် အမျိုးသမီး ကိုးဦးနှင့် တကြိမ်တည်း လက်ထပ်ရန် ကြိုးပမ်းခဲ့မှုဖြင့် ပထမဆုံးအကြိမ် သတင်းကြီးခဲ့သူ ဖြစ်သည်။ ကိုးဦးအနက် တဦးသည် နောက်ပိုင်းတွင် အာသာ အာဆိုကို လက်ရှောင်သွားသဖြင့် ဇနီးရှစ်ဦးနှင့်သာ တင်းတိမ်ခဲ့ရသည်။

ဘရာဇီးနိုင်ငံတွင် အမျိုးသားတဦးက ဇနီးအများအပြား ယူခြင်းမှာ တရားမဝင်သောကြောင့် ဆော်ပေါလိုတွင် ပြုလုပ်သည့် လက်ထပ်ထိမ်းမြားပွဲ အခမ်းအနားသည် ဥပဒေကြောင်းအရ သက်ရောက်မှုရှိမည် မဟုတ်ချေ။

အာသာသည် ဇနီးတဦးချင်းစီအတွက် အချိန်ပေးနိုင်ရန် လိင်ပိုင်းဆိုင်ရာ ခွဲတမ်းချမှတ်ထားပြီး ဖြစ်သည်။ ခွဲတမ်းကို စနစ်တကျ မချမှတ်လို့ကလည်း မဖြစ်နိုင်ချေ။ လက်ထပ်ပြီးခါစတွင် သဘာဝကျကျ ချစ်ပွဲဝင်ချင်တိုင်း ဝင်ခဲ့သော်လည်း လူသားသာ ဖြစ်သည့် အာသာအတွက် ရေရှည်သက်လုံကို လိုအပ်မည် ဖြစ်သည်။

“သူတို့အားလုံးက အာရုံစိုက် ခံချင်ကြတယ်၊ အချစ် ခံချင်ကြတယ်၊ နေ့တိုင်းကို ချစ်ပွဲ ဝင်ချင်နေကြတယ်လေ၊ ကျွန်တော်ကလည်း တကြိမ်မှာ တယောက်လောက်ပဲ အာရုံစိုက်ပေးနိုင်မှာပေါ့ဗျာ” ဟု ၎င်းက ပြောဆိုခဲ့သည်။

သူ့ဇနီးများနှင့် ပတ်သက်၍ ပြောစရာရှိသည်မှာ သူတို့သုံးသမျှ ဖြုန်းသမျှအတွက် ငွေထုတ်ပေးနေရခြင်း ဖြစ်သည်။ သို့သော် အာသာမှာမူ သုံးမကုန် ဖြုန်းမကုန် ရှိသေးသောကြောင့် မတုန်လှုပ်ပါဟု ဆိုသည်။

မော်ဒယ်တဦးဖြစ်သည့် အာသာသည် ဇနီးများကို ဇိမ်ကျကျ ထားနိုင်ရန် ငွေရှာနိုင်သေးသည်။ ထို့ပြင် ထိုမျှနှင့် မကျေနပ်နိုင်သော အာသာသည် ဘရာဇီးရှိ အကြီးအကျယ်ဆုံး အချစ်စံအိမ်ကြီးကို ဆောက်လုပ်ရန် ပြင်ဆင်နေပြန်သည်။

ပလေးဘွိုင်မဂ္ဂဇင်း တည်ထောင်သူကို အားကျပြီး အာသာသည် စတုရန်းပေ ၇၀၀ ရှိသည့် မြေတွင် စံအိမ်ကြီးတလုံးဆောက်လုပ်ကာ ဇနီးသည်များနှင့် လောကနိဗ္ဗာန် စံမြန်းရန် ကြံစည်နေပါပြီ။

အိမ်ကို လွတ်လပ်သော အချစ်စံအိမ်ဟု နာမည်ပေးထားသည်။ သို့သော် အာသာ၏ လုပ်ဆောင်မှုကို လူတိုင်းက သဘောကျနေကြသည် မဟုတ်။

သူ့စံအိမ် အုတ်တံတိုင်းတွင် မကျေနပ်ကြောင်း ရေးထားသည့် စာတကြောင်းကို တွေ့လိုက်ရပြီ ဖြစ်သည်။ သူနှင့် သူ့ဇနီးများ ချက်ချင်း ထွက်ခွာရန် စာဖြင့် တောင်းဆိုထားသည်။

