တချို့ မိဘတွေဟာ အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဖြစ်ထိုက်ရဲ့လား မေးခွန်းထုတ်စရာ ဖြစ်ရပ်များ

တချို့ မိဘတွေဟာ အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဖြစ်ထိုက်ရဲ့လား မေးခွန်းထုတ်စရာ ဖြစ်ရပ်များ..တချို့တချို့မိဘတွေကို ပြောချင်ပါတယ်။ အဲဒီတချို့တချို့ မိဘတွေဆိုတာ ဘယ်လို မိဘတွေလဲဆိုရင် သားသမီးတွေအပေါ် (အထူးသဖြင့် အရွယ်မရောက်သေးတဲ့ သားသမီးတွေအပေါ်) နာကျင်စရာဒဏ်ရာတွေပေးနေတဲ့ မိဘတွေ)ကို ဆိုလိုတာ ဖြစ်ပါတယ်။

အဲဒီလို မိဘတွေမှာလည်း အမေတွေထက် အဖေတွေဟာသားသမီးတွေအပေါ် ပိုပြီးတော့နာကျင်စရာဒဏ်ရာတွေကို ပေးတတ်ကြပါတယ်။ဒဏ်ရာဆိုတဲ့ နေရာမှာလည်း ရုပ်ပိုင်းဖြစ်စေ၊ စိတ်ပိုင်းဖြစ်စေ ၊ နှစ်မျိုးလုံးဖြစ်စေအားလုံးအကျုံးဝင်ပါတယ်။အဲဒီဒဏ်ရာတွေမှာလည်းတချို့ ဒဏ်ရာတွေဟာအချိန်ကာလပေါ် မူတည်ပြီး ပျောက်ကင်းသွားနိုင်ပေမယ့် တချို့ဒဏ်ရာတွေကတော့ သေရာပါ ဒဏ်ရာတွေမို့ ဘယ်တော့မှ ပျောက်ကင်းမသွားနိုင်ပါဘူး။

ကရုဏာမဲ့ ပညာမဲ့ ဆင်ခြင်တုံတရားမဲ့တဲ့ တချို့မိဘတွေဟာ လူမှုရေးတွေ အိမ်ထောင်ရေးတွေ စီးပွါးရေးတွေမှာတစ်ခုခုအဆင်မပြေ ဖြစ်လာတိုင်းသူတို့ရဲ့ ဒေါသတွေကို အပြစ်မဲ့တဲ့ ကလေးတွေအပေါ် ပုံချပစ်ကြတယ်။ ဒါဟာ ဖြစ်သင့်လား။ တခါတလေ အမှားလေး နည်းနည်း လုပ်မိတာနဲ့ ကြီးမားတဲ့ အပြစ်တွေ အပေးခံ ရတာဟာ ဘာမှ နားမလည်သေးတဲ့ ကလေးတွေအတွက် တရားမျှတရဲ့လားဆိုတာ မိဘတွေ စဉ်းစားကြည့်ပါ။

မိဘတွေရဲ့ တရားလွန် ချုပ်ခြယ်မှု ၊ မတရား ရိုက်နှက်မှုတွေ ဖြစ်လာတဲ့အခါ ကလေးတွေကို ကာကွယ်ပေးနိုင်မှု အင်မတန် အားနည်းတဲ့ကျုပ်တို့လို နိုင်ငံတွေမှာ ကလေးတွေအတွက် ပြေးစရာမြေ မရှိပါဘူး။ ပုန်းခိုစရာ ရင်ခွင် မရှိပါဘူး။ သားသမီးတွေအနေနဲ့ ကိုယ့်မိဘအပေါ်နားကျည်းရတာဟာဘယ်လောက်တောင် ဆိုးဝါးတဲ့ ဝေဒနာလည်းဆိုတာ မိဘတွေ အနေနဲ့ ကလေးနေရာမှာနေပြီး ကိုယ်ချင်းစာကြည့် စေချင်ပါတယ်။

အရာရာတိုင်းမှာ မိဘကို မှီခိုနေရတဲ့ အရွယ်လည်းဖြစ်ပြန်၊ တုန့်ပြန်နိုင်စွမ်း အားနည်းတဲ့ အရွယ်လည်း ဖြစ်နေပြန်၊ ပြီးတော့ ပတ်ဝန်းကျင်က သင်ကြားထားတဲ့ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ဆိုတဲ့ ခေါင်းစဉ်ကြီးကြောင့် ကလေးတွေဟာ သူတို့ခံစားနေရတဲ့ ဝေဒနာတွေကို အရွယ်နဲ့ မမျှအောင် မြှိုသိပ်ကြိတ်မှိတ်ပြီး နေခဲ့ကြရတယ်။မိဘတွေဆီကနေ တခြားဘာမှ မရခဲ့ရင်တောင်မေတ္တာတရားလေးနွေးထွေးလုံခြုံမှုလေးတော့ကလေးတွေအနေနဲ့ မျှော်လင့်မိကြတာပါပဲ။

ကလေးတွေအပေါ် မေတ္တာတရားလေး နွေးထွေးလုံခြုံမှုလေးတောင်မှ မပေးနိုင်ဘဲနဲ့ အနန္တကျေးဇူးရှင်ဆိုပြီး မကြွေးကြော်သင့်ပါဘူး။ (အနန္တော အနန္တငါးပါးဆိုတာ ဘုရားဟော ဟုတ် မဟုတ် နောက်မှ ရေးပါမယ်)။ ကိုယ်က ကလေးကို လိုလိုချင်ချင်နဲ့ လူ့လောကထဲ ခေါ်လာပြီးမှတော့ အရွယ်ရောက်တဲ့အထိ ကိုယ်စွမ်းသလောက် အကောင်းဆုံး ပြုစုပျိုးထောင်ပေးရမှာက မိဘတိုင်းရဲ့ တာဝန်ပဲ။

