မွေးကတည်းက သွားလေးချောင်းပါလာတဲ့ ကလေးနဲ့ ဘီလူးနက္ခတ် (အယူသီးခြင်းရဲ့ နောက်ကွယ်)

မွေးကတည်းက သွားလေးချောင်းပါလာတဲ့ ကလေးနဲ့ ဘီလူးနက္ခတ် (အယူသီးခြင်းရဲ့ နောက်ကွယ်)

၁၉၈၀ ဝန်းကျင်ခန့်က ဖြစ်သည်။ တောင်ပေါ်ဒေသ၏ အေးချမ်းသော ရာသီဥတုအရှိန်က အရိုးကွဲမတတ် အေးလှသည်။ မီးလင်းဖိုလေးနဘေးတွင် မွေးကင်းစကလေးငယ်ကို ရင်ခွင်ပိုက်ပြီး မီးနေသည် ဇနီး၏ အရှေ့၌ ဒူးထောက်ငိုကြွေးနေသော ယောက်ျားတစ်ယောက်။ ဝမ်းထဲက ကျွတ်ကျွတ်ခြင်းပင် နို့ဆာ၍ ငိုနေသော ကလေးငယ်ကို ပိုက်ထားသော လင်ယောက်ျားဖြစ်သူ ကိုထွန်းဝေက ငိုကြွေးရင်း ဇနီးဖြစ်သူကို တောင်းပန်တိုးလျှိုးနေသည်။

” ခင်မေ ကိုယ်တောင်းပန်ပါတယ် သမီးလေးကို နို့တိုက်ပေးပါကွာ။ သမီးလေးက မင်းရဲ့သမီးလေးပါကွာ ”

လက်သည်မိန်းမကြီးနှင့် အနီးအနားက မိန်းမကြီး ၃ ယောက်က ကျွန်ုပ်၏ အဖြစ်အပျက်ကိုကြည့်၍ စိတ်မကောင်းဖြစ်ရုံလွဲ၍ ဘာမှဝင်မပြောနိုင်ချေ။ ” မွေးကတည်းက သွားလေးချောင်းပါလာတဲ့ ကလေးကို ကျွန်မဘယ်လိုနို့တိုက်ရမလဲ။ ကျွန်မဒီကလေးကို မလိုချင်ဘူး ကိုထွန်းဝေ ဒီကလေးသွားမြှုပ်လိုက်ပါနော်။ ခင်မေနောက်ထပ် ထပ်မွေးပေးပါ့မယ် ကိုထွန်းဝေရယ်။ ဒီကလေးတော့ မယူပါရစေနဲ့ ”

ဇနီးဖြစ်သူက ခါးခါးသီးသီးဖြစ်နေသည်။ ကျွန်တော်ကတော့ သမီးလေးကို အဆုံးရှုံးမခံနိုင်ပါ။ ဇနီးသည်ကိုယ်ဝန်ရှိစဉ်ကတည်းက အထီးမှန်း အမမှန်းမသိသေးသော ကလေးငယ်၏ အနာဂတ်ကို ကြိုတင်ရင်ခုန်ရသူဖြစ်သည်။ သမီးလေးမွေးလာတော့ သွားလေးချောင်းပါလာသည်။ အရပ်လက်သည်က ဘီလူးနက္ခတ်ပါသည့်ကလေးဖြစ်၍ မမွေးကောင်းဟု ပြောသောကြောင့် ဇနီးဖြစ်သူမှာ သမီးလေးကိုပင် မချီရဲတော့ပေ။ နို့တိုက်ဖို့ ဆိုတာ ဝေးစွ။

ငိုကြွေးနေသော သမီးလေးကို နို့မတိုက်ပဲ မြေမြှုပ်ခိုင်းနေသော ဇနီးဖြစ်သူကို ကြည့်ရင် ကိုထွန်းဝေတစ်ယောက် ဒေါသအရှိန်မြင့်တတ်လာသည်။ ” ဒီမှာ ခင်မေ မင်းလည်းကျောင်းဆရာမ။ ငါလည်း ကျောင်းဆရာ။ ၂ ယောက်စလုံးက ခေတ်ပညာတတ်တွေဖြစ်ပြီး အယူမသီးပါနဲ့။ ကိုယ်တောင်းပန်ပါတယ်။ သမီးလေးကို နို့တိုက်လိုက်ပါနော် ” မျက်ရည်တွေကြားက သမီးလေးကိုပွေ့ပြီး ဇနီးထံကမ်းပေးလေသည်။ ဇနီးဖြစ်သူက ကလေးကိုဆောင့်တွန်း၍

” ရှင်ဒီကလေးကို သွားစွန့်ပစ်မလား ကျုပ်ကို စွန့်ပစ်မလား တစ်ခုခုရွေး ” ဒေါသတကြီး တုံ့ပြန်လိုက်သော ဇနီးသည်ကို ကိုထွန်းဝေကြည့်ရင်း ခေါင်းငိုက်ကျခဲ့ရသည်။

