ကြေးစည်” ဘာကြောင့်တီးရသလဲ ဆိုတာ မိန့်ကြားလိုက်တဲ့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

“ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး”ဟာ ရှမ်းပြည်နယ်,သံလွင်မြစ် အရှေ့ခြမ်း၊ သုဝဏ္ဏသျှမ်တောင်မှ ကန့်ဘလူမြို့နယ်၊ နတ်တလူ တောရသို့ (၁၉၉၇)ခုနှစ်၊ဇွန်လ ထဲမှာ ပြောင်းကြွသီတင် းသုံးတော်မူခဲ့ပါတယ်။ နတ်တလူတောရ ဟာ ကန့်ဘလူမြို့နယ် ထဲမှာ ပါဝင်

ပေမယ့် ဇီးကုန်း၊ထန်းတပင်မြို့များနဲ့ ပိုနီးပါတယ်။ ရွှေဘိုမြို့ကြီးက တစ်ဆင့်သွားရင်လည်း သွားရလွယ်ပါတယ်။“နတ်တလူတောရ”ဟာဆရာ တော်ဘုရားကြီးရဲ့ ဖွားရာဇာတိ မင်းကုန်းရွာရဲ့ အရှေ့ဘက် နှစ်မိုင်ကျော်လောက်မှာ ရှိပါတယ်။ ဇာတိမြေဆီပြန်ကြွ သာသနာပြုတယ်လို့ ဆိုနိုင်ပါတယ်။

ဆရာတော်ဘုရားကြီးဟာ ရောက်လေရာ တောရများမှာဆွမ်းခံတဲ့အကျင့်ရှိခဲ့တဲ့အတိုင်း နတ်တလူတောရသို့ ကြွရောက်စဉ်မှာပင် ပတ်ဝန်းကျင်ဂေါစဂါမ်ရွာများမှာ ဆွမ်းခံကြွတော်မူ ပါတယ်။ဆရာတော်ဘုရားကြီး နတ်တလူတောရကို ပြောင်းကြွလာတဲ့ သတင်း ကြားတာနဲ့ ရပ်ဝေးကလိုက်လာတဲ့ တပည့်သာဝကတွေလည်း ဆရာတော်ဘုရားကြီး ချွေးမတိတ်မီ အလုအယက် ဖူးမြော်ကြပါတယ်

။ဆရာတော်ဘုရားကြီး က မေတ္တာပြုံးဖြင့် အားလုံးကို နှုတ်ဆက်ပြောဟောနေစဉ် ဆရာတော်ဘုရား၊ ဆွမ်းခံကြွတာ ဘာလိုပါသေးလဲ ဘုရား။ တပည့်တော်တို့က ခုမှ ဆရာတော့်နောက် လိုက်ရတာဆိုတော့ ဘာလိုလို့ လိုမှန်း မသိသေးလို့ပါဘုရား လို့ ဒေသခံလူကြီးတစ်ဦး က မေးလျှောက်ပါတယ်။ သူမေးတာက စိတ်ဝင် စားစရာကောင်းပါတယ်။

“လိုတာပေါ့ဗျ။ ကြေးစည် လိုတယ်၊ ကြေးစည်” ဆရာတော်ဘုရား အမိန့်ရှိမှ ရပ်ထဲရွာထဲ ရဟန်းသံဃာနဲ့ ကိုရင်ကလေးတွေ ဆွမ်းခံကြွလာစဉ် ကြားရလေ့ရှိတဲ့ “ကြေးစည်သံ တလွင်လွင်”ကို အောက် မေ့မိနေပါတယ်။ပြီးတော့ ကုသိုလ်ကောင်းမှုပြုပြီးတိုင်း “ကြေးစည်”တီးပြီး “မေတ္တာပို့, အမျှေဝလေ့ရှိ”တာကိုလည်း သတိရလာပါတယ်။ ဘာဖြစ်လို့ “ကြေးစည်”လိုတာလဲဗျ။ “ကုသိုလ် ကောင်းမှု”တွေပြု.ပြီးတိုင်း ဘာကြောင့် ကြေးစည်တီးရတာလဲဗျ” ဆရာတော် အမေးရှိလိုက်ပေပြီ။

ဘယ်သူမှ ရုတ်တရက် မဖြေနိုင်ကြပါ။ ဆရာတော် ဘုရားကြီးက ကြေးစည် သံကြားရင် စိတ်ထဲ အေးမသွားဘူးလား။ ရဟန်းသံံဃာတွေ ဖူးလိုက်ရရင်ကော အေးမသွားဘူးလား။ တရားနာ လိုက်ရတော့လည်း အေး မသွားဘူးလား။“ကြေးစည်”ဆိုတာ အေးတာကို ကိုယ်စားပြုတာ၊

ကိလေသာ အပူမီးတွေ ဝိုင်းနေတဲ့ လူတွေကို အအေးဓါတ်၊ အငြိမ်းဓါတ်၊ နိဗ္ဗာနဓါတ်ကြီး သတိရအောင် နှိုးဆော်လိုက်တာ။ ပြီးတော့ “ကြေး”ဆိုတဲ့ သတ္တုကအလွန်အေးတာ။ ဟိုး မြေကြီးထဲ အတွင်းနက်နက် မြေဆီကနေ “ကြေး”ဖြစ်လာတာ။