အဲဒီလို မိဘတွေမှာ ပြောနေကျ စကားတစ်ခွန်း ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ “ငါ့ကြောင့် လူဖြစ်လာတာ ငါပြောတာပဲ နားထောင်။ ငါခိုင်းတာပဲလုပ်” တဲ့။ သူတို့တွေဟာသားသမီးကိုကျွန်လိုသဘောထားကြတယ်။ကလေးကိုလူတစ်ယောက်လို မမြင်ဘူး။ကလေးကိုကလေးတစ်ယောက်လို မမြင်ဘူး။ကလေးကို ကလေးလို ပျော်ရွှင်ခွင့် မပေးဘူး။ကလေးကိုကလေးတစ်ယောက်လိုလွတ်လပ်ခွင့်မပေးဘူး။ကလေးကိုကလေးတစ်ယောက်လိုရှင်သန်ခွင့်မပေးဘူး။အရာရာမှာ ကလေးကို သူတို့စိတ်တိုင်းကျ နေခိုင်းတယ်။ ကလေးဟာ ကလေးရဲ့ သဘာဝနဲ့ ဆန့်ကျင်ပြီး ကြီးပြင်းခဲ့ရတယ်။ ကလေးဟာသူ့ဘဝကိုသူမပိုင်ဘူး။ကလေးဟာ မိဘတွေရဲ့ ဒုတိယဘ၀ ဖြစ်ခဲ့ရတယ်။

အဲဒီလိုနည်းနဲ့ ကြီးပြင်းလာခဲ့ရတဲ့ ကလေးတွေဟာ မိဘတွေကို မခင်တွယ်တတ်တော့ဘူး။ မိဘနဲ့ ဝေးရာပဲ နေတယ်။ မိဘကို ရှောင်ဖယ်ရှောင်ဖယ်လုပ်တယ်။ ဒါဟာ သဘာဝပဲ။ ဒါပေမယ့်လည်း အဲဒီလို မိဘတွေဟာ ကိုယ့်အပြစ်ကို ကိုယ်နားမလည်ဘဲ ရှောင်ဖယ် ရှောင်ဖယ်နေလာတဲ့ သားသမီးတွေကို အဲဒီလို နေရကောင်းလားဆိုပြီး အပြစ်ဖို့ပြန်တယ် ရန်ရှာပြန်တယ်။ မိဘကို အာခံတဲ့ကောင် ငရဲလားမယ်ဆိုပြီး ကြိမ်းမောင်းတယ်။ တချို့သားသမီးတွေအတွက် မိဘအိမ်ဟာ အေးချမ်းတဲ့ ကောင်းကင်ဘုံတစ်ခု ဖြစ်နေပေမယ့် တချို့သားသမီးတွေ အတွက်တော့ မိဘအိမ်ဟာ တကယ့်ကို ပူလောင်လွန်းလှတဲ့ ငရဲပဲ။

ဒီလို စိတ်ဒဏ်ရာတွေ ရခဲ့တဲ့ တချို့ကလေးတွေဟာ ကိုယ့်မိဘအရင်း အပေါ်မှာတောင် ယုံကြည်မှုတွေ မဲ့လာတဲ့အတွက်သူတို့တွေကြီးလာတဲ့အခါလည်း တခြားသူတွေအပေါ် သိပ်ပြီး မယုံတတ်ကြတော့ဘူး။ပြီးတော့ သူတို့ကိုယ် သူတို့လည်း ယုံကြည်မှုတွေ အားနည်းသွားတတ်ကြတယ်။ စိတ်အားငယ်တတ်ကြ သိမ်ငယ်တတ်ကြတယ်။ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်စွမ်းတွေ အားနည်းသွားနိုင်တယ်။

အဲဒီဒဏ်ရာတွေဟာ ကလေးတွေရဲ့ အနာဂတ်ဘဝခရီးလမ်းမှာ အခက်အခဲတွေ ဖြစ်ပေါ်စေခဲ့တယ်။အရွယ်ရောက်လာတဲ့ အခါမှာလည်း မိဘနဲ့ သက်ဆိုင်တဲ့နေ့တွေမှာ တခြားသူတွေက မိဘမေတ္တာအကြောင်း ဖွဲ့နွှဲ့နေကြချိန် သူတို့မှာ ဖွဲ့နွှဲ့စရာ စကားလုံးရော ခံစားချက်ရော မရှိဘူး။ အဲလို အချိန်တွေမှာ မိဘမေတ္တာအစား မိဘနဲ့ ပတ်သက်တဲ့ နားကျည်းချက်တွေပဲ ပေါ်ပေါ်လာတတ်လို့ အတော့်ကို စိတ်ဓာတ်ခိုင်မာ ပါတယ်ဆိုတဲ့ သူတွေတောင် နာကျင်စွာနဲ့မျက်ရည်တွေ ကျနေခဲ့ရတယ်။

