အချိန်သိပ်မရတဲ့ သူတွေအတွက် (၁၅)မိနစ်နဲ့ ကျက်စေမယ့် ထမင်းချက်နည်း
“၁၅ မိနစ်အမြန် ထမင်းချက်နည်း”
ချက်ရေးပြုတ်ရေးမှာ အချိန်ကုန်မခံချင်တဲ့ ကျနော်တို့လို့ အိမ်ရှင်းထီးတွေအတွက်တော့ ဒီနည်းက အရမ်းအလုပ်ဖြစ်ပါတယ်။
နောက်တစ်ခု ကောင်းတာက ဒီနည်းအတိုင်း ချက်ပြုတ်ရင် ရေငှဲ့မှာဖြစ်လို့ ထမင်းကြောင့် ကိုယ်အလေးချိန် ဝိတ်တက်တာကိုလည်း ထိန်းပေးနိုင်ပါတယ်။
ထမင်းပေါင်းအိုးနဲ့ပဲ တည်ရတာဖြစ်လို့ အရမ်းလွယ်ကူပါတယ်။
ပထမဆုံး လျှပ်စစ်ရေနွေးအိုးကို လည်ရစ်ထိ ရေဖြည့်ပြီး တည်ထားပါ။ အဲဒီအချိန်မှာ ပေါင်းအိုးထဲ ဆန်ထည့်၊ ဆန်ဆေးပါ။ (အေးဆေးလုပ်ပါ)
ဆန်ဆေးပြီးရင် ရေကို ဆန်မြုတ်ရုံပဲထည့်ပြီး ပေါင်းအိုးထဲထည့် ထမင်းချက်တဲ့ခလုတ် နှိပ်ပါ။(ရေနွေး ဆူခါနီးပါပြီ) (အိုးပတ်ချာလည်ကို ရေသုပ်ဖို့ မမေ့နဲ့နော်)
(ပုံတွေပြထားပါတယ်)
ထမင်းပေါင်းအိုးထဲက ရေနွေးပြီး ဆူစပြုလာပြီဆိုရင် ရေနွေးအိုးထဲက ဆူပြီးသားရေနွေးကို ဆန်အနဲများပေါ်လိုက်ပြီး ထမင်းအိုးထဲ ဖြည့်ချလိုက်ပါ။ (ရေငှဲ့မှာပါ)
ချက်ခြင်းနီးပါး ထမင်းအိုး ဆူလာပါလိမ့်မယ်။တစ်ကြိမ် နှစ်ကြိမ် မွှေပေးပါ။ဝေမကျအောင် အဖုံးနဲ့ အိုးကြားမှာ သစ်သားယောင်းမခံထားလိုက်ပါ။
ဘေဇင်ကို သန့်ရှင်းထားပြီး စတီးစကာ/ပလပ်စတစ်စကာ(အထူ) ကို ထမင်းရည်ငှဲ့ဖို့ အသင့်ထည့်ထားပါ။
(ဒီအဆင့်တွေ တစ်ခုနဲ့တစ်ခုကြားမှာ အချိန်ရတာမို့ ဟင်းချက်ဖို့ လိုအပ်တာတွေကိုပါ တပြိုင်တည်းပြင်ဆင်ဖို့ အချိန်ရပါတယ်)
ဆန်လုံးထဲက အဆံဖြူလေး ပျောက်လုနီးပြီဆိုရင်တော့ ပေါင်းအိုး မီးခလုတ်ပိတ်၊ ထမင်းအိုးကို မ သွားပြီး ဘေဇင်ထဲက ဇကာထဲကို ဝေါကနဲ သွန်ချလိုက်ပါ။
၁ မိနစ်လောက်ဆို ရေလုံးဝစစ်သွားပြီမို့ ထမင်းတွေ အိုးထဲ ပြန်ထည့်ပြီး အိုးပတ်ချာလည်ကို ရေစင်အောင် သုပ်ပြီး ပေါင်းအိုးထဲ ပြန်ထည့်ပါ၊ ပြီးရင်တော့ ထမင်းချက်သလိုမျိုးပဲ ခလုတ်ကို အောက်နှိပ်လိုက်ပါ။
ဒါဆိုရင် ပြီးသွားပါပြီ ဟင်းဆက်ချက်ရင်ချက်၊ ချက်စရာမလိုရင် ထားခဲ့လိုက်ပါ။ ခဏလေးကြာရင် ထောက်ကနဲ ခလုတ်က အလိုလိုတက်သွားပြီး နွှေးတဲ့ အဆင့်ရောက်သွားပါလိမ့်မယ်။
အားလုံးကြာချိန်က ၁၅ မိနစ်လောက်ပဲရှိတယ်နော်။
ကဲ.. ဒါဆိုရင်တော့ ထမင်းတွေက ပေါင်းအိုးနဲ့ ရေခမ်းချက်သလို လုံးထွေးမနေပဲ တစ်လုံးခြင်းစီဖြစ်နေသလို ကစီတွေလည်း ငှဲ့ပစ်တာမို့ ဝိတ်တက်မှာလဲ စိတ်မပူရတော့ပါဘူး။