ဒါကြောင့် “ကြေးစည်သံများ”မကြားလိုက်နဲ့ တစ်ခါတည်း အေးခနဲ ဖြစ်သွားတော့တာ။ ဓါတ်ရိုက်တာ၊ ဓါတ်ကူးတာပေါ့”လို့ ရှင်း ပြလိုက်တော့မှအားလုံး သဘောပေါက်သွားပါတယ်။“ကြေးစည်သံကြားရင် ခွေး ဘာကြောင့်အူရသလဲ” ဆရာတော်ဘုရားကြီး က ဆက်ပြီးတော့ မေးပြန်ပါတယ်။

ကြေးစည်သံကြားရင် လူတွေကတော့ အေးခနဲ ခံစားရပြီး, ခွေးတွေက ဘာလို့ အူရတာတုန်းဗျာ။ ကျွန်တော်တို့ မဖြေနိုင်ကြပါ။ ကြေးစည်က အအေး၊ “ခွေး”က အပူဗျ။“ခွေး”များ ဘယ်လောက်”ပူ”တုန်းဆိုရင် ခွေးသားစားမိသူဟာ ပူလွန်းလို့ ရေချိုး ရေစိမ် လုပ်နေရဆိုပဲဗျ…။ မှန်ပါဘုရား။

အလွန် ပူတဲ့ ခွေး ဟာအလွန်အေး တဲ့ ကြေးစည်သံကြားတော့ ခံံစားမှု တစ်မျိုး ဖြစ်ပေါ်လာပြီး အူတော့တာပါပဲဗျာ။ဆရာတော်ဘုရား ရှင်းပြတာကို ပရိသတ်ဘဝင်ကျသွားပါတယ်။ ဒါလည်း အပူ နဲ့ အအေး ဓါတ်ချင်း ထိခတ်တုံ့ပြန်မှုတစ်မျိုးလို့ နားလည် မှတ်သားခဲ့ရပါတယ်။(မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး)

Zawgyi

“ေက်းဇူးေတာ္ရွင္ မဟာေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီး”ဟာ ရွမ္းျပည္နယ္,သံလြင္ျမစ္ အေရွ႕ျခမ္း၊ သုဝဏၰသွ်မ္ေတာင္မွ ကန႔္ဘလူၿမိဳ႕နယ္၊ နတ္တလူ ေတာရသို႔ (၁၉၉၇)ခုႏွစ္၊ဇြန္လ ထဲမွာ ေျပာင္းႂကြသီတင္ းသုံးေတာ္မူခဲ့ပါတယ္။ နတ္တလူေတာရ ဟာ ကန႔္ဘလူၿမိဳ႕နယ္ ထဲမွာ ပါဝင္

ေပမယ့္ ဇီးကုန္း၊ထန္းတပင္ၿမိဳ႕မ်ားနဲ႔ ပိုနီးပါတယ္။ ေ႐ႊဘိုၿမိဳ႕ႀကီးက တစ္ဆင့္သြားရင္လည္း သြားရလြယ္ပါတယ္။“နတ္တလူေတာရ”ဟာဆရာ ေတာ္ဘုရားႀကီးရဲ႕ ဖြားရာဇာတိ မင္းကုန္း႐ြာရဲ႕ အေရွ႕ဘက္ ႏွစ္မိုင္ေက်ာ္ေလာက္မွာ ရွိပါတယ္။ ဇာတိေျမဆီျပန္ႂကြ သာသနာျပဳတယ္လို႔ ဆိုႏိုင္ပါတယ္။

ဆရာေတာ္ဘုရားႀကီးဟာ ေရာက္ေလရာ ေတာရမ်ားမွာဆြမ္းခံတဲ့အက်င့္ရွိခဲ့တဲ့အတိုင္း နတ္တလူေတာရသို႔ ႂကြေရာက္စဥ္မွာပင္ ပတ္ဝန္းက်င္ေဂါစဂါမ္႐ြာမ်ားမွာ ဆြမ္းခံႂကြေတာ္မူ ပါတယ္။ဆရာေတာ္ဘုရားႀကီး နတ္တလူေတာရကို ေျပာင္းႂကြလာတဲ့ သတင္း ၾကားတာနဲ႔ ရပ္ေဝးကလိုက္လာတဲ့ တပည့္သာဝကေတြလည္း ဆရာေတာ္ဘုရားႀကီး ေခြၽးမတိတ္မီ အလုအယက္ ဖူးေျမာ္ၾကပါတယ္

။ဆရာေတာ္ဘုရားႀကီး က ေမတၱာၿပဳံးျဖင့္ အားလုံးကို ႏႈတ္ဆက္ေျပာေဟာေနစဥ္ ဆရာေတာ္ဘုရား၊ ဆြမ္းခံႂကြတာ ဘာလိုပါေသးလဲ ဘုရား။ တပည့္ေတာ္တို႔က ခုမွ ဆရာေတာ့္ေနာက္ လိုက္ရတာဆိုေတာ့ ဘာလိုလို႔ လိုမွန္း မသိေသးလို႔ပါဘုရား လို႔ ေဒသခံလူႀကီးတစ္ဦး က ေမးေလွ်ာက္ပါတယ္။ သူေမးတာက စိတ္ဝင္ စားစရာေကာင္းပါတယ္။