အဲဒီလို မိဘတွေဟာ သားသမီးတွေကို ထွက်ပေါက် မပေးဘဲ ပိတ်လှောင်ထားတယ်။ အဲဒီအခါ မဖြစ်သင့်တာတွေ ဖြစ်ရတယ်။ ဟိုနေ့က အသိတစ်ယောက်နဲ့ ဒီအကြောင်းတွေ ပြောမိတော့ သူက ပြောတယ်။ သူငယ်ငယ်တုန်းက သူ့မိဘတွေ နေရာတကာ ချုပ်ခြယ်လွန်း ရိုက်နှက်လွန်းတော့စိတ်တွေမွှန်းကြပ်လွန်းလို့ အိပ်ဆေးတွေသောက်ပြီး သူ့ကိုယ်သူ သတ်သေဖို့ နှစ်ခါတောင် ကြိုးစားဖူးတယ်တဲ့။ သူ့အသိတစ်ယောက်ကတော့ သူ့ကိုယ့်သူ သတ်သေဖို့မကြိုးစားဘဲသူ့အဖေကို လုပ်ကြံဖို့ထိ စိတ်ကူးဖူးသတဲ့။တစ်နိုင်ငံလုံး ဒီလို အလားတူ အဖြစ်အပျက်တွေ ဘယ်လောက်များ ရှိနေနိုင်မလဲ။ စဉ်းစားကြည့်ပါ။

ဒီလို လုပ်တာဟာ မှန်တယ်လို့ ပြောနေတာ မဟုတ်ပါဘူး။ အသိဉာဏ် မရင့်ကျက်သေးတဲ့ အရွယ်တွေမှာခံစားရတဲ့ဝေဒနာတွေက အရွယ်နဲ့မမျှတော့ ကလေးတစ်ယောက် အနေနဲ့ လုပ်မိလုပ်ရ လုပ်သွားနိုင်တာကိုမိဘတွေအနေနဲ့ဆင်ခြင်နိုင်အောင်သတိပေးနေတာပါ။ တစ်ခုခုသာ ဖြစ်သွားခဲ့ရင်ဘယ်သူ့အတွက်မှ မကောင်းပါဘူး။

မိဘတွေ ဘယ်လောက်ပဲဆိုးဆိုး မိဘတွေအပေါ် နားလည်ပေးနိုင်စွမ်း ခွင့်လွှတ်ပေးနိုင်စွမ်းတွေ ရှိတတ်ကြတဲ့ သားသမီးတွေလည်း ရှိတတ်ကြပါတယ်။ ဒါကလည်း ခံခဲ့ရတဲ့ ဒဏ်ရာအတိမ်အနက်နဲ့ စိတ်ထားနိုင်စွမ်း ဆင်ခြင်နိုင်စွမ်းအပေါ် မူတည်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်လည်းတူညီနိုင်မှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် မိဘတွေ ပေးခဲ့တဲ့ စိတ်ဒဏ်ရာတွေကနေ မလွတ်မြောက်နိုင်သေးတဲ့ သူတွေကိုလည်း ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့နေရပါသေးတယ်။

မိဘဆီကနေ ရခဲ့တဲ့ စိတ်ဒဏ်ရာတွေဆိုတာ ဟိုနေ့က ပြောခဲ့သလိုပဲတခြားသူတွေ ဆီကနေရခဲ့တဲ့ဒဏ်ရာတွေထက်အဆပေါင်းများစွာ နက်ရှိုင်းတယ် ပြင်းထန်တယ်။ ဒီဒဏ်ရာမျိုးဟာ တခြားဘယ်လို ဒဏ်ရာမျိုးနဲ့မှ မတူတော့ အဲဒီ စိတ်ဒဏ်ရာကနေလွတ်မြောက်ဖို့ဆိုတာတော်ရုံနဲ့ဘယ်လွယ်ပါ့မလဲ။ဒီလိုရေးနေတာဟာ မိဘမေတ္တာကို ယုတ်လျော့သွားအောင် လုပ်နေတာ မဟုတ်ဘူးဆိုတာ သဘောပေါက်စေချင်တယ်။ မိဘတွေနဲ့ ပတ်သက်ပြီး သူတို့ကြုံခဲ့ရခံစားခဲ့ရတာတွေကို လာပြီး ရင်ဖွင့်ကြတာတွေ အများကြီး ရှိပါတယ်။ အဲဒီအထဲကမှ အဖြစ်အပျက်လေး နှစ်ခု သုံးခုလောက်ကို ပြောပြချင်ပါတယ်။

ဟိုတလောက ကျောင်းကိုရောက်လာတဲ့အသိတစ်ယောက်သူ့အဖေအကြောင်းသူပြောပြတယ်။သူ့အဖေဟာသူတို့မိသားစုအပေါ်ဘယ်တုန်းကမှအိမ်ထောင့်တာဝန် မကျေပြွန်ခဲ့ဘူး။ သူ့အမေနဲ့သူ ရှာထားသမျှကိုလည်း သူ့အဖေက ဖြုန်းတီးပစ်တဲ့အပြင် သူ့အမေနေမကောင်းဖြစ်လို့ဆေးရုံတက်တော့လည်းအမျိုးတွေ ထောက်ပံ့တဲ့ ဆေးဖိုးတွေကို လာလာတောင်းသေးတာတဲ့။ပြီးတော့ သူငယ်ငယ်တုန်းကသူ့အဖေထိုးလိုက်တဲ့လက်သီးကြောင့်သူ့မျက်စိကဒဏ်ရာဟာအခုထိ မပျောက်သေးဘူးတဲ့။ အဲဒါကြောင့် သူက သူ့အဖေကိုဆိုရင် လုံးဝကို မခင်တွယ်ဘူး။ သံယောဇဉ်လည်း မဖြစ်မိဘူးတဲ့။

နောက်တစ်ယောက်ကတော့ ရွာမှာနေတဲ့ ဆွံ့အနားမကြား ကောင်လေးတစ်ယောက်ပါ။ သူကအသားဖြူဖြူခန္ဓာကိုယ်တောင့်တောင့်နဲ့ရုပ်ရည်လည်း အင်မတန် သန့်ပြန့်သလို ပါးရေနပ်ရေလည်း အင်မတန် ရှိတယ်။ သူ့လိုပဲ နားမကြားတဲ့ နောက်တစ်ယောက်ကို သူက ဘာပြောလဲဆိုရင် “မင်းကွာ လူတွေကြားထဲ ဝူးးးးဝူးးးဝါးးး တွေ လျှောက် မအော်စမ်းပါနဲ့၊ ငါ့လို အိန္ဒြေရရ နေစမ်းပါ၊