” ခင်မေ ဒီကလေးမှာ အသိဥာဏ်မရှိသေးဘူး။ အခုမှလူ့လောကထဲကို ရောက်လာတာ နာရီပိုင်းပဲရှိသေးတဲ့ ကလေးငယ်တစ်ယောက်ကို ငါဘယ်လိုနှလုံးသားနဲ့ စွန့်ပစ်ရမလဲ ခင်မေ။ သူဟာမင်းရဲ့ရင်သွေးပါ။ ရင်ကဖြစ်ပေါ်တဲ့သွေးပါ။ ငါဒီကလေးကို မစွန့်ပစ်နိုင်ဘူး။ မင်းအသက်ငယ်သေးတာပဲ။ နောက်အိမ်ထောင်ထပ်ကျရင် နောက်ထပ်ကလေးတွေ ထပ်မွေးလို့ရပါသေးတယ်။ ဒါပေမဲ့ ဒီသမီးလေးကို ငါရအောင်မွေးမယ် ” ဟု ကိုထွန်းဝေပြတ်သားသော စကားကိုပြောပြီး သူ၏အဝတ်အစားများကို အိတ်ထဲသို့ ထည့်လေသည်။ သမီးလေးကို နွေးထွေးအောင် ဂုံနီစောင်နှင့် ပတ်၍ထွက်လာခဲ့လေတော့သည်။

ထိုနေ့မှစ၍ ထိုရွာကကျောင်းလေးတွင် ဆရာမတစ်ယောက်က ဘီလူးနက္ခတ်ပါသော ကလေးကိုမွေး၍ ယောက်ျားဖြစ်သူ ကျောင်းဆရာက ထိုကလေးကိုခေါ်၍ ပျောက်ကွယ်သွားသည်ဆိုသည့်သတင်း ပြောစမှတ်တွင်ခဲ့လေတော့သည်။

ဒေါက်တာသွန်းဆုစံ ချွေးစီးများကျနေလေသည်။ တိုက်နယ်ဆေးရုံလေးဖြစ်သည့်အလျှောက် ပစ္စည်းများမစုံလင်သော်လည်း လူနာကို အားချင်းမြို့ဆေးရုံကို ပို့လျှင်လည်း လမ်းတွင်တစ်ခုခု ဖြစ်သွားနိုင်သည်။

” ဒေါက်တာရယ် သမီးလေးနဲ့ မြေးလေးအသက်ကို ရအောင်ကယ်ပေးပါ။ ကျွန်မအသက်နဲ့ လဲပေးဆိုလည်း လဲပေးပါ့မယ် ” မျက်ရည်များကျ၍ မိမိအား အားကိုးတကြီးတောင်းပန်နေသော အဒေါ်ကြီးကို ကြည့်၍ စိတ်မကောင်းဖြစ်မိလေသည်။

” စိတ်ချပါအဒေါ် လူနာတွေကို ကယ်ဖို့ဆိုတာ ကျွန်မတို့တာဝန်ပါ အဒေါ့်သမီး ရှောရှောရှူရှုမွေးနိုင်မှာပါ။ စိတ်မပူပါနဲ့ အဒေါ် ” ဒေါက်တာသွန်းဆုစံ လိုအပ်သောဆေးဝါးများ ယူငင်၍ မွေးခန်းထဲဝင်သွားလေသည်။ ကလေးက တော်တော်နှင့် မမွေးနိုင်ပါ။ ပထမဆုံး ကိုယ်ဝန်ဆောင်သော ဗိုက်ဖြစ်၍ အခက်အခဲများရှိနေလေသည်။ မိခင်လုပ်သူကလည်း အားနည်းနေ၍ ကောင်းစွာညှစ်အားမရှိပေ။ Syndoper တစ်လုံးထား၍ အခြေအနေစောင့်နေလေသည်။ အခန်းဝတွင် လူနာရှင်များ ယောက်ယက်ခပ်နေလေသည်။ သားအိမ်က သာမန်ထက်ညှစ်အားနည်းနေသောကြောင့် အခက်အခဲရှိနေလေသည်။ မိမိဘေးမှ နပ်စ်မလေး၂ယောက်ကလည်း ချွေးပြန်နေလေသည်။

” မိနှစ်၂၀လောက်ဆိုရင် ဆေးအလုပ်လုပ်ပြီ အခုမိခင်သက်သာအောင် အောက်ဆီဂျင်ပေးထားပါ ” ဒေါက်တာသွန်းဆုစံ ဆေးထပ်ယူရန် ထွက်အလာ..

” ဒေါက်တာ ဒီလောက်ကြာနေတာကို မမွေးနိုင်သေးရင် ကျွန်မတို့ ချက်ချင်းမြို့ဆေးရုံကို ကားနဲ့သွားမယ်။ ကျွန်မသမီးကို ပြန်ထုတ်ပေးပါ ” ဒေါသတကြီးနဲ့ အော်ဟစ်လိုက်သော အဒေါ်ကြီးစကားကြောင့် ဒေါက်တာ သွန်းဆုစံ ပင်ပန်းနေသည့်ကြားက ပြုံးပြလေသည်။

” အဆင်ပြေပါလိမ့်မယ် အဒေါ်။ မိခင်ရောကလေးပါ အန္တရာယ်မဖြစ်ဖို့ ကျွန်မအသက်နဲ့ အာမခံပေးရဲပါတယ် ”

ကျန်တဲ့သူတွေက ထိုအဒေါ်ကြီးကို ဝင်တားလေသည်။ ” အမေရယ်တော်ပါတော့ ဒေါက်တာလည်း ကြိုးစားပေးနေတာပဲ ”

ဒေါက်တာသွန်းဆုစံ လူနာရှင်များကို ပြုံးပြ၍ မွေးခန်းထဲသို့ ဝင်သွားလေသည်။

တစ်နာရီခန့် အကြာ.. ” အူဝဲ့ အူဝဲ ”

