“၁၀၀၀ ကျပ်တန်လေး ၄ ရွက်” ဒီလိုလူတွေ တကယ်ရှိပါတယ် ဝိုင်းဝန်းကူညီပေးကြပါစို့

ဒီလိုလူတွေ တကယ်ရှိနေပါပြီ ဝိုင်းဝန်းကူညီပေးကြပါစို့ ၁၀၀၀ ကျပ်တန်လေး ၄ရွက်

မနေ့က…ညနေ၄နာရီခန့်က အိမ်မှာနေရတာ…ပျင်းလာလို့ဆေးခန်းအတွက် ဆေးနည်းနည်းလိုတာရှိလို့ ကိုယ်တိုင်ထွက်ဝယ်လိုက်တယ်။

(အရင်ကဆေးဝယ်.. တာဝန်ခံက အမျိုးသမီး သူမရှိတော့. ခုမှကိုယ်တိုင်ဝယ်ရတာ။)

ကိုယ့်အတွက်..လိုတဲ့ဆေးတွေယူပြီး ..ကျသင့်စာရင်းတွက်နေတုန်း… ဆေးဝယ်သူတွေ ရောက်လာတော့ ဆိုင်ရှင်ကို “ကျွန်တော်က အားပါတယ်။ဘာအလုပ်မှ မရှိဘူး။သူတို့အရင် ရောင်းလိုက်ပါ”….ဆိုပြီး ..လာဝယ်သူတွေကို..ခပ်လှမ်းလှမ်းက ငေးနေမိပါတယ်။

အဲဒီအချိန်…မျက်စိလွှဲလို့မရတဲ့လူတစ်ယောက် ဆိုင်ရှေ့ရောက်လာတယ်။သူ့ပုံစံက… ဗလကောင်းကောင်းအသက် ၃၅-၄၀လောက်….လုံခြည်ကို တိုတိုဝတ်ထားတယ်။သူ့လက်နှင့် လုံခြည်မှာ….ဘိလပ်မြေ အစအနတွေတွေ့တော့ ပန်းရံအလုပ်လုပ်တာလို့ ထင်ပါတယ်။ သူ့ကြည့်ရတာ….အလုပ်ပြန် အိမ်အတွက် ဆေးလာဝယ်တယ်ထင်ပါရဲ့။

ကျွန်တော်ပြောချင်တာ…ခုမှစပါ့မယ်။သူက.. ဆိုင်က…ကလေးမလေးကို ‘ပါရာစီတေမာ တစ်ကပ်ပေးပါ”…ဆိုပြီး ခါးကြားလုံခြည်နှင့်လိပ်ထားတဲ့…တစ်ထောင်တန် တစ်ရွက်ပေးပြီးပြောပါတယ်။ဆိုင်ကခလေးမက တစ်ကာဒ်၃၀၀၀လို့ပြောလိုက်တော့ အံသြထိပ်လန့်သွားတဲ့ .သူ့မျက်နှာက အပြောင်းအလဲကို ကျွန်တော့်..တစ်သက် ဘယ်တော့မှ မေ့တော့မည် မဟုတ်ပါ။

လှမ်းထားတဲ့ သူ့လက်ကိုပြန်ရုပ်။တစ်ဖက် ခါးပုံကြားထဲက လိပ်ထားတဲ့ ပိုက်ဆံကို ထုတ်ကြည့်နေတယ်။ကျွန်တော်မသိမသာလှမ်း…ကြည့်နေမိတယ်။အားလုံး… တစ်ထောင်တန်လေးရွက်။ဒါတစ်နေ့တာ…. သူ့လုပ်အားခလားမသိ။အိမ်ကအမျိုးသမီး ဒါမှမဟုတ် ကလေးတစ်ယောက်ယောက်ဖျားလို့

ပါရာစီတမော မှာလိုက်လို့ဝယ်တယ်ထင်ပါတယ်။

ပါရာကို တစ်ထောင်ထား ကျန်တာက ဟင်းဘိုးထင်ပါရဲ့။တစ်ထောင်တန်လေးရွက်…လက်ထဲကိုင်ပြီး

သူ့ခေါင်းငုံ့စဉ်းစားနေတယ်။ကျွန်တော်လဲ..သူ့ကိုဘယ်လိုပြောပြီးကူညီရမလဲ စဉ်းစားနေတယ်။