“လိုတာေပါ့ဗ်။ ေၾကးစည္ လိုတယ္၊ ေၾကးစည္” ဆရာေတာ္ဘုရား အမိန႔္ရွိမွ ရပ္ထဲ႐ြာထဲ ရဟန္းသံဃာနဲ႔ ကိုရင္ကေလးေတြ ဆြမ္းခံႂကြလာစဥ္ ၾကားရေလ့ရွိတဲ့ “ေၾကးစည္သံ တလြင္လြင္”ကို ေအာက္ ေမ့မိေနပါတယ္။ၿပီးေတာ့ ကုသိုလ္ေကာင္းမႈျပဳၿပီးတိုင္း “ေၾကးစည္”တီးၿပီး “ေမတၱာပို႔, အေမွ်ဝေလ့ရွိ”တာကိုလည္း သတိရလာပါတယ္။ ဘာျဖစ္လို႔ “ေၾကးစည္”လိုတာလဲဗ်။ “ကုသိုလ္ ေကာင္းမႈ”ေတြျပဳ.ၿပီးတိုင္း ဘာေၾကာင့္ ေၾကးစည္တီးရတာလဲဗ်” ဆရာေတာ္ အေမးရွိလိုက္ေပၿပီ။

ဘယ္သူမွ ႐ုတ္တရက္ မေျဖႏိုင္ၾကပါ။ ဆရာေတာ္ ဘုရားႀကီးက ေၾကးစည္ သံၾကားရင္ စိတ္ထဲ ေအးမသြားဘူးလား။ ရဟန္းသံံဃာေတြ ဖူးလိုက္ရရင္ေကာ ေအးမသြားဘူးလား။ တရားနာ လိုက္ရေတာ့လည္း ေအး မသြားဘူးလား။“ေၾကးစည္”ဆိုတာ ေအးတာကို ကိုယ္စားျပဳတာ၊

ကိေလသာ အပူမီးေတြ ဝိုင္းေနတဲ့ လူေတြကို အေအးဓါတ္၊ အၿငိမ္းဓါတ္၊ နိဗၺာနဓါတ္ႀကီး သတိရေအာင္ ႏႈိးေဆာ္လိုက္တာ။ ၿပီးေတာ့ “ေၾကး”ဆိုတဲ့ သတၱဳကအလြန္ေအးတာ။ ဟိုး ေျမႀကီးထဲ အတြင္းနက္နက္ ေျမဆီကေန “ေၾကး”ျဖစ္လာတာ။

ဒါေၾကာင့္ “ေၾကးစည္သံမ်ား”မၾကားလိုက္နဲ႔ တစ္ခါတည္း ေအးခနဲ ျဖစ္သြားေတာ့တာ။ ဓါတ္႐ိုက္တာ၊ ဓါတ္ကူးတာေပါ့”လို႔ ရွင္း ျပလိုက္ေတာ့မွအားလုံး သေဘာေပါက္သြားပါတယ္။“ေၾကးစည္သံၾကားရင္ ေခြး ဘာေၾကာင့္အူရသလဲ” ဆရာေတာ္ဘုရားႀကီး က ဆက္ၿပီးေတာ့ ေမးျပန္ပါတယ္။

ေၾကးစည္သံၾကားရင္ လူေတြကေတာ့ ေအးခနဲ ခံစားရၿပီး, ေခြးေတြက ဘာလို႔ အူရတာတုန္းဗ်ာ။ ကြၽန္ေတာ္တို႔ မေျဖႏိုင္ၾကပါ။ ေၾကးစည္က အေအး၊ “ေခြး”က အပူဗ်။“ေခြး”မ်ား ဘယ္ေလာက္”ပူ”တုန္းဆိုရင္ ေခြးသားစားမိသူဟာ ပူလြန္းလို႔ ေရခ်ိဳး ေရစိမ္ လုပ္ေနရဆိုပဲဗ်…။ မွန္ပါဘုရား။

အလြန္ ပူတဲ့ ေခြး ဟာအလြန္ေအး တဲ့ ေၾကးစည္သံၾကားေတာ့ ခံံစားမႈ တစ္မ်ိဳး ျဖစ္ေပၚလာၿပီး အူေတာ့တာပါပဲဗ်ာ။ဆရာေတာ္ဘုရား ရွင္းျပတာကို ပရိသတ္ဘဝင္က်သြားပါတယ္။ ဒါလည္း အပူ နဲ႔ အေအး ဓါတ္ခ်င္း ထိခတ္တုံ႔ျပန္မႈတစ္မ်ိဳးလို႔ နားလည္ မွတ္သားခဲ့ရပါတယ္။(မဟာေဗာဓိၿမိဳင္ ဆရာေတာ္ဘုရားႀကီး)

Leave a Comment