အုပ်နှစ်ချပ်လပ်ဘုရားနှင့် ရွှေဖျင်းညီနောင်သမိုင်း

ပုဂံခေတ် ခရစ်သက္ကရာဇ် ၁၀၄၄ ခု တွင် အိန္ဒိယပြည်မှ ကုလား သင်္ဘောသား နှစ်ဦး သည် ၎င်းတို့စီးနင်းလာသော သင်္ဘောပျက်ရာမှ ပျဉ်ချပ်တစ်ချပ် ကို အမှီပြု၍ အသက်ဘေးမှလွတ်ကာသထုံမြို့ကိုရောက်ရှိခဲ့လေသည်။

(မလေးရှား နိုင်ငံ ပီနန်ကျွန်း မှဟုလည်းဆိုကြသည်။)ထို့နောက် သထုံမြို့ရှိ မနူဟာမင်းဆရာတော်(ဗားမဲ့ဆရာတော် ဝိနာယ)၏ဘုန်းကြီးကျောင်း တစ်ခုတွင် ဝင်ရောက်ခိုလှုံနေထိုင်ခဲ့ကြသည်။

ဆရာတော်မှ ဗျတ်ဝိ ဗျတ္တ ဟုနာမည်ပေးကာကပိယအဖြစ် ကောက်ယူမွေးစားခဲ့သည်။တစ်နေ့သော် ကျောင်းထိုင်ဆရာတော်မရှိခိုက်ထိုညီနောင်နှစ်ယောက်သည် ဗိုက်ဆာ၍ ဆရာတော်သိမ်းထားသော ဇော်ဂျီဖိုဝင်သားကို ခိုးစားပြီး ကာယသိဒ္ဓိပီးမြောက်ကာ ကြီးစွာသောခွန်အားကို ရရှိခဲ့လေသည်။

 

ဆင်ပြောင်ဆယ်စီးအားမာန်ကြီးပြီး ဓားပြီးလှံပြီး ကြလေတော့သည်။ကုလားညီနောင်နှစ်ယောက်လည်း ခိုးစားပြီးကာမှ ဆရာတော်ပြန်လာလျှင် အရိုက်ခံရမှာကြောက်၍ ကျောင်းမှထွက်ပြေးကာ သထုံမြို့ထဲသို့ သွားရောက်နေထိုင်ခဲ့သည်။

ညီနောင်နှစ်ယောက်ရဲ့စွမ်းအားဟာ သထုံမြို့ထဲမှာ ကျော်ကြားလာပြီးအကိုဖြစ်သူ ဗျတ်ဝိဟာ သထုံမြို့သူ မအိုဇာနှင့် ချစ်ကြိုးသွယ်မိခဲ့လေသည်။

ထိုညီနောင်နှစ်ဦးသတင်းကို သထုံဘုရင်မနူဟာ လည်းကြားသိကာ မိမိထီးနန်းလုမည်စိုး၍ ရဲမက်တို့အားဖမ်းဆီးသုတ်သင်စေခဲ့သည်။ရဲမက်တို့လည်း ကာယသိဒ္ဓိပီးမြောက်နေသော ညီနောင်နှစ်ဦးအားလုံးဝမဖမ်းနိုင်ခဲ့ဘူး ။

သို့သော်တစ်ရက်မှာတော့….

 

အကိုဖြစ်သူ ဗျတ်ဝိဟာ မအိုဇာလေးနှင့် ချိန်းတွေ့ချိန် ရဲမက်တို့ အဝိုင်းခံရလေသည် တကိုယ်ရည်ပြေးက လွတ်န်ိုင်ပေမဲ့ ရဲမက်များက မအိုဇာလေးအားလည်း ဖမ်းဆီးထားသည်ကို မကြည့်ရက်၍ ဗျတ်ဝိတယောက် သူကိုယ်တိုင် အဖမ်းခံကာ မအိုဇာအား လွတ်ပေးစေခဲ့သည်

