“ဒေါ်လာ ၆၀၀ ဆုပေါက်တယ်ထင်ပြီး ဆုသွားထုတ်မှ သန်းဆုထီပေါက်မှန်းသိခဲ့ရတဲ့ ကံထူးရှင်”

ဗားဂျီးနီးယားပြည်နယ်နေ အမျိုးသားတဦးဟာ ဒေါ်လာ ၆၀၀ ဆုပေါက်တယ်ထင်ပြီး ပျော်ရွှင်နေခဲ့ပါတယ်။

သူဟာ ဆုငွေထုတ်ဖို့ ဗာဂျီးနီးထီရုံး စားသုံးသူဝန်ဆောင်မှုဌာနကို ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ သွားရောက်ခဲ့ရာ ထီးရုံးကဝန်ထမ်းက သူ့ထီလက်မှတ်ဟာ ဒေါ် ၆၀၀ မကတဲ့ဆုကြီးတဆုကို ဆွတ်ခူးထားကြောင်းပြောတော့ အံ့အားသင့်ခဲ့ရပါတယ်။

ဟိုဆေး ဖလောရက်စ် ဗလက်စ်ကက်အမည်ရ ဗာဂျီးနီးယားပြည်နယ် အာနန်ဒေးလ်အရပ်နေသူဟာ ဒေါ်လာ ၁ သန်းတိတိကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။


ဆုငွေ ၁၀ ဒေါ်လာကနေ ဒေါ်လာ ၁ သန်းအထိ ဆု အမျိုးမျိုး အစားစားချီးမြှင့်တဲ့ 20X the Money ထီဖွင့်ပွဲမှာ သူရဲ့လက်မှတ်က ဒုတိယ အမြင့်ဆုံးဆုကို ဆွတ်ခူးခဲ့တာပါ။

သူဟာ ၁၀ ဒေါ်လာတန်ထီလက်မှတ်ကို အာနန်ဒေးလ် Safeway Supermarket မှ အလုပ်ကအပြန် အအေးဝင်ဝယ်ရင်း ထိုးခဲ့တာလို့ဆိုပါတယ်။ ဆုကြီးပန်လက်မှတ်ရောင်းချလိုက်တဲ့ Safeway Supermarket ကို ထီရုံးက ဒေါ်လာ ၁ သောင်း ချီးုမြှင့်ပေးအပ်မယ်လို့ သိရပါတယ်။

20X the Money မှာ ဒေါ်လာ ၁ သန်းဆုပေါက်ဖို့ ဖြစ်နိုင်ခြေအနေနဲ့ကတော့ ၁,၇၅၄,၄၀၀ ကြိမ်မှာ ၁ ကြိမ်ဖြစ်ပြီး ဆုတခုခုဆွတ်ခူးဖို့ကတော့ ၃.၆၅ ကြိမ်မှာ ၁ ကြိမ်လို့ဆိုပါတယ်။

ဆွတ်ခူးခဲ့တဲ့ ဒေါ်လာ ၁ သန်းကို အပြည့်လိုချင်ရင် နှစ် ၃၀ ကာလအတွင်း အရစ်ကျထုတ်ရမှာဖြစ်ပြီးတခါတည်းအပြတ်လိုချင်ရင်တော့ ဒေါ်လာ ၇၅၉၈၇၈ ထုတ်လို့ရမယ်လို့ ထီးရုံးက ရွေးချယ်ခွင့်ပေးတော့ ဟိုဆေး ဖလောရက်စ် ဗလက်စ်ကက်က ဒေါ်လာ ၇သိန်းခွဲကျော်ကို တခါတည်းအပြတ် ထုတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။

ဒီငွေနဲ့ မိသားစုကို ကိုယ်ပိုင်လုပ်ငန်းတခုလုပ်ဖို့ စဉ်းစားနေပြီး မိသားစုကို လုပ်ကျွေးပြုစုသွားဖို့ရှိတယ်လို့ ဗလက်စ်ကက်က ပြောပါတယ်။

အခုထွက်သွားတဲ့ 20X the Money ထီဖွင့်ပွဲမှာ ဒေါ်လာ ၁ သန်းဆု ၃ ဆုပါဝင်ပြီး လာမထုတ်သေးတဲ့ ဆုတဆုရှိနေသေးတယ်လို့ ထီရုံးက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

မယ်ပြုံး

Ref; NBC News

Zawgyi

ဗားဂ်ီးနီးယားျပည္နယ္ေန အမ်ိဳးသားတဦးဟာ ေဒၚလာ ၆၀၀ ဆုေပါက္တယ္ထင္ၿပီး ေပ်ာ္႐ႊင္ေနခဲ့ပါတယ္။

