သူတောင်းစားတယောက်က ပေးတဲ့ စီးပွားရေးပညာ (အရမ်းကောင်းလို့ ပြန်လည် မျှဝေလိုက်ပါတယ်)

သူတောင်းစားတယောက်က ပေးတဲ့ စီးပွားရေးပညာ (အရမ်းကောင်းလို့ ပြန်လည် မျှဝေလိုက်ပါတယ်)

ညီလေးရယ် သနားပါကွယ်။ နည်းနည်းလောက်သနားခဲ့ပါ ကျွန်တော်လည်းပျင်းပျင်းနဲ့ အိပ်ကပ်ထဲကအကြွေစေ့တစ်စေ့ ထုတ်ပေးလိုက်တယ်။ ပြီးတော့သူနဲ့စကားပြောဖြစ်သွားတယ်။ အဲဒီသူတောင်းစားက အရမ်းစကားပြောလို့ကောင်းတယ်။

ကျွန်တော်ကဒီဘက်တစ်ကြောမှာပဲ တောင်းဖြစ်တယ်သိလား။ ခင်ဗျားကိုကျွန်တော် အစောတည်းကတွေ့တယ်။ ဒီShopping Mallမှာ Levisဝယ်တည်းက ပိုက်ဆံမနှမျောဘူးဆိုတာ ကျွန်တော်သိတယ်

ကျွန်တော်အရမ်းအံ့သြသွားပြီးပြောမိတယ် ခင်ဗျားနားလည်တာများသားပဲ။ သူတောင်းစားလုပ်တယ်ဆိုတာလဲ၊ သိပ္ပံနည်းကျလုပ်ရတယ်ဗျ လို့သူကပြောတယ်။ကျွန်တော်ကြောင်သွားတယ်။

စိတ်ဝင်စားသွားပြီးသူ့ကို ဘယ်လိုသိပ္ပံနည်းကျလဲဗျ၊ လုပ်စမ်းပါဦးလို့မေးလိုက်တယ်။သူကကျွန်တော့်မှာတစ်ခြား သူတောင်းစားနဲ့မတူတဲ့ အချက်ဘာတွေရှိလဲ ခင်ဗျားအရင်ကြည့်ပါဦးလို့ပြန်ပြောတယ်။

ကျွန်တော်သူ့ကိုစေ့စေ့စပ်စပ် အကဲခတ်လိုက်တယ်။ ဆံပင်တွေရှုပ်ပွနေတယ်၊ အင်္ကျီအဝတ်အစားတွေ စုတ်ပြတ်နေတယ်။အရမ်းပိန်တယ်။ ဒါပေမယ့်ပေရေမနေကြဘူး။ သူကကျွန်တော့်အတွေးတွေကို စကားသံနဲ့ဖြတ်လိုက်တယ်။

လူတွေကသူတောင်းစားဆို ရွံကြတယ်ဗျ။ဒါပေမယ့်ခင်ဗျားကျွန်တော့်ကို မရွံဘူးဆိုတာ ကျွန်တော်ပြောရဲတယ်။ အဲဒါကကျွန်တော် တစ်ခြားသူတောင်းစားတွေနဲ့ မတူတဲ့အချက်ပဲ ကျွန်တော်ခေါင်းငြိမ့်ဝန်ခံလိုက်တယ်။

အဟုတ်ကိုရွံစရာမကောင်းပါဘူး။ မဟုတ်ရင်ကျွန်တော် ဘယ်လိုလုပ်သူတောင်းစားတစ်ယောက်နဲ့ စကားလက်ဆုံကျနေပါ့မလဲ။ကျွန်တော် SWOT (Strengths, Weaknesses, Opportunities and Threats) ခွဲခြမ်းစိတ်ဖြာနည်းကိုနားလည်တယ်ကျွန်တော့်ရဲ့ပြိုင်ဘက်တွေကြားမှာ ကျွန်တော့်ရဲ့strengthဟာ ရွံစရာကောင်းမနေတာပါ။

Opportunitiesနဲ့ Threatsကတော့ အပြင်ကအခြေအနေတွေပါဒီမြို့မှာ လူဦးရေများတာတို့၊ မြို့ရဲ့အင်္ဂါရပ်ကို မြှင့်တင်မှာတို့ပေါ့ဗျာ။ ကျွန်တော်အသေးစိတ်တွက်ချက်ဖူးတယ်ဗျဒီနေရာမှာတစ်နေ့ကို လူဦးရေသောင်းဂဏာန်းလောက် ဖြတ်သန်းသွားလာနေတာ။ ဆင်းရဲတဲ့သူတွေများတယ်။ ဒါပေမယ့်ပိုက်ဆံချမ်းသာတဲ့သူတွေ ပိုများတာပေါ့ဗျာ။

သီအိုရီအရပြောရရင် အကယ်၍ကျွန်တော်ဟာ တစ်ရက်ကိုလူတစ်ယောက်ဆီက တစ်ကျပ်ပဲတောင်းဦးတော့၊ တစ်လကိုသုံးသိန်းလောက်ဝင်နိုင်တယ်ဒါပေမယ့်လူတိုင်းက ပေးမှာမဟုတ်ဘူးလေ၊ ပြီးတော့ကျွန်တော်လည်း တစ်နေ့တည်းနဲ့လူအဲလောက်အများကြီးဆီက တောင်းဖို့ဆိုတာမဖြစ်နိုင်ဘူး။

အဲဒါကြောင့်ကျွန်တော်ခွဲခြမ်းစိတ်ဖြာရတယ်၊ ဘယ်ဟာတွေကတော့ target customer၊ ဘယ်ဟာတွေကတော့ potential customers ဆိုတာပေါ့ဗျာသူကတံတွေးမျိုပြီး ဆက်ပြောပြန်တယ်။