မင်းအဲဒီလို လျှောက်အော်တော့ မင်းနားမကြားတာလူသိတယ်၊ငါက မင်းလိုမအော်တော့ ငါနားမကြားတာ တော်ရုံလူကမသိဘူး’’တဲ့။ ကဲဘယ်လောက် ပါးနပ်လိုက်လဲ။ပြီးတော့ အဲကောင်လေးက နားသာ မကြားတာ သွက်သွက်လက်လက်နဲ့ လူရည်လည်တော့ သူ့အလုပ်ရှင်က သူ့ကိုအလုပ်သမားခေါင်းဆောင်အဖြစ် ခန့်ထားတာ။ သူ့အောက်က အလုပ်သမားတွေက အကုန်လုံးက လူကောင်းတွေချည်းပဲ။

ဒီလောက် တော်တဲ့ကလေးဟာ ဘာဖြစ်လို့ နားမကြား ဖြစ်သွားရသလဲ ဆိုတာကို ပြောပြပါမယ်။ သူငယ်ငယ်တုန်းက တနေ့မှာသူကတအားငိုတော့ သူ့အဖေက ဒီလောက်တောာင် ငိုရမလားဆိုပြီး ရေထဲကို အကြာကြီး နှစ်ပစ်လိုက်တယ်တဲ့။ အဲဒီအချိန်ကစလို့ သူ့နားစည်ဟာ ပျက်စီးသွားပြီး မကြားရတော့တာပဲ တဲ့။ ကဲ ဘယ်လောက်တောင် ဝမ်းနည်းဖို့ ကောင်းလဲ။ အဖေဖြစ်တဲ့သူ အနေနဲ့ အမှားကိုသိပြီး နောင်တရသွားတယ် ဆိုရင်တောင် အဲဒီအမှားက ဘယ်လိုမှ ပြန်ပြင်လို့ မရတော့ဘူး မမီတော့ဘူး။

ဒီတစ်ယောက်ကတော့ သူငယ်ငယ်တုန်းက ထမင်းစားနေတုန်း သူ့အဖေက ကျိုက်ထီးရိုး ဝါးသေနတ်နဲ့ နားကိုလွှဲပြီး ရိုက်ပစ်တာ နားတွေကွဲထွက်သွားတာတဲ့။ ဘာလို့ ရိုက်တာလဲဆိုတော့ သူက ဘဲဥ မစားတတ်လို့ မစားဘဲနေတော့ “ဘာနဲ့နေနေ စားတတ်အောင် စားတတ်ရမယ် ဂျီး(ချေး)များဦး” ဆိုပြီးရိုက်တာတဲ့လေ။ သူလည်း အဲတကည်းက သူ့အဖေကို မုန်းသွားတာ တဲ့။

မိဘကို နားကျည်းရတာဟာ အတော့်ကိုဆိုးဝါးတဲ့ဝေဒနာ ဖြစ်သလိုသားသမီးရဲ့နာကျည်းမှုနဲ့ အသက်ရှင်နေရတဲ့ မိဘရဲ့အဖြစ်ဟာလည်း အတော့်ကို ရင်နာစရာ ကောင်းပါတယ်။နောက်ဆုံး အနေနဲ့ မေတ္တာရပ်ခံချင်တာကတော့ အပေါ်ကပြောခဲ့တဲ့ မိဘမျိုးတွေရော၊ မိဘမဖြစ်သေးတဲ့မိဘလောင်းတွေရောကလေးတွေကို လူလို မြင်ပေးပါ။ ကလေးတွေရဲ့ လွတ်လပ်ခွင့်ကို လေးစားပါ။

လောကထဲကိုကိုယ်ခေါ်လာတဲ့ ကိုယ့်သားသမီးတွေအပေါ်တာဝန်ကျေပေးပါ။ မိမိကြောင့် တန်ဘိုးထားစရာ လေးစားမြတ်နိုးစရာ ကောင်းလွန်းလှတဲ့ မိဘဂုဏ် မိဘတန်ဘိုးတွေကို ယုတ်လျော့သွားအောင် နိမ့်ကျသွားအောင် မလုပ်မိပါစေနဲ့..။

Zawgyi

တခ်ိဳ႕ မိဘေတြဟာ အနႏၲဂိုဏ္းဝင္ ေက်းဇူးရွင္ ျဖစ္ထိုက္ရဲ႕လား ေမးခြန္းထုတ္စရာ ျဖစ္ရပ္မ်ား..တခ်ိဳ႕တခ်ိဳ႕မိဘေတြကို ေျပာခ်င္ပါတယ္။ အဲဒီတခ်ိဳ႕တခ်ိဳ႕ မိဘေတြဆိုတာ ဘယ္လို မိဘေတြလဲဆိုရင္ သားသမီးေတြအေပၚ (အထူးသျဖင့္ အ႐ြယ္မေရာက္ေသးတဲ့ သားသမီးေတြအေပၚ) နာက်င္စရာဒဏ္ရာေတြေပးေနတဲ့ မိဘေတြ)ကို ဆိုလိုတာ ျဖစ္ပါတယ္။