ဖမ်းမိသောဗျတ်ဝိအား ဒုတ်ဓါးတို့ဖြင့် လုပ်ကြံသတ်ဖြတ် ကြသော်လည်းကာယသိဒ္ဓိ ပြီးမြောက်နေသောကြောင့် ဓါးဖြင့်ထိုးက ဓါးကွေးပြီး လှံနှင့်ထိုးက လှံကျိုးကာဘယ်လိုမှ သတ်၍ မသေဘဲဖြစ်နေလေသည်။

ထိုအခါမြို့ဝန်မင်းက ပရိယာယ်သုံးကာ ဗျတ်ဝိအား မင်းကိုငါတို့ဖမ်းချင်လို့ မအိုဇာကို ချစ်ဟန်ဆောင် ခိုင်းကာ ထောင်ဖမ်းခြင်း ဖြစ်တယ်လို့ဆိုလေသည်။ ဗျတ်ဝိမှာ ထို စကားကြားကာ စိတ်ထိခိုက်ပီး နောက်ဆုံး မအိုဇာလေးနဲ့ တွေ့ချင်ကြောင်းနှင့် သူမက သူ့အား မချစ်ခဲ့ဘူးဆိုလျှင်နောက်ဆုံးအနေနဲ့ကွမ်းတစ်ယာ ရေတစ်မုတ်ဖြင့် လာဆက်သတာလေး ခံယူကာ အကျွန်ုပ်စိတ် လျှော့ပါမည် ဟု ဆိုလေသည်။

သထုံမြို့ဝန်ကလည်းသူ့ပရိယာယ်ထဲ ဝင်လာသော ဗျတ်ဝိအား သတ်နိုင်ရန် မအိုဇာကိုလည်း ပရိယာယ် ထပ်သုံးကာ ဗျတ်ဝိက တကယ်ချစ်ပါလျှင် ကွမ်းတစ်ယာ ရေတစ်မုတ် လာဆက်ပါ ဟုလိမ်လည် ပြောကြားလေသည် ။

မအိုဇာလည်း မြို့ဝန်မင်း ပြောသည်ကိုအဟုတ်ထင်၍ ချစ်သက်သေ ကွမ်းတစ်ယာ ရေတစ်မုတ်ကို အပြေးလေး သွားရောက် ဆက်သလေသည်။

ဗျတ်ဝိလည်း မြို့ဝန်မင်း မာယာထဲတွင် ထပ်ခါကျွံဝင်ကာ ချစ်သူ လာဆက်သသော ကွမ်းတယာ ရေတစ်မုတ်ကို စားသောက်ပြီး စိတ်ဖြေလျှော့လိုက်သည်နှင့် ချက်ချင်း ဝိုင်း သတ်ဖြတ်ကြရာ ဗျတ်ဝိလည်း သေပွဲ ဝင်သွားရရှာလေသည်။

ထို့နောက် ဗျတ်ဝိအလောင်းကိုဆေးဝါးမန္တန်များ စီရင်ပြီး အူအသဲ သွေး နှလုံး ရုပ်ခန္ဓာအား လေးပိုင်း ပိုင်းကာ သထုံနန်းမြို့ရိုး ဒေါင့် လေးဒေါင့်တွင် မြှပ်နှံကာ အစီအရင်များဖြင့် ဗျတ်ဝိအား နန်းမြို့အစောင့်အဖြစ်ထားရှိခဲ့လေသည်။ဗျတ်ဝိ၏ သွေးကို မြို့တစ်ပါတ် ဖြန်းခဲ့ရာ တစ်ပါတ်မပါတ်မိပဲ ကြက်မတစ်ဝတ်စာ လွတ်နေသည်ဟု ဆိုကြသည်။

ဗျတ္တလည်း အကိုဖြစ်သူ သေသည်ကိုသတင်းကြားသည်နှင့် ပုဂံသို့ထွက်ပြေးကာ ကျန်စစ်သားလက်အောက်တွင် အနော်ရထာအတွက် ပန်းဆက်အဖြစ်အမှုထမ်းရင်း မင်းမှု့ထမ်းများကို ဓားခုတ် လှံထိုး မြင်းစီး အတတ်များသင်ကြားပေးသည်။

