အဝါရောင်ဖြစ်နေတဲ့ သွားတွေကို သဘာဝအတိုင်း ဖြူလာအောင် ပြုလုပ်နည်း

အဝါရောင်ဖြစ်နေတဲ့ သွားတွေကို သဘာဝအတိုင်း ဖြူလာအောင် ပြုလုပ်နည်း

လှပကြည့်ကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ချင်ကြတာ လူတိုင်းရဲ့ အိမ်မက်ပါပဲ။ ဒါပေမယ့်လည်း သွားတွေ ဖြူလာဖို့အတွက် သွားဆရာဝန်တွေဆီ သွားဖို့ဆိုတာ လူတိုင်း မတတ်နိုင်ကြတဲ့ ကိစ္စပါ။ ဒါကြောင့် အိမ်မှာနေရင်း ရှိတဲ့ပစ္စည်းလေးတွေနဲ့ အလွယ်တကူ သွားတွေကို ဖြူအောင် လုပ်လို့ရတဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ် …။

မီးသွေး

မီးသွေးကို အသုံးပြုခြင်းဟာဆိုရင် အလွယ်ဆုံးနှင့် ကုန်ကျစရိတ် အသက်သာဆုံးသော နည်းလမ်းဖြစ်ပြီး သဘာဝအတိုင်း သင့်ရဲ့ သွားလေးတွေကို ဖြူဖွေးလှပလာစေမှာ ဖြစ်ပါတယ်။ သွားပွတ်တံပေါ်ကို မီးသွေးခဲလေးတွေ ချေချပေးပြီးတော့ အရင်တုန်းက သွားတိုက်သလိုဘဲ တိုက်ပေးရမှာ ဖြစ်ပါတယ်။

နို့မှုန့်နှင့် သွားတိုက်ဆေး

နို့မှုန့်က သင့်ရဲ့ သွားတွေကို ပုလဲလုံးလေးတွေလို ဖြူဖွေးလှပစေပြီးတော့ ကျန်းမာသန်စွမ်းစေပါတယ်။ သွားတိုက်တံပေါ်မှာ သွားတိုက်ဆေး ထည့်ပါ။ ပြီးရင် နို့မှုန့်လေးတွေကို အပေါ်ကနေ ဖြူးပြီးတော့ သွားတိုက်လိုက်ပါ။ (တစ်ပတ်ကို တစ်ကြိမ်ကနေ နှစ်ကြိမ်အထိ တိုက်နိုင်ပါတယ်)

မုန့်ဖုတ်ဆိုဒါနှင့် ရှောက်ရည်

မုန့်ဖုတ်ဆိုဒါကို သွားပွတ်တံပေါ်မှာ ဖြူးပါ။ ရှောက်ရည်အစက် အနည်းငယ်ကို ချပြီးတော့ သွားတိုက်လိုက်ပါ။ ဖြူဖွေးတောက်ပတဲ့ သွားလေးတွေကို ပိုင်ဆိုင်စေမှာ အမှန်ပါဘဲ။ တစ်ခု သတိထားရမှာက ဒီလို သွားတိုက်နည်းကို တစ်ပတ်မှာ တစ်ကြိမ်ထက် ပိုပြီးတော့ မပြုလုပ်ရဖူးဆိုတာပါဘဲ။

ဒီဟာကို အသုံးမပြုခင် သင့်ရဲ့ သွားတွေဟာ အထိမခံ ရွှေပန်းကန် ဖြစ်နေသလား ဆိုတာကို အရင်ဆုံး သေချာသိအောင် ပြုလုပ်ဖို့ လိုပါတယ်။

တကယ်လို့များ အကုန် အဆင်ပြေနေတယ်ဆိုရင်တော့ peroxide ထဲကို ဂွမ်းစလေးနှစ်ပြီးတော့ သွားပေါ်ကို ဖြေးညှင်းစွာ ပွတ်တိုက်ပေးပါ။

သို့သော်လည်း ဒီဖြူဖွေးစေတဲ့ နည်းပညာကို မကြာခဏ ပြုလုပ်နေမယ် ဆိုရင်တော့ သင့်ရဲ့ သွား အပေါ်ယံ ကြွေလွှာတွေကို ကြွေကျ ပျက်ဆီးစေမှာ ဖြစ်ပါတယ်။

