“မင်းက ဝက်သားဟင်း စော စား ခဲ့တာကိုး”(အရမ်းကောင်းလို့ လူတိုင်းဖတ်ကြည့်သင့်တဲ့ ပို့စ် လေးပါ)

“မင်းက ဝက်သားဟင်း စော စား ခဲ့တာကိုး”(အရမ်းကောင်းလို့ လူတိုင်းဖတ်ကြည့်သင့်တဲ့ ပို့စ် လေးပါ)

အကြော်စုံကိုတစ်နေ့(၃)သိန်းဖိုးရောင်းရတာတို့၊ ကြက်ဒုတ်ထိုးရောင်းပြီးအိမ်ပိုင်တာတို့၊ငပိရည် ကြက်သားသုပ်ရောင်းပြီးတိုက်ဆောက်တာတို့၊ ကွမ်းယာရောင်းပြီးနိုင်ငံခြားမှာ

သားသမီးကိုေ ကျာင်းထားတာတို့၊ဘေထုတ်ရောင်းပြီးကား ဝယ်တာတို့စတာတွေကို လိုင်းပေါ်မှ ချီးကျုးတာထက်ဝေဖန်တာကိုတွေ့ရလို့ ဒီလိုလေး တွေးမိပါတယ်…….

၂၀၁၈ ခုနှစ်လောက်က ထင်တယ် express စီးရင်းနဲ့ ဒရိုင်ဘာက ဘေးမှာပါလာတဲ့ စပယ်ယာအသစ်ကို စကားပြောနေတာပေါ့… ကိုယ်က ရှေ့ဆုံးခုံဆိုတော့ သူတို့ပြောသမျှအကုန်ကြားနေရတာ။ ဒရိုင်ဘာကငြီးငြူနေတာ… ငါတစ်လ(၁၅)သိန်းကျော်ရတယ်… အခုထိအဖတ်တင်တာ ဘာမှမရှိဘူးတဲ့။

ငါ့စပယ်ယာက တစ်လ(၁)သိန်းခွဲဘဲရတယ်။ အဲ့ဒါကို ပြီးခဲ့တဲ့လက ရွာမှာမြေကွက် ဝယ်ပြီးပြီတဲ့။ အဲ့‌ဒီကောင်ကွာ နဲနဲနောနော တွက်ကပ်တဲ့ကောင်မဟုတ်ဘူးတဲ့။ ဒီ‌ကောင်ကွာ ဘယ်တော့မှ လက်ဖက်ရည်ဆိုင် မထိုင်ဘူး။

အပြင် မုန့်ပဲသရေစာ ဘာမှမစားဘူး။ အမြန်လမ်းမှာကျွေးတဲ့ ထမင်းစားတယ်။ ဂိတ်ရောက်ရင်‌ ကျွေးတာစားတယ်၊ ရယ်ဒီမိတ်ကော်ဖီတစ်ထုတ် (၂)ခါ ခွဲသောက်တယ်တဲ့။ အပြင်အဝတ်အစား မဝယ်ဘူးတဲ့။ ဒါက ကိုယ်တွေ့နားနဲ့ ကြားခဲ့တာ…။

နောက်စတိုရီတစ်ပုဒ်ကတော့ ကြားဖူးနားဝပါ။ ဘာလဲဆိုတော့ ရွာတစ်ရွာမှာ ဆင်းဆင်းရဲရဲ လယ်လုပ်သား မိသားစု(၂)စု ရှိတာပေါ့။ နှစ်တွေအတော်လေးကြာလာတော့ လယ်လုပ် သားမိသားစုတစ်စုက တိုက်နဲ့တာနဲ့ အိမ်ဆိုင် အကြီးကြီးနဲ့ ရုတ်တရက်ကြီးဖြစ်လာတာပေါ့။