ဒေါက်တာသွန်းဆုစံ မွေးခန်းထဲ ထွက်လာပြီး လူနာရှင်များကို ပြုံးပြ၍ ” အခုမိခင်နဲ့ ကလေးကို သန့်ရှင်းရေးလုပ်နေလို့ ခဏနေရင် ဝင်ကြည့်လို့ရပါပြီ ရှင် ”

စောစောက မိမိကိုရန်တွေ့သော အဒေါ်ကြီးလည်း ပျော်နေလေသည်။ မိမိလည်း နားနေခန်းသို့ ထွက်လာခဲ့တော့သည်။ ဂျူတီကုပ်ကိုချိတ်၍ ခြေလက်သန့်ရှင်းရေး လုပ်နေသည်။ မိမိ၏ အသုံးအဆောင်ပစ္စည်းများကို အိတ်ထဲသို့ထည့်၍ ပြန်ခါနီးအချိန်တွင် စောစောက လူနာရှင်များ ဝင်လာလေသည်။ လူနာရှင်အဒေါ်ကြီးက ” ဒေါက်တာ ကျွန်မမြေးလေးက သွားလေးတစ်ချောင်း ပါလာတာ ကျွန်မတို့ကိုဘာလို့ မပြောတာလဲ ”

ဒေါက်တာသွန်းဆုစံလည်း အဒေါ်ကြီးနှင့် လူနာရှင်များကို ပြုံးပြ၍ ” ခဏထိုင်ပါအုံးရှင့်။ ကျွန်မလက်ကလေး ဆေးချင်လို့ ”

လူနာရှင်အဒေါ်ကြီးက အေးတိအေးစက်လုပ်နေသော ဒေါက်တာသွန်းစုစံကို သိပ်မကျေနပ်ပေ။ လက်ဆေးပြီးသည်နှင့် လူနာရှင်များအရှေ့တွင် ထိုင်၍ ဒေါက်တာသွန်းဆုစံ စကားပြောလေသည်။ ” ကျွန်မ အတွေ့အကြုံတစ်ခုပြောပြမယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်က တောင်ပေါ်ဒေသတစ်ခုမှာ တာဝန်ကျနေတဲ့ ကျောင်းဆရာလင်မယားကနေ ကလေးတစ်ယောက် မွေးခဲ့တယ်။ ကလေးက မွေးမွေးပြီးချင်း သွား ၄ ချောင်းပါလာလို့ ဘီလူးနက္ခတ်နဲ့ မွေးတဲ့ကလေးဆိုပြီး မိခင်လုပ်သူက မလိုချင်ဘူး။ ကလေးကိုသွားမြှုပ်ခိုင်းတယ် ”

လူနာရှင်အဒေါ်ကြီး ဒေါက်တာသွန်းဆုစံကို စိုက်ကြည့်နေလေသည်။ ဒေါက်တာက ဆက်ပြောနေသည်။ ” ဒါပေမဲ့ လူမှန်းမသိသေးတဲ့ ကလေးတစ်ယောက်ကို မစွန့်ပစ်ရက်တဲ့ ယောက်ျားလုပ်သူဟာ ကလေးကိုခေါ်ပြီး အဲ့ဒီအရပ်ကို စွန့်ခွာခဲ့တယ်။ ကံကောင်းချင်တော့ လက်ထဲမှာ ဘာမှမရှိတဲ့ ကျောင်းဆရာဟာ အဲ့ဒီခေတ်မှာ ထီပေါက်သွားခဲ့တယ်။

နောက်တော့ သူတို့သားအဖ ရန်ကုန်ကိုပြောင်းရင်း သူ့သမီးလေး ၅ တန်းနှစ်မှာ ချဲထပ်ပေါက်တယ်။ အမျှော်အမြင်ရှိတဲ့ သူ့အဖေက သမီးလေးရှေ့ရေးအတွက် စားသောက်ဆိုင် ဖွင့်ခဲ့တယ်။ စားသောက်ဆိုင်ကလည်း အောင်မြင်ခဲ့တာပေါ့။ နောက်တော့ သူ့သမီးလေး ဘွဲ့ယူပြီး နောက်တစ်နှစ်မှာ သူ့ဖေက ဆုံးပါးခဲ့တယ်။ ကျွန်မပြောချင်တာ တချို့ကိစ္စတွေမှာ အယူမသည်းကြပါနဲ့။ မွေးကင်းစကလေး သွားပါတာ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု့နဲ့ ဆိုင်ပါတယ်။ အယောက် ၁၀၀ မှာ ၁ ယောက်ပေါ့နော်။ ဒါကိုအယူသည်းလိုက်ရင် ဒီကလေးဟာ စွန့်ပစ်ခံဘဝနဲ့ အသက်ဆုံးရှုံးသွားလိမ့်မယ် ”

ထိုအချိန်အဒေါ်ကြီးက ထ မေးသည်။ ” ဒေါက်တာပြောပြတဲ့ ကျောင်းဆရာသမီးက အခုဘယ်ရောက်နေလဲ ”

ဒေါက်တာသွန်းဆုစံ ပြုံးပြ၍ ” ကျွန်မမိခင်က ကျွန်မကိုမလိုချင်လို့ အဖေကိုမြေသွားမြှုပ်ခိုင်းပေမဲ့ အဖေ့ရဲ့မေတ္တာတရားကြောင့် ကျွန်မဆရာဝန်ဖြစ်ခဲ့တယ်။ အဲ့ဒီကျောင်းဆရာရဲ့သမီးက ကျွန်မပါပဲ အဒေါ်။ ဘီလူးနက္ခတ်ပါတဲ့ကလေးဆိုပြီး အစွန့်ပစ်ခံဘဝကနေ ဒီဘဝကို ရောက်ခဲ့တာပါ။