ခဏနေ့တော့ သူ့ပါးစပ်က အသံတိုးတိုးလေးထွက်လာတယ်။တစ်ကာဒ်ပေးပါတဲ့။ကျွန်တော်လည်း အရဲစွန့်ပြီး ကူညီဘို့ဆုံးဖြတ်လိုက်တယ်။

သူ့သိက္ခာကို ထိခိုက်မှာစိုးတာပါ။ကျွန်တော့်ဝယ်ထားတဲ့ ဆေးအိပ်ထဲက paracetamol ၂ကာဒ်ယူပြီးသူ့ကိုပေးလိုက်တယ်။

“ဒီမယ်ခင်ဗျ ကျွန်တော်က.ဒီဆေးတွေက ကျွန်တော့်ရွာက လူတွေကို ဝေဘို့ လှူဘို့”ဝယ်ထားတာပါ။ဒီထဲက နှစ်ကဒ် လှူလိုက်မယ်နော်..ဆိုပြီး ပေးလိုက်တော့ မျက်ရည်လည်ပြီး ကျေးဇူးတင်ပါတယ်ဆိုပြောလက်လေး တုန်တုန်နှင့် ယူသွားရှာတယ်။

ဆေးဆိုင်ကထွက်ပြီး နှစ်ဆိုင်ကျော်က ကုန်စုံဆိုင်ဝင်ပြီး ၄၀၀၀ဘိုး ဘာတွေဝယ်သွားတယ်မသိပါဘူး။ကြွပ်ကြွပ် အိပ်.လေး ဆွဲပြီး ထွက်သွားပါတော့တယ်။

(ကျွန်တော် အသနားခံချင်တာကတော့….ဆင်းရဲသားတွေအပေါ် …အဆမတန်ဈေးမတင်ကြပါနဲ့ )

( မှတ်ချက် ။ ပုံထဲက၁၀၀၀…လေးရွက်က.. ကုန်စုံဆိုင်ကမိတ်ဆွေကို မေတ္တာရပ်ခံပြီးလဲလာတာပါ။)

Zawgyi

ဒီလိုလူေတြ တကယ္ရွိေနပါၿပီ ဝိုင္းဝန္းကူညီေပးၾကပါစို႔ ၁၀၀၀ က်ပ္တန္ေလး ၄႐ြက္

မေန႔က…ညေန၄နာရီခန႔္က အိမ္မွာေနရတာ…ပ်င္းလာလို႔ေဆးခန္းအတြက္ ေဆးနည္းနည္းလိုတာရွိလို႔ ကိုယ္တိုင္ထြက္ဝယ္လိုက္တယ္။

(အရင္ကေဆးဝယ္.. တာဝန္ခံက အမ်ိဳးသမီး သူမရွိေတာ့. ခုမွကိုယ္တိုင္ဝယ္ရတာ။)

ကိုယ့္အတြက္..လိုတဲ့ေဆးေတြယူၿပီး ..က်သင့္စာရင္းတြက္ေနတုန္း… ေဆးဝယ္သူေတြ ေရာက္လာေတာ့ ဆိုင္ရွင္ကို “ကြၽန္ေတာ္က အားပါတယ္။ဘာအလုပ္မွ မရွိဘူး။သူတို႔အရင္ ေရာင္းလိုက္ပါ”….ဆိုၿပီး ..လာဝယ္သူေတြကို..ခပ္လွမ္းလွမ္းက ေငးေနမိပါတယ္။

အဲဒီအခ်ိန္…မ်က္စိလႊဲလို႔မရတဲ့လူတစ္ေယာက္ ဆိုင္ေရွ႕ေရာက္လာတယ္။သူ႔ပုံစံက… ဗလေကာင္းေကာင္းအသက္ ၃၅-၄၀ေလာက္….လုံျခည္ကို တိုတိုဝတ္ထားတယ္။သူ႔လက္ႏွင့္ လုံျခည္မွာ….ဘိလပ္ေျမ အစအနေတြေတြ႕ေတာ့ ပန္းရံအလုပ္လုပ္တာလို႔ ထင္ပါတယ္။ သူ႔ၾကည့္ရတာ….အလုပ္ျပန္ အိမ္အတြက္ ေဆးလာဝယ္တယ္ထင္ပါရဲ႕။