အဲ့ဒါနဲ့ ဆင်းရဲမြဲ ဆင်းရဲဆဲ အိမ်က အရမ်းသိချင်လာတော့ အဲ့ဒီကုန်စုံဆိုင်ကြီးမှာ ဈေးဝယ်ရင်းနဲ့ ပိုင်ရှင်ကိုမေးတာပေါ့။ မင်းတို့နဲ့ ငါတို့နဲ့ အတူတူ နှစ်တွေဖြတ်သန်းလာတာ… မင်းတို့က ဘယ်လိုဖြစ်လို့ ဒီလိုတွေ ချမ်းသာလာတာတုန်း… ဘာအလုပ်တွေ လုပ်ခဲ့သတုန်းပေါ့။

အဲ့ဒီမှ ာသူဌေးက ဘယ်လိုဖြေလိုက်လဲဆိုတော့ “မင်းတို့က ဝက်သားဟင်း စော စားခဲ့ကြတာ‌ကိုးတဲ့”။ အဲ့ဒီမှာ သူဆင်းရဲ လယ်သမားက ဒါလဲ ဟုတ်ပေတာဘဲ။ ငါတို့နေ့တိုင်း ရသမျှငွေကြေးဥစ္စာကို အစားကောင်းအသောက်ကောင်းတွေ ဝယ်ခြမ်းစားသောက်နေတဲ့အချိန်မှာ

သူတို့အိမ်က လယ်ကန်သင်းက ကန်‌ဇွန်းရွက်လေးခူး ကြော်၊ ငပိထောင်းလေးနဲ့နေခဲ့ကြတာဘဲလေတဲ့။ ဒါက ကြားဖူးနားဝ… ဘယ်က‌စတယ်တော့မသိပေမယ့် “မင်းက ဝက်သားဟင်း စော စား ခဲ့တာကိုး” ဆိုတဲ့ စကားကို ကြိုက်လို့ မှတ်ထားတာ…။

နောက်ထပ်ရှိသေးတယ်… အရင် အင်္ဂလိပ်ခေတ် ပြီးစအချိန် မြို့တစ်မြို့မှာပေါ့… မြို့လယ်ခေါင်မှာ bal mar အိမ်တွေရှိတယ်။ အဲ့ဒီအိမ်တွေရဲ့ အောက်မှာ Kal larrတွေက တွန်းလှည်းဆိုင်လေးတွေ ဖွင့်ထားကြတယ်။

နိုင်ငံရေးအခြေအနေတွေမကောင်း ခေတ်ပျက်နေတဲ့အချိန် ဆိုတော့ bal marတွေက အိမ်ထဲမှာဘဲနေ… အိမ်အောက်ထက်မှာ တွန်းလှည်း ဆိုင် လာဖွင့်နေတဲ့ Kal larr တွေဆီက ဆန်လေး ယူလိုက်၊ ဆီလေး ယူလိုက်၊ တံမြက်စည်းလေး ယူလိုက်၊ ကွမ်းဆေးလိပ်လေး ယူလိုက်… ပြီးရင် အကြွေးမှတ်ထားအုန်းနော်ပေါ့။

ဒီလိုနဲ့ Bal Mar တွေကလဲ ရသလောက်အကြွေးယူ ပြီးရင်မှတ်ထားခိုင်း… တကယ့်ကိုပေါ့ပေါ့ဆဆနော်။ အဲ့လိုအချိန် Kal Larr တွေက “ပဲ”ဟင်းချက်၊ ခြေမကြားထဲ “ငရုတ်သီး”တောင့်ညှပ်ပြီး ရှိစုမဲ့စုနဲ့ ကြိတ်မှိတ်စားတာ။ အကြွေးတောင်းသမျှပေးတယ်။ ရသမျှလိပ်စုတယ်။

ဒီလိုနဲ့ နှစ်တွေကြာလာတော့ ဟိုက စားရင်းဇယားနဲ့လာတာ၊မပေးနိုင်ရင်အိမ်သိမ်းဘဲ… ဘာမှလာမပြောနဲ့တော့… တရားရင်ဆိုင်လဲရှုံးလေ လက်ထဲ တပြားတချပ်မှ မရှိကြတာ။ အဲ့ဒါနဲ့ အဲ့မြို့လယ်ခေါင်အိမ်တွေ အကုန်လုံးဟာ သူတို့ဆီပါသွားကြရောတဲ့။ ဒါက အိမ်က အဘွား ပြောပြတာ ….။