အဲဒီလို မိဘေတြမွာလည္း အေမေတြထက္ အေဖေတြဟာသားသမီးေတြအေပၚ ပိုၿပီးေတာ့နာက်င္စရာဒဏ္ရာေတြကို ေပးတတ္ၾကပါတယ္။ဒဏ္ရာဆိုတဲ့ ေနရာမွာလည္း ႐ုပ္ပိုင္းျဖစ္ေစ၊ စိတ္ပိုင္းျဖစ္ေစ ၊ ႏွစ္မ်ိဳးလုံးျဖစ္ေစအားလုံးအက်ဳံးဝင္ပါတယ္။အဲဒီဒဏ္ရာေတြမွာလည္းတခ်ိဳ႕ ဒဏ္ရာေတြဟာအခ်ိန္ကာလေပၚ မူတည္ၿပီး ေပ်ာက္ကင္းသြားႏိုင္ေပမယ့္ တခ်ိဳ႕ဒဏ္ရာေတြကေတာ့ ေသရာပါ ဒဏ္ရာေတြမို႔ ဘယ္ေတာ့မွ ေပ်ာက္ကင္းမသြားႏိုင္ပါဘူး။

က႐ုဏာမဲ့ ပညာမဲ့ ဆင္ျခင္တုံတရားမဲ့တဲ့ တခ်ိဳ႕မိဘေတြဟာ လူမႈေရးေတြ အိမ္ေထာင္ေရးေတြ စီးပြါးေရးေတြမွာတစ္ခုခုအဆင္မေျပ ျဖစ္လာတိုင္းသူတို႔ရဲ႕ ေဒါသေတြကို အျပစ္မဲ့တဲ့ ကေလးေတြအေပၚ ပုံခ်ပစ္ၾကတယ္။ ဒါဟာ ျဖစ္သင့္လား။ တခါတေလ အမွားေလး နည္းနည္း လုပ္မိတာနဲ႔ ႀကီးမားတဲ့ အျပစ္ေတြ အေပးခံ ရတာဟာ ဘာမွ နားမလည္ေသးတဲ့ ကေလးေတြအတြက္ တရားမွ်တရဲ႕လားဆိုတာ မိဘေတြ စဥ္းစားၾကည့္ပါ။

မိဘေတြရဲ႕ တရားလြန္ ခ်ဳပ္ျခယ္မႈ ၊ မတရား ႐ိုက္ႏွက္မႈေတြ ျဖစ္လာတဲ့အခါ ကေလးေတြကို ကာကြယ္ေပးႏိုင္မႈ အင္မတန္ အားနည္းတဲ့က်ဳပ္တို႔လို ႏိုင္ငံေတြမွာ ကေလးေတြအတြက္ ေျပးစရာေျမ မရွိပါဘူး။ ပုန္းခိုစရာ ရင္ခြင္ မရွိပါဘူး။ သားသမီးေတြအေနနဲ႔ ကိုယ့္မိဘအေပၚနားက်ည္းရတာဟာဘယ္ေလာက္ေတာင္ ဆိုးဝါးတဲ့ ေဝဒနာလည္းဆိုတာ မိဘေတြ အေနနဲ႔ ကေလးေနရာမွာေနၿပီး ကိုယ္ခ်င္းစာၾကည့္ ေစခ်င္ပါတယ္။

အရာရာတိုင္းမွာ မိဘကို မွီခိုေနရတဲ့ အ႐ြယ္လည္းျဖစ္ျပန္၊ တုန႔္ျပန္ႏိုင္စြမ္း အားနည္းတဲ့ အ႐ြယ္လည္း ျဖစ္ေနျပန္၊ ၿပီးေတာ့ ပတ္ဝန္းက်င္က သင္ၾကားထားတဲ့ အနႏၲဂိုဏ္းဝင္ ေက်းဇူးရွင္ဆိုတဲ့ ေခါင္းစဥ္ႀကီးေၾကာင့္ ကေလးေတြဟာ သူတို႔ခံစားေနရတဲ့ ေဝဒနာေတြကို အ႐ြယ္နဲ႔ မမွ်ေအာင္ ျမႇိဳသိပ္ႀကိတ္မွိတ္ၿပီး ေနခဲ့ၾကရတယ္။မိဘေတြဆီကေန တျခားဘာမွ မရခဲ့ရင္ေတာင္ေမတၱာတရားေလးေႏြးေထြးလုံၿခဳံမႈေလးေတာ့ကေလးေတြအေနနဲ႔ ေမွ်ာ္လင့္မိၾကတာပါပဲ။

ကေလးေတြအေပၚ ေမတၱာတရားေလး ေႏြးေထြးလုံၿခဳံမႈေလးေတာင္မွ မေပးႏိုင္ဘဲနဲ႔ အနႏၲေက်းဇူးရွင္ဆိုၿပီး မေႂကြးေၾကာ္သင့္ပါဘူး။ (အနေႏၲာ အနႏၲငါးပါးဆိုတာ ဘုရားေဟာ ဟုတ္ မဟုတ္ ေနာက္မွ ေရးပါမယ္)။ ကိုယ္က ကေလးကို လိုလိုခ်င္ခ်င္နဲ႔ လူ႔ေလာကထဲ ေခၚလာၿပီးမွေတာ့ အ႐ြယ္ေရာက္တဲ့အထိ ကိုယ္စြမ္းသေလာက္ အေကာင္းဆုံး ျပဳစုပ်ိဳးေထာင္ေပးရမွာက မိဘတိုင္းရဲ႕ တာဝန္ပဲ။

