“မြစ်ကြီးလည်း မခမ်းစေနဲ့” “သစ်ပင်ကြီးလည်း မလဲစေနဲ့” “ထုံးအိုးကြီးလည်း မကွဲစေနဲ့” ဆိုတဲ့ စကားကြီးသုံးခွန်း အဓိပ္ပါယ်

“မြစ်ကြီးလည်း မခမ်းစေနဲ့” “သစ်ပင်ကြီးလည်း မလဲစေနဲ့” “ထုံးအိုးကြီးလည်း မကွဲစေနဲ့” ဆိုတဲ့ စကားကြီးသုံးခွန်း အဓိပ္ပါယ်

ရွှေစကားကြီး သုံးခွန်း

၁ ။ မြစ်ကြီးလည်း မခမ်းစေနဲ့

၂ ။ သစ်ပင်ကြီးလည်း မလဲစေနဲ့

၃ ။ ထုံးအိုးကြီးလည်း မကွဲစေနဲ့

ကြားတော့ ကြားဖူး၏။ သို့သော် တွင်တွင်ကျယ်ကျယ် သိသူတော့ ရှား၏။

မြစ်ကြီးလည်း မခမ်းစေနဲ့

မြစ်ကြီးလည်း မခမ်းပါစေနဲ့ ဆိုတာ ကြည်လင် အေးမြတဲ့ တသွင်သွင်စီဆင်းနေတဲ့ မြစ်ကြီးနဲ့တူတဲ့ မေတ္တာတရားများ လူသားတွေမှာ မခမ်းခြောက်ပါစေနဲ့ လို့ ဆိုလိုခြင်း ဖြစ်၏။

လူသား အချင်းချင်း ဆွေမျိုး မိတ်သင်္ဂဟ အချင်းချင်း မေတ္တာထားပြီး နေထိုင်ကြမယ် အားလုံးသော သတ္တဝါ အနန္တ အပေါ်မှာလည်း မေတ္တာစမ်းရေများ မခမ်းခြောက်အောင် အမြဲပွားများပြီး နေထိုင်ကြရပါမယ်။

မြစ်အတွင်းမှာ စီးဆင်းနေတဲ့ စမ်းရေသည် ကြည်လင် အေးမြတဲ့ သဘောရှိသလို သတ္တဝါ အားလုံးအပေါ်မှာ ပွားများနေတဲ့ မေတ္တာဆိုတာလည်း ကြည်လင်အေးမြလှ၏။

မေတ္တာ ပွားများသူရဲ့ သန္တာန်မှာ မေတ္တာဓာတ်တွေ ဝင်ရောက်လာပြီဆိုယင် အဲ့ဒီပုဂ္ဂိုလ်ရဲ့ နှလုံးသားဟာလဲ တခြားအချိန်မှာ ဖြစ်နေတဲ့ နှလုံးသားနဲ့ မတူတော့ဘဲ ကြည်လင်လာ၏။ ဘုရားရှင်က စိတ္တေ ပသန္နေ လောဟိတံ ပသီဒတိ လို့ မိန့်၏။

စိတ်ကြည်လင်လာပြီ ဆိုရင် ရုပ်လဲ ကြည်လင်လာ၏။ အထူးသဖြင့် မေတ္တာ အမြဲပွားများနေတဲ့ ပုဂ္ဂိုလ် ရဲ့ မျတ်နှာဟာ သာမန် ပုဂ္ဂိုလ်တွေနဲ့ မတူတော့ပါဘူး။ သတိထားကြည့်ယင် ကွာခြားနေတာ တွေ့ရပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ မေတ္တာ ဆိုတဲ့ အကြည်ဓာတ်ကလေးက သူ့သန္တာန်မှာ ကိန်းဝပ်နေလို့ပါဘဲ ။

သစ်ပင်ကြီးလည်း မလဲစေနဲ့

သစ်ပင်ကြီးဆိုတာ ဘုရား တရား သံဃာ လို့ ခေါ်ဆိုအပ်တဲ့ ရတနာသုံးပါး ကို ဆိုလိုခြင်းဖြစ်၏ ။

ပကတိ သစ်ပင်ကြီးသည် အကိုင်းအခတ် ဝေဝေစာစာလည်း ရှိတယ်။ ပင်စည်ကလဲ ပြန့်ပွား အရိပ် အာဝါသလည်း ကောင်းနေမယ်ဆိုယင် အဲ့ဒီ သစ်ပင်ကြီးရဲ့ အရိပ်မှာ သတ္တဝါ ခိုနားနေနိုင်၏။

