နှစ်ပေါင်း ၆၀ ကျော် ရေမချိုးတဲ့ ကမ္ဘာ့အညစ်ပတ်ဆုံး လူပျိုကြီး

နှစ်ပေါင်း ၆၀ ကျော် ရေမချိုးတဲ့ ကမ္ဘာ့အညစ်ပတ်ဆုံး လူပျိုကြီး

သူအကြောင်းကတော့ လွန်ခဲ့တဲ့ ၂ နှစ်လောက်တည်းက လိုင်းပေါ်မှာ ပြန့်နှံ့နေတာ ဖြစ်တဲ့အတွက် သိတဲ့သူတွေလည်း သိကြမှာပါ။ ဟုတ်ပါတယ် … သူဟာ အီရန်လူမျိုး အသက် ၈၇ နှစ်အရွယ် အဘိုးအို Amoo Hadji ဖြစ်ပါတယ်။

အီရန်နိုင်ငံ တောင်ပိုင်းက Dejgah ဆိုတဲ့ ရွာငယ်လေးမှာ နေထိုင်သူ ဖြစ်ပါတယ်။

သူဟာ ရေမချိုးတဲ့နေရာမှာ နှစ်ပေါင်း ၃၈ နှစ် ရေမချိုးတဲ့ အိန္ဒိယလူမျိုး Kailash Singh ကို ကျော်ဖြတ်ပြီး ခန္ဓာကိုယ် အညစ်ပတ်ဆုံး လူသားအဖြစ် စံချိန်တင်ထားသူ ဖြစ်ပါတယ်။

ဒီလို ရေမချိုးတာလည်း ရည်ရွယ်ချက်တစ်ခုခုကြောင့် မဟုတ်ပဲ သူ့အကြောင်းနဲ့ သူ ဖြစ်ပါတယ်။

သူရဲ့ ခန္ဓာကိုယ်ဟာ ရေနဲ့ ဓာတ်မတည့်သူလို့ ခံယူထားသူ ဖြစ်ပြီး ရေနဲ့ သန့်ရှင်းလိုက်တာနဲ့ ရောဂါတွေ ဝင်လာတယ်လို့ သူက ဆိုပါတယ်။

ဒါဟာ သူ နှစ်ပေါင်း ၆၀ ကျော် ရေမချိုးတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။

သူ့ရဲ့ အသားအရောင်ဟာ မြေကြီးအရောင်နဲ့ ထပ်တူ ဖြစ်နေတာကို မြင်တွေ့ရမှာပါ။ တကယ်လို့ သူသာ ငြိမ်ငြိမ်လေး ထိုင်နေ ရပ်နေမယ်ဆိုရင် အားလုံးက ကျောက်ရုပ် တစ်ရုပ်လို့ပဲ ထင်မိကြမှာပါ။ သူဟာ တစ်ကိုယ်တည်းနေတဲ့ လူပျိုကြီးလည်း ဖြစ်ပါတယ်။

သူဟာ ရေချိုးခြင်းကို မုန်းပါတယ်။ ဒါအပြင့် လတ်ဆတ်တဲ့ အစားအစာတွေကိုလည်း မုန်းပါတယ်။ သူအကြိုက်ဆုံး အစားအစာတွေက အပုတ်အသိုး အဆွေးအမြေ့တွေ ဖြစ်ပါတယ်။

ရေကို မုန်းတဲ့သူဟာ ကျန်းမာရေးအတွက် ရေ ငါးလီတာကို နေ့စဉ် သောက်ပါတယ်။ ဒီလိုသောက်တဲ့ နေရာမှာလည်း ညစ်ပတ်နေတဲ့ သူ့ရဲ့ သံခွက်ကြီးတစ်ခွက်နဲ့ သောက်လေ့ ရှိတာပါ။

သူဟာ ဆေးတံ သောက်ရတာကိုလည်း အလွန် ကြိုက်ပါတယ်။ ဒီလိုသောက်တဲ့နေရာမှာ ဆေးရွက်ကြီးကို ထည့်မသောက်ဘဲ တိရစ္ဆာန်တွေရဲ့ မစင်တွေကို ထည့်ပြီး သောက်တတ်ပါတယ်။

သူ့ဆံပင်တွေ ရှည်လာရင်လည်း ညှပ်မပစ်ပါဘူး ၊ ဆံပင်ကို မီးနဲ့ ရှို့ပြီး ငြိမ်းသတ်လေ့ ရှိပါတယ်။ သူ့မှာ စစ်ဦးထုပ် အဟောင်းကြီးတစ်လုံး ရှိပြီး ဆောင်းရာသီမှာ ဆောင်းလေ့ ရှိပါတယ်။