ဒီလိုနဲ့ ပုဂံနှင့်ပုပ္ပါး အသွားအပြန် ပန်းတော်ဆက်ရင်း ပုပ္ပါးသူ မယ်ဝဏ္ဏနှင့် အိမ်ထောင်ကျသည်။ မယ်ဝဏ္ဏသည်တောက် ပသော ရွှေရောင်အသားအရည် ရှိပြီး ပန်းတစ်မျိုးတည်းသာ
စားသောက်သဖြင့် “ပန်းစားဘီလူးမ”ဟုယူဆကြသည်။

(ယနေ့ခေတ်သုသေသီတို့ကမူ မြန်မာလူမျိုးတို့ မဖြစ်ပေါ်မီ ရှိခဲ့သော အက်စ်တ်ရိုလွိုက်(Austroloid) အဆက်အနွယ်ဟုယူဆကြသည်။)

မယ်ဝဏ္ဏနှင့် အိမ်ထောင်ကျပြီး သားနှစ်ယောက် ထွန်းကားခဲ့သည်။အနော်ရထာမင်းကြီးက ကလေးများရေသုံးရန် ရွှေဖျဉ်းအိုးမြှင့်ခဲ့သဖြင့် ရွှေဖျဉ်းကြီး ရွှေဖျင်းလေးဟု အမည်ပေးခဲ့လေသည်။ အရွယ်ရောက်သောအခါ စောလူးမင်းနှင့်ကစားဖော် ကစားဖက်များဖြစ်လာသည်။

အနော်ရထာမင်းကြီးတပ်တော်တွင် အမှုထမ်းရင်း ဗျတ္တ ကျဆုံးသွားသောအခါ သားနှစ်ပါးကို သူရဲကောင်းအဖြစ် အနော်ရထာမင်းကြီးက ခေါ်ယူမြှောက်စားခဲ့သည်။

အနော်ရထာမင်းကြီးတရုတ်ပြည်သို့စွယ်တော်ပင့်ရန် သွားရောက်သည့်အခါ တရုတ်ဘုရင်ဦးတည်ဘွားက ခရီးဦးကြိုမပြု ထွက်မတွေ့ဘဲနေသည်။ထိုအခါ အနော်ရထာမင်းကြီးသည်” ငါသို့သောမင်းအား မဖူးမမြင်၊မလေးမစား ဆက်ဆံလေရသလားဟု ပြင်းစွာအမျက်ထွက်လေသည်။

ညသို့ရောက်သောအခါ ရွှေဖျင်းညီနောင်(မင်းကြီး၊မင်းလေး)အား ခေါ်၍ ဦးတည်ဘွားအိပ်သောနန်းသို့ ဝင်စေပီးလျှင် ဦးတည်ဘွား၏ဗိုက်အား ထုံးသုံးတန်တားခဲ့ပြီး နံရံတွင်လည်း မိုးသောက်လျှင် အနော်ရထာမင်းစောအား မဖူးမြှော်လျှင် ဤအတိုင်း ခုတ်ပိုင်းပစ်မည် ဟု ရေးသားခိုင်းလေသည်။

နံနက်ရောက်သော် ဗိုက်တွင်ထုံးသုံးတန်၊နံရံမှစာများကိုမြင်ပြီး ဦးတည်ဘွားမှာလည်း ကြောက်ရွံ့လေသောကြောင့် မှူးမတ်အပေါင်းခြံရံလျက် ထွက်ရောက်ဖူးမြှော်လေသည်။ဦးတည်ဘွားက စွယ်တော်ပွါးနှင့် သိကြားမင်းပေးအပ်သော မြဘုရားအား ကိုးကွယ်စေရန် အနော်ရထာမင်းကြီးအား ပေးအပ်လိုက်လေသည်။

အနော်ရထာမင်းကြီးသည် ဗုဒ္ဓစွယ်တော်မြတ်ပွားကို ကိုယ်တိုင် သွားရောက်ပင့်ဆောင်ခဲ့ရာ ပင့်ဆောင်လာသော ဖောင်တော်မှာ ယခုတောင်ပြုန်းဟု ခေါ်ဆိုသော အရပ်တွင် ရပ်တန့်ခဲ့ခြင်းကြောင့် အနော်ရထာမင်းကြီးက ၎င်းနေရာတွင် ဘုရားတည်ရန် ဆုံးဖြတ်ခဲ့သည်။