ကဲ အားလုံးပဲ ကျွန်မသွားလိုက်ပါအုံးမယ်။ ဒါနဲ့ အယူမသီးကြပါနဲ့။ အကယ်၍ ဒီကလေးကို မလိုချင်ရင် တခြားနည်းလမ်းတွေ မသုံးပါနဲ့ ကျွန်မမွေးစားပါ့မယ် ”

” ကျွန်တော့်ကလေးကို ကျွန်တော်ယူမယ်ဒေါက်တာ။ သူဟာသူဘာပဲဖြစ်ဖြစ် ကျွန်တော်ရအောင်မွေးမယ်။ ဒေါက်တာလိုဖြစ်အောင် ပျိုးထောင်ပေးမယ် ” လူနာ၏ ယောက်ျားဖြစ်သူပြောသောစကားကြောင့် မိမိပျော်ရလေသည်။ မိမိလည်း အိတ်ဆွဲ၍ ထအပြန်..

” ဒေါက်တာ့အဖေ ကျောင်းဆရာနာမည်က ဘယ်သူလဲ ဒေါက်တာ ”

ဒေါက်တာသွန်းဆုစံ အဒေါ်ကြီးကို ပြုံးပြ၍ ” ဦးထွန်းဝေပါ အဒေါ် ” ဟုပြောပြီး ထွက်သွားလေသည်။ ဝေဒနာနှင့်ကျန်ခဲ့တာက ” ဒေါ်ခင်မေ ” ဖြစ်သည်။

အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မေ ငိုလေသည်။ မိမိစွန့်ပစ်ခဲ့တဲ့သမီးက မအေတူ ဖအေကွဲညီမကို ကလေးမွေးပေးပြီး အသက်ကယ်ခဲ့လေပြီ။ တချိန်က ဘီလူးနက္ခတ်နဲ့ မွေးတယ်ဆိုပြီး မိမိမြေမြှုပ်ခိုင်းခဲ့တဲ့ သမီးလေးဟာ သူ့အဖေကောင်းမှုနဲ့ လောကအတွက် အသုံးဝင်တဲ့ လူတစ်ယောက် ဖြစ်နေခဲ့ပြီ။

ကိုထွန်းဝေသမီးလေးကို ခေါ်ပြီးထွက်သွားပြီးနောက်ပိုင်း ၂ နှစ်ကြာတော့ နောက်အိမ်ထောင်ထပ်ပြုလေသည်။ ယခုမွေးခန်းထဲက လူနာဟာ မိမိသမီးဖြစ်နေပြီး မိမိစွန့်ပစ်ခဲ့တဲ့သမီးက မိမိ၏ အချစ်ဆုံးသမီးလေးနှင့် မြေးလေးအသက်ကို ကယ်ခဲ့သည့်အတွက် ဒေါ်ခင်မေတစ်ယောက် ထိတ်လန့်အံသြရပါသည်။

ဒေါက်တာ သမီးဟာ အမေ့သမီးပါ။ သမီးလေးဟာ အမေ့သမီးပါလို့ ဒေါ်ခင်မေ အော်ပြီးပြေးဖက်ချင်သည်။ အော်၍ ပြေးဖက်ချင်မိသည်။ သို့သော်လည်း အမေဟာ မွေးကင်းစကလေးကို မြေမြှုပ်ခိုင်းခဲ့တဲ့ မိခင်စိတ်မရှိတဲ့ မိခင်တစ်ယောက်ဆိုတာ သမီးလေးသိသွားမှာလည်း အမေကြောက်တယ်။

သမီးရယ် အမေ့ကို ခွင့်လွှတ်ပါ။ အမေ့ကို ခွင့်လွှတ်ပါလို့ စိတ်ထဲက အော်ရင်း မျက်ရည်များစွာ ကျဆင်းနေမိလေသည်။ တရွေ့ရွေ့နှင့် ထွက်ခွာသွားသော ဒေါက်တာသွန်းဆုစံ၏ ကျောပြင်ကိုကြည့်၍ အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မေတစ်ယောက် မျက်ရည်များနှင့် နောင်တတရား ကြီးစွာရမိလေတော့သည်။

နော်ဂဲလယ်ထူး (စာပေပရဟိတ)

Zawgyi

ေမြးကတည္းက သြားေလးေခ်ာင္းပါလာတဲ့ ကေလးနဲ႔ ဘီလူးနကၡတ္ (အယူသီးျခင္းရဲ႕ ေနာက္ကြယ္)

၁၉၈၀ ဝန္းက်င္ခန္႔က ျဖစ္သည္။ ေတာင္ေပၚေဒသ၏ ေအးခ်မ္းေသာ ရာသီဥတုအရွိန္က အ႐ိုးကြဲမတတ္ ေအးလွသည္။ မီးလင္းဖိုေလးနေဘးတြင္ ေမြးကင္းစကေလးငယ္ကို ရင္ခြင္ပိုက္ၿပီး မီးေနသည္ ဇနီး၏ အေရွ႕၌ ဒူးေထာက္ငိုေႂကြးေနေသာ ေယာက္်ားတစ္ေယာက္။ ဝမ္းထဲက ကြၽတ္ကြၽတ္ျခင္းပင္ ႏို႔ဆာ၍ ငိုေနေသာ ကေလးငယ္ကို ပိုက္ထားေသာ လင္ေယာက္်ားျဖစ္သူ ကိုထြန္းေဝက ငိုေႂကြးရင္း ဇနီးျဖစ္သူကို ေတာင္းပန္တိုးလွ်ိဳးေနသည္။