ဒီဘက်ပိုင်းမှာကျွန်တော့်ရဲ့ target customersက စုစုပေါင်းဖြတ်သန်းသွားလာနေတဲ့ လူအရေအတွက်ရဲ့ ၃၀ရာခိုင်နှုန်းပေါ့။အောင်မြင်နိုင်ခြေက ၇၀%ရှိတယ်။ potential customersက ၂၀% ရှိတယ်၊ အောင်မြင်နိုင်ချေက၅၀% ကျန်တဲ့၅၀%ကတော့ ကျွန်တော်လက်လျှော့ဖို့ ရွေးချယ်လိုက်တယ်။

ကျွန်တော့်မှာသူတို့နဲ့ ကံစမ်းနေဖို့အချိန်မလောက်လို့ အဲဒါဆိုခင်ဗျားရဲ့ customerကို ခင်ဗျားဘယ်လိုသတ်မှတ်လ၊ ကျွန်တော်မေးလိုက်မိတယ်။ အရင်ဆုံးtarget customerကိုပြောပြမယ်။ ခင်ဗျားတို့လိုလူငယ်တွေပေါ့၊ ဝင်ငွေရှိတယ်၊ ရက်ရောတယ်။

ဒါ့အပြင်စုံတွေရောပဲသူတို့ကတစ်ဖက်သားရှေ့မှာ မျက်နှာပျက်မခံချင်လို့၊ ရက်ရက်ရောရောပေးတတ်ကြတယ်၊ ဒုတိယအနေနဲ့က တစ်ယောက်တည်းဖြစ်နေတဲ့ မိန်းမလှလေးတွေကိုကျွန်တော်က potential customerလို့ သတ်မှတ်ထားတယ်။

သူတို့ကရှုပ်ရှုပ်ယှက်ယှက်တွေ ကြောက်တတ်ကြတော့အများအားဖြင့် ပေးတတ်ကြတယ်အဲဒီလူအုပ်စုနှစ်မျိုးလုံးကို အသက်၂၀ကနေ ၃၀ကြားကိုထားတယ်။ သိပ်အသက်ငယ်ရင်လည်း ဝင်ငွေသိပ်မရှိတတ်ကြဘူးလေ။

အသက်အရမ်းကြီးရင်လည်း အိမ်ထောင်ကျပြီးလောက်ပြီ။ ငွေရေးကြေးရေး မိန်းမကထိန်းချုပ်နေပြီ။ အဲလိုလူတွေက ဘာမှမျှော်မှန်းစရာသိပ်မရှိဘူးအဲဒါဆိုခင်ဗျားတစ်နေ့ကို ဘယ်လောက်လောက်ရတတ်သလဲ ကျွန်တော်မေးလိုက်တယ်။

Monday to Fridayကတော့ နည်းနည်းပါးတယ်ဗျ။ ၂၀၀လောက်တော့ရတာပေါ့။ စနေ၊တနင်္ဂနွေဆိုရင် လေးငါးရာလောက်တော့ရတာပေါ့ဗျာ အဲလောက်တောင်များများရလား။ ကျွန်တော်နည်းနည်းသံသယရှိနေတာတွေ့တော့ သူကကျွန်တော့ကိုတွက်ပြတယ်။

ခင်ဗျားတို့လိုပဲ ကျွန်တော်လည်းတစ်ရက်ကို ၈နာရီအလုပ်လုပ်တယ်ဗျာ။ မနက်၁၁နာရီကနေ ည၇နာရီထိ၊ စနေတနင်္ဂနွေလည်းမနားဘူး။ကျွန်တော်တစ်ခါတောင်းတဲ့ ကြာချိန်က၅မိနစ်ပေါ့။

လမ်းလျှောက်ပြီးပစ်မှတ်ရှာတဲ့ အချိန်တွေကိုနှုတ်လိုက်ရင်၊ အကြမ်းအားဖြင့် ၁မိနစ်ကိုတစ်ယောက်၊ ၁ကျပ်နှုန်းနဲ့ရတယ်။ ၈နာရီဆိုတော့ ၄၈၀ရတာပေါ့ပြီးတော့မှအောင်မြင်နိုင်ခြေ၆၀% (၅၀%+၇၀%) ၂နဲ့မြှောက်လိုက်ရင် ၃၀၀နီးပါးလောက်ရတာပေါ့။

customerကိုအမြီးဆွဲပြီး တစ်လမ်းလုံးလျှောက်လိုက်နေလို့ လုံးဝမဖြစ်ဘူး။ ဘာလို့လဲဆိုတော့ သူသာပေးချင်ရင် အစောတည်းက ပေးပြီးနေပြီလေ။ အဲဒါကြောင့်ဇွတ်လိုက်နေလည်း အောင်မြင်ချင်မှအောင်မြင်မှာကိုး။

အဲဒါကြောင့်အကန့်အသတ်ရှိတဲ့ အချိန်တွေကိုမပေးချင်တဲ့ customerဆီမှာ မဖြုန်းပစ်ရဘူး။ နောက်တစ်ယောက် ရှာတာကမှဟုတ်သေးတယ် ကောင်းလှချည်လား။ ဒီသူတောင်းစားမခေဘူးပဲ။ ရုပ်နဲ့တောင်မလိုက်ဘူး။ ပြောတဲ့စကားတွေက ဝါရင့်Marketing Supervisor လားကျနေတာပဲ။

ခင်ဗျားဆက်ပြောပါ… ကျွန်တော်ပိုစိတ်ဝင်စားလာတယ်
ဒီနေ့တော့ပညာတွေရပြီ။တစ်ချို့ကသူတောင်းစားဟာ ကံကိုမှီပြီးစားရတယ်လို့ပြောကြတယ်။ ကျွန်တော်ကတော့ အဲလိုမသတ်မှတ်ဘူး။

ဥပမာပြောမယ်ဗျာ။ မိန်းကလေးပစ္စည်းတွေချည်းပဲ ရောင်းတဲ့ဆိုင်ရှေ့မှာ အမျိုးသားချောချောတစ်ယောက်နဲ့၊ ကောင်မလေးချောချောလေးတစ်ယောက်ရပ်နေရင် ဘယ်တစ်ယောက်ကိုခင်ဗျားတောင်းမလဲ ကျွန်တော်စဉ်းစားလိုက်ပြီး၊ မသိဘူးလို့ဖြေလိုက်တယ်။

