လုယက်ခံရလို့ ပစ္စည်းပြန်ပေးဖို့ ဒူးထောက်လက်အုပ်ချီတောင်းပန် ပါတဲ့ငွေပေးပါ့မယ်ဆိုတဲ့ခေတ် ကြုံဖူးကြလား….

ဒီနေ့ ည၇နာရီလောက် လှိုင်သာယာ ရုံးရှေ့လမ်းဆုံ မီးပွိုင့်ပျက် ကားတွေပိတ်နေပါတယ်။ ကျနော့်ကားရှေ့မှာ အသက်၃၀လောက် ဘောင်းဘီရှည်ဝတ်မိန်းမတစ်ယောက်က လုံချီဝတ်ထားတဲ့ ယောကျ်ားတစ်ယောက်ကို လက်ဆွဲထားတယ်။

ရုံးရင်းဆန်ခတ်ပုံ ဖြစ်နေကြတာ ထိုယောကျ်ားကလမ်းဘေးကယ်ရီသမားတွေ နားရောက်သွားတော့ တစ်ယောက်ကိုလှမ်းခေါ်တယ်။

ဒီအခါမှာ မိန်းကလေးက လက်အုပ်ကလေးချီ ဒူးလေးထောက်ပြီး ငိုသံနဲ့သူ့ဖုန်းလေး ပြန်ပေးဖို့ ဒီဖုန်းနဲ့အလုပ်လုပ်နေရတာပါတဲ့။

အခုသူ့မှာ ငါးသောင်းပါပါတယ် ပေးပါမည် သူ့ဖုန်းကို ပြန်ပေးဖို့မရှက်မကြောက်တောင်းပန်နေရှာတယ်။

ခုလှိုင်သာယာမှာ ဖြစ်နေတာ လမ်းမှာဖုန်းပြောနေရင် ဆတ်ကနဲ အလုခံရပြီး လူအုပ်ကြားထဲ ပျောက်သွားတယ်။

ခုမိန်းကလေးက လူကိုချက်ချင်း ဖမ်းဆွဲထားနိုင်ပုံ ဒါပေမဲ့သူ့ဖုန်းက လက်ဆင့်ကမ်းသွားတော့ မိရာလူကိုဘဲ ဖမ်းဆွဲပြီး ငွေ၅သောင်းနဲ့လက်အုပ်ချီဒူးထောက်တောင်းပန်နေရှာတယ်။

ကျနော်လည်း ကားပိတ်တိုးနေချိန်ဝင်လည်း မပြောရဲပါဘူး ကိုယ်ကတစ်ယောက်ထဲဆိုတော့ ကြည့်ပဲနေရတော့တယ် အခြားသူတွေလည်း ဝင်မကူကြပဲ ကြည့်နေကြတာပဲ။

ရန်ကုန်မီးပွိုင့်တွေဟာ နေ့မှာတောင်းစားသူ စျေးရောင်းသူမျိုးစုံ ညမီးပျက်ချိန်မှာ ဒုစရိုက်သမားမျိုးစုံ ဘယ်သူ့ကိုမှ အားကိုးဖို့မစဉ်းစားနဲ့။

ရန်ကုန်မဟုတ်တော့ဘူး ရန်စုံဖြစ်နေပြီ ကားတစ်စီးစာနေရာလေး လှစ်ကနဲ့ပေါ်လာလို့ ကျနော်လည်း ဝူးကနဲ့မောင်းလာခဲ့တယ် မီးလင်းနေတဲ့ ဆီဆိုင်နားရောက်တော့ မော့ကြည့်လိုက်တော့ အော်…တစ်လီတာကို ၂၅၀၀လောက်ဖြစ်နေတယ်။

Zawgyi

ဒီေန႔ ည၇နာရီေလာက္ လႈိင္သာယာ ႐ုံးေရွ႕လမ္းဆုံ မီးပြိဳင့္ပ်က္ ကားေတြပိတ္ေနပါတယ္။ က်ေနာ့္ကားေရွ႕မွာ အသက္၃၀ေလာက္ ေဘာင္းဘီရွည္ဝတ္မိန္းမတစ္ေယာက္က လုံခ်ီဝတ္ထားတဲ့ ေယာက်္ားတစ္ေယာက္ကို လက္ဆြဲထားတယ္။

႐ုံးရင္းဆန္ခတ္ပုံ ျဖစ္ေနၾကတာ ထိုေယာက်္ားကလမ္းေဘးကယ္ရီသမားေတြ နားေရာက္သြားေတာ့ တစ္ေယာက္ကိုလွမ္းေခၚတယ္။

ဒီအခါမွာ မိန္းကေလးက လက္အုပ္ကေလးခ်ီ ဒူးေလးေထာက္ၿပီး ငိုသံနဲ႔သူ႔ဖုန္းေလး ျပန္ေပးဖို႔ ဒီဖုန္းနဲ႔အလုပ္လုပ္ေနရတာပါတဲ့။

အခုသူ႔မွာ ငါးေသာင္းပါပါတယ္ ေပးပါမည္ သူ႔ဖုန္းကို ျပန္ေပးဖို႔မရွက္မေၾကာက္ေတာင္းပန္ေနရွာတယ္။

ခုလႈိင္သာယာမွာ ျဖစ္ေနတာ လမ္းမွာဖုန္းေျပာေနရင္ ဆတ္ကနဲ အလုခံရၿပီး လူအုပ္ၾကားထဲ ေပ်ာက္သြားတယ္။

ခုမိန္းကေလးက လူကိုခ်က္ခ်င္း ဖမ္းဆြဲထားႏိုင္ပုံ ဒါေပမဲ့သူ႔ဖုန္းက လက္ဆင့္ကမ္းသြားေတာ့ မိရာလူကိုဘဲ ဖမ္းဆြဲၿပီး ေငြ၅ေသာင္းနဲ႔လက္အုပ္ခ်ီဒူးေထာက္ေတာင္းပန္ေနရွာတယ္။

က်ေနာ္လည္း ကားပိတ္တိုးေနခ်ိန္ဝင္လည္း မေျပာရဲပါဘူး ကိုယ္ကတစ္ေယာက္ထဲဆိုေတာ့ ၾကည့္ပဲေနရေတာ့တယ္ အျခားသူေတြလည္း ဝင္မကူၾကပဲ ၾကည့္ေနၾကတာပဲ။

ရန္ကုန္မီးပြိဳင့္ေတြဟာ ေန႔မွာေတာင္းစားသူ ေစ်းေရာင္းသူမ်ိဳးစုံ ညမီးပ်က္ခ်ိန္မွာ ဒုစ႐ိုက္သမားမ်ိဳးစုံ ဘယ္သူ႔ကိုမွ အားကိုးဖို႔မစဥ္းစားနဲ႔။

ရန္ကုန္မဟုတ္ေတာ့ဘူး ရန္စုံျဖစ္ေနၿပီ ကားတစ္စီးစာေနရာေလး လွစ္ကနဲ႔ေပၚလာလို႔ က်ေနာ္လည္း ဝူးကနဲ႔ေမာင္းလာခဲ့တယ္ မီးလင္းေနတဲ့ ဆီဆိုင္နားေရာက္ေတာ့ ေမာ့ၾကည့္လိုက္ေတာ့ ေအာ္…တစ္လီတာကို ၂၅၀၀ေလာက္ျဖစ္ေနတယ္။

Leave a Comment