ညရောက်တိုင်း ခရမ်းရောင်အဖြစ် အမြဲ ပြောင်းလဲလာနေတဲ့ ကောင်းကင်ကြီးကြောင့် ထိတ်လန့်တုန်လှုပ်နေခဲ့ကြတဲ့ ဒေသခံများ

ညရောက်တိုင်း ခရမ်းရောင်အဖြစ် အမြဲ ပြောင်းလဲလာနေတဲ့ ကောင်းကင်ကြီးကြောင့် ထိတ်လန့်တုန်လှုပ်နေခဲ့ကြတဲ့ ဒေသခံများ

ဆွီဒင်နိုင်ငံ Trelleborg မြို့မှမရေမတွက်နိုင်သော ဒေသခံများဟာ ၎င်းတို့၏ ခရမ်းရောင်အရောင်ရှိတဲ့ ကောင်းကင်ကိုကြည့်ရှုရန် ညရောက်လာမဲ့အချိန်ကို မျှော်နေခဲ့ကြရပါတယ်။

၎င်းဟာ အနီးအနားရှိ ခရမ်းချဉ်စိုက်ခင်းတစ်ခုကြောင့် ဖြစ်ပေါ်လာသည်ကို အချိန်အတော်အတန်ကြာ မသိခဲ့ကြတဲ့ ဒေသခံများအတွက် အံ့ဩမှင်တက်စေခဲ့သည့် ပုံမှန်မဟုတ်တဲ့မြင်ကွင်းတစ်ခု ဖြစ်နေခဲ့ပါတယ်။

၎င်းထူးထူးဆန်းဆန်း ဖြစ်ပျက်မှုဟာ လူအများထံမှ ရောထွေးတုံ့ပြန်မှုများဖြင့်ဆွဲဆောင်ခဲ့ပြီး အချို့မှ ာထိတ်လန့်ခြင်းနှင့် အချို့ကလည်း ၎င်းကိုထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း ဆိုခဲ့ကြပါတယ်။

အမှန်တော့ ၎င်းဟာ ကောင်းကင်ကိုခရမ်းရင့်ရောင်အဖြစ် အရောင်ပြန်စေတဲ့အလင်းရောင်စနစ်သစ်ကို အသုံးပြုနေကြတဲ့ Gislov ရှိ Alfred Pedersen & So အမည်ရှိတဲ့ခရမ်းချဉ်သီးစိုက်ခင်းတစ်ခုကြောင့်သာဖြစ်ပါတယ်။

၎င်းခရမ်းရောင်ကောင်းကင်၏ ဓာတ်ပုံများဟာ ချက်ချင်း ဆိုရှယ်မီဒီယာတွင် ပြန့်နှံ့သွားခဲ့ပြီး ၎င်းနှင့်ပတ်သက်ပြီး ကွဲပြားတဲ့ သတင်းပေါင်းစုံလည်း ထွက်ပေါ်လာခဲ့ပါတယ်။

Daily Mail ၏အစီရင်ခံစာတစ်ခုတွင် ခရမ်းချဉ်သီး စိုက်ပျိုးရေးလုပ်ငန်းရှင်များဟာ ခရမ်းရောင်တောက်ပတဲ့စွမ်းအင်ချွေတာရေး LED မီးစနစ်အသစ်ကို စတင်အသုံးပြုခဲ့ကြောင်းကို လေ့လာတွေ့ရှိခဲ့ရပါတယ်။

အပင်တွေပေါ်ကို ဖြာကျနေတဲ့တောက်ပမှုက ၎င်းတို့အတွက်ကောင်းပြီး ၎င်းစနစ်သစ်က ၎င်းတို့ကိုယ်တိုင်ကို ကြီးထွားလာစေတယ်လို့ ခရမ်းချဉ်သီးစိုက်ခင်းရှင်များက ဆိုခဲ့ကြောင်း Daily Mail က ဆက်ပြောပြခဲ့ပါတယ်။

ထို့နောက် ဒေသခံအများအပြားက မီးရောင်၏ တောက်ပမှုနှင့် ပတ်သက်၍ ညည်းညူခဲ့ကြပြီး စိုက်ခင်းပိုင်ရှင်များအား ၎င်းနှင့်ပတ်သက်၍ တစ်ခုခုလုပ်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။

ထို့နောက်မှာ operators များဟာညနေ ၅ နာရီမှ ၁၁နာရီအကြားတွင် မီးများကို ပိတ်ထားလိုက်ရပါတယ်။“ပထမဆုံးအနေနဲ့ညနေခင်းတွေမှာ ခရမ်းချဉ်သီးစိုက်ခင်းအတွက် မီးထိုးတာကို ပိတ်ပစ်ဖို့ ကျွန်တော်တို့ ရွေးချယ်ခဲ့တယ်။

ဒါပေမယ့် ဒါက ကျွန်တော်တို့အတွက်ခြေတစ်လှမ်းနောက်ကျစေပါတယ် ၊လူတွေကိုဒေါသထွက်စေဖို့ မရည်ရွယ်ခဲ့ပါဘူး ၊ ကျွန်တော်တို့က လျှပ်စစ်ဓာတ်အားကို ချွေတာပြီး ခရမ်းချဉ်သီးကို ပိုကြီးထွားစေချင်လို့ပါဘဲ ” ဟု ၎င်းခရမ်းချဉ်သီးစိုက်ခင်းက တရားဝင်ထုတ်ပြန်ရေးသားဖော်ပြခဲ့ပါတယ်။

Credit

Zawgyi












Credit

Leave a Comment