ခင်ဗျားယောက်ျားလေးကို သွားတောင်းသင့်တယ်။ ဘေးမှာမိန်းမချောလေးရပ်နေတော့၊ သူမပေးဘဲနေရမှာရှက်လိမ့်မယ်။ ကောင်မလေးသာသွားတောင်လို့ကတော့ ကြောက်ချင်ယောင်ဆောင်ပြီး ဝေးဝေးရှောင်သွားလို့ရတာပေါ့။

ခင်ဗျားကိုနောက်ဥပမာ တစ်ခုထပ်ပေးမယ်။ တစ်နေ့ကshopping mall တစ်ခုရှေ့မှာပစ္စည်းဝယ်ပြီးခါစ ထွက်လာတဲ့အထုပ်တွေနဲ့ မိန်းမငယ်တစ်ယောက်ရယ်၊ ရေခဲမုန့်စားနေတဲ့လူငယ်ပိုင်း စုံတွဲတစ်တွဲရယ်၊

သပ်သပ်ရပ်ရပ်ဝတ်စားထားတဲ့ laptopအိတ်ဆွဲထားတဲ့ လူငယ်တစ်ယောက်ရယ်ရှိနေတယ်။ ကျွန်တော်လူတစ်ယောက်ကို သုံးစက္ကန့်စာလောက်ပဲ အကဲခတ်လိုက်တယ်။ ပြီးတော့ကောင်မလေးဆီကို သွားတောင်းလိုက်တယ်။

သူကအိတ်ထဲက အကြွေစေ့နှစ်စေ့ကိုနှိုက်ပေးပြီး ထူးဆန်းတကြီးကျွန်တော့်ကို ဘာလို့သူ့မှတောင်းတာလဲလို့မေးတယ်။ ကျွန်တော်ကဟိုစုံတွဲက ရေခဲမုန့်စားနေကြတာ၊ ပိုက်ဆံနှိုက်ဖို့လက်မအားဘူး၊ဟိုယောက်ျားကတော့ အရာရှိပိုင်းကုမ္ပဏီ ဝန်ထမ်းဆိုတော့ အကြွေမပါလောက်ဘူး၊ မင်းကတော့ခုမှ ပစ္စည်းဝယ်ပြီးထွက်လာတာဆိုတော့၊ သေချာပေါက် အကြွေပါမှာကြောင့်လို့ ပြန်ဖြေလိုက်တယ်။

ယုတ္တိရှိသား၊ ကျွန်တော်နားထောင်လေ စိတ်ဝင်စားလေဖြစ်လာတယ်။ သိပ္ပံနည်းကျတောင်းရမယ်။ နေ့တိုင်းဂုံးတံတားပေါ် သွားထိုင်နေလို့ ဘယ်ဖြစ်ပါ့မလဲ။ဂုံးတံတားပေါ်က ဖြတ်ကြတဲ့သူတွေက အလျင်စလိုတွေချည်းပဲ။

ဘယ်သူကဂုံးတံတားပေါ် အားယားယားသွားလျှောက်နေမလဲ လှေကားတက်လိုက်ဆင်းလိုက်နဲ့ မောကမောသေး၊ ကိုယ့်ကိုကိုယ်ပညာနဲ့ တန်ဆာဆင်ထားရမယ်ဗျ။ ဗဟုသုတလိုက်စားတာ လူတစ်ယောက်ကိုထက်မြက်လာစေတယ်။

ထက်မြက်တဲ့သူဟာ အဆက်မပြတ် ဗဟုသုတရှာမှီးနေမှ လူတော်ဖြစ်လာမှာပေါ့။ ၂၁ရာစုမှအလိုအပ်ဆုံးက လူတော်တွေပဲလေဗျာတစ်ခါကလူတစ်ယောက် ကျွန်တော်ကိုငွေငါးဆယ်ပေးပြီး တိုက်အောက်ကနေ နီရေလွမ်းလိုက်တာလို့ အခါ၁၀၀သွားအော်ပေးရမတဲ့။ ကျွန်တော်တွက်ကြည့်လိုက်တယ်။

တစ်ခါအော်ရင် ငါးစက္ကန့်လောက်အော်ရမယ်။ ကျွန်တော်တစ်ခါတောင်းတာနဲ့ ညီမျှတယ်။ ရတာကကျတော့ ပြား၅၀ပဲရတယ်။ အဲဒါနဲ့ကျွန်တော် ငြင်းလိုက်တယ်

ဒီစိန်းကျိန့်မြို့မှာ သာမာန်သူတောင်းစားဆိုရင် တစ်လကိုရှစ်ရာ၊တစ်ထောင် ရအောင်တောင်းနိုင်တယ်။ ကံကောင်းရင်တော့ ၂၀၀၀စွန်းစွန်းရတာပေါ့။စိန်းကျိန့်တစ်မြို့လုံး သူတောင်းစားအယောက်တစ်သိန်းမှာ ဆယ်ယောက်လောက်ပဲ တစ်လကိုတစ်သောင်းအထက် ရအောင်တောင်းနိုင်တယ်။

ကျွန်တော်ကအဲဒီ ဆယ်ယောက်ထဲကတစ်ယောက်ပဲ။ ပြီးတော့ဝင်ငွေကငြိမ်တယ်။ အများအားဖြင့်အရမ်းကြီး အတက်အကျမရှိဘူး

မိုက်လှချည်လား။ ကျွန်တော်ဒီသူတောင်းစားကို တော်တော်လေးစားသွားတယ်။ ကျွန်တော်ကကျွန်တော့်ကိုကျွန်တော် ပျော်ရွှင်တဲ့သူတောင်းစားလို့ အမြဲပြောတယ်။

အခြားသူတောင်းစားတွေကတော့ ကျွန်တော့်ကို အဲဒါပိုက်ဆံများများ ဝင်လို့ပျော်တာလို့ ပြောကြတာပေါ့။ ကျွန်တော်ကသူတို့ကို ပြန်ပြောတယ်၊ ခင်ဗျားတို့မှားနေတယ်။ကျွန်တော့်မှာ ပျော်ရွှင်တက်ကြွတဲ့စိတ် ရှိနေလို့ ဝင်ငွေများနေတာလို့အပြောကောင်းချက်ဗျာ တောင်းတယ်ဆိုတာကျွန်တော့်အလုပ်ပဲဗျ။