ဆိုလိုချင်တာက သူတစ်ပါး အောင်မြင်ဖြစ်ထွန်းသွားတဲ့အခါ ရုတ်တရက်ကြီး ချမ်းသာလာတာလား၊ ဖြစ်ကို မဖြစ်နိုင်ဘူး၊ မဟုတ်တာ လုပ်စားလို့၊ ဖြတ်လမ်းနည်းနဲ့ လုပ်လို့ရလာတာလို့ ဝါးလုံးရှည်နဲ့ ပတ်ရမ်းလို့ မရဘူး။

သူတို့ ဘယ်လို ဒုက္ခခံ၊ ဘယ်လို အငတ်ခံ၊ အခက်အခဲတွေကြား ဘယ်လိုဖြတ်သန်းခဲ့သလဲ။ လူ့စည်းစိမ်ကို တစ်ပါးသူတွေ ခံစားနေချိန်မှာ သူတို့မနက်(၄) နာရီထပြီး ဈေးပေါပေါပဲပဲ ကုန်စိမ်းတွေ လိုက်ကောက်၊ တစ်နေကုန် ချက်ပြုတ်ရောင်းချဆေးကြော၊ ညအိပ်ချိန် တစ်ချိန်လေးဘဲ ရှိခဲ့တာတွေကို နားလည်ပေးရမယ်၊ နားလည်နိုင်စွမ်းရှိရမယ်။

လူ့စည်းစိမ်ကိုလူတိုင်း ကြိုက်တယ်… စားချင်တာလေးတွေဝယ်စား ၊ အလုပ်မယ်မယ်ရရ မရှိဘဲ ဖုန်းသုံး၊ တီဗီကြည့် စိတ်အလိုမှန်သမျှ လိုက်ချင်းတိုင်းလိုက်၊ တစ်ခုခုအားထည့်မယ်မကျန်သေးဘူး နားအုန်းမယ် နားချင်ပြီ။

အဲ့လိုတွေ လူတိုင်း မလုပ်ချင်ဘူးလား… လုပ်ချင်ပါတယ် လုပ်လို့လည်းကောင်းပါတယ်။ ဒါပေမယ့် အဲ့လို လူ့စည်းစိမ်တွေကို မခံစားဘဲ ကြိုးစားနေတဲ့ သူတွေကိုတော့ အသိအမှတ်ပြုရမှာဖြစ်ပါတယ်…..။

ဘယ်အရာမှ အစွန်းရောက်တာ မကောင်းဘူးပေါ့။ သင့်တင့်မျှတအောင် မစားဘဲနဲ့ nutrition out ပြီး စုဆောင်းထားသမျှေ ဆးရုံမှာကုန်တယ်ဆိုတာလည်း မဟုတ်သေးဘူး။ ဒါပေမယ့် ကိုယ်မလိုချင်တဲ့ဘ၀ တစ်ခုကနေ ရုန်းထွက်နိုင်ဖို့ ဆိုရင်တော့ မလုပ်ချင်လည်းလုပ်၊ မတွက်ကပ်ချင်လဲ တွက်ကပ်ရတော့မယ့်အရာတွေ ရှိလာတတ်တယ်။

ငွပေါ်ငွေဆင့်ပြီးရှာဖို့လည်း အရင်းအနှီးမရှိရင်တော့ ကပ်စေနည်းတဲ့နည်းလမ်းကို ရွေးချယ်တာ အသင့်တော်ဆုံးပါ…..။

အာဟာရသင့်တင့်မျှတအောင်စားပြီး စုနိုင်ဆောင်းနိုင်ကြပါစေ…။

မူရင်းရေးသားသူ# ပိုးဥရန်နိုင်# အားလေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Zawgyi

“မင္းက ဝက္သားဟင္း ေစာ စား ခဲ့တာကိုး”(အရမ္းေကာင္းလို႔ လူတိုင္းဖတ္ၾကည့္သင့္တဲ့ ပို႔စ္ ေလးပါ)