သူဟာ ဆုေငြထုတ္ဖို႔ ဗာဂ်ီးနီးထီ႐ုံး စားသုံးသူဝန္ေဆာင္မႈဌာနကို ၿပီးခဲ့တဲ့ ၾသဂုတ္လထဲမွာ သြားေရာက္ခဲ့ရာ ထီး႐ုံးကဝန္ထမ္းက သူ႔ထီလက္မွတ္ဟာ ေဒၚ ၆၀၀ မကတဲ့ဆုႀကီးတဆုကို ဆြတ္ခူးထားေၾကာင္းေျပာေတာ့ အံ့အားသင့္ခဲ့ရပါတယ္။

ဟိုေဆး ဖေလာရက္စ္ ဗလက္စ္ကက္အမည္ရ ဗာဂ်ီးနီးယားျပည္နယ္ အာနန္ေဒးလ္အရပ္ေနသူဟာ ေဒၚလာ ၁ သန္းတိတိကို ဆြတ္ခူးခဲ့တာျဖစ္ပါတယ္။
ဆုေငြ ၁၀ ေဒၚလာကေန ေဒၚလာ ၁ သန္းအထိ ဆု အမ်ိဳးမ်ိဳး အစားစားခ်ီးျမႇင့္တဲ့ 20X the Money ထီဖြင့္ပြဲမွာ သူရဲ႕လက္မွတ္က ဒုတိယ အျမင့္ဆုံးဆုကို ဆြတ္ခူးခဲ့တာပါ။

သူဟာ ၁၀ ေဒၚလာတန္ထီလက္မွတ္ကို အာနန္ေဒးလ္ Safeway Supermarket မွ အလုပ္ကအျပန္ အေအးဝင္ဝယ္ရင္း ထိုးခဲ့တာလို႔ဆိုပါတယ္။ ဆုႀကီးပန္လက္မွတ္ေရာင္းခ်လိုက္တဲ့ Safeway Supermarket ကို ထီ႐ုံးက ေဒၚလာ ၁ ေသာင္း ခ်ီးုျမႇင့္ေပးအပ္မယ္လို႔ သိရပါတယ္။

20X the Money မွာ ေဒၚလာ ၁ သန္းဆုေပါက္ဖို႔ ျဖစ္ႏိုင္ေျခအေနနဲ႔ကေတာ့ ၁,၇၅၄,၄၀၀ ႀကိမ္မွာ ၁ ႀကိမ္ျဖစ္ၿပီး ဆုတခုခုဆြတ္ခူးဖို႔ကေတာ့ ၃.၆၅ ႀကိမ္မွာ ၁ ႀကိမ္လို႔ဆိုပါတယ္။

ဆြတ္ခူးခဲ့တဲ့ ေဒၚလာ ၁ သန္းကို အျပည့္လိုခ်င္ရင္ ႏွစ္ ၃၀ ကာလအတြင္း အရစ္က်ထုတ္ရမွာျဖစ္ၿပီးတခါတည္းအျပတ္လိုခ်င္ရင္ေတာ့ ေဒၚလာ ၇၅၉၈၇၈ ထုတ္လို႔ရမယ္လို႔ ထီး႐ုံးက ေ႐ြးခ်ယ္ခြင့္ေပးေတာ့ ဟိုေဆး ဖေလာရက္စ္ ဗလက္စ္ကက္က ေဒၚလာ ၇သိန္းခြဲေက်ာ္ကို တခါတည္းအျပတ္ ထုတ္ဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ဆိုပါတယ္။

ဒီေငြနဲ႔ မိသားစုကို ကိုယ္ပိုင္လုပ္ငန္းတခုလုပ္ဖို႔ စဥ္းစားေနၿပီး မိသားစုကို လုပ္ေကြၽးျပဳစုသြားဖို႔ရွိတယ္လို႔ ဗလက္စ္ကက္က ေျပာပါတယ္။

အခုထြက္သြားတဲ့ 20X the Money ထီဖြင့္ပြဲမွာ ေဒၚလာ ၁ သန္းဆု ၃ ဆုပါဝင္ၿပီး လာမထုတ္ေသးတဲ့ ဆုတဆုရွိေနေသးတယ္လို႔ ထီ႐ုံးက ထုတ္ျပန္ထားတယ္လို႔ သိရပါတယ္။

မယ္ၿပဳံး

Ref; NBC News

Leave a Comment