အဲဒီတော့အလုပ်ကပေးလာတဲ့ ပျော်ရွှင်မှုလေးတွေကို ခံစားတတ်ရတယ်။မိုးရွာတဲ့နေ့ လူသွားလူလာနည်းတဲ့အခါ တခြားသူတောင်းစားတွေက ညည်းတဲ့သူညည်း အိပ်တဲ့သူအိပ်နေကြတယ်။ အဲလိုလုပ်လို့ လုံးဝမဖြစ်ဘူးဗျ။

စိတ်ထဲကနေဒီမြို့ရဲ့ အလှကိုခံစားရမယ်ညအလုပ်သိမ်းလို့ အိမ်ပြန်တဲ့အခါ မိန်းမနဲ့ ကလေးကိုခေါ်ပြီး ဈေးလေးဘာလေးပတ်၊ အစားလေးဘာလေးစားပေါ့၊ ညရှုခင်းလေးခံစားရင်း တစ်မိသားစုလုံးပျော်ပျော်ပါးပါးပေါ့။ အဲလိုဆိုရင်ဒီဘ၀ အသက်ရှင်ရတာ အဓိပ်ပါယျမမဲ့တော့ဘူးပေါ့ဗြာ။

အကယ်၍များ လုပ်ငန်းတူတွေ့လို့ တစ်ခါတစ်လေလည်း အကြွေလေးဘာလေး ပစ်ပေးလိုက်တာပေါ့။ သူတို့ပျော်ပျော်ရွှင်ရွှင်နဲ့ ကျေးဇူးတင်စကားပြောရင်း ထွက်သွားတာကိုတွေ့တော့လည်း ကိုယ့်ကိုကိုယ်ပြန်မြင်နေသလိုပေါ့။

ခင်ဗျားကမိန်းမနဲ့ကလေးနဲ့လား။ ကျွန်တော်အလန့်တကြားမေးလိုက်မိတယ်။ လမ်းသွားလမ်းလာတွေတောင် ငဲ့ကြည့်သွားကြတယ်။ကျွန်တော်မိန်းမက အိမ်ရှင်မတာဝန်ကို အပြည့်ယူထားတယ်။ကလေးက မူလတန်းတက်နေပြီ။

ကျွန်တော် ဖူထျန်ရပ်ကွက်ဘက်မှာ တိုက်ခန်းလေးတစ်ခန်း installmentနဲ့ဝယ်ထားတယ်။ ၁၀နှစ်ခွဲပေးရမယ်။ နောက်၆နှစ်ဆိုကြေပြီဗျကျွန်တော်ကြိုးစားမှဖြစ်မယ်။

ကျွန်တော့သားလေးကြီးလာရင် တက္ကသိုလ်မှာMarketing Majorယူခိုင်းရမယ်။ပြီးရင်အဖေ့အမွေဆက်ခံပြီး ကျွန်တော့်ထက်သာတဲ့ သူတောင်းစားဖြစ်အောင် ကြိုးစားခိုင်းရမယ်။

လွန်ခဲ့တဲ့၅နှစ်တုန်းက PROFIBUS ဆိုတဲ့ကုမ္ပဏီမှာ Market planning လုပ်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းကတော့ Sales Managerအဖြစ် promotionရတယ်ဗျဆစ်လကို၅၀၀၀နဲ့ပေါ့။

အဲချိန်တုန်းက တစ်သောင်းကျော်တန် Samsung Laptopတစ်လုံးကို installmentနဲ့ဝယ်ခဲ့တယ်။ တစ်လကို၂၀၀၀သွင်းရတယ်။သေမလိုရှင်မလိုပဲဗျာ။ နောက်တော့ကျွန်တော်စဉ်းစားတယ်။ ဒီလိုသာဆက်သွားရင်တော့ တစ်သက်လုံးလူမွှေးလူတောင် ပြောင်မှာမဟုတ်ဘူးလို့

အဲဒါနဲ့အလုပ်ထွက်လိုက်တာ။ ပြီးတော့ ကျွန်တော်ဒီမြို့ကိုပြောင်းလာပြီး သူတောင်းစားလာလုပ်နေတာ။ ကျွန်တော်ကအဆင့်မြင့် သူတောင်းစားတစ်ယောက်ဖြစ်ချင်တာဗျ သူ့စကားလည်းဆုံးရော ကျွန်တော်စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်မိတာက ကျွန်တော့်ကိုတပည့်အဖြစ်လက်ခံနိုင်မလားဗျာ။

Credit

Zawgyi

သူေတာင္းစားတေယာက္က ေပးတဲ့ စီးပြားေရးပညာ (အရမ္းေကာင္းလို႔ ျပန္လည္ မွ်ေဝလိုက္ပါတယ္)

ညီေလးရယ္ သနားပါကြယ္။ နည္းနည္းေလာက္သနားခဲ့ပါ ကြၽန္ေတာ္လည္းပ်င္းပ်င္းနဲ႔ အိပ္ကပ္ထဲကအေႂကြေစ့တစ္ေစ့ ထုတ္ေပးလိုက္တယ္။ ၿပီးေတာ့သူနဲ႔စကားေျပာျဖစ္သြားတယ္။ အဲဒီသူေတာင္းစားက အရမ္းစကားေျပာလို႔ေကာင္းတယ္။

ကြၽန္ေတာ္ကဒီဘက္တစ္ေၾကာမွာပဲ ေတာင္းျဖစ္တယ္သိလား။ ခင္ဗ်ားကိုကြၽန္ေတာ္ အေစာတည္းကေတြ႕တယ္။ ဒီShopping Mallမွာ Levisဝယ္တည္းက ပိုက္ဆံမႏွေမ်ာဘူးဆိုတာ ကြၽန္ေတာ္သိတယ္

