“အလွန်ထူးခြားတဲ့ အစွမ်းရှိတဲ့ အရိုးဆက်ပင် ၊ အသားဆက်ပင် ၊ အကြောဆက်ပင်”

“အရိုးဆက်ပင်, အဆိပ်ကျပင်, ဖက်ကြီးပင်(သို့မဟုတ်) တောပရုတ်ဆီပင် ”

ဒီအပင်ကို အမှတ်မထင် တွေ့မိခဲ့တယ်။ လိုင်းပေါ်မှာတော့ အားလုံးတွေ့ဖူး ဖတ်ဖူးကြပါလိမ့်မယ်။

” အရိုး/ အသား/ အကြောဆက်ပင် တဲ့။

အဘိုးငွေကို တွေ့ကြောင်းပြောပြတော့ သူက “သွားတူးချေရမယ်ကွဲ့” တဲ့။ “အဲဒီအပင်က အရိုးဆက်တာတင်မကဘူး “။

“အဆိပ်ရှိတဲ့ သားကောင်ကိုက်ရင်လည်း အဲဒီအမြစ်ကို ထောင်းကြေပြီး ကိုက်တဲ့နေရာကို အုံစည်းရင် အဆိပ်ကျတယ် ” တဲ့။

“နောက်ပြီး တောပရုတ်ဆီလို့လည်း ခေါ်တယ်ကွာ ” တဲ့။ ” သူ့အရသာက ပူတယ် ” ။ ” မျက်နှာမှာ တင်းတိပ်၊ ဝက်ခြံ ပေါက်ရင် အဲဒီအမြစ်ကို သွေးလိမ်း ပျောက်ကင်းတယ် ” တဲ့။

ကျွန်တော့်အမြင်ကတော့ အိမ်ထဲမှာတောင် ရွေ့စိုက်ထားသင့်တယ်လို့ ထင်မိတယ်။ ဆေးဖက်လည်းဝင်သေး။ အိမ်ဝင်းလည်း လှသေးပေါ့။ မသိရင် ပန်းပင်ပေါ့။

“အရိုးဆက်ပင် အသားဆက်ပင် အကြောဆက်ပင်”

(အပင်များကိုအက်တာနက်မှရှာပြီးတင်ပြလိုက်ပါတယ်)

ကျွန်းရွက်နှင့် အတော်တူတာ။ ဖက်ခါးပင်နှင့် အသီးပါ တူတယ်။

အရိုးကျိုးရင် ဆေးရုံသွားစရာတောင် မလိုဘူးတဲ့။ တစ်ခါသား ကျွဲကြီးတစ်ကောင် တောင်ပေါ်က ပြုတ်ကြပြီး အရိုးတွေ အကုန်ကျိုးကျေနေတာကို အဲဒီအပင်က အရွက်တွေနဲ့ အုပ်ထားခဲ့တာ နောက်နေ့ကြတော့ အကောင်း ပကတိအတိုင်း သူ့ဘာသာ အိမ်ပြန်လာသတဲ့။ လွန်သားပဲ။

အသားတွေ ဟက်ပက်ရှနာခဲ့ရင်တောင် အရွက်ကိုထောင်းပြီး အုံထားရင် ခဏလေးနှင့် အသားတွေ ပြန်ဆက်သွားသတဲ့။

တစ်ခါသား ခုတ်ထစ်ထားတဲ့ ကြက်သားတွေကို အဲဒီအရွက်နှင့် ထုတ်ပိုးပေးလိုက်တာ အိမ်ရောက်တော့ ကြက်က အကောင်လိုက်ကြီး ပြန်ဖြစ်နေသတဲ့။ လွန်သားပဲ။

အကြောတွေဆို အလွန်သန်မာသတဲ့။ ကမ္ဘာက ကုလို့ မပျောက်တဲ့ ပိုလီယိုတောင် အဲဒီအပင်ကြား သွားထိုင်နေရင် ပျောက်သတဲ့။

တစ်ခါသား ခြေထောက်မသန်တဲ့ ကောင်လေးတစ်ယောက် အဲဒီအပင်တွေကြားမှာ အလေးသွားတာ။ ထလာတော့ ခြေထောက်တွေက အကောင်းအတိုင်း ဖြစ်နေသတဲ့။ လွန်သားပဲ။