” ခင္ေမ ကိုယ္ေတာင္းပန္ပါတယ္ သမီးေလးကို ႏို႔တိုက္ေပးပါကြာ။ သမီးေလးက မင္းရဲ႕သမီးေလးပါကြာ ”

လက္သည္မိန္းမႀကီးႏွင့္ အနီးအနားက မိန္းမႀကီး ၃ ေယာက္က ကြၽႏ္ုပ္၏ အျဖစ္အပ်က္ကိုၾကည့္၍ စိတ္မေကာင္းျဖစ္႐ုံလြဲ၍ ဘာမွဝင္မေျပာႏိုင္ေခ်။ ” ေမြးကတည္းက သြားေလးေခ်ာင္းပါလာတဲ့ ကေလးကို ကြၽန္မဘယ္လိုႏို႔တိုက္ရမလဲ။ ကြၽန္မဒီကေလးကို မလိုခ်င္ဘူး ကိုထြန္းေဝ ဒီကေလးသြားျမႇဳပ္လိုက္ပါေနာ္။ ခင္ေမေနာက္ထပ္ ထပ္ေမြးေပးပါ့မယ္ ကိုထြန္းေဝရယ္။ ဒီကေလးေတာ့ မယူပါရေစနဲ႔ ”

ဇနီးျဖစ္သူက ခါးခါးသီးသီးျဖစ္ေနသည္။ ကြၽန္ေတာ္ကေတာ့ သမီးေလးကို အဆုံးရႈံးမခံႏိုင္ပါ။ ဇနီးသည္ကိုယ္ဝန္ရွိစဥ္ကတည္းက အထီးမွန္း အမမွန္းမသိေသးေသာ ကေလးငယ္၏ အနာဂတ္ကို ႀကိဳတင္ရင္ခုန္ရသူျဖစ္သည္။ သမီးေလးေမြးလာေတာ့ သြားေလးေခ်ာင္းပါလာသည္။ အရပ္လက္သည္က ဘီလူးနကၡတ္ပါသည့္ကေလးျဖစ္၍ မေမြးေကာင္းဟု ေျပာေသာေၾကာင့္ ဇနီးျဖစ္သူမွာ သမီးေလးကိုပင္ မခ်ီရဲေတာ့ေပ။ ႏို႔တိုက္ဖို႔ ဆိုတာ ေဝးစြ။

ငိုေႂကြးေနေသာ သမီးေလးကို ႏို႔မတိုက္ပဲ ေျမျမႇဳပ္ခိုင္းေနေသာ ဇနီးျဖစ္သူကို ၾကည့္ရင္ ကိုထြန္းေဝတစ္ေယာက္ ေဒါသအရွိန္ျမင့္တတ္လာသည္။ ” ဒီမွာ ခင္ေမ မင္းလည္းေက်ာင္းဆရာမ။ ငါလည္း ေက်ာင္းဆရာ။ ၂ ေယာက္စလုံးက ေခတ္ပညာတတ္ေတြျဖစ္ၿပီး အယူမသီးပါနဲ႔။ ကိုယ္ေတာင္းပန္ပါတယ္။ သမီးေလးကို ႏို႔တိုက္လိုက္ပါေနာ္ ” မ်က္ရည္ေတြၾကားက သမီးေလးကိုေပြ႕ၿပီး ဇနီးထံကမ္းေပးေလသည္။ ဇနီးျဖစ္သူက ကေလးကိုေဆာင့္တြန္း၍

” ရွင္ဒီကေလးကို သြားစြန္႔ပစ္မလား က်ဳပ္ကို စြန္႔ပစ္မလား တစ္ခုခုေ႐ြး ” ေဒါသတႀကီး တုံ႔ျပန္လိုက္ေသာ ဇနီးသည္ကို ကိုထြန္းေဝၾကည့္ရင္း ေခါင္းငိုက္က်ခဲ့ရသည္။

” ခင္ေမ ဒီကေလးမွာ အသိဥာဏ္မရွိေသးဘူး။ အခုမွလူ႔ေလာကထဲကို ေရာက္လာတာ နာရီပိုင္းပဲရွိေသးတဲ့ ကေလးငယ္တစ္ေယာက္ကို ငါဘယ္လိုႏွလုံးသားနဲ႔ စြန္႔ပစ္ရမလဲ ခင္ေမ။ သူဟာမင္းရဲ႕ရင္ေသြးပါ။ ရင္ကျဖစ္ေပၚတဲ့ေသြးပါ။ ငါဒီကေလးကို မစြန္႔ပစ္ႏိုင္ဘူး။ မင္းအသက္ငယ္ေသးတာပဲ။ ေနာက္အိမ္ေထာင္ထပ္က်ရင္ ေနာက္ထပ္ကေလးေတြ ထပ္ေမြးလို႔ရပါေသးတယ္။ ဒါေပမဲ့ ဒီသမီးေလးကို ငါရေအာင္ေမြးမယ္ ” ဟု ကိုထြန္းေဝျပတ္သားေသာ စကားကိုေျပာၿပီး သူ၏အဝတ္အစားမ်ားကို အိတ္ထဲသို႔ ထည့္ေလသည္။ သမီးေလးကို ေႏြးေထြးေအာင္ ဂုံနီေစာင္ႏွင့္ ပတ္၍ထြက္လာခဲ့ေလေတာ့သည္။