ကြၽန္ေတာ္အရမ္းအံ့ၾသသြားၿပီးေျပာမိတယ္ ခင္ဗ်ားနားလည္တာမ်ားသားပဲ။ သူေတာင္းစားလုပ္တယ္ဆိုတာလဲ၊ သိပၸံနည္းက်လုပ္ရတယ္ဗ် လို႔သူကေျပာတယ္။ကြၽန္ေတာ္ေၾကာင္သြားတယ္။

စိတ္ဝင္စားသြားၿပီးသူ႔ကို ဘယ္လိုသိပၸံနည္းက်လဲဗ်၊ လုပ္စမ္းပါဦးလို႔ေမးလိုက္တယ္။သူကကြၽန္ေတာ့္မွာတစ္ျခား သူေတာင္းစားနဲ႔မတူတဲ့ အခ်က္ဘာေတြရွိလဲ ခင္ဗ်ားအရင္ၾကည့္ပါဦးလို႔ျပန္ေျပာတယ္။

ကြၽန္ေတာ္သူ႔ကိုေစ့ေစ့စပ္စပ္ အကဲခတ္လိုက္တယ္။ ဆံပင္ေတြရႈပ္ပြေနတယ္၊ အက်ႌအဝတ္အစားေတြ စုတ္ျပတ္ေနတယ္။အရမ္းပိန္တယ္။ ဒါေပမယ့္ေပေရမေနၾကဘူး။ သူကကြၽန္ေတာ့္အေတြးေတြကို စကားသံနဲ႔ျဖတ္လိုက္တယ္။

လူေတြကသူေတာင္းစားဆို ႐ြံၾကတယ္ဗ်။ဒါေပမယ့္ခင္ဗ်ားကြၽန္ေတာ့္ကို မ႐ြံဘူးဆိုတာ ကြၽန္ေတာ္ေျပာရဲတယ္။ အဲဒါကကြၽန္ေတာ္ တစ္ျခားသူေတာင္းစားေတြနဲ႔ မတူတဲ့အခ်က္ပဲ ကြၽန္ေတာ္ေခါင္းၿငိမ့္ဝန္ခံလိုက္တယ္။

အဟုတ္ကို႐ြံစရာမေကာင္းပါဘူး။ မဟုတ္ရင္ကြၽန္ေတာ္ ဘယ္လိုလုပ္သူေတာင္းစားတစ္ေယာက္နဲ႔ စကားလက္ဆုံက်ေနပါ့မလဲ။ကြၽန္ေတာ္ SWOT (Strengths, Weaknesses, Opportunities and Threats) ခြဲျခမ္းစိတ္ျဖာနည္းကိုနားလည္တယ္ကြၽန္ေတာ့္ရဲ႕ၿပိဳင္ဘက္ေတြၾကားမွာ ကြၽန္ေတာ့္ရဲ႕strengthဟာ ႐ြံစရာေကာင္းမေနတာပါ။

Opportunitiesနဲ႔ Threatsကေတာ့ အျပင္ကအေျခအေနေတြပါဒီၿမိဳ႕မွာ လူဦးေရမ်ားတာတို႔၊ ၿမိဳ႕ရဲ႕အဂၤါရပ္ကို ျမႇင့္တင္မွာတို႔ေပါ့ဗ်ာ။ ကြၽန္ေတာ္အေသးစိတ္တြက္ခ်က္ဖူးတယ္ဗ်ဒီေနရာမွာတစ္ေန႔ကို လူဦးေရေသာင္းဂဏာန္းေလာက္ ျဖတ္သန္းသြားလာေနတာ။ ဆင္းရဲတဲ့သူေတြမ်ားတယ္။ ဒါေပမယ့္ပိုက္ဆံခ်မ္းသာတဲ့သူေတြ ပိုမ်ားတာေပါ့ဗ်ာ။

သီအိုရီအရေျပာရရင္ အကယ္၍ကြၽန္ေတာ္ဟာ တစ္ရက္ကိုလူတစ္ေယာက္ဆီက တစ္က်ပ္ပဲေတာင္းဦးေတာ့၊ တစ္လကိုသုံးသိန္းေလာက္ဝင္ႏိုင္တယ္ဒါေပမယ့္လူတိုင္းက ေပးမွာမဟုတ္ဘူးေလ၊ ၿပီးေတာ့ကြၽန္ေတာ္လည္း တစ္ေန႔တည္းနဲ႔လူအဲေလာက္အမ်ားႀကီးဆီက ေတာင္းဖို႔ဆိုတာမျဖစ္ႏိုင္ဘူး။

အဲဒါေၾကာင့္ကြၽန္ေတာ္ခြဲျခမ္းစိတ္ျဖာရတယ္၊ ဘယ္ဟာေတြကေတာ့ target customer၊ ဘယ္ဟာေတြကေတာ့ potential customers ဆိုတာေပါ့ဗ်ာသူကတံေတြးမ်ိဳၿပီး ဆက္ေျပာျပန္တယ္။

ဒီဘက္ပိုင္းမွာကြၽန္ေတာ့္ရဲ႕ target customersက စုစုေပါင္းျဖတ္သန္းသြားလာေနတဲ့ လူအေရအတြက္ရဲ႕ ၃၀ရာခိုင္ႏႈန္းေပါ့။ေအာင္ျမင္ႏိုင္ေျခက ၇၀%ရွိတယ္။ potential customersက ၂၀% ရွိတယ္၊ ေအာင္ျမင္ႏိုင္ေခ်က၅၀% က်န္တဲ့၅၀%ကေတာ့ ကြၽန္ေတာ္လက္ေလွ်ာ့ဖို႔ ေ႐ြးခ်ယ္လိုက္တယ္။

ကြၽန္ေတာ့္မွာသူတို႔နဲ႔ ကံစမ္းေနဖို႔အခ်ိန္မေလာက္လို႔ အဲဒါဆိုခင္ဗ်ားရဲ႕ customerကို ခင္ဗ်ားဘယ္လိုသတ္မွတ္လ၊ ကြၽန္ေတာ္ေမးလိုက္မိတယ္။ အရင္ဆုံးtarget customerကိုေျပာျပမယ္။ ခင္ဗ်ားတို႔လိုလူငယ္ေတြေပါ့၊ ဝင္ေငြရွိတယ္၊ ရက္ေရာတယ္။