အေၾကာ္စုံကိုတစ္ေန႔(၃)သိန္းဖိုးေရာင္းရတာတို႔၊ ၾကက္ဒုတ္ထိုးေရာင္းၿပီးအိမ္ပိုင္တာတို႔၊ငပိရည္ ၾကက္သားသုပ္ေရာင္းၿပီးတိုက္ေဆာက္တာတို႔၊ ကြမ္းယာေရာင္းၿပီးႏိုင္ငံျခားမွာ

သားသမီးကိုေ က်ာင္းထားတာတို႔၊ေဘထုတ္ေရာင္းၿပီးကား ဝယ္တာတို႔စတာေတြကို လိုင္းေပၚမွ ခ်ီးက်ဳးတာထက္ေဝဖန္တာကိုေတြ႕ရလို႔ ဒီလိုေလး ေတြးမိပါတယ္…….

၂၀၁၈ ခုႏွစ္ေလာက္က ထင္တယ္ express စီးရင္းနဲ႔ ဒ႐ိုင္ဘာက ေဘးမွာပါလာတဲ့ စပယ္ယာအသစ္ကို စကားေျပာေနတာေပါ့… ကိုယ္က ေရွ႕ဆုံးခုံဆိုေတာ့ သူတို႔ေျပာသမွ်အကုန္ၾကားေနရတာ။ ဒ႐ိုင္ဘာကၿငီးျငဴေနတာ… ငါတစ္လ(၁၅)သိန္းေက်ာ္ရတယ္… အခုထိအဖတ္တင္တာ ဘာမွမရွိဘူးတဲ့။

ငါ့စပယ္ယာက တစ္လ(၁)သိန္းခြဲဘဲရတယ္။ အဲ့ဒါကို ၿပီးခဲ့တဲ့လက ႐ြာမွာေျမကြက္ ဝယ္ၿပီးၿပီတဲ့။ အဲ့‌ဒီေကာင္ကြာ နဲနဲေနာေနာ တြက္ကပ္တဲ့ေကာင္မဟုတ္ဘူးတဲ့။ ဒီ‌ေကာင္ကြာ ဘယ္ေတာ့မွ လက္ဖက္ရည္ဆိုင္ မထိုင္ဘူး။

အျပင္ မုန႔္ပဲသေရစာ ဘာမွမစားဘူး။ အျမန္လမ္းမွာေကြၽးတဲ့ ထမင္းစားတယ္။ ဂိတ္ေရာက္ရင္‌ ေကြၽးတာစားတယ္၊ ရယ္ဒီမိတ္ေကာ္ဖီတစ္ထုတ္ (၂)ခါ ခြဲေသာက္တယ္တဲ့။ အျပင္အဝတ္အစား မဝယ္ဘူးတဲ့။ ဒါက ကိုယ္ေတြ႕နားနဲ႔ ၾကားခဲ့တာ…။

ေနာက္စတိုရီတစ္ပုဒ္ကေတာ့ ၾကားဖူးနားဝပါ။ ဘာလဲဆိုေတာ့ ႐ြာတစ္႐ြာမွာ ဆင္းဆင္းရဲရဲ လယ္လုပ္သား မိသားစု(၂)စု ရွိတာေပါ့။ ႏွစ္ေတြအေတာ္ေလးၾကာလာေတာ့ လယ္လုပ္ သားမိသားစုတစ္စုက တိုက္နဲ႔တာနဲ႔ အိမ္ဆိုင္ အႀကီးႀကီးနဲ႔ ႐ုတ္တရက္ႀကီးျဖစ္လာတာေပါ့။

အဲ့ဒါနဲ႔ ဆင္းရဲၿမဲ ဆင္းရဲဆဲ အိမ္က အရမ္းသိခ်င္လာေတာ့ အဲ့ဒီကုန္စုံဆိုင္ႀကီးမွာ ေဈးဝယ္ရင္းနဲ႔ ပိုင္ရွင္ကိုေမးတာေပါ့။ မင္းတို႔နဲ႔ ငါတို႔နဲ႔ အတူတူ ႏွစ္ေတြျဖတ္သန္းလာတာ… မင္းတို႔က ဘယ္လိုျဖစ္လို႔ ဒီလိုေတြ ခ်မ္းသာလာတာတုန္း… ဘာအလုပ္ေတြ လုပ္ခဲ့သတုန္းေပါ့။