ထို သစ်ပင်ရဲ့ အရိပ်အောက် ဝင်လိုက်တာနဲ့တပြိုင်နက်ထဲ ကိုယ်စိတ်နှစ်ပါး အေးချမ်းမှုကိုခံစားရသလိုပါဘဲ။ ရတနာသုံးပါး ဆိုတဲ့ အရိပ်ဟာလည်း ဝင်ရောက် ခိုနားတဲ့ သတ္တဝါတိုင်းကို ကိုယ်စိတ်နှစ်ပါး အေးမြမှုကို အပြည့်အဝ ပေးနိုင်၏ ။

ဝင်ရောက် ခိုနားတဲ့ သူတိုင်းဟာ ရတနာသုံးပါးရဲ့အရိပ်ကြောင့် ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းသွားတာချည်းပါဘဲ ။ ဒါကြောင့် ရှေးလူကြီး သူမများက မိမိကို အရိပ်အာဝါသ ပေးနေတဲ့ သစ်ပင်ကြီးကို ခုတ်လဲ မမိပါစေနဲ့ လိုပြောဆိုကြခြင်း ဖြစ်၏။

ထို့အတူပါဘဲ မိမိတို့ နားခိုရာ အားထားရာ ကိုးကွယ်ရာ ဖြစ်တဲ့ ရတနာသုံးပါး အရိပ်ကိုလဲ မပစ်ပယ်ရဘူး။ မမေ့ရဘူး။

ဘာကြောင့်လဲ ရတနာသုံးပါး ရဲ့ ဂုဏ်ကျေးဇူးဟာ သိပ်ပြီးတော့ ကြီးမားလို့ပါဘဲ။ သစ်ပင်ကြီးရဲ့ အရိပ်ဟာ အေးမြသလို ရတနာသုံးပါး၏ အရိပ်ဟာလည်း ပစ္စုပ္ပန် ဘဝ သာမက တမလွန်ဘဝ အတွက်ပါ ငြိမ်းအေးမှုကို ပေး၏။

ဒါကြောင့် ရတနာသုံးပါး လို့ ခေါ်ဆိုရတဲ့ သစ်ပင်ကြီးကို မမေ့ပါနဲ့။ အမြဲသတိရပြီး ကိုးကွယ် ဆည်းကပ်ရမည် ဟု ဆိုလို၏ ။

ထုံးအိုးကြီးလည်း မကွဲပါစေနဲ့

ထုံးအိုးကြီးဆိုတာ ရှေးက မိဘ ဘိုးဘွား တွေရဲ့ အစဉ်အလာ လုပ်ထုံး လုပ်နည်းကို ပြောတာပါဘဲ။

မိဘ ဘိုးဘွား တွေရဲ့ ယဉ်ကျေးမှု အစဉ်အလာ ကောင်းများ ၊ မိဘ ဘိုးဘွား တွေ ပြုခဲ့တဲ့ ဘာသာရေး သာသနာရေး အစဉ်အလာကောင်းမြတ်တဲ့ ထုံးတမ်းစဉ်လာတွေ အဆုံးအမတွေ အကျင့် စာရိတ္တတွေ အားလုံးကို မဖျက်ဆီးရဘူး။ မမေ့ပျောက်ရဘူး။ အစဉ်လာကို ထိန်းသိမ်းပြီး ဆက်လက်ဆေင်ရွက်ရမယ်။ ဒါကိုဘဲ ထုံးအိုးကြီး မကွဲစေနဲ့ဟု ပြောဆိုခြင်းဖြစ်၏ ။

ဒါကြောင့် ဗုဒ္ဓဘာသာ သူတော်စဉ် ပုဂ္ဂိုလ် များ ရှေးက ဆုံးမခဲ့တဲ့ “ စကားကြီး သုံးခွန်း၏ အဓိပ္ပါယ် ကို နားလည်နိုင်ပါစေ။

နားလည်သည့် အားလျှော်စွာ ကျင့်သုံးနိုင်ပါစေ။ ကျင့်သုံးနိုင်သည်အလျှောက် ဘာသာ သာသနာကို ထိမ်းသိမ်း စောင့်ရှောက် နိုင်ကြပါစေ။ မိမိကိုယ်ကို ချမ်းသာအောင် ဆောင်ရွက်နိုင်ပါစေ။

📝 နော်ဂဲလယ်ထူး(စာပေရဟိတ)

Zawgyi

“ျမစ္ႀကီးလည္း မခမ္းေစနဲ႔” “သစ္ပင္ႀကီးလည္း မလဲေစနဲ႔” “ထုံးအိုးႀကီးလည္း မကြဲေစနဲ႔” ဆိုတဲ့ စကားႀကီးသုံးခြန္း အဓိပၸါယ္