ဒါ့အျပင္စုံေတြေရာပဲသူတို႔ကတစ္ဖက္သားေရွ႕မွာ မ်က္ႏွာပ်က္မခံခ်င္လို႔၊ ရက္ရက္ေရာေရာေပးတတ္ၾကတယ္၊ ဒုတိယအေနနဲ႔က တစ္ေယာက္တည္းျဖစ္ေနတဲ့ မိန္းမလွေလးေတြကိုကြၽန္ေတာ္က potential customerလို႔ သတ္မွတ္ထားတယ္။

သူတို႔ကရႈပ္ရႈပ္ယွက္ယွက္ေတြ ေၾကာက္တတ္ၾကေတာ့အမ်ားအားျဖင့္ ေပးတတ္ၾကတယ္အဲဒီလူအုပ္စုႏွစ္မ်ိဳးလုံးကို အသက္၂၀ကေန ၃၀ၾကားကိုထားတယ္။ သိပ္အသက္ငယ္ရင္လည္း ဝင္ေငြသိပ္မရွိတတ္ၾကဘူးေလ။

အသက္အရမ္းႀကီးရင္လည္း အိမ္ေထာင္က်ၿပီးေလာက္ၿပီ။ ေငြေရးေၾကးေရး မိန္းမကထိန္းခ်ဳပ္ေနၿပီ။ အဲလိုလူေတြက ဘာမွေမွ်ာ္မွန္းစရာသိပ္မရွိဘူးအဲဒါဆိုခင္ဗ်ားတစ္ေန႔ကို ဘယ္ေလာက္ေလာက္ရတတ္သလဲ ကြၽန္ေတာ္ေမးလိုက္တယ္။

Monday to Fridayကေတာ့ နည္းနည္းပါးတယ္ဗ်။ ၂၀၀ေလာက္ေတာ့ရတာေပါ့။ စေန၊တနဂၤေႏြဆိုရင္ ေလးငါးရာေလာက္ေတာ့ရတာေပါ့ဗ်ာ အဲေလာက္ေတာင္မ်ားမ်ားရလား။ ကြၽန္ေတာ္နည္းနည္းသံသယရွိေနတာေတြ႕ေတာ့ သူကကြၽန္ေတာ့ကိုတြက္ျပတယ္။

ခင္ဗ်ားတို႔လိုပဲ ကြၽန္ေတာ္လည္းတစ္ရက္ကို ၈နာရီအလုပ္လုပ္တယ္ဗ်ာ။ မနက္၁၁နာရီကေန ည၇နာရီထိ၊ စေနတနဂၤေႏြလည္းမနားဘူး။ကြၽန္ေတာ္တစ္ခါေတာင္းတဲ့ ၾကာခ်ိန္က၅မိနစ္ေပါ့။

လမ္းေလွ်ာက္ၿပီးပစ္မွတ္ရွာတဲ့ အခ်ိန္ေတြကိုႏႈတ္လိုက္ရင္၊ အၾကမ္းအားျဖင့္ ၁မိနစ္ကိုတစ္ေယာက္၊ ၁က်ပ္ႏႈန္းနဲ႔ရတယ္။ ၈နာရီဆိုေတာ့ ၄၈၀ရတာေပါ့ၿပီးေတာ့မွေအာင္ျမင္ႏိုင္ေျခ၆၀% (၅၀%+၇၀%) ၂နဲ႔ေျမႇာက္လိုက္ရင္ ၃၀၀နီးပါးေလာက္ရတာေပါ့။

customerကိုအၿမီးဆြဲၿပီး တစ္လမ္းလုံးေလွ်ာက္လိုက္ေနလို႔ လုံးဝမျဖစ္ဘူး။ ဘာလို႔လဲဆိုေတာ့ သူသာေပးခ်င္ရင္ အေစာတည္းက ေပးၿပီးေနၿပီေလ။ အဲဒါေၾကာင့္ဇြတ္လိုက္ေနလည္း ေအာင္ျမင္ခ်င္မွေအာင္ျမင္မွာကိုး။

အဲဒါေၾကာင့္အကန႔္အသတ္ရွိတဲ့ အခ်ိန္ေတြကိုမေပးခ်င္တဲ့ customerဆီမွာ မျဖဳန္းပစ္ရဘူး။ ေနာက္တစ္ေယာက္ ရွာတာကမွဟုတ္ေသးတယ္ ေကာင္းလွခ်ည္လား။ ဒီသူေတာင္းစားမေခဘူးပဲ။ ႐ုပ္နဲ႔ေတာင္မလိုက္ဘူး။ ေျပာတဲ့စကားေတြက ဝါရင့္Marketing Supervisor လားက်ေနတာပဲ။

ခင္ဗ်ားဆက္ေျပာပါ… ကြၽန္ေတာ္ပိုစိတ္ဝင္စားလာတယ္
ဒီေန႔ေတာ့ပညာေတြရၿပီ။တစ္ခ်ိဳ႕ကသူေတာင္းစားဟာ ကံကိုမွီၿပီးစားရတယ္လို႔ေျပာၾကတယ္။ ကြၽန္ေတာ္ကေတာ့ အဲလိုမသတ္မွတ္ဘူး။

ဥပမာေျပာမယ္ဗ်ာ။ မိန္းကေလးပစၥည္းေတြခ်ည္းပဲ ေရာင္းတဲ့ဆိုင္ေရွ႕မွာ အမ်ိဳးသားေခ်ာေခ်ာတစ္ေယာက္နဲ႔၊ ေကာင္မေလးေခ်ာေခ်ာေလးတစ္ေယာက္ရပ္ေနရင္ ဘယ္တစ္ေယာက္ကိုခင္ဗ်ားေတာင္းမလဲ ကြၽန္ေတာ္စဥ္းစားလိုက္ၿပီး၊ မသိဘူးလို႔ေျဖလိုက္တယ္။