မုန့်ဖုတ်ပေါင်ဒါနှင့် ရှောက်ရည်

လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ မုန့်ဖုတ်ပေါင်ဒါနှင့် လက်ဖက်ရည်တစ်ဇွန်းစာရှောက်ရည်တို့ကို ၂ မိနစ်လောက် အသုံးပြုလိုက်ယုံနှင့် အံ့အားသင့်စရာ ဖြူဖွေးမှုကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ခုကို သင့်ရဲ့ သွားထဲမှာ၂ မိနစ်ထက် ပိုပြီးတော့ မထားမိပါစေနဲ့။

ပင်လယ်ဆား၊ ရှောက်ရည်နှင့် သွားတိုက်ဆေး

ပင်လယ်ဆား လက်ဖက်ရည်ဇွန်းနှင့် တစ်ဝက်ရယ်၊ ရှောက်ရည် အနည်းငယ်ရယ် သွားတိုက်ဆေးပမာဏ နည်းနည်းရယ်တို့ကို ခွက်တစ်ခွက်ထဲ ပေါင်းထည့်ပါ။ ပြီးရင် အဲ့ဒီ အရောအနှောနှင့် သွားတိုက်ပါ။ တစ်မိနစ်လောက် နေပြီးရင်တော့ ရေဆေးချလိုက်ပါ။

ရှောက်ရည်နှင့် ရေ

ရှောက်ရည်နှင့် ရေတို့ကို ပမာဏအချိုးအတူတူ ရောနှောပြီးတော့ အသုံးပြုခြင်းဟာ သွားတွေကို ပြန်လည် ဖြူဖွေးလာစေတဲ့အပြင် ခံတွင်း သန့်ရှင်းရေးကိုပါ အထောက်အကူ ပြုပါတယ်။

ပန်းသီးရှာလကာရည် နှင့် ရေ

ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်းတစ်ဝက်လောက်ကို ရေထည့်ထားတဲ့ဖန်ခွက်ထဲမှာ ပျော်ဝင်အောင် ပြုလုပ်လိုက်ပါ။ မနက်ခင်း သွားမတိုက်ခင် ဒီပျော်ရည်နှင့် နေ့တိုင်း ပလုတ်ကျင်းပေးရပါမယ်။

စတော်ဘယ်ရီ

မှည့်နေတဲ့ စတော်ဘယ်ရီ တစ်လုံးကို ယူပြီး ဇွန်းတစ်ချောင်းနှင့် ကြိတ်လိုက်ပါ။ ပြီးရင်တော့ ဒီအနှစ်တွေနှင့် သွားတွေကို တိုက်ပေးပြီးတော့ မိနစ်အနည်းငယ် အကြာမှာဘဲ အဝါရောင်ဂျိုးတွေ ကွာကျလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

သွားတိုက်ဆေး၊ ဆား၊ မုန့်ဖုတ်ဆိုဒါနှင့် ရှောက်ရည်သွားတိုက်ဆေး

လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ဆားတစ်တို့စာ၊ မုန့်ဖုတ်ဆိုဒါ အနည်းငယ်နှင့် ရှောက်ရည် အစက် လေးငါးစက်လောက်တို့ကို ခွက်တစ်ခုထဲ ရောထည့်ပါ။ ဒီအရောအနှောနှင့် ၅ မိနစ်လောက် သွားတိုက်ပေးရပါမယ်။ ပြီးသွားတဲ့အခါမှာတော့ မူလ မပြုလုပ်ခင်နှင့် ပြုလုပ်ပြီး အနေအထားတို့ ကွဲပြားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို နှစ်လမှာမှ တစ်ကြိမ် ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Credit

Zawgyi

အဝါေရာင္ျဖစ္ေနတဲ့ သြားေတြကို သဘာဝအတိုင္း ျဖဴလာေအာင္ ျပဳလုပ္နည္း

လွပၾကည့္ေကာင္းတဲ့ အၿပဳံးေလးေတြကို ပိုင္ဆိုင္ခ်င္ၾကတာ လူတိုင္းရဲ႕ အိမ္မက္ပါပဲ။ ဒါေပမယ့္လည္း သြားေတြ ျဖဴလာဖို႔အတြက္ သြားဆရာဝန္ေတြဆီ သြားဖို႔ဆိုတာ လူတိုင္း မတတ္ႏိုင္ၾကတဲ့ ကိစၥပါ။ ဒါေၾကာင့္ အိမ္မွာေနရင္း ရွိတဲ့ပစၥည္းေလးေတြနဲ႔ အလြယ္တကူ သြားေတြကို ျဖဴေအာင္ လုပ္လို႔ရတဲ့ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ရပါတယ္ …။