“မိစ္ဆာ မိသားစု၊ ထွက်သွား၊ နင်တို့ကို မကြိုဆိုဘူး” ဟု အုတ်တံတိုင်းတွင် ရေးသားထားခြင်း ဖြစ်သည်။

ခရက်ဒစ် … သက်အေး

Zawgyi

ဇနီးရွစ္ဦးႏွင့္ အခ်စ္ဗိမာန္ေလး တည္ေဆာက္ေနသည့္ ဘရာဇီးႏိုင္ငံသား

အေဖာ္အခြၽတ္ပုံမ်ားျဖင့္ နာမည္ေက်ာ္ၾကားသည့္ ပေလးဘြိဳင္ မဂၢဇင္းကို သိၾကမည္ ထင္သည္။ ထိုမဂၢဇင္းကို တည္ေထာင္သူဟု ဟက္ဖ္နာကိုလည္း သိၾကဦးမည္။

ဟက္ဖ္နာသည္ လိင္ပိုင္းဆိုင္ရာ လြတ္လပ္ခြင့္၊ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္တို႔အတြက္ ႀကိဳးပမ္းခဲ့ၿပီး ဇိမ္ခံအိမ္ႀကီးမ်ား တည္ေဆာက္ကာ လိင္ပိုင္းဆိုင္ရာ ပါတီႀကီးမ်ား က်င္းပခဲ့သည့္အတြက္ လူသိမ်ားခဲ့သူ ျဖစ္သည္။ ႏွစ္သက္သူ ရွိသလို ႏွာေခါင္းရႈံ႕သူမ်ားလည္း ရွိခဲ့ၾကသည္။

ယေန႔ေခတ္မွာေတာ့ ဟုဟက္ဖ္နာ (Huge Hefner) ကို ေက်ာ္တက္ရန္ ႀကိဳးပမ္းမည့္ ဘရာဇီး ႏိုင္ငံသားတဦး ေပၚေပါက္လာၿပီ ျဖစ္သည္။ ထိုသူမွာ ဘရာဇီးႏိုင္ငံသား ေမာ္ဒယ္တဦး ျဖစ္သလို နာမည္ေက်ာ္ၾကား လူသိမ်ားသည့္ social influencer တဦးလည္း ျဖစ္သည့္ အာသာ အာဆို ျဖစ္သည္။

အာသာ အာဆိုသည္ အမ်ိဳးသမီး ရွစ္ဦးႏွင့္ လက္ထပ္ထားၿပီး ထိုဇနီးရွစ္ဦးႏွင့္ ေပ်ာ္ပြဲႀကီး ဆင္ႏႊဲရန္ လြတ္လပ္ေသာ အခ်စ္ဆိုသည့္ အိမ္ေတာ္ႀကီးကိုလည္း ေဆာက္လုပ္ေနၿပီ ျဖစ္သည္။

အာသာ အာဆိုသည္ လိင္ပိုင္းလြတ္လပ္ခြင့္ကို လိုလားၿပီး တလင္တစ္မယား စနစ္ကို ဆန႔္က်င္သူအျဖစ္ နာမည္ေက်ာ္ၾကားသူ ျဖစ္သည္။

အာသာ အာဆိုသည္ ယမန္ႏွစ္တြင္ အမ်ိဳးသမီး ကိုးဦးႏွင့္ တႀကိမ္တည္း လက္ထပ္ရန္ ႀကိဳးပမ္းခဲ့မႈျဖင့္ ပထမဆုံးအႀကိမ္ သတင္းႀကီးခဲ့သူ ျဖစ္သည္။ ကိုးဦးအနက္ တဦးသည္ ေနာက္ပိုင္းတြင္ အာသာ အာဆိုကို လက္ေရွာင္သြားသျဖင့္ ဇနီးရွစ္ဦးႏွင့္သာ တင္းတိမ္ခဲ့ရသည္။

ဘရာဇီးႏိုင္ငံတြင္ အမ်ိဳးသားတဦးက ဇနီးအမ်ားအျပား ယူျခင္းမွာ တရားမဝင္ေသာေၾကာင့္ ေဆာ္ေပါလိုတြင္ ျပဳလုပ္သည့္ လက္ထပ္ထိမ္းျမားပြဲ အခမ္းအနားသည္ ဥပေဒေၾကာင္းအရ သက္ေရာက္မႈရွိမည္ မဟုတ္ေခ်။