ဘာပဲဖြစ်ဖြစ် နားထောင်လို့တော့ အကောင်းသား။

သို့နှင့် အင်တာနက်မှာ ရှာဖတ်တယ်။ အထက်က ပုံပြင်တွေက ဟုတ်လိုနိုးနိုးရယ်။ အထူးသဖြင့် အကြောအားတိုးဆေးအဖြစ် သုံးသတဲ့ အမြစ်ကို နွားနို့နှင့် စိမ်သောက်ရင် ထန်းစ လှီးထားသလိုပဲဆိုလား ဘာဖြစ်တယ်ဆိုလား။

အသားဆက် အရိုးဆက် အကြောဆက်ကတော့ တကယ်ကောင်းပုံပေါ်တယ်။ ရပ်ထဲ ရွာထဲမှာတော့ လူပြော သူပြော အတော်များတယ်။

ထားပါ။ အရေးကြုံတဲ့အခါ သုံးလို့ ရတာပေါ့။ ထို့ထက် ဘယ်လိုကြောင့်ပဲ သစ်ပင်ကိုချစ်ချစ် ကိုယ့်အတွက် အသုံးကျလို့ ဆေးဝါးဖြစ်လို့ ဘယ်လိုပဲ ချစ်ချစ် သစ်ပင်လေးတွေကို ချစ်တတ်ရင် “ဆေးပင်တဲ့ဟဲ့”ဆိုပြီး သစ်ပင်လေး တစ်ပင်လောက်များ စိုက်ဖြစ်ခဲ့ရင် လက်ညောင်းခံရကျိုး နပ်သပ။

ဘုန်းကြီးဦးနာဂသိန်ရဲ့ ပုံပြဆေးအဘိဓာန်ထဲ ရှာကြည့်တယ်။ ဗဟုသုတအဖြစ် အဲဒီထဲက ကူးပေးလိုက်ပါတယ်။

ကြဖက်ကြီး

ပုံသဏ္ဌာန် ။ ။ ပင်ထောင်ငယ် အပင်မျိုးဖြစ်၏။ အရွက် အင်ရွက်ထက်ပင် ကြီး၏။ ခွေးသွားစိပ် ရှိ၏။ အကိုင်းများ စိမ်း၏။ အပွင့်သည် ဖြူ၏။ အမြစ်သည် ဥကဲ့သို့ ဖြစ်၏။ အမြစ်ကို အရောင်ဆိုးရန် အသုံးပြု ရ၏။ ဆေးလည်း အသုံးပြု ရ၏။

ဂုဏ်နှင့် စွမ်းရည် ။ ။ အမြစ်သည် ချုပ်၏။ အနာကို အသားနု တက်စေ၏။ နာကျင်ကိုက်ခဲခြင်းကို ပျောက်ကင်းစေ၏။ သွေးယိုစီးခြင်းကို တားမြစ်တတ်၏။ ကိုယ်၌ နာကျင် ကိုက်ခဲခြင်း ဖြစ်ခဲ့သော် အမြစ်ကို သွေး၍ ပူအောင် ပြုပြီးလျှင် လိမ်းပေးရ၏။

အချို့အရပ်ဒေသတို့၌ အရွက်နုကို ဟင်းချိုချက် စားကြ၏။ အမြစ်ကို သွေးလိမ်းလျှင် ပွေးပျောက်၏။ ၎င်း၏သတ္ထုရည်ကို အနာမြုံများ၌ အုံပေးလျှင် အနာကျက်၍ အသားနုကို တက်စေ၏။

“ရောဂါအလိုက် အသုံးပြုနည်း”

ပွေးနာ ။ ။ ၎င်းအမြစ်ကို ရေနှင့် သွေးလူးသော် ပွေးနာများ ပျောက်ကင်း၏။

အကြောရောင်ရောဂါ ။ ။ ၎င်းအမြစ်ကို ရေနှင့် သွေး၍ မီးနှင့် အတန်ငယ် ပူအောင် နွှေး၍ အကြောတလျောက် ရောင်ရမ်းရာ၌ လိမ်းကျံပေးလျှင် အကြောရောင်ရောဂါ ပျောက်ကင်း၏။