အဲ့ဒီမွ ာသူေဌးက ဘယ္လိုေျဖလိုက္လဲဆိုေတာ့ “မင္းတို႔က ဝက္သားဟင္း ေစာ စားခဲ့ၾကတာ‌ကိုးတဲ့”။ အဲ့ဒီမွာ သူဆင္းရဲ လယ္သမားက ဒါလဲ ဟုတ္ေပတာဘဲ။ ငါတို႔ေန႔တိုင္း ရသမွ်ေငြေၾကးဥစၥာကို အစားေကာင္းအေသာက္ေကာင္းေတြ ဝယ္ျခမ္းစားေသာက္ေနတဲ့အခ်ိန္မွာ

သူတို႔အိမ္က လယ္ကန္သင္းက ကန္‌ဇြန္း႐ြက္ေလးခူး ေၾကာ္၊ ငပိေထာင္းေလးနဲ႔ေနခဲ့ၾကတာဘဲေလတဲ့။ ဒါက ၾကားဖူးနားဝ… ဘယ္က‌စတယ္ေတာ့မသိေပမယ့္ “မင္းက ဝက္သားဟင္း ေစာ စား ခဲ့တာကိုး” ဆိုတဲ့ စကားကို ႀကိဳက္လို႔ မွတ္ထားတာ…။

ေနာက္ထပ္ရွိေသးတယ္… အရင္ အဂၤလိပ္ေခတ္ ၿပီးစအခ်ိန္ ၿမိဳ႕တစ္ၿမိဳ႕မွာေပါ့… ၿမိဳ႕လယ္ေခါင္မွာ bal mar အိမ္ေတြရွိတယ္။ အဲ့ဒီအိမ္ေတြရဲ႕ ေအာက္မွာ Kal larrေတြက တြန္းလွည္းဆိုင္ေလးေတြ ဖြင့္ထားၾကတယ္။

ႏိုင္ငံေရးအေျခအေနေတြမေကာင္း ေခတ္ပ်က္ေနတဲ့အခ်ိန္ ဆိုေတာ့ bal marေတြက အိမ္ထဲမွာဘဲေန… အိမ္ေအာက္ထက္မွာ တြန္းလွည္း ဆိုင္ လာဖြင့္ေနတဲ့ Kal larr ေတြဆီက ဆန္ေလး ယူလိုက္၊ ဆီေလး ယူလိုက္၊ တံျမက္စည္းေလး ယူလိုက္၊ ကြမ္းေဆးလိပ္ေလး ယူလိုက္… ၿပီးရင္ အေႂကြးမွတ္ထားအုန္းေနာ္ေပါ့။

ဒီလိုနဲ႔ Bal Mar ေတြကလဲ ရသေလာက္အေႂကြးယူ ၿပီးရင္မွတ္ထားခိုင္း… တကယ့္ကိုေပါ့ေပါ့ဆဆေနာ္။ အဲ့လိုအခ်ိန္ Kal Larr ေတြက “ပဲ”ဟင္းခ်က္၊ ေျခမၾကားထဲ “င႐ုတ္သီး”ေတာင့္ညႇပ္ၿပီး ရွိစုမဲ့စုနဲ႔ ႀကိတ္မွိတ္စားတာ။ အေႂကြးေတာင္းသမွ်ေပးတယ္။ ရသမွ်လိပ္စုတယ္။

ဒီလိုနဲ႔ ႏွစ္ေတြၾကာလာေတာ့ ဟိုက စားရင္းဇယားနဲ႔လာတာ၊မေပးႏိုင္ရင္အိမ္သိမ္းဘဲ… ဘာမွလာမေျပာနဲ႔ေတာ့… တရားရင္ဆိုင္လဲရႈံးေလ လက္ထဲ တျပားတခ်ပ္မွ မရွိၾကတာ။ အဲ့ဒါနဲ႔ အဲ့ၿမိဳ႕လယ္ေခါင္အိမ္ေတြ အကုန္လုံးဟာ သူတို႔ဆီပါသြားၾကေရာတဲ့။ ဒါက အိမ္က အဘြား ေျပာျပတာ ….။