ဘုရားတည်သောအခါ အနော်ရထာမင်းကြီးက လူတစ်ဦးလျှင် အုတ်တစ်ချပ်၊ သဲတစ်ဆုပ် ပါဝင်လှူဒါန်းကြရန်မိန့်တော်မူခဲ့သည်။ ရွှေဖျင်းညီနောင်သည် အနော်ရထာမင်းကြီး၏ ချီးမြှင့်မြှောက်စားထားမှုကြောင့်သောက်စားမူးယစ်ကာ အချိန်ကုန်နေသောကြောင့် အုတ်တစ်ချပ်၊ သဲတစ်ဆုပ် မလှူဖြစ်ဘဲရှိနေသည်။

ဘုရားပြီးစီးသောအခါ အနော်ရထာမင်းကြီး လာရောက်ဖူးမြော်စဉ် ဘုရားရှေ့တည့်တည့်၌ အုတ်နှစ်ချပ် လပ်ဟနေသည်ကို တွေ့မြင်သွားပြီး ထိုအုတ်နှစ်ချပ် ပျက်ကွက်သူများကိုအပြစ်ပေးရန် မှူးမတ်များကို အမိန့်ပေးခဲ့လိုက်လေသည်။ဘုရင့်အမိန့်ကို အကြောင်းပြပြီး မနာလိုသောမင်းမှု့ထမ်းများက ညီနောင်နှစ်ပါးကို လည်မြိုကို ဝါးရင်းတုတ် ဖြင့်ရိုက်သတ်သောကြောင့် သေဆုံးသွားခဲ့ရလေသည်။

တစ်နေ့သော် အနော်ရထာမင်းကြီး ဖေါင်တော်ဖြင့် တိုင်းခန်းလှည့်လည်စဉ် ဖေါင်တော်မှာ ရပ်တန့်၍ မသွားဘဲရှိနေသည်။
ဟူးရားဖြူ/ညို တို့အား မေးမြန်းလေရာ ထိုညီနောင်သည် နတ်စိမ်းဖြစ်ပြီး ဆွဲထားလေသည်ဟု လျှောက်တင်လေသည်။

အနော်ရထာမင်းကြီးက အုတ်နှစ်ချပ်လပ်နေသော ဆုတောင်းပြည့်စေတီတော် ယခု တောင်ပြုန်းနယ်ကို အပိုင်စားပေးခဲ့သည်။
ထိုဆုတောင်းပြည့်ဘုရားအနီးတွင် နတ်ကွန်း၊နတ်နန်တည်ဆောက်ပေး၍ ထိုအရပ်မှလူများအား ပူဇော်စေလေတော့သည်။

ထိုအချိန်မှစ၍ မြန်မာနိုင်ငံတွင် ရွှေဖျင်းညီနောင်(မင်းကြီး၊မင်းလေး)နတ်ဟု ထင်ရှားလာလေတော့သည်။

မူရင်းရေးသားသူ များကိုလေးစားစွာ Credit ပေးပါတယ်ဗျ

Zawgyi

ပုဂံေခတ္ ခရစ္သကၠရာဇ္ ၁၀၄၄ ခု တြင္ အိႏၵိယျပည္မွ ကုလား သေဘၤာသား ႏွစ္ဦး သည္ ၎တို႔စီးနင္းလာေသာ သေဘၤာပ်က္ရာမွ ပ်ဥ္ခ်ပ္တစ္ခ်ပ္ ကို အမွီျပဳ၍ အသက္ေဘးမွလြတ္ကာသထုံၿမိဳ႕ကိုေရာက္ရွိခဲ့ေလသည္။

(မေလးရွား ႏိုင္ငံ ပီနန္ကြၽန္း မွဟုလည္းဆိုၾကသည္။)ထို႔ေနာက္ သထုံၿမိဳ႕ရွိ မႏူဟာမင္းဆရာေတာ္(ဗားမဲ့ဆရာေတာ္ ဝိနာယ)၏ဘုန္းႀကီးေက်ာင္း တစ္ခုတြင္ ဝင္ေရာက္ခိုလႈံေနထိုင္ခဲ့ၾကသည္။