အဲဒီလို မိဘေတြမွာ ေျပာေနက် စကားတစ္ခြန္း ရွိတယ္။ အဲဒါက ဘာလဲဆိုေတာ့ “ငါ့ေၾကာင့္ လူျဖစ္လာတာ ငါေျပာတာပဲ နားေထာင္။ ငါခိုင္းတာပဲလုပ္” တဲ့။ သူတို႔ေတြဟာသားသမီးကိုကြၽန္လိုသေဘာထားၾကတယ္။ကေလးကိုလူတစ္ေယာက္လို မျမင္ဘူး။ကေလးကိုကေလးတစ္ေယာက္လို မျမင္ဘူး။ကေလးကို ကေလးလို ေပ်ာ္႐ႊင္ခြင့္ မေပးဘူး။ကေလးကိုကေလးတစ္ေယာက္လိုလြတ္လပ္ခြင့္မေပးဘူး။ကေလးကိုကေလးတစ္ေယာက္လိုရွင္သန္ခြင့္မေပးဘူး။အရာရာမွာ ကေလးကို သူတို႔စိတ္တိုင္းက် ေနခိုင္းတယ္။ ကေလးဟာ ကေလးရဲ႕ သဘာဝနဲ႔ ဆန႔္က်င္ၿပီး ႀကီးျပင္းခဲ့ရတယ္။ ကေလးဟာသူ႔ဘဝကိုသူမပိုင္ဘူး။ကေလးဟာ မိဘေတြရဲ႕ ဒုတိယဘ၀ ျဖစ္ခဲ့ရတယ္။

အဲဒီလိုနည္းနဲ႔ ႀကီးျပင္းလာခဲ့ရတဲ့ ကေလးေတြဟာ မိဘေတြကို မခင္တြယ္တတ္ေတာ့ဘူး။ မိဘနဲ႔ ေဝးရာပဲ ေနတယ္။ မိဘကို ေရွာင္ဖယ္ေရွာင္ဖယ္လုပ္တယ္။ ဒါဟာ သဘာဝပဲ။ ဒါေပမယ့္လည္း အဲဒီလို မိဘေတြဟာ ကိုယ့္အျပစ္ကို ကိုယ္နားမလည္ဘဲ ေရွာင္ဖယ္ ေရွာင္ဖယ္ေနလာတဲ့ သားသမီးေတြကို အဲဒီလို ေနရေကာင္းလားဆိုၿပီး အျပစ္ဖို႔ျပန္တယ္ ရန္ရွာျပန္တယ္။ မိဘကို အာခံတဲ့ေကာင္ ငရဲလားမယ္ဆိုၿပီး ႀကိမ္းေမာင္းတယ္။ တခ်ိဳ႕သားသမီးေတြအတြက္ မိဘအိမ္ဟာ ေအးခ်မ္းတဲ့ ေကာင္းကင္ဘုံတစ္ခု ျဖစ္ေနေပမယ့္ တခ်ိဳ႕သားသမီးေတြ အတြက္ေတာ့ မိဘအိမ္ဟာ တကယ့္ကို ပူေလာင္လြန္းလွတဲ့ ငရဲပဲ။

ဒီလို စိတ္ဒဏ္ရာေတြ ရခဲ့တဲ့ တခ်ိဳ႕ကေလးေတြဟာ ကိုယ့္မိဘအရင္း အေပၚမွာေတာင္ ယုံၾကည္မႈေတြ မဲ့လာတဲ့အတြက္သူတို႔ေတြႀကီးလာတဲ့အခါလည္း တျခားသူေတြအေပၚ သိပ္ၿပီး မယုံတတ္ၾကေတာ့ဘူး။ၿပီးေတာ့ သူတို႔ကိုယ္ သူတို႔လည္း ယုံၾကည္မႈေတြ အားနည္းသြားတတ္ၾကတယ္။ စိတ္အားငယ္တတ္ၾက သိမ္ငယ္တတ္ၾကတယ္။ ကိုယ့္စိတ္ကိုယ္ ထိန္းခ်ဳပ္ႏိုင္စြမ္းေတြ အားနည္းသြားႏိုင္တယ္။

အဲဒီဒဏ္ရာေတြဟာ ကေလးေတြရဲ႕ အနာဂတ္ဘဝခရီးလမ္းမွာ အခက္အခဲေတြ ျဖစ္ေပၚေစခဲ့တယ္။အ႐ြယ္ေရာက္လာတဲ့ အခါမွာလည္း မိဘနဲ႔ သက္ဆိုင္တဲ့ေန႔ေတြမွာ တျခားသူေတြက မိဘေမတၱာအေၾကာင္း ဖြဲ႕ႏႊဲ႕ေနၾကခ်ိန္ သူတို႔မွာ ဖြဲ႕ႏႊဲ႕စရာ စကားလုံးေရာ ခံစားခ်က္ေရာ မရွိဘူး။ အဲလို အခ်ိန္ေတြမွာ မိဘေမတၱာအစား မိဘနဲ႔ ပတ္သက္တဲ့ နားက်ည္းခ်က္ေတြပဲ ေပၚေပၚလာတတ္လို႔ အေတာ့္ကို စိတ္ဓာတ္ခိုင္မာ ပါတယ္ဆိုတဲ့ သူေတြေတာင္ နာက်င္စြာနဲ႔မ်က္ရည္ေတြ က်ေနခဲ့ရတယ္။