ကြၽန္ေတာ္ေျပာခ်င္တာ…ခုမွစပါ့မယ္။သူက.. ဆိုင္က…ကေလးမေလးကို ‘ပါရာစီေတမာ တစ္ကပ္ေပးပါ”…ဆိုၿပီး ခါးၾကားလုံျခည္ႏွင့္လိပ္ထားတဲ့…တစ္ေထာင္တန္ တစ္႐ြက္ေပးၿပီးေျပာပါတယ္။ဆိုင္ကခေလးမက တစ္ကာဒ္၃၀၀၀လို႔ေျပာလိုက္ေတာ့ အံၾသထိပ္လန႔္သြားတဲ့ .သူ႔မ်က္ႏွာက အေျပာင္းအလဲကို ကြၽန္ေတာ့္..တစ္သက္ ဘယ္ေတာ့မွ ေမ့ေတာ့မည္ မဟုတ္ပါ။

လွမ္းထားတဲ့ သူ႔လက္ကိုျပန္႐ုပ္။တစ္ဖက္ ခါးပုံၾကားထဲက လိပ္ထားတဲ့ ပိုက္ဆံကို ထုတ္ၾကည့္ေနတယ္။ကြၽန္ေတာ္မသိမသာလွမ္း…ၾကည့္ေနမိတယ္။အားလုံး… တစ္ေထာင္တန္ေလး႐ြက္။ဒါတစ္ေန႔တာ…. သူ႔လုပ္အားခလားမသိ။အိမ္ကအမ်ိဳးသမီး ဒါမွမဟုတ္ ကေလးတစ္ေယာက္ေယာက္ဖ်ားလို႔

ပါရာစီတေမာ မွာလိုက္လို႔ဝယ္တယ္ထင္ပါတယ္။

ပါရာကို တစ္ေထာင္ထား က်န္တာက ဟင္းဘိုးထင္ပါရဲ႕။တစ္ေထာင္တန္ေလး႐ြက္…လက္ထဲကိုင္ၿပီး

သူ႔ေခါင္းငုံ႔စဥ္းစားေနတယ္။ကြၽန္ေတာ္လဲ..သူ႔ကိုဘယ္လိုေျပာၿပီးကူညီရမလဲ စဥ္းစားေနတယ္။

ခဏေန႔ေတာ့ သူ႔ပါးစပ္က အသံတိုးတိုးေလးထြက္လာတယ္။တစ္ကာဒ္ေပးပါတဲ့။ကြၽန္ေတာ္လည္း အရဲစြန႔္ၿပီး ကူညီဘို႔ဆုံးျဖတ္လိုက္တယ္။

သူ႔သိကၡာကို ထိခိုက္မွာစိုးတာပါ။ကြၽန္ေတာ့္ဝယ္ထားတဲ့ ေဆးအိပ္ထဲက paracetamol ၂ကာဒ္ယူၿပီးသူ႔ကိုေပးလိုက္တယ္။

“ဒီမယ္ခင္ဗ် ကြၽန္ေတာ္က.ဒီေဆးေတြက ကြၽန္ေတာ့္႐ြာက လူေတြကို ေဝဘို႔ လႉဘို႔”ဝယ္ထားတာပါ။ဒီထဲက ႏွစ္ကဒ္ လႉလိုက္မယ္ေနာ္..ဆိုၿပီး ေပးလိုက္ေတာ့ မ်က္ရည္လည္ၿပီး ေက်းဇူးတင္ပါတယ္ဆိုေျပာလက္ေလး တုန္တုန္ႏွင့္ ယူသြားရွာတယ္။

ေဆးဆိုင္ကထြက္ၿပီး ႏွစ္ဆိုင္ေက်ာ္က ကုန္စုံဆိုင္ဝင္ၿပီး ၄၀၀၀ဘိုး ဘာေတြဝယ္သြားတယ္မသိပါဘူး။ႂကြပ္ႂကြပ္ အိပ္.ေလး ဆြဲၿပီး ထြက္သြားပါေတာ့တယ္။

(ကြၽန္ေတာ္ အသနားခံခ်င္တာကေတာ့….ဆင္းရဲသားေတြအေပၚ …အဆမတန္ေဈးမတင္ၾကပါနဲ႔ )

( မွတ္ခ်က္ ။ ပုံထဲက၁၀၀၀…ေလး႐ြက္က.. ကုန္စုံဆိုင္ကမိတ္ေဆြကို ေမတၱာရပ္ခံၿပီးလဲလာတာပါ။)

Leave a Comment