ယောကျာ်းလေး (၃) ယောက် လက်ထပ်ခဲ့ကြတဲ့ ထိုင်းနိုင်ငံက ထူးထူးဆန်းဆန်း မင်္ဂလာပွဲ

တိုးတက်ပြောင်းလဲနေတဲ့ ဒီနေ့ခေတ်ကြီးမှာ ယောကျာ်းလေး အချင်းချင်း ပြန်ယူကြတယ်ဆိုတာတော့ အဆန်းမဟုတ်ပါဘူး။ ဒီနေ့ခေတ်မှာ လိင်တူချစ်သူတွေကိုလည်း ပတ်ဝန်းကျင် အသိုင်းအဝိုင်းက အရင်ခေတ်တွေကလိုမျိုး ခွဲခြားဆက်ဆံတာမျိုးတွေ မရှိတော့တာကြောင့် တော်တော်လေးကို ပွင့်လင်းနေကြပြီ ဖြစ်ပါတယ်။

ဒါ့အပြင် လိင်တူချစ်သူတွေရဲ့ လက်ထပ်မင်္ဂလာပွဲတွေကိုလည်း နိုင်ငံတော်တော်များများမှာ ကျင်းပခွင့်ပေးနေကြပြီပဲ ဖြစ်ပါတယ်။ အခုပြောပြချင်တဲ့ လိင်တူချစ်သူ မင်္ဂလာပွဲလေးကတော့ တော်တော်လေးကို ထူးဆန်းပါတယ်။ ဘာကြောင့်လို့လဲဆိုတာ့ အမျိုးသား ၃ ယောက်ရဲ့ လက်ထပ်မင်္ဂလာပွဲဖြစ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။

အဆိုပါ မင်္ဂလာပွဲကတော့ ထိုင်းနိုင်ငံ၊ Chanthaburi စီရင်စုမှာ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ အသက် ၃၀ အရွယ် အမျိုးသား James Chandmthong, အသက် ၂၂ နှစ်အရွယ် အမျိုးသား Noah Amsapchan နဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသား Nong Toei Buutawat တို့ရဲ့ မင်္ဂလာပွဲပဲ ဖြစ်ပါတယ်။

သူတို့ ၃ ဦးဟာ အဆိုပါ မင်္ဂလာပွဲကို မိဘဆွေမျိုးအသိုင်းအဝိုင်း စုံညီစွာနဲ့ ဗုဒ္ဓဘာသာ ထုံးတမ်းအစဉ်အလာအတိုင်း လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ James နဲ့ Noah တို့ကတော့ တွဲလာတာ ၇ နှစ်ရှိပါပြီ။ ဒီလိုနဲ့ ကလပ်တစ်ခုမှာ Nong ကို တွေ့မြင်ခဲ့ပြီး နှစ်ယောက်စလုံး သဘောကျခဲ့သလို Nong ကလည်း James ကော၊ Noah ကိုပါ နှစ်သက်ခဲ့တာ ဖြစ်ပါတယ်။


အဲဒီနောက်မှာတော့ ၃ ယောက်စလုံးဟာ အိမ်တစ်အိမ်ထဲမှာ အတူတူ နေခဲ့ကြတာဖြစ်ပြီး နောက်ဆုံးမှာတော့ မိဘတွေကို ဖွင့်ပြောကာ ၃ ယောက်သား လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ Nong ရဲ့ မိခင်ဖြစ်သူကလည်း သူ့ရဲ့ သားတစ်ယောက် အခုလို ခင်ပွန်း ၂ ယောက်စလုံးကို

တစ်ပြိုင်နက် ရရှိသွားတာကြောင့် တော်တော်လေးကို ပျော်နေကြောင်း သိရပါတယ်။ အခုဆိုရင်တော့ သူတို့ ၃ ယောက်စလုံးဟာ အတူတကွ နေထိုင်နေကြပြီး ပျော်ရွှင်တဲ့ ဘဝလေးကို ၃ ယောက်သားအတူတူ ဖန်တီးနေကြကြောင်း သိရပါတယ်။