ဆရာေတာ္မွ ဗ်တ္ဝိ ဗ်တၱ ဟုနာမည္ေပးကာကပိယအျဖစ္ ေကာက္ယူေမြးစားခဲ့သည္။တစ္ေန႔ေသာ္ ေက်ာင္းထိုင္ဆရာေတာ္မရွိခိုက္ထိုညီေနာင္ႏွစ္ေယာက္သည္ ဗိုက္ဆာ၍ ဆရာေတာ္သိမ္းထားေသာ ေဇာ္ဂ်ီဖိုဝင္သားကို ခိုးစားၿပီး ကာယသိဒၶိပီးေျမာက္ကာ ႀကီးစြာေသာခြန္အားကို ရရွိခဲ့ေလသည္။

ဆင္ေျပာင္ဆယ္စီးအားမာန္ႀကီးၿပီး ဓားၿပီးလွံၿပီး ၾကေလေတာ့သည္။ကုလားညီေနာင္ႏွစ္ေယာက္လည္း ခိုးစားၿပီးကာမွ ဆရာေတာ္ျပန္လာလွ်င္ အ႐ိုက္ခံရမွာေၾကာက္၍ ေက်ာင္းမွထြက္ေျပးကာ သထုံၿမိဳ႕ထဲသို႔ သြားေရာက္ေနထိုင္ခဲ့သည္။

ညီေနာင္ႏွစ္ေယာက္ရဲ႕စြမ္းအားဟာ သထုံၿမိဳ႕ထဲမွာ ေက်ာ္ၾကားလာၿပီးအကိုျဖစ္သူ ဗ်တ္ဝိဟာ သထုံၿမိဳ႕သူ မအိုဇာႏွင့္ ခ်စ္ႀကိဳးသြယ္မိခဲ့ေလသည္။

ထိုညီေနာင္ႏွစ္ဦးသတင္းကို သထုံဘုရင္မႏူဟာ လည္းၾကားသိကာ မိမိထီးနန္းလုမည္စိုး၍ ရဲမက္တို႔အားဖမ္းဆီးသုတ္သင္ေစခဲ့သည္။ရဲမက္တို႔လည္း ကာယသိဒၶိပီးေျမာက္ေနေသာ ညီေနာင္ႏွစ္ဦးအားလုံးဝမဖမ္းႏိုင္ခဲ့ဘူး ။

သို႔ေသာ္တစ္ရက္မွာေတာ့….

အကိုျဖစ္သူ ဗ်တ္ဝိဟာ မအိုဇာေလးႏွင့္ ခ်ိန္းေတြ႕ခ်ိန္ ရဲမက္တို႔ အဝိုင္းခံရေလသည္ တကိုယ္ရည္ေျပးက လြတ္န္ိုင္ေပမဲ့ ရဲမက္မ်ားက မအိုဇာေလးအားလည္း ဖမ္းဆီးထားသည္ကို မၾကည့္ရက္၍ ဗ်တ္ဝိတေယာက္ သူကိုယ္တိုင္ အဖမ္းခံကာ မအိုဇာအား လြတ္ေပးေစခဲ့သည္

ဖမ္းမိေသာဗ်တ္ဝိအား ဒုတ္ဓါးတို႔ျဖင့္ လုပ္ႀကံသတ္ျဖတ္ ၾကေသာ္လည္းကာယသိဒၶိ ၿပီးေျမာက္ေနေသာေၾကာင့္ ဓါးျဖင့္ထိုးက ဓါးေကြးၿပီး လွံႏွင့္ထိုးက လွံက်ိဳးကာဘယ္လိုမွ သတ္၍ မေသဘဲျဖစ္ေနေလသည္။