မီးေသြး

မီးေသြးကို အသုံးျပဳျခင္းဟာဆိုရင္ အလြယ္ဆုံးႏွင့္ ကုန္က်စရိတ္ အသက္သာဆုံးေသာ နည္းလမ္းျဖစ္ၿပီး သဘာဝအတိုင္း သင့္ရဲ႕ သြားေလးေတြကို ျဖဴေဖြးလွပလာေစမွာ ျဖစ္ပါတယ္။ သြားပြတ္တံေပၚကို မီးေသြးခဲေလးေတြ ေခ်ခ်ေပးၿပီးေတာ့ အရင္တုန္းက သြားတိုက္သလိုဘဲ တိုက္ေပးရမွာ ျဖစ္ပါတယ္။

ႏို႔မႈန႔္ႏွင့္ သြားတိုက္ေဆး

ႏို႔မႈန႔္က သင့္ရဲ႕ သြားေတြကို ပုလဲလုံးေလးေတြလို ျဖဴေဖြးလွပေစၿပီးေတာ့ က်န္းမာသန္စြမ္းေစပါတယ္။ သြားတိုက္တံေပၚမွာ သြားတိုက္ေဆး ထည့္ပါ။ ၿပီးရင္ ႏို႔မႈန႔္ေလးေတြကို အေပၚကေန ျဖဴးၿပီးေတာ့ သြားတိုက္လိုက္ပါ။ (တစ္ပတ္ကို တစ္ႀကိမ္ကေန ႏွစ္ႀကိမ္အထိ တိုက္ႏိုင္ပါတယ္)

မုန႔္ဖုတ္ဆိုဒါႏွင့္ ေရွာက္ရည္

မုန႔္ဖုတ္ဆိုဒါကို သြားပြတ္တံေပၚမွာ ျဖဴးပါ။ ေရွာက္ရည္အစက္ အနည္းငယ္ကို ခ်ၿပီးေတာ့ သြားတိုက္လိုက္ပါ။ ျဖဴေဖြးေတာက္ပတဲ့ သြားေလးေတြကို ပိုင္ဆိုင္ေစမွာ အမွန္ပါဘဲ။ တစ္ခု သတိထားရမွာက ဒီလို သြားတိုက္နည္းကို တစ္ပတ္မွာ တစ္ႀကိမ္ထက္ ပိုၿပီးေတာ့ မျပဳလုပ္ရဖူးဆိုတာပါဘဲ။

ဒီဟာကို အသုံးမျပဳခင္ သင့္ရဲ႕ သြားေတြဟာ အထိမခံ ေ႐ႊပန္းကန္ ျဖစ္ေနသလား ဆိုတာကို အရင္ဆုံး ေသခ်ာသိေအာင္ ျပဳလုပ္ဖို႔ လိုပါတယ္။

တကယ္လို႔မ်ား အကုန္ အဆင္ေျပေနတယ္ဆိုရင္ေတာ့ peroxide ထဲကို ဂြမ္းစေလးႏွစ္ၿပီးေတာ့ သြားေပၚကို ေျဖးညႇင္းစြာ ပြတ္တိုက္ေပးပါ။

သို႔ေသာ္လည္း ဒီျဖဴေဖြးေစတဲ့ နည္းပညာကို မၾကာခဏ ျပဳလုပ္ေနမယ္ ဆိုရင္ေတာ့ သင့္ရဲ႕ သြား အေပၚယံ ေႂကြလႊာေတြကို ေႂကြက် ပ်က္ဆီးေစမွာ ျဖစ္ပါတယ္။