အဲဒီလို မိဘေတြဟာ သားသမီးေတြကို ထြက္ေပါက္ မေပးဘဲ ပိတ္ေလွာင္ထားတယ္။ အဲဒီအခါ မျဖစ္သင့္တာေတြ ျဖစ္ရတယ္။ ဟိုေန႔က အသိတစ္ေယာက္နဲ႔ ဒီအေၾကာင္းေတြ ေျပာမိေတာ့ သူက ေျပာတယ္။ သူငယ္ငယ္တုန္းက သူ႔မိဘေတြ ေနရာတကာ ခ်ဳပ္ျခယ္လြန္း ႐ိုက္ႏွက္လြန္းေတာ့စိတ္ေတြမႊန္းၾကပ္လြန္းလို႔ အိပ္ေဆးေတြေသာက္ၿပီး သူ႔ကိုယ္သူ သတ္ေသဖို႔ ႏွစ္ခါေတာင္ ႀကိဳးစားဖူးတယ္တဲ့။ သူ႔အသိတစ္ေယာက္ကေတာ့ သူ႔ကိုယ့္သူ သတ္ေသဖို႔မႀကိဳးစားဘဲသူ႔အေဖကို လုပ္ႀကံဖို႔ထိ စိတ္ကူးဖူးသတဲ့။တစ္ႏိုင္ငံလုံး ဒီလို အလားတူ အျဖစ္အပ်က္ေတြ ဘယ္ေလာက္မ်ား ရွိေနႏိုင္မလဲ။ စဥ္းစားၾကည့္ပါ။

ဒီလို လုပ္တာဟာ မွန္တယ္လို႔ ေျပာေနတာ မဟုတ္ပါဘူး။ အသိဉာဏ္ မရင့္က်က္ေသးတဲ့ အ႐ြယ္ေတြမွာခံစားရတဲ့ေဝဒနာေတြက အ႐ြယ္နဲ႔မမွ်ေတာ့ ကေလးတစ္ေယာက္ အေနနဲ႔ လုပ္မိလုပ္ရ လုပ္သြားႏိုင္တာကိုမိဘေတြအေနနဲ႔ဆင္ျခင္ႏိုင္ေအာင္သတိေပးေနတာပါ။ တစ္ခုခုသာ ျဖစ္သြားခဲ့ရင္ဘယ္သူ႔အတြက္မွ မေကာင္းပါဘူး။

မိဘေတြ ဘယ္ေလာက္ပဲဆိုးဆိုး မိဘေတြအေပၚ နားလည္ေပးႏိုင္စြမ္း ခြင့္လႊတ္ေပးႏိုင္စြမ္းေတြ ရွိတတ္ၾကတဲ့ သားသမီးေတြလည္း ရွိတတ္ၾကပါတယ္။ ဒါကလည္း ခံခဲ့ရတဲ့ ဒဏ္ရာအတိမ္အနက္နဲ႔ စိတ္ထားႏိုင္စြမ္း ဆင္ျခင္ႏိုင္စြမ္းအေပၚ မူတည္ၿပီးေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္လည္းတူညီႏိုင္မွာေတာ့ မဟုတ္ပါဘူး။ ဒါေၾကာင့္ မိဘေတြ ေပးခဲ့တဲ့ စိတ္ဒဏ္ရာေတြကေန မလြတ္ေျမာက္ႏိုင္ေသးတဲ့ သူေတြကိုလည္း ကိုယ့္ပတ္ဝန္းက်င္မွာ ေတြ႕ေနရပါေသးတယ္။

မိဘဆီကေန ရခဲ့တဲ့ စိတ္ဒဏ္ရာေတြဆိုတာ ဟိုေန႔က ေျပာခဲ့သလိုပဲတျခားသူေတြ ဆီကေနရခဲ့တဲ့ဒဏ္ရာေတြထက္အဆေပါင္းမ်ားစြာ နက္ရႈိင္းတယ္ ျပင္းထန္တယ္။ ဒီဒဏ္ရာမ်ိဳးဟာ တျခားဘယ္လို ဒဏ္ရာမ်ိဳးနဲ႔မွ မတူေတာ့ အဲဒီ စိတ္ဒဏ္ရာကေနလြတ္ေျမာက္ဖို႔ဆိုတာေတာ္႐ုံနဲ႔ဘယ္လြယ္ပါ့မလဲ။ဒီလိုေရးေနတာဟာ မိဘေမတၱာကို ယုတ္ေလ်ာ့သြားေအာင္ လုပ္ေနတာ မဟုတ္ဘူးဆိုတာ သေဘာေပါက္ေစခ်င္တယ္။ မိဘေတြနဲ႔ ပတ္သက္ၿပီး သူတို႔ႀကဳံခဲ့ရခံစားခဲ့ရတာေတြကို လာၿပီး ရင္ဖြင့္ၾကတာေတြ အမ်ားႀကီး ရွိပါတယ္။ အဲဒီအထဲကမွ အျဖစ္အပ်က္ေလး ႏွစ္ခု သုံးခုေလာက္ကို ေျပာျပခ်င္ပါတယ္။

ဟိုတေလာက ေက်ာင္းကိုေရာက္လာတဲ့အသိတစ္ေယာက္သူ႔အေဖအေၾကာင္းသူေျပာျပတယ္။သူ႔အေဖဟာသူတို႔မိသားစုအေပၚဘယ္တုန္းကမွအိမ္ေထာင့္တာဝန္ မေက်ႁပြန္ခဲ့ဘူး။ သူ႔အေမနဲ႔သူ ရွာထားသမွ်ကိုလည္း သူ႔အေဖက ျဖဳန္းတီးပစ္တဲ့အျပင္ သူ႔အေမေနမေကာင္းျဖစ္လို႔ေဆး႐ုံတက္ေတာ့လည္းအမ်ိဳးေတြ ေထာက္ပံ့တဲ့ ေဆးဖိုးေတြကို လာလာေတာင္းေသးတာတဲ့။ၿပီးေတာ့ သူငယ္ငယ္တုန္းကသူ႔အေဖထိုးလိုက္တဲ့လက္သီးေၾကာင့္သူ႔မ်က္စိကဒဏ္ရာဟာအခုထိ မေပ်ာက္ေသးဘူးတဲ့။ အဲဒါေၾကာင့္ သူက သူ႔အေဖကိုဆိုရင္ လုံးဝကို မခင္တြယ္ဘူး။ သံေယာဇဥ္လည္း မျဖစ္မိဘူးတဲ့။