ထိုေန႔မွစ၍ ထို႐ြာကေက်ာင္းေလးတြင္ ဆရာမတစ္ေယာက္က ဘီလူးနကၡတ္ပါေသာ ကေလးကိုေမြး၍ ေယာက္်ားျဖစ္သူ ေက်ာင္းဆရာက ထိုကေလးကိုေခၚ၍ ေပ်ာက္ကြယ္သြားသည္ဆိုသည့္သတင္း ေျပာစမွတ္တြင္ခဲ့ေလေတာ့သည္။

ေဒါက္တာသြန္းဆုစံ ေခြၽးစီးမ်ားက်ေနေလသည္။ တိုက္နယ္ေဆး႐ုံေလးျဖစ္သည့္အေလွ်ာက္ ပစၥည္းမ်ားမစုံလင္ေသာ္လည္း လူနာကို အားခ်င္းၿမိဳ႕ေဆး႐ုံကို ပို႔လွ်င္လည္း လမ္းတြင္တစ္ခုခု ျဖစ္သြားႏိုင္သည္။

” ေဒါက္တာရယ္ သမီးေလးနဲ႔ ေျမးေလးအသက္ကို ရေအာင္ကယ္ေပးပါ။ ကြၽန္မအသက္နဲ႔ လဲေပးဆိုလည္း လဲေပးပါ့မယ္ ” မ်က္ရည္မ်ားက်၍ မိမိအား အားကိုးတႀကီးေတာင္းပန္ေနေသာ အေဒၚႀကီးကို ၾကည့္၍ စိတ္မေကာင္းျဖစ္မိေလသည္။

” စိတ္ခ်ပါအေဒၚ လူနာေတြကို ကယ္ဖို႔ဆိုတာ ကြၽန္မတို႔တာဝန္ပါ အေဒၚ့သမီး ေရွာေရွာရႉရႈေမြးႏိုင္မွာပါ။ စိတ္မပူပါနဲ႔ အေဒၚ ” ေဒါက္တာသြန္းဆုစံ လိုအပ္ေသာေဆးဝါးမ်ား ယူငင္၍ ေမြးခန္းထဲဝင္သြားေလသည္။ ကေလးက ေတာ္ေတာ္ႏွင့္ မေမြးႏိုင္ပါ။ ပထမဆုံး ကိုယ္ဝန္ေဆာင္ေသာ ဗိုက္ျဖစ္၍ အခက္အခဲမ်ားရွိေနေလသည္။ မိခင္လုပ္သူကလည္း အားနည္းေန၍ ေကာင္းစြာညႇစ္အားမရွိေပ။ Syndoper တစ္လုံးထား၍ အေျခအေနေစာင့္ေနေလသည္။ အခန္းဝတြင္ လူနာရွင္မ်ား ေယာက္ယက္ခပ္ေနေလသည္။ သားအိမ္က သာမန္ထက္ညႇစ္အားနည္းေနေသာေၾကာင့္ အခက္အခဲရွိေနေလသည္။ မိမိေဘးမွ နပ္စ္မေလး၂ေယာက္ကလည္း ေခြၽးျပန္ေနေလသည္။

” မိႏွစ္၂၀ေလာက္ဆိုရင္ ေဆးအလုပ္လုပ္ၿပီ အခုမိခင္သက္သာေအာင္ ေအာက္ဆီဂ်င္ေပးထားပါ ” ေဒါက္တာသြန္းဆုစံ ေဆးထပ္ယူရန္ ထြက္အလာ..

” ေဒါက္တာ ဒီေလာက္ၾကာေနတာကို မေမြးႏိုင္ေသးရင္ ကြၽန္မတို႔ ခ်က္ခ်င္းၿမိဳ႕ေဆး႐ုံကို ကားနဲ႔သြားမယ္။ ကြၽန္မသမီးကို ျပန္ထုတ္ေပးပါ ” ေဒါသတႀကီးနဲ႔ ေအာ္ဟစ္လိုက္ေသာ အေဒၚႀကီးစကားေၾကာင့္ ေဒါက္တာ သြန္းဆုစံ ပင္ပန္းေနသည့္ၾကားက ၿပဳံးျပေလသည္။

” အဆင္ေျပပါလိမ့္မယ္ အေဒၚ။ မိခင္ေရာကေလးပါ အႏၲရာယ္မျဖစ္ဖို႔ ကြၽန္မအသက္နဲ႔ အာမခံေပးရဲပါတယ္ ”

က်န္တဲ့သူေတြက ထိုအေဒၚႀကီးကို ဝင္တားေလသည္။ ” အေမရယ္ေတာ္ပါေတာ့ ေဒါက္တာလည္း ႀကိဳးစားေပးေနတာပဲ ”

ေဒါက္တာသြန္းဆုစံ လူနာရွင္မ်ားကို ၿပဳံးျပ၍ ေမြးခန္းထဲသို႔ ဝင္သြားေလသည္။

တစ္နာရီခန္႔ အၾကာ.. ” အူဝဲ့ အူဝဲ ”

ေဒါက္တာသြန္းဆုစံ ေမြးခန္းထဲ ထြက္လာၿပီး လူနာရွင္မ်ားကို ၿပဳံးျပ၍ ” အခုမိခင္နဲ႔ ကေလးကို သန္႔ရွင္းေရးလုပ္ေနလို႔ ခဏေနရင္ ဝင္ၾကည့္လို႔ရပါၿပီ ရွင္ ”

