သွားကိုက် ခါးနာ ဒူးနာ ဝေဒနာများ ကိုယ်တွေ့ ယူပစ်လိုက်သလိုပျောက်တဲ့ နွားဖြူကြီးရွက်(မုရိုးရွက်)

ယူပစ်လိုက်သလိုပျောက်တဲ့ နွားဖြူကြီးရွက်(မုရိုးရွက်)

(၁) ညက သွားဖုံးယောင်ပြီး သွားကိုက်တာ အိပ်တောင်မရဘဲ ရေနွေးနဲ့ ပါးလုပ်ကျင်းနေရတယ်။
ပါရာစီတမော့၁ အမောက်စလင် ၁ ကီးမို့ ၁ သောက် အိပ်သော်လည်း တစစ်စစ်နဲ့နာပြီး မသက်သာဘဲ ထ လမ်းလျောက်နေရတယ် အတော်ဆိုးတဲ့ ဝေဒနာ သွားဖုံးများ အကိုင်တောင်မခံနိုင်အောင်နာနေတာ ။သွားကလည်းအခေါင်းပေါက်ပြီး နဲ့ နေတာ။မိုးလင်းတဲ့ထိ နာနေတဲ့သွား သွားဖုံးယောင်နေတာ ပါးတောင်ဖေါင်းနေတယ်။

လမ်းဘေးအလေ့ကျပေါက်တဲ့နွားဖြူကြီးရွက် (မုရိုးရွက်)သွားရှာခူးခိုင်းပြီး အစေးကိုလည်း သွားကြားတို့တယ် အရွက်ကို ရေစင်အောင်ဆေးပြီး လုံးချေ(အရည်ထွက်အောင်) ပြီးမှ ယောင်နေတဲ့သွားနဲ့ သွားဖုံး ပါးကြားမှာ ကပ်အုံထားလိုက်ပြီး မနက်ပြန်အိပ်လိုက်တယ်

အင်္ဂလိပ်ဆေးတစ်တွဲ (ပါရာ အမောက်စလင် ကီးမို့) အရင်သောက်ပါသေးတယ်တစ်နာရီခန့်အကြာမှာ ယူပစ်လိုက်သလို ပျောက်သွားတယ်ဗျာ ။ ခုလက်ငင်းကိုယ်တွေ့မို့ နွားဖြူကြီးအရွက်(မုရိုးရွက်)အစွမ်း မျှဝေလိုက်ရပါတယ်။

( ၂) ခါးနာနေတဲ့အမေ ဒူးနာနေတဲ့ဇနီး တို့ ပြီးခဲ့တဲ့ လေး ငါးရက်က နွားဖြူကြီးရွက် ရေစင်စင်ဆေး မီးကင် ပြီးနာနေတဲ့ ခါး နာနေတဲ့ဒူးပေါ်အုပ်ပြီးကပ်ထား ။ အဝတ်ပါးပါး (သို့) ဒူးစွပ် /ခါးပတ်အပြား နဲ့ စီးထားလိုက်တာ မနက်လင်းတော့ ခါး နာ ဒူးနာ ပျောက်နေရောဗျာ။

ကိုယ်တွေ့ပါဘဲ ။

သွားကိုက် ခါးနာ ဒူးနာ ဝေဒနာများ သက်သာပျောက်ကင်းကြပါစေ ။

Zawgyi

ယူပစ္လိုက္သလိုေပ်ာက္တဲ့ ႏြားျဖဴႀကီး႐ြက္(မု႐ိုး႐ြက္)

(၁) ညက သြားဖုံးေယာင္ၿပီး သြားကိုက္တာ အိပ္ေတာင္မရဘဲ ေရေႏြးနဲ႔ ပါးလုပ္က်င္းေနရတယ္။
ပါရာစီတေမာ့၁ အေမာက္စလင္ ၁ ကီးမို႔ ၁ ေသာက္ အိပ္ေသာ္လည္း တစစ္စစ္နဲ႔နာၿပီး မသက္သာဘဲ ထ လမ္းေလ်ာက္ေနရတယ္ အေတာ္ဆိုးတဲ့ ေဝဒနာ သြားဖုံးမ်ား အကိုင္ေတာင္မခံႏိုင္ေအာင္နာေနတာ ။သြားကလည္းအေခါင္းေပါက္ၿပီး နဲ႔ ေနတာ။မိုးလင္းတဲ့ထိ နာေနတဲ့သြား သြားဖုံးေယာင္ေနတာ ပါးေတာင္ေဖါင္းေနတယ္။

လမ္းေဘးအေလ့က်ေပါက္တဲ့ႏြားျဖဴႀကီး႐ြက္ (မု႐ိုး႐ြက္)သြားရွာခူးခိုင္းၿပီး အေစးကိုလည္း သြားၾကားတို႔တယ္ အ႐ြက္ကို ေရစင္ေအာင္ေဆးၿပီး လုံးေခ်(အရည္ထြက္ေအာင္) ၿပီးမွ ေယာင္ေနတဲ့သြားနဲ႔ သြားဖုံး ပါးၾကားမွာ ကပ္အုံထားလိုက္ၿပီး မနက္ျပန္အိပ္လိုက္တယ္

အဂၤလိပ္ေဆးတစ္တြဲ (ပါရာ အေမာက္စလင္ ကီးမို႔) အရင္ေသာက္ပါေသးတယ္တစ္နာရီခန္႔အၾကာမွာ ယူပစ္လိုက္သလို ေပ်ာက္သြားတယ္ဗ်ာ ။ ခုလက္ငင္းကိုယ္ေတြ႕မို႔ ႏြားျဖဴႀကီးအ႐ြက္(မု႐ိုး႐ြက္)အစြမ္း မွ်ေဝလိုက္ရပါတယ္။

( ၂) ခါးနာေနတဲ့အေမ ဒူးနာေနတဲ့ဇနီး တို႔ ၿပီးခဲ့တဲ့ ေလး ငါးရက္က ႏြားျဖဴႀကီး႐ြက္ ေရစင္စင္ေဆး မီးကင္ ၿပီးနာေနတဲ့ ခါး နာေနတဲ့ဒူးေပၚအုပ္ၿပီးကပ္ထား ။ အဝတ္ပါးပါး (သို႔) ဒူးစြပ္ /ခါးပတ္အျပား နဲ႔ စီးထားလိုက္တာ မနက္လင္းေတာ့ ခါး နာ ဒူးနာ ေပ်ာက္ေနေရာဗ်ာ။

ကိုယ္ေတြ႕ပါဘဲ ။

သြားကိုက္ ခါးနာ ဒူးနာ ေဝဒနာမ်ား သက္သာေပ်ာက္ကင္းၾကပါေစ ။

Leave a Comment