သူ့မှာ အိမ် မရှိပါဘူး။ ကမ္ဘာကြီးက သူ့အိမ်လို့ ခံယူထားသူပါ။ သူဟာ အများအားဖြင့် သုသာန်က မြေကျင်းတွေထဲမှာ နေတတ်လေ့ ရှိပြီး တခါတရံမှာတော့ ရွာသားတွေက သူ့အတွက် အုတ်နဲ့ဆောက်ပေးထားတဲ့ အိမ်ထဲမှာ အိပ်တတ်လေ့ရှိပါတယ်။

ဒါပေမယ့် ဒါဟာ တခါတရံပါ။ သူဟာ ဒီလို ထူးဆန်းတဲ့ ဘဝပုံစံမှာနေတတ်သူ ဖြစ်ပါတယ်။

ရွာသားတွေရဲ့ အဆိုအရတော့ သူအသက် ၂၀ ဝန်းကျင်မှာ စိတ်ထိခိုက်စရာ ကြီးကြီးမားမား ကြုံခဲ့ရပြီး အဲဒီအချိန်ကစလို့ သူ့ရဲ့ခံယူချက်တွေ အမြင်တွေ ပြောင်းလဲသွားတာလို့ သိရပါတယ်။

သူ့အယူအဆနဲ့ သူကတော့ မှန်တယ်လို့ ထင်ရမှာပါ။ နေချင်သလို နေပေမယ့် အသက် ၈၀ ကျော် ဝန်းကျင်မှာ ကျန်းကျန်းမာမာ ရှိနေတုန်းပါ။

သူ့မှာ ဘာမှ ဆုံးရှုံးစရာ မရှိတဲ့အတွက် သူဟာ အပျော်ဆုံးလူသားလို့ ခံယူထားသူ ဖြစ်ပါတယ်။

သူဟာ ဘာကိုမှ ဂရုမစိုက်တတ်သလို ဘာကိုမှလည်း မကြောက်တတ်ပဲ အမြဲ ပျော်ပျော်ရွှင်ရွင် နေနေလေ့ရှိတဲ့ ရှာမှရှား လူသားတစ်ဦး ဖြစ်ပါတယ်။

Credit

Zawgyi

ႏွစ္ေပါင္း ၆၀ ေက်ာ္ ေရမခ်ိဳးတဲ့ ကမာၻ႔အညစ္ပတ္ဆုံး လူပ်ိဳႀကီး

သူအေၾကာင္းကေတာ့ လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္တည္းက လိုင္းေပၚမွာ ျပန္႔ႏွံ႔ေနတာ ျဖစ္တဲ့အတြက္ သိတဲ့သူေတြလည္း သိၾကမွာပါ။ ဟုတ္ပါတယ္ … သူဟာ အီရန္လူမ်ိဳး အသက္ ၈၇ ႏွစ္အ႐ြယ္ အဘိုးအို Amoo Hadji ျဖစ္ပါတယ္။

အီရန္ႏိုင္ငံ ေတာင္ပိုင္းက Dejgah ဆိုတဲ့ ႐ြာငယ္ေလးမွာ ေနထိုင္သူ ျဖစ္ပါတယ္။

သူဟာ ေရမခ်ိဳးတဲ့ေနရာမွာ ႏွစ္ေပါင္း ၃၈ ႏွစ္ ေရမခ်ိဳးတဲ့ အိႏၵိယလူမ်ိဳး Kailash Singh ကို ေက်ာ္ျဖတ္ၿပီး ခႏၶာကိုယ္ အညစ္ပတ္ဆုံး လူသားအျဖစ္ စံခ်ိန္တင္ထားသူ ျဖစ္ပါတယ္။

ဒီလို ေရမခ်ိဳးတာလည္း ရည္႐ြယ္ခ်က္တစ္ခုခုေၾကာင့္ မဟုတ္ပဲ သူ႔အေၾကာင္းနဲ႔ သူ ျဖစ္ပါတယ္။

သူရဲ႕ ခႏၶာကိုယ္ဟာ ေရနဲ႔ ဓာတ္မတည့္သူလို႔ ခံယူထားသူ ျဖစ္ၿပီး ေရနဲ႔ သန္႔ရွင္းလိုက္တာနဲ႔ ေရာဂါေတြ ၀င္လာတယ္လို႔ သူက ဆိုပါတယ္။