ခင္ဗ်ားေယာက္်ားေလးကို သြားေတာင္းသင့္တယ္။ ေဘးမွာမိန္းမေခ်ာေလးရပ္ေနေတာ့၊ သူမေပးဘဲေနရမွာရွက္လိမ့္မယ္။ ေကာင္မေလးသာသြားေတာင္လို႔ကေတာ့ ေၾကာက္ခ်င္ေယာင္ေဆာင္ၿပီး ေဝးေဝးေရွာင္သြားလို႔ရတာေပါ့။

ခင္ဗ်ားကိုေနာက္ဥပမာ တစ္ခုထပ္ေပးမယ္။ တစ္ေန႔ကshopping mall တစ္ခုေရွ႕မွာပစၥည္းဝယ္ၿပီးခါစ ထြက္လာတဲ့အထုပ္ေတြနဲ႔ မိန္းမငယ္တစ္ေယာက္ရယ္၊ ေရခဲမုန႔္စားေနတဲ့လူငယ္ပိုင္း စုံတြဲတစ္တြဲရယ္၊

သပ္သပ္ရပ္ရပ္ဝတ္စားထားတဲ့ laptopအိတ္ဆြဲထားတဲ့ လူငယ္တစ္ေယာက္ရယ္ရွိေနတယ္။ ကြၽန္ေတာ္လူတစ္ေယာက္ကို သုံးစကၠန႔္စာေလာက္ပဲ အကဲခတ္လိုက္တယ္။ ၿပီးေတာ့ေကာင္မေလးဆီကို သြားေတာင္းလိုက္တယ္။

သူကအိတ္ထဲက အေႂကြေစ့ႏွစ္ေစ့ကိုႏႈိက္ေပးၿပီး ထူးဆန္းတႀကီးကြၽန္ေတာ့္ကို ဘာလို႔သူ႔မွေတာင္းတာလဲလို႔ေမးတယ္။ ကြၽန္ေတာ္ကဟိုစုံတြဲက ေရခဲမုန႔္စားေနၾကတာ၊ ပိုက္ဆံႏႈိက္ဖို႔လက္မအားဘူး၊ဟိုေယာက္်ားကေတာ့ အရာရွိပိုင္းကုမၸဏီ ဝန္ထမ္းဆိုေတာ့ အေႂကြမပါေလာက္ဘူး၊ မင္းကေတာ့ခုမွ ပစၥည္းဝယ္ၿပီးထြက္လာတာဆိုေတာ့၊ ေသခ်ာေပါက္ အေႂကြပါမွာေၾကာင့္လို႔ ျပန္ေျဖလိုက္တယ္။

ယုတၱိရွိသား၊ ကြၽန္ေတာ္နားေထာင္ေလ စိတ္ဝင္စားေလျဖစ္လာတယ္။ သိပၸံနည္းက်ေတာင္းရမယ္။ ေန႔တိုင္းဂုံးတံတားေပၚ သြားထိုင္ေနလို႔ ဘယ္ျဖစ္ပါ့မလဲ။ဂုံးတံတားေပၚက ျဖတ္ၾကတဲ့သူေတြက အလ်င္စလိုေတြခ်ည္းပဲ။

ဘယ္သူကဂုံးတံတားေပၚ အားယားယားသြားေလွ်ာက္ေနမလဲ ေလွကားတက္လိုက္ဆင္းလိုက္နဲ႔ ေမာကေမာေသး၊ ကိုယ့္ကိုကိုယ္ပညာနဲ႔ တန္ဆာဆင္ထားရမယ္ဗ်။ ဗဟုသုတလိုက္စားတာ လူတစ္ေယာက္ကိုထက္ျမက္လာေစတယ္။

ထက္ျမက္တဲ့သူဟာ အဆက္မျပတ္ ဗဟုသုတရွာမွီးေနမွ လူေတာ္ျဖစ္လာမွာေပါ့။ ၂၁ရာစုမွအလိုအပ္ဆုံးက လူေတာ္ေတြပဲေလဗ်ာတစ္ခါကလူတစ္ေယာက္ ကြၽန္ေတာ္ကိုေငြငါးဆယ္ေပးၿပီး တိုက္ေအာက္ကေန နီေရလြမ္းလိုက္တာလို႔ အခါ၁၀၀သြားေအာ္ေပးရမတဲ့။ ကြၽန္ေတာ္တြက္ၾကည့္လိုက္တယ္။

တစ္ခါေအာ္ရင္ ငါးစကၠန႔္ေလာက္ေအာ္ရမယ္။ ကြၽန္ေတာ္တစ္ခါေတာင္းတာနဲ႔ ညီမွ်တယ္။ ရတာကက်ေတာ့ ျပား၅၀ပဲရတယ္။ အဲဒါနဲ႔ကြၽန္ေတာ္ ျငင္းလိုက္တယ္

ဒီစိန္းက်ိန႔္ၿမိဳ႕မွာ သာမာန္သူေတာင္းစားဆိုရင္ တစ္လကိုရွစ္ရာ၊တစ္ေထာင္ ရေအာင္ေတာင္းႏိုင္တယ္။ ကံေကာင္းရင္ေတာ့ ၂၀၀၀စြန္းစြန္းရတာေပါ့။စိန္းက်ိန႔္တစ္ၿမိဳ႕လုံး သူေတာင္းစားအေယာက္တစ္သိန္းမွာ ဆယ္ေယာက္ေလာက္ပဲ တစ္လကိုတစ္ေသာင္းအထက္ ရေအာင္ေတာင္းႏိုင္တယ္။

ကြၽန္ေတာ္ကအဲဒီ ဆယ္ေယာက္ထဲကတစ္ေယာက္ပဲ။ ၿပီးေတာ့ဝင္ေငြကၿငိမ္တယ္။ အမ်ားအားျဖင့္အရမ္းႀကီး အတက္အက်မရွိဘူး

မိုက္လွခ်ည္လား။ ကြၽန္ေတာ္ဒီသူေတာင္းစားကို ေတာ္ေတာ္ေလးစားသြားတယ္။ ကြၽန္ေတာ္ကကြၽန္ေတာ့္ကိုကြၽန္ေတာ္ ေပ်ာ္႐ႊင္တဲ့သူေတာင္းစားလို႔ အၿမဲေျပာတယ္။