အနာ အသားနု တက်ဆေး ။ ။ ၎င်း၏အမြစ်ကို ရေနှင့် ညက်ညက်ပါအောင် ကြိတ်၍ အဝတ်စပေါ်တွင် ထိုကြိတ်ပြီးဆေးကို သုတ်လိမ်း၍ ဖရောင်းချက် ကပ်သကဲ့သို့ အနာပေါ်၌ ကပ်ပေးပါက အနာသည် အသားနု လျှင်စွာ တက်၏။

အကိုက်အခဲပျောက်ဆေး ။ ။ ခန္ဓာကိုတွင် မည့်သည့် နေရာမဆို ကိုက်ခဲ နာကျင်ခဲ့သော် ၎င်းအမြစ်ကို သွေး၍ မီးနှင့် နွေးနွေးဖြစ်အောင် ကင်ပြီး သုတ်လိမ်းပေးပါက ကိုက်ခဲ နာကျင်ခြင်း ပျောက်ကင်း၏။

အနာ သွေးတိတ်ဆေး ။ ။ အနာပေါက်တို့၌ အနာသည် သွေးများ ယိုစီနေသော် ၎င်းအမြစ်ကို ရေနှင့် သွေးလိမ်းပါက အနာသည် သွေးယိုစီးခြင်းမှ ရပ်စဲသွားလိမ့်မည်။

(ပုံပြဆေးအဘိဓာန် ပထမအုပ် စာမျက်နှာ ၉၂)

မောင်မြင့်မိုရ်

Credit : ခိုင်သဉ္ဇာဌေး

Zawgyi

“အ႐ိုးဆက္ပင္, အဆိပ္က်ပင္, ဖက္ႀကီးပင္(သို႔မဟုတ္) ေတာပ႐ုတ္ဆီပင္ ”

ဒီအပင္ကို အမွတ္မထင္ ေတြ႕မိခဲ့တယ္။ လိုင္းေပၚမွာေတာ့ အားလုံးေတြ႕ဖူး ဖတ္ဖူးၾကပါလိမ့္မယ္။

” အ႐ိုး/ အသား/ အေၾကာဆက္ပင္ တဲ့။

အဘိုးေငြကို ေတြ႕ေၾကာင္းေျပာျပေတာ့ သူက “သြားတူးေခ်ရမယ္ကြဲ႕” တဲ့။ “အဲဒီအပင္က အ႐ိုးဆက္တာတင္မကဘူး “။

“အဆိပ္ရွိတဲ့ သားေကာင္ကိုက္ရင္လည္း အဲဒီအျမစ္ကို ေထာင္းေၾကၿပီး ကိုက္တဲ့ေနရာကို အုံစည္းရင္ အဆိပ္က်တယ္ ” တဲ့။

“ေနာက္ၿပီး ေတာပ႐ုတ္ဆီလို႔လည္း ေခၚတယ္ကြာ ” တဲ့။ ” သူ႔အရသာက ပူတယ္ ” ။ ” မ်က္ႏွာမွာ တင္းတိပ္၊ ဝက္ၿခံ ေပါက္ရင္ အဲဒီအျမစ္ကို ေသြးလိမ္း ေပ်ာက္ကင္းတယ္ ” တဲ့။

ကြၽန္ေတာ့္အျမင္ကေတာ့ အိမ္ထဲမွာေတာင္ ေ႐ြ႕စိုက္ထားသင့္တယ္လို႔ ထင္မိတယ္။ ေဆးဖက္လည္းဝင္ေသး။ အိမ္ဝင္းလည္း လွေသးေပါ့။ မသိရင္ ပန္းပင္ေပါ့။

“အ႐ိုးဆက္ပင္ အသားဆက္ပင္ အေၾကာဆက္ပင္”

(အပင္မ်ားကိုအက္တာနက္မွရွာၿပီးတင္ျပလိုက္ပါတယ္)