ဆိုလိုခ်င္တာက သူတစ္ပါး ေအာင္ျမင္ျဖစ္ထြန္းသြားတဲ့အခါ ႐ုတ္တရက္ႀကီး ခ်မ္းသာလာတာလား၊ ျဖစ္ကို မျဖစ္ႏိုင္ဘူး၊ မဟုတ္တာ လုပ္စားလို႔၊ ျဖတ္လမ္းနည္းနဲ႔ လုပ္လို႔ရလာတာလို႔ ဝါးလုံးရွည္နဲ႔ ပတ္ရမ္းလို႔ မရဘူး။

သူတို႔ ဘယ္လို ဒုကၡခံ၊ ဘယ္လို အငတ္ခံ၊ အခက္အခဲေတြၾကား ဘယ္လိုျဖတ္သန္းခဲ့သလဲ။ လူ႔စည္းစိမ္ကို တစ္ပါးသူေတြ ခံစားေနခ်ိန္မွာ သူတို႔မနက္(၄) နာရီထၿပီး ေဈးေပါေပါပဲပဲ ကုန္စိမ္းေတြ လိုက္ေကာက္၊ တစ္ေနကုန္ ခ်က္ျပဳတ္ေရာင္းခ်ေဆးေၾကာ၊ ညအိပ္ခ်ိန္ တစ္ခ်ိန္ေလးဘဲ ရွိခဲ့တာေတြကို နားလည္ေပးရမယ္၊ နားလည္ႏိုင္စြမ္းရွိရမယ္။

လူ႔စည္းစိမ္ကိုလူတိုင္း ႀကိဳက္တယ္… စားခ်င္တာေလးေတြဝယ္စား ၊ အလုပ္မယ္မယ္ရရ မရွိဘဲ ဖုန္းသုံး၊ တီဗီၾကည့္ စိတ္အလိုမွန္သမွ် လိုက္ခ်င္းတိုင္းလိုက္၊ တစ္ခုခုအားထည့္မယ္မက်န္ေသးဘူး နားအုန္းမယ္ နားခ်င္ၿပီ။

အဲ့လိုေတြ လူတိုင္း မလုပ္ခ်င္ဘူးလား… လုပ္ခ်င္ပါတယ္ လုပ္လို႔လည္းေကာင္းပါတယ္။ ဒါေပမယ့္ အဲ့လို လူ႔စည္းစိမ္ေတြကို မခံစားဘဲ ႀကိဳးစားေနတဲ့ သူေတြကိုေတာ့ အသိအမွတ္ျပဳရမွာျဖစ္ပါတယ္…..။

ဘယ္အရာမွ အစြန္းေရာက္တာ မေကာင္းဘူးေပါ့။ သင့္တင့္မွ်တေအာင္ မစားဘဲနဲ႔ nutrition out ၿပီး စုေဆာင္းထားသေမွ် ဆး႐ုံမွာကုန္တယ္ဆိုတာလည္း မဟုတ္ေသးဘူး။ ဒါေပမယ့္ ကိုယ္မလိုခ်င္တဲ့ဘ၀ တစ္ခုကေန ႐ုန္းထြက္ႏိုင္ဖို႔ ဆိုရင္ေတာ့ မလုပ္ခ်င္လည္းလုပ္၊ မတြက္ကပ္ခ်င္လဲ တြက္ကပ္ရေတာ့မယ့္အရာေတြ ရွိလာတတ္တယ္။

ငြေပၚေငြဆင့္ၿပီးရွာဖို႔လည္း အရင္းအႏွီးမရွိရင္ေတာ့ ကပ္ေစနည္းတဲ့နည္းလမ္းကို ေ႐ြးခ်ယ္တာ အသင့္ေတာ္ဆုံးပါ…..။

အာဟာရသင့္တင့္မွ်တေအာင္စားၿပီး စုႏိုင္ေဆာင္းႏိုင္ၾကပါေစ…။

မူရင္းေရးသားသူ# ပိုးဥရန္ႏိုင္# အားေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Leave a Comment