ထိုအခါၿမိဳ႕ဝန္မင္းက ပရိယာယ္သုံးကာ ဗ်တ္ဝိအား မင္းကိုငါတို႔ဖမ္းခ်င္လို႔ မအိုဇာကို ခ်စ္ဟန္ေဆာင္ ခိုင္းကာ ေထာင္ဖမ္းျခင္း ျဖစ္တယ္လို႔ဆိုေလသည္။ ဗ်တ္ဝိမွာ ထို စကားၾကားကာ စိတ္ထိခိုက္ပီး ေနာက္ဆုံး မအိုဇာေလးနဲ႔ ေတြ႕ခ်င္ေၾကာင္းႏွင့္ သူမက သူ႔အား မခ်စ္ခဲ့ဘူးဆိုလွ်င္ေနာက္ဆုံးအေနနဲ႔ကြမ္းတစ္ယာ ေရတစ္မုတ္ျဖင့္ လာဆက္သတာေလး ခံယူကာ အကြၽႏ္ုပ္စိတ္ ေလွ်ာ့ပါမည္ ဟု ဆိုေလသည္။

သထုံၿမိဳ႕ဝန္ကလည္းသူ႔ပရိယာယ္ထဲ ဝင္လာေသာ ဗ်တ္ဝိအား သတ္ႏိုင္ရန္ မအိုဇာကိုလည္း ပရိယာယ္ ထပ္သုံးကာ ဗ်တ္ဝိက တကယ္ခ်စ္ပါလွ်င္ ကြမ္းတစ္ယာ ေရတစ္မုတ္ လာဆက္ပါ ဟုလိမ္လည္ ေျပာၾကားေလသည္ ။

မအိုဇာလည္း ၿမိဳ႕ဝန္မင္း ေျပာသည္ကိုအဟုတ္ထင္၍ ခ်စ္သက္ေသ ကြမ္းတစ္ယာ ေရတစ္မုတ္ကို အေျပးေလး သြားေရာက္ ဆက္သေလသည္။

ဗ်တ္ဝိလည္း ၿမိဳ႕ဝန္မင္း မာယာထဲတြင္ ထပ္ခါကြၽံဝင္ကာ ခ်စ္သူ လာဆက္သေသာ ကြမ္းတယာ ေရတစ္မုတ္ကို စားေသာက္ၿပီး စိတ္ေျဖေလွ်ာ့လိုက္သည္ႏွင့္ ခ်က္ခ်င္း ဝိုင္း သတ္ျဖတ္ၾကရာ ဗ်တ္ဝိလည္း ေသပြဲ ဝင္သြားရရွာေလသည္။

ထို႔ေနာက္ ဗ်တ္ဝိအေလာင္းကိုေဆးဝါးမႏၲန္မ်ား စီရင္ၿပီး အူအသဲ ေသြး ႏွလုံး ႐ုပ္ခႏၶာအား ေလးပိုင္း ပိုင္းကာ သထုံနန္းၿမိဳ႕႐ိုး ေဒါင့္ ေလးေဒါင့္တြင္ ျမႇပ္ႏွံကာ အစီအရင္မ်ားျဖင့္ ဗ်တ္ဝိအား နန္းၿမိဳ႕အေစာင့္အျဖစ္ထားရွိခဲ့ေလသည္။ဗ်တ္ဝိ၏ ေသြးကို ၿမိဳ႕တစ္ပါတ္ ျဖန္းခဲ့ရာ တစ္ပါတ္မပါတ္မိပဲ ၾကက္မတစ္ဝတ္စာ လြတ္ေနသည္ဟု ဆိုၾကသည္။

ဗ်တၱလည္း အကိုျဖစ္သူ ေသသည္ကိုသတင္းၾကားသည္ႏွင့္ ပုဂံသို႔ထြက္ေျပးကာ က်န္စစ္သားလက္ေအာက္တြင္ အေနာ္ရထာအတြက္ ပန္းဆက္အျဖစ္အမႈထမ္းရင္း မင္းမႈ႕ထမ္းမ်ားကို ဓားခုတ္ လွံထိုး ျမင္းစီး အတတ္မ်ားသင္ၾကားေပးသည္။