ကြၽန္း႐ြက္ႏွင့္ အေတာ္တူတာ။ ဖက္ခါးပင္ႏွင့္ အသီးပါ တူတယ္။

အ႐ိုးက်ိဳးရင္ ေဆး႐ုံသြားစရာေတာင္ မလိုဘူးတဲ့။ တစ္ခါသား ကြၽဲႀကီးတစ္ေကာင္ ေတာင္ေပၚက ျပဳတ္ၾကၿပီး အ႐ိုးေတြ အကုန္က်ိဳးေက်ေနတာကို အဲဒီအပင္က အ႐ြက္ေတြနဲ႔ အုပ္ထားခဲ့တာ ေနာက္ေန႔ၾကေတာ့ အေကာင္း ပကတိအတိုင္း သူ႔ဘာသာ အိမ္ျပန္လာသတဲ့။ လြန္သားပဲ။

အသားေတြ ဟက္ပက္ရွနာခဲ့ရင္ေတာင္ အ႐ြက္ကိုေထာင္းၿပီး အုံထားရင္ ခဏေလးႏွင့္ အသားေတြ ျပန္ဆက္သြားသတဲ့။

တစ္ခါသား ခုတ္ထစ္ထားတဲ့ ၾကက္သားေတြကို အဲဒီအ႐ြက္ႏွင့္ ထုတ္ပိုးေပးလိုက္တာ အိမ္ေရာက္ေတာ့ ၾကက္က အေကာင္လိုက္ႀကီး ျပန္ျဖစ္ေနသတဲ့။ လြန္သားပဲ။

အေၾကာေတြဆို အလြန္သန္မာသတဲ့။ ကမာၻက ကုလို႔ မေပ်ာက္တဲ့ ပိုလီယိုေတာင္ အဲဒီအပင္ၾကား သြားထိုင္ေနရင္ ေပ်ာက္သတဲ့။

တစ္ခါသား ေျခေထာက္မသန္တဲ့ ေကာင္ေလးတစ္ေယာက္ အဲဒီအပင္ေတြၾကားမွာ အေလးသြားတာ။ ထလာေတာ့ ေျခေထာက္ေတြက အေကာင္းအတိုင္း ျဖစ္ေနသတဲ့။ လြန္သားပဲ။

ဘာပဲျဖစ္ျဖစ္ နားေထာင္လို႔ေတာ့ အေကာင္းသား။

သို႔ႏွင့္ အင္တာနက္မွာ ရွာဖတ္တယ္။ အထက္က ပုံျပင္ေတြက ဟုတ္လိုႏိုးႏိုးရယ္။ အထူးသျဖင့္ အေၾကာအားတိုးေဆးအျဖစ္ သုံးသတဲ့ အျမစ္ကို ႏြားႏို႔ႏွင့္ စိမ္ေသာက္ရင္ ထန္းစ လွီးထားသလိုပဲဆိုလား ဘာျဖစ္တယ္ဆိုလား။

အသားဆက္ အ႐ိုးဆက္ အေၾကာဆက္ကေတာ့ တကယ္ေကာင္းပုံေပၚတယ္။ ရပ္ထဲ ႐ြာထဲမွာေတာ့ လူေျပာ သူေျပာ အေတာ္မ်ားတယ္။

ထားပါ။ အေရးႀကဳံတဲ့အခါ သုံးလို႔ ရတာေပါ့။ ထို႔ထက္ ဘယ္လိုေၾကာင့္ပဲ သစ္ပင္ကိုခ်စ္ခ်စ္ ကိုယ့္အတြက္ အသုံးက်လို႔ ေဆးဝါးျဖစ္လို႔ ဘယ္လိုပဲ ခ်စ္ခ်စ္ သစ္ပင္ေလးေတြကို ခ်စ္တတ္ရင္ “ေဆးပင္တဲ့ဟဲ့”ဆိုၿပီး သစ္ပင္ေလး တစ္ပင္ေလာက္မ်ား စိုက္ျဖစ္ခဲ့ရင္ လက္ေညာင္းခံရက်ိဳး နပ္သပ။

ဘုန္းႀကီးဦးနာဂသိန္ရဲ႕ ပုံျပေဆးအဘိဓာန္ထဲ ရွာၾကည့္တယ္။ ဗဟုသုတအျဖစ္ အဲဒီထဲက ကူးေပးလိုက္ပါတယ္။