ေ႐ႊစကားႀကီး သုံးခြန္း

၁ ။ ျမစ္ႀကီးလည္း မခမ္းေစနဲ႔

၂ ။ သစ္ပင္ႀကီးလည္း မလဲေစနဲ႔

၃ ။ ထုံးအိုးႀကီးလည္း မကြဲေစနဲ႔

ၾကားေတာ့ ၾကားဖူး၏။ သို႔ေသာ္ တြင္တြင္က်ယ္က်ယ္ သိသူေတာ့ ရွား၏။

ျမစ္ႀကီးလည္း မခမ္းေစနဲ႔

ျမစ္ႀကီးလည္း မခမ္းပါေစနဲ႔ ဆိုတာ ၾကည္လင္ ေအးျမတဲ့ တသြင္သြင္စီဆင္းေနတဲ့ ျမစ္ႀကီးနဲ႔တူတဲ့ ေမတၱာတရားမ်ား လူသားေတြမွာ မခမ္းေျခာက္ပါေစနဲ႔ လို႔ ဆိုလိုျခင္း ျဖစ္၏။

လူသား အခ်င္းခ်င္း ေဆြမ်ိဳး မိတ္သဂၤဟ အခ်င္းခ်င္း ေမတၱာထားၿပီး ေနထိုင္ၾကမယ္ အားလုံးေသာ သတၱဝါ အနႏၲ အေပၚမွာလည္း ေမတၱာစမ္းေရမ်ား မခမ္းေျခာက္ေအာင္ အၿမဲပြားမ်ားၿပီး ေနထိုင္ၾကရပါမယ္။

ျမစ္အတြင္းမွာ စီးဆင္းေနတဲ့ စမ္းေရသည္ ၾကည္လင္ ေအးျမတဲ့ သေဘာရွိသလို သတၱဝါ အားလုံးအေပၚမွာ ပြားမ်ားေနတဲ့ ေမတၱာဆိုတာလည္း ၾကည္လင္ေအးျမလွ၏။

ေမတၱာ ပြားမ်ားသူရဲ႕ သႏၲာန္မွာ ေမတၱာဓာတ္ေတြ ဝင္ေရာက္လာၿပီဆိုယင္ အဲ့ဒီပုဂၢိဳလ္ရဲ႕ ႏွလုံးသားဟာလဲ တျခားအခ်ိန္မွာ ျဖစ္ေနတဲ့ ႏွလုံးသားနဲ႔ မတူေတာ့ဘဲ ၾကည္လင္လာ၏။ ဘုရားရွင္က စိေတၱ ပသေႏၷ ေလာဟိတံ ပသီဒတိ လို႔ မိန႔္၏။

စိတ္ၾကည္လင္လာၿပီ ဆိုရင္ ႐ုပ္လဲ ၾကည္လင္လာ၏။ အထူးသျဖင့္ ေမတၱာ အၿမဲပြားမ်ားေနတဲ့ ပုဂၢိဳလ္ ရဲ႕ မ်တ္ႏွာဟာ သာမန္ ပုဂၢိဳလ္ေတြနဲ႔ မတူေတာ့ပါဘူး။ သတိထားၾကည့္ယင္ ကြာျခားေနတာ ေတြ႕ရပါလိမ့္မယ္။

ဘာေၾကာင့္လဲဆိုေတာ့ ေမတၱာ ဆိုတဲ့ အၾကည္ဓာတ္ကေလးက သူ႔သႏၲာန္မွာ ကိန္းဝပ္ေနလို႔ပါဘဲ ။

သစ္ပင္ႀကီးလည္း မလဲေစနဲ႔

သစ္ပင္ႀကီးဆိုတာ ဘုရား တရား သံဃာ လို႔ ေခၚဆိုအပ္တဲ့ ရတနာသုံးပါး ကို ဆိုလိုျခင္းျဖစ္၏ ။

ပကတိ သစ္ပင္ႀကီးသည္ အကိုင္းအခတ္ ေဝေဝစာစာလည္း ရွိတယ္။ ပင္စည္ကလဲ ျပန႔္ပြား အရိပ္ အာဝါသလည္း ေကာင္းေနမယ္ဆိုယင္ အဲ့ဒီ သစ္ပင္ႀကီးရဲ႕ အရိပ္မွာ သတၱဝါ ခိုနားေနႏိုင္၏။