ဒီလိုနဲ႔ ပုဂံႏွင့္ပုပၸါး အသြားအျပန္ ပန္းေတာ္ဆက္ရင္း ပုပၸါးသူ မယ္ဝဏၰႏွင့္ အိမ္ေထာင္က်သည္။ မယ္ဝဏၰသည္ေတာက္ ပေသာ ေ႐ႊေရာင္အသားအရည္ ရွိၿပီး ပန္းတစ္မ်ိဳးတည္းသာ
စားေသာက္သျဖင့္ “ပန္းစားဘီလူးမ”ဟုယူဆၾကသည္။

(ယေန႔ေခတ္သုေသသီတို႔ကမူ ျမန္မာလူမ်ိဳးတို႔ မျဖစ္ေပၚမီ ရွိခဲ့ေသာ အက္စ္တ္႐ိုလြိဳက္(Austroloid) အဆက္အႏြယ္ဟုယူဆၾကသည္။)

မယ္ဝဏၰႏွင့္ အိမ္ေထာင္က်ၿပီး သားႏွစ္ေယာက္ ထြန္းကားခဲ့သည္။အေနာ္ရထာမင္းႀကီးက ကေလးမ်ားေရသုံးရန္ ေ႐ႊဖ်ဥ္းအိုးျမႇင့္ခဲ့သျဖင့္ ေ႐ႊဖ်ဥ္းႀကီး ေ႐ႊဖ်င္းေလးဟု အမည္ေပးခဲ့ေလသည္။ အ႐ြယ္ေရာက္ေသာအခါ ေစာလူးမင္းႏွင့္ကစားေဖာ္ ကစားဖက္မ်ားျဖစ္လာသည္။

အေနာ္ရထာမင္းႀကီးတပ္ေတာ္တြင္ အမႈထမ္းရင္း ဗ်တၱ က်ဆုံးသြားေသာအခါ သားႏွစ္ပါးကို သူရဲေကာင္းအျဖစ္ အေနာ္ရထာမင္းႀကီးက ေခၚယူေျမႇာက္စားခဲ့သည္။

အေနာ္ရထာမင္းႀကီးတ႐ုတ္ျပည္သို႔စြယ္ေတာ္ပင့္ရန္ သြားေရာက္သည့္အခါ တ႐ုတ္ဘုရင္ဦးတည္ဘြားက ခရီးဦးႀကိဳမျပဳ ထြက္မေတြ႕ဘဲေနသည္။ထိုအခါ အေနာ္ရထာမင္းႀကီးသည္” ငါသို႔ေသာမင္းအား မဖူးမျမင္၊မေလးမစား ဆက္ဆံေလရသလားဟု ျပင္းစြာအမ်က္ထြက္ေလသည္။

ညသို႔ေရာက္ေသာအခါ ေ႐ႊဖ်င္းညီေနာင္(မင္းႀကီး၊မင္းေလး)အား ေခၚ၍ ဦးတည္ဘြားအိပ္ေသာနန္းသို႔ ဝင္ေစပီးလွ်င္ ဦးတည္ဘြား၏ဗိုက္အား ထုံးသုံးတန္တားခဲ့ၿပီး နံရံတြင္လည္း မိုးေသာက္လွ်င္ အေနာ္ရထာမင္းေစာအား မဖူးေျမႇာ္လွ်င္ ဤအတိုင္း ခုတ္ပိုင္းပစ္မည္ ဟု ေရးသားခိုင္းေလသည္။

နံနက္ေရာက္ေသာ္ ဗိုက္တြင္ထုံးသုံးတန္၊နံရံမွစာမ်ားကိုျမင္ၿပီး ဦးတည္ဘြားမွာလည္း ေၾကာက္႐ြံ႕ေလေသာေၾကာင့္ မႉးမတ္အေပါင္းၿခံရံလ်က္ ထြက္ေရာက္ဖူးေျမႇာ္ေလသည္။ဦးတည္ဘြားက စြယ္ေတာ္ပြါးႏွင့္ သိၾကားမင္းေပးအပ္ေသာ ျမဘုရားအား ကိုးကြယ္ေစရန္ အေနာ္ရထာမင္းႀကီးအား ေပးအပ္လိုက္ေလသည္။