မုန႔္ဖုတ္ေပါင္ဒါႏွင့္ ေရွာက္ရည္

လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာ မုန႔္ဖုတ္ေပါင္ဒါႏွင့္ လက္ဖက္ရည္တစ္ဇြန္းစာေရွာက္ရည္တို႔ကို ၂ မိနစ္ေလာက္ အသုံးျပဳလိုက္ယုံႏွင့္ အံ့အားသင့္စရာ ျဖဴေဖြးမႈကို ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီႏွစ္ခုကို သင့္ရဲ႕ သြားထဲမွာ၂ မိနစ္ထက္ ပိုၿပီးေတာ့ မထားမိပါေစနဲ႔။

ပင္လယ္ဆား၊ ေရွာက္ရည္ႏွင့္ သြားတိုက္ေဆး

ပင္လယ္ဆား လက္ဖက္ရည္ဇြန္းႏွင့္ တစ္ဝက္ရယ္၊ ေရွာက္ရည္ အနည္းငယ္ရယ္ သြားတိုက္ေဆးပမာဏ နည္းနည္းရယ္တို႔ကို ခြက္တစ္ခြက္ထဲ ေပါင္းထည့္ပါ။ ၿပီးရင္ အဲ့ဒီ အေရာအေႏွာႏွင့္ သြားတိုက္ပါ။ တစ္မိနစ္ေလာက္ ေနၿပီးရင္ေတာ့ ေရေဆးခ်လိုက္ပါ။

ေရွာက္ရည္ႏွင့္ ေရ

ေရွာက္ရည္ႏွင့္ ေရတို႔ကို ပမာဏအခ်ိဳးအတူတူ ေရာေႏွာၿပီးေတာ့ အသုံးျပဳျခင္းဟာ သြားေတြကို ျပန္လည္ ျဖဴေဖြးလာေစတဲ့အျပင္ ခံတြင္း သန႔္ရွင္းေရးကိုပါ အေထာက္အကူ ျပဳပါတယ္။

ပန္းသီးရွာလကာရည္ ႏွင့္ ေရ

ပန္းသီးရွာလကာရည္ လက္ဖက္ရည္ဇြန္းတစ္ဝက္ေလာက္ကို ေရထည့္ထားတဲ့ဖန္ခြက္ထဲမွာ ေပ်ာ္ဝင္ေအာင္ ျပဳလုပ္လိုက္ပါ။ မနက္ခင္း သြားမတိုက္ခင္ ဒီေပ်ာ္ရည္ႏွင့္ ေန႔တိုင္း ပလုတ္က်င္းေပးရပါမယ္။

စေတာ္ဘယ္ရီ

မွည့္ေနတဲ့ စေတာ္ဘယ္ရီ တစ္လုံးကို ယူၿပီး ဇြန္းတစ္ေခ်ာင္းႏွင့္ ႀကိတ္လိုက္ပါ။ ၿပီးရင္ေတာ့ ဒီအႏွစ္ေတြႏွင့္ သြားေတြကို တိုက္ေပးၿပီးေတာ့ မိနစ္အနည္းငယ္ အၾကာမွာဘဲ အဝါေရာင္ဂ်ိဳးေတြ ကြာက်လာတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။

သြားတိုက္ေဆး၊ ဆား၊ မုန႔္ဖုတ္ဆိုဒါႏွင့္ ေရွာက္ရည္သြားတိုက္ေဆး

လက္ဖက္ရည္ဇြန္းတစ္ဇြန္း၊ ဆားတစ္တို႔စာ၊ မုန႔္ဖုတ္ဆိုဒါ အနည္းငယ္ႏွင့္ ေရွာက္ရည္ အစက္ ေလးငါးစက္ေလာက္တို႔ကို ခြက္တစ္ခုထဲ ေရာထည့္ပါ။ ဒီအေရာအေႏွာႏွင့္ ၅ မိနစ္ေလာက္ သြားတိုက္ေပးရပါမယ္။ ၿပီးသြားတဲ့အခါမွာေတာ့ မူလ မျပဳလုပ္ခင္ႏွင့္ ျပဳလုပ္ၿပီး အေနအထားတို႔ ကြဲျပားေနတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒီနည္းလမ္းကို ႏွစ္လမွာမွ တစ္ႀကိမ္ ျပဳလုပ္ရမွာ ျဖစ္ပါတယ္။

Credit

Leave a Comment