အျခားသူေတာင္းစားေတြကေတာ့ ကြၽန္ေတာ့္ကို အဲဒါပိုက္ဆံမ်ားမ်ား ဝင္လို႔ေပ်ာ္တာလို႔ ေျပာၾကတာေပါ့။ ကြၽန္ေတာ္ကသူတို႔ကို ျပန္ေျပာတယ္၊ ခင္ဗ်ားတို႔မွားေနတယ္။ကြၽန္ေတာ့္မွာ ေပ်ာ္႐ႊင္တက္ႂကြတဲ့စိတ္ ရွိေနလို႔ ဝင္ေငြမ်ားေနတာလို႔အေျပာေကာင္းခ်က္ဗ်ာ ေတာင္းတယ္ဆိုတာကြၽန္ေတာ့္အလုပ္ပဲဗ်။

အဲဒီေတာ့အလုပ္ကေပးလာတဲ့ ေပ်ာ္႐ႊင္မႈေလးေတြကို ခံစားတတ္ရတယ္။မိုး႐ြာတဲ့ေန႔ လူသြားလူလာနည္းတဲ့အခါ တျခားသူေတာင္းစားေတြက ညည္းတဲ့သူညည္း အိပ္တဲ့သူအိပ္ေနၾကတယ္။ အဲလိုလုပ္လို႔ လုံးဝမျဖစ္ဘူးဗ်။

စိတ္ထဲကေနဒီၿမိဳ႕ရဲ႕ အလွကိုခံစားရမယ္ညအလုပ္သိမ္းလို႔ အိမ္ျပန္တဲ့အခါ မိန္းမနဲ႔ ကေလးကိုေခၚၿပီး ေဈးေလးဘာေလးပတ္၊ အစားေလးဘာေလးစားေပါ့၊ ညရႈခင္းေလးခံစားရင္း တစ္မိသားစုလုံးေပ်ာ္ေပ်ာ္ပါးပါးေပါ့။ အဲလိုဆိုရင္ဒီဘ၀ အသက္ရွင္ရတာ အဓိပ္ပါယ်မမဲ့ေတာ့ဘူးေပါ့ျဗာ။

အကယ္၍မ်ား လုပ္ငန္းတူေတြ႕လို႔ တစ္ခါတစ္ေလလည္း အေႂကြေလးဘာေလး ပစ္ေပးလိုက္တာေပါ့။ သူတို႔ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ေက်းဇူးတင္စကားေျပာရင္း ထြက္သြားတာကိုေတြ႕ေတာ့လည္း ကိုယ့္ကိုကိုယ္ျပန္ျမင္ေနသလိုေပါ့။

ခင္ဗ်ားကမိန္းမနဲ႔ကေလးနဲ႔လား။ ကြၽန္ေတာ္အလန႔္တၾကားေမးလိုက္မိတယ္။ လမ္းသြားလမ္းလာေတြေတာင္ ငဲ့ၾကည့္သြားၾကတယ္။ကြၽန္ေတာ္မိန္းမက အိမ္ရွင္မတာဝန္ကို အျပည့္ယူထားတယ္။ကေလးက မူလတန္းတက္ေနၿပီ။

ကြၽန္ေတာ္ ဖူထ်န္ရပ္ကြက္ဘက္မွာ တိုက္ခန္းေလးတစ္ခန္း installmentနဲ႔ဝယ္ထားတယ္။ ၁၀ႏွစ္ခြဲေပးရမယ္။ ေနာက္၆ႏွစ္ဆိုေၾကၿပီဗ်ကြၽန္ေတာ္ႀကိဳးစားမွျဖစ္မယ္။

ကြၽန္ေတာ့သားေလးႀကီးလာရင္ တကၠသိုလ္မွာMarketing Majorယူခိုင္းရမယ္။ၿပီးရင္အေဖ့အေမြဆက္ခံၿပီး ကြၽန္ေတာ့္ထက္သာတဲ့ သူေတာင္းစားျဖစ္ေအာင္ ႀကိဳးစားခိုင္းရမယ္။

လြန္ခဲ့တဲ့၅ႏွစ္တုန္းက PROFIBUS ဆိုတဲ့ကုမၸဏီမွာ Market planning လုပ္ခဲ့ဖူးတယ္။ လြန္ခဲ့တဲ့ႏွစ္ႏွစ္တုန္းကေတာ့ Sales Managerအျဖစ္ promotionရတယ္ဗ်ဆစ္လကို၅၀၀၀နဲ႔ေပါ့။

အဲခ်ိန္တုန္းက တစ္ေသာင္းေက်ာ္တန္ Samsung Laptopတစ္လုံးကို installmentနဲ႔ဝယ္ခဲ့တယ္။ တစ္လကို၂၀၀၀သြင္းရတယ္။ေသမလိုရွင္မလိုပဲဗ်ာ။ ေနာက္ေတာ့ကြၽန္ေတာ္စဥ္းစားတယ္။ ဒီလိုသာဆက္သြားရင္ေတာ့ တစ္သက္လုံးလူေမႊးလူေတာင္ ေျပာင္မွာမဟုတ္ဘူးလို႔

အဲဒါနဲ႔အလုပ္ထြက္လိုက္တာ။ ၿပီးေတာ့ ကြၽန္ေတာ္ဒီၿမိဳ႕ကိုေျပာင္းလာၿပီး သူေတာင္းစားလာလုပ္ေနတာ။ ကြၽန္ေတာ္ကအဆင့္ျမင့္ သူေတာင္းစားတစ္ေယာက္ျဖစ္ခ်င္တာဗ် သူ႔စကားလည္းဆုံးေရာ ကြၽန္ေတာ္စိတ္လႈပ္ရွားစြာနဲ႔ ေျပာလိုက္မိတာက ကြၽန္ေတာ့္ကိုတပည့္အျဖစ္လက္ခံႏိုင္မလားဗ်ာ။

Credit

Leave a Comment