အေနာ္ရထာမင္းႀကီးသည္ ဗုဒၶစြယ္ေတာ္ျမတ္ပြားကို ကိုယ္တိုင္ သြားေရာက္ပင့္ေဆာင္ခဲ့ရာ ပင့္ေဆာင္လာေသာ ေဖာင္ေတာ္မွာ ယခုေတာင္ျပဳန္းဟု ေခၚဆိုေသာ အရပ္တြင္ ရပ္တန္႔ခဲ့ျခင္းေၾကာင့္ အေနာ္ရထာမင္းႀကီးက ၎ေနရာတြင္ ဘုရားတည္ရန္ ဆုံးျဖတ္ခဲ့သည္။

ဘုရားတည္ေသာအခါ အေနာ္ရထာမင္းႀကီးက လူတစ္ဦးလွ်င္ အုတ္တစ္ခ်ပ္၊ သဲတစ္ဆုပ္ ပါဝင္လႉဒါန္းၾကရန္မိန္႔ေတာ္မူခဲ့သည္။ ေ႐ႊဖ်င္းညီေနာင္သည္ အေနာ္ရထာမင္းႀကီး၏ ခ်ီးျမႇင့္ေျမႇာက္စားထားမႈေၾကာင့္ေသာက္စားမူးယစ္ကာ အခ်ိန္ကုန္ေနေသာေၾကာင့္ အုတ္တစ္ခ်ပ္၊ သဲတစ္ဆုပ္ မလႉျဖစ္ဘဲရွိေနသည္။

ဘုရားၿပီးစီးေသာအခါ အေနာ္ရထာမင္းႀကီး လာေရာက္ဖူးေျမာ္စဥ္ ဘုရားေရွ႕တည့္တည့္၌ အုတ္ႏွစ္ခ်ပ္ လပ္ဟေနသည္ကို ေတြ႕ျမင္သြားၿပီး ထိုအုတ္ႏွစ္ခ်ပ္ ပ်က္ကြက္သူမ်ားကိုအျပစ္ေပးရန္ မႉးမတ္မ်ားကို အမိန္႔ေပးခဲ့လိုက္ေလသည္။ဘုရင့္အမိန္႔ကို အေၾကာင္းျပၿပီး မနာလိုေသာမင္းမႈ႕ထမ္းမ်ားက ညီေနာင္ႏွစ္ပါးကို လည္ၿမိဳကို ဝါးရင္းတုတ္ ျဖင့္႐ိုက္သတ္ေသာေၾကာင့္ ေသဆုံးသြားခဲ့ရေလသည္။

တစ္ေန႔ေသာ္ အေနာ္ရထာမင္းႀကီး ေဖါင္ေတာ္ျဖင့္ တိုင္းခန္းလွည့္လည္စဥ္ ေဖါင္ေတာ္မွာ ရပ္တန္႔၍ မသြားဘဲရွိေနသည္။
ဟူးရားျဖဴ/ညိဳ တို႔အား ေမးျမန္းေလရာ ထိုညီေနာင္သည္ နတ္စိမ္းျဖစ္ၿပီး ဆြဲထားေလသည္ဟု ေလွ်ာက္တင္ေလသည္။

အေနာ္ရထာမင္းႀကီးက အုတ္ႏွစ္ခ်ပ္လပ္ေနေသာ ဆုေတာင္းျပည့္ေစတီေတာ္ ယခု ေတာင္ျပဳန္းနယ္ကို အပိုင္စားေပးခဲ့သည္။
ထိုဆုေတာင္းျပည့္ဘုရားအနီးတြင္ နတ္ကြန္း၊နတ္နန္တည္ေဆာက္ေပး၍ ထိုအရပ္မွလူမ်ားအား ပူေဇာ္ေစေလေတာ့သည္။

ထိုအခ်ိန္မွစ၍ ျမန္မာႏိုင္ငံတြင္ ေ႐ႊဖ်င္းညီေနာင္(မင္းႀကီး၊မင္းေလး)နတ္ဟု ထင္ရွားလာေလေတာ့သည္။

မူရင္းေရးသားသူ မ်ားကိုေလးစားစြာ Credit ေပးပါတယ္ဗ်

Leave a Comment