ေစာေစာက မိမိကိုရန္ေတြ႕ေသာ အေဒၚႀကီးလည္း ေပ်ာ္ေနေလသည္။ မိမိလည္း နားေနခန္းသို႔ ထြက္လာခဲ့ေတာ့သည္။ ဂ်ဴတီကုပ္ကိုခ်ိတ္၍ ေျခလက္သန္႔ရွင္းေရး လုပ္ေနသည္။ မိမိ၏ အသုံးအေဆာင္ပစၥည္းမ်ားကို အိတ္ထဲသို႔ထည့္၍ ျပန္ခါနီးအခ်ိန္တြင္ ေစာေစာက လူနာရွင္မ်ား ဝင္လာေလသည္။ လူနာရွင္အေဒၚႀကီးက ” ေဒါက္တာ ကြၽန္မေျမးေလးက သြားေလးတစ္ေခ်ာင္း ပါလာတာ ကြၽန္မတို႔ကိုဘာလို႔ မေျပာတာလဲ ”

ေဒါက္တာသြန္းဆုစံလည္း အေဒၚႀကီးႏွင့္ လူနာရွင္မ်ားကို ၿပဳံးျပ၍ ” ခဏထိုင္ပါအုံးရွင့္။ ကြၽန္မလက္ကေလး ေဆးခ်င္လို႔ ”

လူနာရွင္အေဒၚႀကီးက ေအးတိေအးစက္လုပ္ေနေသာ ေဒါက္တာသြန္းစုစံကို သိပ္မေက်နပ္ေပ။ လက္ေဆးၿပီးသည္ႏွင့္ လူနာရွင္မ်ားအေရွ႕တြင္ ထိုင္၍ ေဒါက္တာသြန္းဆုစံ စကားေျပာေလသည္။ ” ကြၽန္မ အေတြ႕အႀကဳံတစ္ခုေျပာျပမယ္။ လြန္ခဲ့တဲ့ အႏွစ္ ၃၀ ေက်ာ္က ေတာင္ေပၚေဒသတစ္ခုမွာ တာဝန္က်ေနတဲ့ ေက်ာင္းဆရာလင္မယားကေန ကေလးတစ္ေယာက္ ေမြးခဲ့တယ္။ ကေလးက ေမြးေမြးၿပီးခ်င္း သြား ၄ ေခ်ာင္းပါလာလို႔ ဘီလူးနကၡတ္နဲ႔ ေမြးတဲ့ကေလးဆိုၿပီး မိခင္လုပ္သူက မလိုခ်င္ဘူး။ ကေလးကိုသြားျမႇဳပ္ခိုင္းတယ္ ”

လူနာရွင္အေဒၚႀကီး ေဒါက္တာသြန္းဆုစံကို စိုက္ၾကည့္ေနေလသည္။ ေဒါက္တာက ဆက္ေျပာေနသည္။ ” ဒါေပမဲ့ လူမွန္းမသိေသးတဲ့ ကေလးတစ္ေယာက္ကို မစြန္႔ပစ္ရက္တဲ့ ေယာက္်ားလုပ္သူဟာ ကေလးကိုေခၚၿပီး အဲ့ဒီအရပ္ကို စြန္႔ခြာခဲ့တယ္။ ကံေကာင္းခ်င္ေတာ့ လက္ထဲမွာ ဘာမွမရွိတဲ့ ေက်ာင္းဆရာဟာ အဲ့ဒီေခတ္မွာ ထီေပါက္သြားခဲ့တယ္။

ေနာက္ေတာ့ သူတို႔သားအဖ ရန္ကုန္ကိုေျပာင္းရင္း သူ႔သမီးေလး ၅ တန္းႏွစ္မွာ ခ်ဲထပ္ေပါက္တယ္။ အေမွ်ာ္အျမင္ရွိတဲ့ သူ႔အေဖက သမီးေလးေရွ႕ေရးအတြက္ စားေသာက္ဆိုင္ ဖြင့္ခဲ့တယ္။ စားေသာက္ဆိုင္ကလည္း ေအာင္ျမင္ခဲ့တာေပါ့။ ေနာက္ေတာ့ သူ႔သမီးေလး ဘြဲ႕ယူၿပီး ေနာက္တစ္ႏွစ္မွာ သူ႔ေဖက ဆုံးပါးခဲ့တယ္။ ကြၽန္မေျပာခ်င္တာ တခ်ိဳ႕ကိစၥေတြမွာ အယူမသည္းၾကပါနဲ႔။ ေမြးကင္းစကေလး သြားပါတာ ကိုယ္ခႏၶာဖြံ႕ၿဖိဳးမႈ႕နဲ႔ ဆိုင္ပါတယ္။ အေယာက္ ၁၀၀ မွာ ၁ ေယာက္ေပါ့ေနာ္။ ဒါကိုအယူသည္းလိုက္ရင္ ဒီကေလးဟာ စြန္႔ပစ္ခံဘဝနဲ႔ အသက္ဆုံးရႈံးသြားလိမ့္မယ္ ”

ထိုအခ်ိန္အေဒၚႀကီးက ထ ေမးသည္။ ” ေဒါက္တာေျပာျပတဲ့ ေက်ာင္းဆရာသမီးက အခုဘယ္ေရာက္ေနလဲ ”

