မိဘများ အထူးသတိထားကြပါ။ ကျောင်းမုန့်ဈေးတန်းမှာ ဝိုင်ဆိုပြီး ကလေးတွေကို ရောင်းနေတာတဲ့
၉ တန်းကျောင်းသားလေးတွေ ကျောင်းထဲကမုန့်ဆိုင်ကနေ ဝယ်လာတာတဲ့။ဝိုင်ဆိုပြီးမော့နေလေရဲ့။ပြီးတော့ တစ်ယောက်ကပြောသေးတယ် အရက်တဲ့။
သူများစီးပွားရေးကို တုတ်နဲ့ထိုးနေတာမဟုတ်ဘူး။ စာရိတ္တတွေလိုအပ်နေတဲ့ ကိုယ့်နိုင်ငံမှာဗျာ…..။စီးပွားရေးလုပ်ငန်းရှင်တွေ ကျွန်တော်တို့ ကျောင်းသားတွေရဲ့ စာရိတ္တကိုရိုက်မချိုးပါနဲ့။ကျွန်တော်ဆက်ပြီးမပြောချင်တော့ဘူး……။
ကျောင်းက တာဝန်ရှိသူတွေကလည်း ကျောင်းမုန့်ဈေးတန်းတွေကို ရှောင်တခင် ဝင်စစ်ပေးပါ။ ဟိုတလောကလည်း ဆေးလိပ်ပုံစံ ပီကေဗူး၊ ဘာမှန်း မသိတဲ့ အမှုန့်တွေကို စက္ကူလိပ်ထဲ ထည့်ပြီး ရှုရတဲ့ မုန့် စတဲ့ ကလေးတွေကို ပျက်စီး စေဖို့ ရှေ့ဆောင်လမ်းပြတဲ့ မုန့်တွေ ကျောင်းမုန့်ဈေးတန်းတွေမှာ ရောက်နေကြပါတယ်။
မုန့်ရောင်းတဲ့ သူတွေကတော့ သူတို့ ရောင်းရရင် ပြီးရော တရားဝင်ဝင် မဝင်ဝင် ရောင်းနေကြဦးမှာပါပဲ။ အဲဒါကြောင့် ကျောင်းတာဝန်ရှိသူတွေရော၊ မိဘတွေရော ကိုယ့်ကလေးကို အထူး သတိထားကြပါ။ ကလေး လက်ထဲမှာ ထူးခြားတဲ့ ပုံစံနဲ့ မုန့်တွေ၊ ကစားစရာတွေ တွေ့ရင် သေသေချာချာ စစ်ဆေးဖို့ လိုပါတယ်။ ကျောင်းတွင်း ဈေးသည်တွေသာမက ကျောင်းရှေ့မှာ လာရောင်းတဲ့ ဈေးသည်တွေကိုလည်း စိစစ်သင့်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တာတွေကို စစ်ဆေးပြီးတဲ့ အပြင် အခုလို ပေါက်တက်ကရ စားစရာတွေ၊ ကစားစရာတွေကိုလည်း စိစစ် အရေးယူသင့်ပါကြောင်း တိုက်တွန်း လိုက်ရပါတယ် ခင်ဗျာ။
Credit
Zawgyi
မိဘမ်ား အထူးသတိထားၾကပါ။ ေက်ာင္းမုန္႔ေစ်းတန္းမွာ ဝုိင္ဆုိၿပီး ကေလးေတြကုိ ေရာင္းေနတာတဲ့
၉ တန္းေက်ာင္းသားေလးေတြ ေက်ာင္းထဲကမုန္႔ဆိုင္ကေန ဝယ္လာတာတဲ့။ဝိုင္ဆိုၿပီးေမာ့ေနေလရဲ႕။ၿပီးေတာ့ တစ္ေယာက္ကေျပာေသးတယ္ အရက္တဲ့။
သူမ်ားစီးပြားေရးကို တုတ္နဲ႔ထိုးေနတာမဟုတ္ဘူး။ စာရိတၱေတြလိုအပ္ေနတဲ့ ကိုယ့္ႏုိင္ငံမွာဗ်ာ…..။စီးပြားေရးလုပ္ငန္း႐ွင္ေတြ ကြၽန္ေတာ္တို႔ ေက်ာင္းသားေတြရဲ႕ စာရိတၱကို႐ုိက္မခ်ိဳးပါနဲ႔။ကြၽန္ေတာ္ဆက္ၿပီးမေျပာခ်င္ေတာ့ဘူး……။
ေက်ာင္းက တာဝန္ရွိသူေတြကလည္း ေက်ာင္းမုန္႔ေစ်းတန္းေတြကုိ ေရွာင္တခင္ ဝင္စစ္ေပးပါ။ ဟုိတေလာကလည္း ေဆးလိပ္ပံုစံ ပီေကဗူး၊ ဘာမွန္း မသိတဲ့ အမႈန္႔ေတြကုိ စကၠဴလိပ္ထဲ ထည့္ၿပီး ရႈရတဲ့ မုန္႔ စတဲ့ ကေလးေတြကုိ ပ်က္စီး ေစဖုိ႔ ေရွ႕ေဆာင္လမ္းျပတဲ့ မုန္႔ေတြ ေက်ာင္းမုန္႔ေစ်းတန္းေတြမွာ ေရာက္ေနၾကပါတယ္။
မုန္႔ေရာင္းတဲ့ သူေတြကေတာ့ သူတုိ႔ ေရာင္းရရင္ ၿပီးေရာ တရားဝင္ဝင္ မဝင္ဝင္ ေရာင္းေနၾကဦးမွာပါပဲ။ အဲဒါေၾကာင့္ ေက်ာင္းတာဝန္ရွိသူေတြေရာ၊ မိဘေတြေရာ ကုိယ့္ကေလးကုိ အထူး သတိထားၾကပါ။ ကေလး လက္ထဲမွာ ထူးျခားတဲ့ ပံုစံနဲ႔ မုန္႔ေတြ၊ ကစားစရာေတြ ေတြ႕ရင္ ေသေသခ်ာခ်ာ စစ္ေဆးဖုိ႔ လိုပါတယ္။ ေက်ာင္းတြင္း ေစ်းသည္ေတြသာမက ေက်ာင္းေရွ႕မွာ လာေရာင္းတဲ့ ေစ်းသည္ေတြကုိလည္း စိစစ္သင့္ပါတယ္။ က်န္းမာေရးနဲ႔ မညီညြတ္တာေတြကုိ စစ္ေဆးၿပီးတဲ့ အျပင္ အခုလုိ ေပါက္တက္ကရ စားစရာေတြ၊ ကစားစရာေတြကုိလည္း စိစစ္ အေရးယူသင့္ပါေၾကာင္း တုိက္တြန္း လုိက္ရပါတယ္ ခင္ဗ်ာ။
Credit