ထို သစ္ပင္ရဲ႕ အရိပ္ေအာက္ ဝင္လိုက္တာနဲ႔တၿပိဳင္နက္ထဲ ကိုယ္စိတ္ႏွစ္ပါး ေအးခ်မ္းမႈကိုခံစားရသလိုပါဘဲ။ ရတနာသုံးပါး ဆိုတဲ့ အရိပ္ဟာလည္း ဝင္ေရာက္ ခိုနားတဲ့ သတၱဝါတိုင္းကို ကိုယ္စိတ္ႏွစ္ပါး ေအးျမမႈကို အျပည့္အဝ ေပးႏိုင္၏ ။

ဝင္ေရာက္ ခိုနားတဲ့ သူတိုင္းဟာ ရတနာသုံးပါးရဲ႕အရိပ္ေၾကာင့္ ကိုယ္စိတ္ႏွစ္ပါး ၿငိမ္းခ်မ္းသြားတာခ်ည္းပါဘဲ ။ ဒါေၾကာင့္ ေရွးလူႀကီး သူမမ်ားက မိမိကို အရိပ္အာဝါသ ေပးေနတဲ့ သစ္ပင္ႀကီးကို ခုတ္လဲ မမိပါေစနဲ႔ လိုေျပာဆိုၾကျခင္း ျဖစ္၏။

ထို႔အတူပါဘဲ မိမိတို႔ နားခိုရာ အားထားရာ ကိုးကြယ္ရာ ျဖစ္တဲ့ ရတနာသုံးပါး အရိပ္ကိုလဲ မပစ္ပယ္ရဘူး။ မေမ့ရဘူး။

ဘာေၾကာင့္လဲ ရတနာသုံးပါး ရဲ႕ ဂုဏ္ေက်းဇူးဟာ သိပ္ၿပီးေတာ့ ႀကီးမားလို႔ပါဘဲ။ သစ္ပင္ႀကီးရဲ႕ အရိပ္ဟာ ေအးျမသလို ရတနာသုံးပါး၏ အရိပ္ဟာလည္း ပစၥဳပၸန္ ဘဝ သာမက တမလြန္ဘဝ အတြက္ပါ ၿငိမ္းေအးမႈကို ေပး၏။

ဒါေၾကာင့္ ရတနာသုံးပါး လို႔ ေခၚဆိုရတဲ့ သစ္ပင္ႀကီးကို မေမ့ပါနဲ႔။ အၿမဲသတိရၿပီး ကိုးကြယ္ ဆည္းကပ္ရမည္ ဟု ဆိုလို၏ ။

ထုံးအိုးႀကီးလည္း မကြဲပါေစနဲ႔

ထုံးအိုးႀကီးဆိုတာ ေရွးက မိဘ ဘိုးဘြား ေတြရဲ႕ အစဥ္အလာ လုပ္ထုံး လုပ္နည္းကို ေျပာတာပါဘဲ။

မိဘ ဘိုးဘြား ေတြရဲ႕ ယဥ္ေက်းမႈ အစဥ္အလာ ေကာင္းမ်ား ၊ မိဘ ဘိုးဘြား ေတြ ျပဳခဲ့တဲ့ ဘာသာေရး သာသနာေရး အစဥ္အလာေကာင္းျမတ္တဲ့ ထုံးတမ္းစဥ္လာေတြ အဆုံးအမေတြ အက်င့္ စာရိတၱေတြ အားလုံးကို မဖ်က္ဆီးရဘူး။ မေမ့ေပ်ာက္ရဘူး။ အစဥ္လာကို ထိန္းသိမ္းၿပီး ဆက္လက္ေဆင္႐ြက္ရမယ္။ ဒါကိုဘဲ ထုံးအိုးႀကီး မကြဲေစနဲ႔ဟု ေျပာဆိုျခင္းျဖစ္၏ ။

ဒါေၾကာင့္ ဗုဒၶဘာသာ သူေတာ္စဥ္ ပုဂၢိဳလ္ မ်ား ေရွးက ဆုံးမခဲ့တဲ့ “ စကားႀကီး သုံးခြန္း၏ အဓိပၸါယ္ ကို နားလည္ႏိုင္ပါေစ။

နားလည္သည့္ အားေလွ်ာ္စြာ က်င့္သုံးႏိုင္ပါေစ။ က်င့္သုံးႏိုင္သည္အေလွ်ာက္ ဘာသာ သာသနာကို ထိမ္းသိမ္း ေစာင့္ေရွာက္ ႏိုင္ၾကပါေစ။ မိမိကိုယ္ကို ခ်မ္းသာေအာင္ ေဆာင္႐ြက္ႏိုင္ပါေစ။

📝 ေနာ္ဂဲလယ္ထူး(စာေပရဟိတ)

Leave a Comment