Credit

Zawgyi

တိုးတက္ေျပာင္းလဲေနတဲ့ ဒီေန႔ေခတ္ႀကီးမွာ ေယာက်ာ္းေလး အခ်င္းခ်င္း ျပန္ယူၾကတယ္ဆိုတာေတာ့ အဆန္းမဟုတ္ပါဘူး။ ဒီေန႔ေခတ္မွာ လိင္တူခ်စ္သူေတြကိုလည္း ပတ္ဝန္းက်င္ အသိုင္းအဝိုင္းက အရင္ေခတ္ေတြကလိုမ်ိဳး ခြဲျခားဆက္ဆံတာမ်ိဳးေတြ မရွိေတာ့တာေၾကာင့္ ေတာ္ေတာ္ေလးကို ပြင့္လင္းေနၾကၿပီ ျဖစ္ပါတယ္။

ဒါ့အျပင္ လိင္တူခ်စ္သူေတြရဲ႕ လက္ထပ္မဂၤလာပြဲေတြကိုလည္း ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ က်င္းပခြင့္ေပးေနၾကၿပီပဲ ျဖစ္ပါတယ္။ အခုေျပာျပခ်င္တဲ့ လိင္တူခ်စ္သူ မဂၤလာပြဲေလးကေတာ့ ေတာ္ေတာ္ေလးကို ထူးဆန္းပါတယ္။ ဘာေၾကာင့္လို႔လဲဆိုတာ့ အမ်ိဳးသား ၃ ေယာက္ရဲ႕ လက္ထပ္မဂၤလာပြဲျဖစ္ေနတာေၾကာင့္ပဲ ျဖစ္ပါတယ္။

အဆိုပါ မဂၤလာပြဲကေတာ့ ထိုင္းႏိုင္ငံ၊ Chanthaburi စီရင္စုမွာ က်င္းပခဲ့တာပဲ ျဖစ္ပါတယ္။ အသက္ ၃၀ အ႐ြယ္ အမ်ိဳးသား James Chandmthong, အသက္ ၂၂ ႏွစ္အ႐ြယ္ အမ်ိဳးသား Noah Amsapchan နဲ႔ အသက္ ၂၄ ႏွစ္အ႐ြယ္ အမ်ိဳးသား Nong Toei Buutawat တို႔ရဲ႕ မဂၤလာပြဲပဲ ျဖစ္ပါတယ္။

သူတို႔ ၃ ဦးဟာ အဆိုပါ မဂၤလာပြဲကို မိဘေဆြမ်ိဳးအသိုင္းအဝိုင္း စုံညီစြာနဲ႔ ဗုဒၶဘာသာ ထုံးတမ္းအစဥ္အလာအတိုင္း လက္ထပ္ခဲ့ၾကတာ ျဖစ္ပါတယ္။ James နဲ႔ Noah တို႔ကေတာ့ တြဲလာတာ ၇ ႏွစ္ရွိပါၿပီ။ ဒီလိုနဲ႔ ကလပ္တစ္ခုမွာ Nong ကို ေတြ႕ျမင္ခဲ့ၿပီး ႏွစ္ေယာက္စလုံး သေဘာက်ခဲ့သလို Nong ကလည္း James ေကာ၊ Noah ကိုပါ ႏွစ္သက္ခဲ့တာ ျဖစ္ပါတယ္။

အဲဒီေနာက္မွာေတာ့ ၃ ေယာက္စလုံးဟာ အိမ္တစ္အိမ္ထဲမွာ အတူတူ ေနခဲ့ၾကတာျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ မိဘေတြကို ဖြင့္ေျပာကာ ၃ ေယာက္သား လက္ထပ္ခဲ့ၾကတာ ျဖစ္ပါတယ္။ Nong ရဲ႕ မိခင္ျဖစ္သူကလည္း သူ႔ရဲ႕ သားတစ္ေယာက္ အခုလို ခင္ပြန္း ၂ ေယာက္စလုံးကို

တစ္ၿပိဳင္နက္ ရရွိသြားတာေၾကာင့္ ေတာ္ေတာ္ေလးကို ေပ်ာ္ေနေၾကာင္း သိရပါတယ္။ အခုဆိုရင္ေတာ့ သူတို႔ ၃ ေယာက္စလုံးဟာ အတူတကြ ေနထိုင္ေနၾကၿပီး ေပ်ာ္႐ႊင္တဲ့ ဘဝေလးကို ၃ ေယာက္သားအတူတူ ဖန္တီးေနၾကေၾကာင္း သိရပါတယ္။

Credit

Leave a Comment