အာသာသည္ ဇနီးတဦးခ်င္းစီအတြက္ အခ်ိန္ေပးႏိုင္ရန္ လိင္ပိုင္းဆိုင္ရာ ခြဲတမ္းခ်မွတ္ထားၿပီး ျဖစ္သည္။ ခြဲတမ္းကို စနစ္တက် မခ်မွတ္လို႔ကလည္း မျဖစ္ႏိုင္ေခ်။ လက္ထပ္ၿပီးခါစတြင္ သဘာဝက်က် ခ်စ္ပြဲဝင္ခ်င္တိုင္း ဝင္ခဲ့ေသာ္လည္း လူသားသာ ျဖစ္သည့္ အာသာအတြက္ ေရရွည္သက္လုံကို လိုအပ္မည္ ျဖစ္သည္။

“သူတို႔အားလုံးက အာ႐ုံစိုက္ ခံခ်င္ၾကတယ္၊ အခ်စ္ ခံခ်င္ၾကတယ္၊ ေန႔တိုင္းကို ခ်စ္ပြဲ ဝင္ခ်င္ေနၾကတယ္ေလ၊ ကြၽန္ေတာ္ကလည္း တႀကိမ္မွာ တေယာက္ေလာက္ပဲ အာ႐ုံစိုက္ေပးႏိုင္မွာေပါ့ဗ်ာ” ဟု ၎က ေျပာဆိုခဲ့သည္။

သူ႔ဇနီးမ်ားႏွင့္ ပတ္သက္၍ ေျပာစရာရွိသည္မွာ သူတို႔သုံးသမွ် ျဖဳန္းသမွ်အတြက္ ေငြထုတ္ေပးေနရျခင္း ျဖစ္သည္။ သို႔ေသာ္ အာသာမွာမူ သုံးမကုန္ ျဖဳန္းမကုန္ ရွိေသးေသာေၾကာင့္ မတုန္လႈပ္ပါဟု ဆိုသည္။

ေမာ္ဒယ္တဦးျဖစ္သည့္ အာသာသည္ ဇနီးမ်ားကို ဇိမ္က်က် ထားႏိုင္ရန္ ေငြရွာႏိုင္ေသးသည္။ ထို႔ျပင္ ထိုမွ်ႏွင့္ မေက်နပ္ႏိုင္ေသာ အာသာသည္ ဘရာဇီးရွိ အႀကီးအက်ယ္ဆုံး အခ်စ္စံအိမ္ႀကီးကို ေဆာက္လုပ္ရန္ ျပင္ဆင္ေနျပန္သည္။

ပေလးဘြိဳင္မဂၢဇင္း တည္ေထာင္သူကို အားက်ၿပီး အာသာသည္ စတုရန္းေပ ၇၀၀ ရွိသည့္ ေျမတြင္ စံအိမ္ႀကီးတလုံးေဆာက္လုပ္ကာ ဇနီးသည္မ်ားႏွင့္ ေလာကနိဗၺာန္ စံျမန္းရန္ ႀကံစည္ေနပါၿပီ။

အိမ္ကို လြတ္လပ္ေသာ အခ်စ္စံအိမ္ဟု နာမည္ေပးထားသည္။ သို႔ေသာ္ အာသာ၏ လုပ္ေဆာင္မႈကို လူတိုင္းက သေဘာက်ေနၾကသည္ မဟုတ္။

သူ႔စံအိမ္ အုတ္တံတိုင္းတြင္ မေက်နပ္ေၾကာင္း ေရးထားသည့္ စာတေၾကာင္းကို ေတြ႕လိုက္ရၿပီ ျဖစ္သည္။ သူႏွင့္ သူ႔ဇနီးမ်ား ခ်က္ခ်င္း ထြက္ခြာရန္ စာျဖင့္ ေတာင္းဆိုထားသည္။

“မိစာၦ မိသားစု၊ ထြက္သြား၊ နင္တို႔ကို မႀကိဳဆိုဘူး” ဟု အုတ္တံတိုင္းတြင္ ေရးသားထားျခင္း ျဖစ္သည္။

ခရက္ဒစ္ … သက္ေအး

Leave a Comment