ေဒါက္တာသြန္းဆုစံ ၿပဳံးျပ၍ ” ကြၽန္မမိခင္က ကြၽန္မကိုမလိုခ်င္လို႔ အေဖကိုေျမသြားျမႇဳပ္ခိုင္းေပမဲ့ အေဖ့ရဲ႕ေမတၱာတရားေၾကာင့္ ကြၽန္မဆရာဝန္ျဖစ္ခဲ့တယ္။ အဲ့ဒီေက်ာင္းဆရာရဲ႕သမီးက ကြၽန္မပါပဲ အေဒၚ။ ဘီလူးနကၡတ္ပါတဲ့ကေလးဆိုၿပီး အစြန္႔ပစ္ခံဘဝကေန ဒီဘဝကို ေရာက္ခဲ့တာပါ။

ကဲ အားလုံးပဲ ကြၽန္မသြားလိုက္ပါအုံးမယ္။ ဒါနဲ႔ အယူမသီးၾကပါနဲ႔။ အကယ္၍ ဒီကေလးကို မလိုခ်င္ရင္ တျခားနည္းလမ္းေတြ မသုံးပါနဲ႔ ကြၽန္မေမြးစားပါ့မယ္ ”

” ကြၽန္ေတာ့္ကေလးကို ကြၽန္ေတာ္ယူမယ္ေဒါက္တာ။ သူဟာသူဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္ရေအာင္ေမြးမယ္။ ေဒါက္တာလိုျဖစ္ေအာင္ ပ်ိဳးေထာင္ေပးမယ္ ” လူနာ၏ ေယာက္်ားျဖစ္သူေျပာေသာစကားေၾကာင့္ မိမိေပ်ာ္ရေလသည္။ မိမိလည္း အိတ္ဆြဲ၍ ထအျပန္..

” ေဒါက္တာ့အေဖ ေက်ာင္းဆရာနာမည္က ဘယ္သူလဲ ေဒါက္တာ ”

ေဒါက္တာသြန္းဆုစံ အေဒၚႀကီးကို ၿပဳံးျပ၍ ” ဦးထြန္းေဝပါ အေဒၚ ” ဟုေျပာၿပီး ထြက္သြားေလသည္။ ေဝဒနာႏွင့္က်န္ခဲ့တာက ” ေဒၚခင္ေမ ” ျဖစ္သည္။

အၿငိမ္းစားေက်ာင္းအုပ္ဆရာမႀကီး ေဒၚခင္ေမ ငိုေလသည္။ မိမိစြန္႔ပစ္ခဲ့တဲ့သမီးက မေအတူ ဖေအကြဲညီမကို ကေလးေမြးေပးၿပီး အသက္ကယ္ခဲ့ေလၿပီ။ တခ်ိန္က ဘီလူးနကၡတ္နဲ႔ ေမြးတယ္ဆိုၿပီး မိမိေျမျမႇဳပ္ခိုင္းခဲ့တဲ့ သမီးေလးဟာ သူ႔အေဖေကာင္းမႈနဲ႔ ေလာကအတြက္ အသုံးဝင္တဲ့ လူတစ္ေယာက္ ျဖစ္ေနခဲ့ၿပီ။

ကိုထြန္းေဝသမီးေလးကို ေခၚၿပီးထြက္သြားၿပီးေနာက္ပိုင္း ၂ ႏွစ္ၾကာေတာ့ ေနာက္အိမ္ေထာင္ထပ္ျပဳေလသည္။ ယခုေမြးခန္းထဲက လူနာဟာ မိမိသမီးျဖစ္ေနၿပီး မိမိစြန္႔ပစ္ခဲ့တဲ့သမီးက မိမိ၏ အခ်စ္ဆုံးသမီးေလးႏွင့္ ေျမးေလးအသက္ကို ကယ္ခဲ့သည့္အတြက္ ေဒၚခင္ေမတစ္ေယာက္ ထိတ္လန္႔အံၾသရပါသည္။

ေဒါက္တာ သမီးဟာ အေမ့သမီးပါ။ သမီးေလးဟာ အေမ့သမီးပါလို႔ ေဒၚခင္ေမ ေအာ္ၿပီးေျပးဖက္ခ်င္သည္။ ေအာ္၍ ေျပးဖက္ခ်င္မိသည္။ သို႔ေသာ္လည္း အေမဟာ ေမြးကင္းစကေလးကို ေျမျမႇဳပ္ခိုင္းခဲ့တဲ့ မိခင္စိတ္မရွိတဲ့ မိခင္တစ္ေယာက္ဆိုတာ သမီးေလးသိသြားမွာလည္း အေမေၾကာက္တယ္။

သမီးရယ္ အေမ့ကို ခြင့္လႊတ္ပါ။ အေမ့ကို ခြင့္လႊတ္ပါလို႔ စိတ္ထဲက ေအာ္ရင္း မ်က္ရည္မ်ားစြာ က်ဆင္းေနမိေလသည္။ တေ႐ြ႕ေ႐ြ႕ႏွင့္ ထြက္ခြာသြားေသာ ေဒါက္တာသြန္းဆုစံ၏ ေက်ာျပင္ကိုၾကည့္၍ အၿငိမ္းစားေက်ာင္းအုပ္ဆရာမႀကီး ေဒၚခင္ေမတစ္ေယာက္ မ်က္ရည္မ်ားႏွင့္ ေနာင္တတရား ႀကီးစြာရမိေလေတာ့သည္။

ေနာ္ဂဲလယ္ထူး (စာေပပရဟိတ)

Leave a Comment