ၾကဖက္ႀကီး

ပုံသဏၭာန္ ။ ။ ပင္ေထာင္ငယ္ အပင္မ်ိဳးျဖစ္၏။ အ႐ြက္ အင္႐ြက္ထက္ပင္ ႀကီး၏။ ေခြးသြားစိပ္ ရွိ၏။ အကိုင္းမ်ား စိမ္း၏။ အပြင့္သည္ ျဖဴ၏။ အျမစ္သည္ ဥကဲ့သို႔ ျဖစ္၏။ အျမစ္ကို အေရာင္ဆိုးရန္ အသုံးျပဳ ရ၏။ ေဆးလည္း အသုံးျပဳ ရ၏။

ဂုဏ္ႏွင့္ စြမ္းရည္ ။ ။ အျမစ္သည္ ခ်ဳပ္၏။ အနာကို အသားႏု တက္ေစ၏။ နာက်င္ကိုက္ခဲျခင္းကို ေပ်ာက္ကင္းေစ၏။ ေသြးယိုစီးျခင္းကို တားျမစ္တတ္၏။ ကိုယ္၌ နာက်င္ ကိုက္ခဲျခင္း ျဖစ္ခဲ့ေသာ္ အျမစ္ကို ေသြး၍ ပူေအာင္ ျပဳၿပီးလွ်င္ လိမ္းေပးရ၏။

အခ်ိဳ႕အရပ္ေဒသတို႔၌ အ႐ြက္ႏုကို ဟင္းခ်ိဳခ်က္ စားၾက၏။ အျမစ္ကို ေသြးလိမ္းလွ်င္ ေပြးေပ်ာက္၏။ ၎၏သတၳဳရည္ကို အနာၿမဳံမ်ား၌ အုံေပးလွ်င္ အနာက်က္၍ အသားႏုကို တက္ေစ၏။

“ေရာဂါအလိုက္ အသုံးျပဳနည္း”

ေပြးနာ ။ ။ ၎အျမစ္ကို ေရႏွင့္ ေသြးလူးေသာ္ ေပြးနာမ်ား ေပ်ာက္ကင္း၏။

အေၾကာေရာင္ေရာဂါ ။ ။ ၎အျမစ္ကို ေရႏွင့္ ေသြး၍ မီးႏွင့္ အတန္ငယ္ ပူေအာင္ ေႏႊး၍ အေၾကာတေလ်ာက္ ေရာင္ရမ္းရာ၌ လိမ္းက်ံေပးလွ်င္ အေၾကာေရာင္ေရာဂါ ေပ်ာက္ကင္း၏။

အနာ အသားႏု တက္ေဆး ။ ။ ၎၏အျမစ္ကို ေရႏွင့္ ညက္ညက္ပါေအာင္ ႀကိတ္၍ အဝတ္စေပၚတြင္ ထိုႀကိတ္ၿပီးေဆးကို သုတ္လိမ္း၍ ဖေရာင္းခ်က္ ကပ္သကဲ့သို႔ အနာေပၚ၌ ကပ္ေပးပါက အနာသည္ အသားႏု လွ်င္စြာ တက္၏။

အကိုက္အခဲေပ်ာက္ေဆး ။ ။ ခႏၶာကိုတြင္ မည့္သည့္ ေနရာမဆို ကိုက္ခဲ နာက်င္ခဲ့ေသာ္ ၎အျမစ္ကို ေသြး၍ မီးႏွင့္ ေႏြးေႏြးျဖစ္ေအာင္ ကင္ၿပီး သုတ္လိမ္းေပးပါက ကိုက္ခဲ နာက်င္ျခင္း ေပ်ာက္ကင္း၏။

အနာ ေသြးတိတ္ေဆး ။ ။ အနာေပါက္တို႔၌ အနာသည္ ေသြးမ်ား ယိုစီေနေသာ္ ၎အျမစ္ကို ေရႏွင့္ ေသြးလိမ္းပါက အနာသည္ ေသြးယိုစီးျခင္းမွ ရပ္စဲသြားလိမ့္မည္။

(ပုံျပေဆးအဘိဓာန္ ပထမအုပ္ စာမ်က္ႏွာ ၉၂)

ေမာင္ျမင့္မိုရ္

Credit : ခိုင္သၪၨာေဌး

Leave a Comment