ေနာက္တစ္ေယာက္ကေတာ့ ႐ြာမွာေနတဲ့ ဆြံ႕အနားမၾကား ေကာင္ေလးတစ္ေယာက္ပါ။ သူကအသားျဖဴျဖဴခႏၶာကိုယ္ေတာင့္ေတာင့္နဲ႔႐ုပ္ရည္လည္း အင္မတန္ သန႔္ျပန႔္သလို ပါးေရနပ္ေရလည္း အင္မတန္ ရွိတယ္။ သူ႔လိုပဲ နားမၾကားတဲ့ ေနာက္တစ္ေယာက္ကို သူက ဘာေျပာလဲဆိုရင္ “မင္းကြာ လူေတြၾကားထဲ ဝူးးးးဝူးးးဝါးးး ေတြ ေလွ်ာက္ မေအာ္စမ္းပါနဲ႔၊ ငါ့လို အိေျႏၵရရ ေနစမ္းပါ၊

မင္းအဲဒီလို ေလွ်ာက္ေအာ္ေတာ့ မင္းနားမၾကားတာလူသိတယ္၊ငါက မင္းလိုမေအာ္ေတာ့ ငါနားမၾကားတာ ေတာ္႐ုံလူကမသိဘူး’’တဲ့။ ကဲဘယ္ေလာက္ ပါးနပ္လိုက္လဲ။ၿပီးေတာ့ အဲေကာင္ေလးက နားသာ မၾကားတာ သြက္သြက္လက္လက္နဲ႔ လူရည္လည္ေတာ့ သူ႔အလုပ္ရွင္က သူ႔ကိုအလုပ္သမားေခါင္းေဆာင္အျဖစ္ ခန႔္ထားတာ။ သူ႔ေအာက္က အလုပ္သမားေတြက အကုန္လုံးက လူေကာင္းေတြခ်ည္းပဲ။

ဒီေလာက္ ေတာ္တဲ့ကေလးဟာ ဘာျဖစ္လို႔ နားမၾကား ျဖစ္သြားရသလဲ ဆိုတာကို ေျပာျပပါမယ္။ သူငယ္ငယ္တုန္းက တေန႔မွာသူကတအားငိုေတာ့ သူ႔အေဖက ဒီေလာက္ေတာာင္ ငိုရမလားဆိုၿပီး ေရထဲကို အၾကာႀကီး ႏွစ္ပစ္လိုက္တယ္တဲ့။ အဲဒီအခ်ိန္ကစလို႔ သူ႔နားစည္ဟာ ပ်က္စီးသြားၿပီး မၾကားရေတာ့တာပဲ တဲ့။ ကဲ ဘယ္ေလာက္ေတာင္ ဝမ္းနည္းဖို႔ ေကာင္းလဲ။ အေဖျဖစ္တဲ့သူ အေနနဲ႔ အမွားကိုသိၿပီး ေနာင္တရသြားတယ္ ဆိုရင္ေတာင္ အဲဒီအမွားက ဘယ္လိုမွ ျပန္ျပင္လို႔ မရေတာ့ဘူး မမီေတာ့ဘူး။

ဒီတစ္ေယာက္ကေတာ့ သူငယ္ငယ္တုန္းက ထမင္းစားေနတုန္း သူ႔အေဖက က်ိဳက္ထီး႐ိုး ဝါးေသနတ္နဲ႔ နားကိုလႊဲၿပီး ႐ိုက္ပစ္တာ နားေတြကြဲထြက္သြားတာတဲ့။ ဘာလို႔ ႐ိုက္တာလဲဆိုေတာ့ သူက ဘဲဥ မစားတတ္လို႔ မစားဘဲေနေတာ့ “ဘာနဲ႔ေနေန စားတတ္ေအာင္ စားတတ္ရမယ္ ဂ်ီး(ေခ်း)မ်ားဦး” ဆိုၿပီး႐ိုက္တာတဲ့ေလ။ သူလည္း အဲတကည္းက သူ႔အေဖကို မုန္းသြားတာ တဲ့။

မိဘကို နားက်ည္းရတာဟာ အေတာ့္ကိုဆိုးဝါးတဲ့ေဝဒနာ ျဖစ္သလိုသားသမီးရဲ႕နာက်ည္းမႈနဲ႔ အသက္ရွင္ေနရတဲ့ မိဘရဲ႕အျဖစ္ဟာလည္း အေတာ့္ကို ရင္နာစရာ ေကာင္းပါတယ္။ေနာက္ဆုံး အေနနဲ႔ ေမတၱာရပ္ခံခ်င္တာကေတာ့ အေပၚကေျပာခဲ့တဲ့ မိဘမ်ိဳးေတြေရာ၊ မိဘမျဖစ္ေသးတဲ့မိဘေလာင္းေတြေရာကေလးေတြကို လူလို ျမင္ေပးပါ။ ကေလးေတြရဲ႕ လြတ္လပ္ခြင့္ကို ေလးစားပါ။

ေလာကထဲကိုကိုယ္ေခၚလာတဲ့ ကိုယ့္သားသမီးေတြအေပၚတာဝန္ေက်ေပးပါ။ မိမိေၾကာင့္ တန္ဘိုးထားစရာ ေလးစားျမတ္ႏိုးစရာ ေကာင္းလြန္းလွတဲ့ မိဘဂုဏ္ မိဘတန္ဘိုးေတြကို ယုတ္ေလ်ာ့သြားေအာင္ နိမ့္က်သြားေအာင္ မလုပ္မိပါေစနဲ႔..။

Leave a Comment