ဒါဟာ သူ ႏွစ္ေပါင္း ၆၀ ေက်ာ္ ေရမခ်ိဳးတဲ့ အေၾကာင္းရင္း ျဖစ္ပါတယ္။

သူ႔ရဲ႕ အသားအေရာင္ဟာ ေျမႀကီးအေရာင္နဲ႔ ထပ္တူ ျဖစ္ေနတာကို ျမင္ေတြ႕ရမွာပါ။ တကယ္လို႔ သူသာ ၿငိမ္ၿငိမ္ေလး ထိုင္ေန ရပ္ေနမယ္ဆိုရင္ အားလုံးက ေက်ာက္႐ုပ္ တစ္႐ုပ္လို႔ပဲ ထင္မိၾကမွာပါ။ သူဟာ တစ္ကိုယ္တည္းေနတဲ့ လူပ်ိဳႀကီးလည္း ျဖစ္ပါတယ္။

သူဟာ ေရခ်ိဳးျခင္းကို မုန္းပါတယ္။ ဒါအျပင့္ လတ္ဆတ္တဲ့ အစားအစာေတြကိုလည္း မုန္းပါတယ္။ သူအႀကိဳက္ဆုံး အစားအစာေတြက အပုတ္အသိုး အေဆြးအေျမ့ေတြ ျဖစ္ပါတယ္။

ေရကို မုန္းတဲ့သူဟာ က်န္းမာေရးအတြက္ ေရ ငါးလီတာကို ေန႔စဥ္ ေသာက္ပါတယ္။ ဒီလိုေသာက္တဲ့ ေနရာမွာလည္း ညစ္ပတ္ေနတဲ့ သူ႔ရဲ႕ သံခြက္ႀကီးတစ္ခြက္နဲ႔ ေသာက္ေလ့ ရွိတာပါ။

သူဟာ ေဆးတံ ေသာက္ရတာကိုလည္း အလြန္ ႀကိဳက္ပါတယ္။ ဒီလိုေသာက္တဲ့ေနရာမွာ ေဆး႐ြက္ႀကီးကို ထည့္မေသာက္ဘဲ တိရစာၦန္ေတြရဲ႕ မစင္ေတြကို ထည့္ၿပီး ေသာက္တတ္ပါတယ္။

သူ႔ဆံပင္ေတြ ရွည္လာရင္လည္း ညႇပ္မပစ္ပါဘူး ၊ ဆံပင္ကို မီးနဲ႔ ရႈိ႕ၿပီး ၿငိမ္းသတ္ေလ့ ရွိပါတယ္။ သူ႔မွာ စစ္ဦးထုပ္ အေဟာင္းႀကီးတစ္လုံး ရွိၿပီး ေဆာင္းရာသီမွာ ေဆာင္းေလ့ ရွိပါတယ္။

သူ႔မွာ အိမ္ မရွိပါဘူး။ ကမာၻႀကီးက သူ႔အိမ္လို႔ ခံယူထားသူပါ။ သူဟာ အမ်ားအားျဖင့္ သုသာန္က ေျမက်င္းေတြထဲမွာ ေနတတ္ေလ့ ရွိၿပီး တခါတရံမွာေတာ့ ႐ြာသားေတြက သူ႔အတြက္ အုတ္နဲ႔ေဆာက္ေပးထားတဲ့ အိမ္ထဲမွာ အိပ္တတ္ေလ့ရွိပါတယ္။

ဒါေပမယ့္ ဒါဟာ တခါတရံပါ။ သူဟာ ဒီလို ထူးဆန္းတဲ့ ဘ၀ပုံစံမွာေနတတ္သူ ျဖစ္ပါတယ္။

႐ြာသားေတြရဲ႕ အဆိုအရေတာ့ သူအသက္ ၂၀ ၀န္းက်င္မွာ စိတ္ထိခိုက္စရာ ႀကီးႀကီးမားမား ႀကဳံခဲ့ရၿပီး အဲဒီအခ်ိန္ကစလို႔ သူ႔ရဲ႕ခံယူခ်က္ေတြ အျမင္ေတြ ေျပာင္းလဲသြားတာလို႔ သိရပါတယ္။

သူ႔အယူအဆနဲ႔ သူကေတာ့ မွန္တယ္လို႔ ထင္ရမွာပါ။ ေနခ်င္သလို ေနေပမယ့္ အသက္ ၈၀ ေက်ာ္ ၀န္းက်င္မွာ က်န္းက်န္းမာမာ ရွိေနတုန္းပါ။

သူ႔မွာ ဘာမွ ဆုံးရႈံးစရာ မရွိတဲ့အတြက္ သူဟာ အေပ်ာ္ဆုံးလူသားလို႔ ခံယူထားသူ ျဖစ္ပါတယ္။

သူဟာ ဘာကိုမွ ဂ႐ုမစိုက္တတ္သလို ဘာကိုမွလည္း မေၾကာက္တတ္ပဲ အၿမဲ ေပ်ာ္ေပ်ာ္႐ႊင္႐ြင္ ေနေနေလ့ရွိတဲ့ ရွာမွရွား လူသားတစ္ဦး ျဖစ္ပါတယ္။

Credit

Leave a Comment