ဒီနည်းလမ်းကို အဒေါ်တစ်ယောက်စီကနေရတာပါ။
စီနီယာ အိမ်ရှင်မမတွေကတော့ သိပြီးသားဖြစ်နေမှာပါ။
Crd ချိူတူး
Zawgyi
အခ်ိန္သိပ္မရတဲ့ သူေတြအတြက္ (၁၅)မိနစ္နဲ႔ က်က္ေစမယ့္ ထမင္းခ်က္နည္း
“၁၅ မိနစ္အျမန္ ထမင္းခ်က္နည္း”
ခ်က္ေရးျပဳတ္ေရးမွာ အခ်ိန္ကုန္မခံခ်င္တဲ့ က်ေနာ္တို႔လို႔ အိမ္ရွင္းထီးေတြအတြက္ေတာ့ ဒီနည္းက အရမ္းအလုပ္ျဖစ္ပါတယ္။
ေနာက္တစ္ခု ေကာင္းတာက ဒီနည္းအတိုင္း ခ်က္ျပဳတ္ရင္ ေရငွဲ႔မွာျဖစ္လို႔ ထမင္းေၾကာင့္ ကိုယ္အေလးခ်ိန္ ဝိတ္တက္တာကိုလည္း ထိန္းေပးႏိုင္ပါတယ္။
ထမင္းေပါင္းအိုးနဲ႔ပဲ တည္ရတာျဖစ္လို႔ အရမ္းလြယ္ကူပါတယ္။
ပထမဆုံး လွ်ပ္စစ္ေရေႏြးအိုးကို လည္ရစ္ထိ ေရျဖည့္ၿပီး တည္ထားပါ။ အဲဒီအခ်ိန္မွာ ေပါင္းအိုးထဲ ဆန္ထည့္၊ ဆန္ေဆးပါ။ (ေအးေဆးလုပ္ပါ)
ဆန္ေဆးၿပီးရင္ ေရကို ဆန္ျမဳတ္႐ုံပဲထည့္ၿပီး ေပါင္းအိုးထဲထည့္ ထမင္းခ်က္တဲ့ခလုတ္ ႏွိပ္ပါ။(ေရေႏြး ဆူခါနီးပါၿပီ) (အိုးပတ္ခ်ာလည္ကို ေရသုပ္ဖို႔ မေမ့နဲ႔ေနာ္)
(ပုံေတြျပထားပါတယ္)
ထမင္းေပါင္းအိုးထဲက ေရေႏြးၿပီး ဆူစျပဳလာၿပီဆိုရင္ ေရေႏြးအိုးထဲက ဆူၿပီးသားေရေႏြးကို ဆန္အနဲမ်ားေပၚလိုက္ၿပီး ထမင္းအိုးထဲ ျဖည့္ခ်လိုက္ပါ။ (ေရငွဲ႔မွာပါ)
ခ်က္ျခင္းနီးပါး ထမင္းအိုး ဆူလာပါလိမ့္မယ္။တစ္ႀကိမ္ ႏွစ္ႀကိမ္ ေမႊေပးပါ။ေဝမက်ေအာင္ အဖုံးနဲ႔ အိုးၾကားမွာ သစ္သားေယာင္းမခံထားလိုက္ပါ။
ေဘဇင္ကို သန႔္ရွင္းထားၿပီး စတီးစကာ/ပလပ္စတစ္စကာ(အထူ) ကို ထမင္းရည္ငွဲ႔ဖို႔ အသင့္ထည့္ထားပါ။
(ဒီအဆင့္ေတြ တစ္ခုနဲ႔တစ္ခုၾကားမွာ အခ်ိန္ရတာမို႔ ဟင္းခ်က္ဖို႔ လိုအပ္တာေတြကိုပါ တၿပိဳင္တည္းျပင္ဆင္ဖို႔ အခ်ိန္ရပါတယ္)
ဆန္လုံးထဲက အဆံျဖဴေလး ေပ်ာက္လုနီးၿပီဆိုရင္ေတာ့ ေပါင္းအိုး မီးခလုတ္ပိတ္၊ ထမင္းအိုးကို မ သြားၿပီး ေဘဇင္ထဲက ဇကာထဲကို ေဝါကနဲ သြန္ခ်လိုက္ပါ။
၁ မိနစ္ေလာက္ဆို ေရလုံးဝစစ္သြားၿပီမို႔ ထမင္းေတြ အိုးထဲ ျပန္ထည့္ၿပီး အိုးပတ္ခ်ာလည္ကို ေရစင္ေအာင္ သုပ္ၿပီး ေပါင္းအိုးထဲ ျပန္ထည့္ပါ၊ ၿပီးရင္ေတာ့ ထမင္းခ်က္သလိုမ်ိဳးပဲ ခလုတ္ကို ေအာက္ႏွိပ္လိုက္ပါ။
ဒါဆိုရင္ ၿပီးသြားပါၿပီ ဟင္းဆက္ခ်က္ရင္ခ်က္၊ ခ်က္စရာမလိုရင္ ထားခဲ့လိုက္ပါ။ ခဏေလးၾကာရင္ ေထာက္ကနဲ ခလုတ္က အလိုလိုတက္သြားၿပီး ေႏႊးတဲ့ အဆင့္ေရာက္သြားပါလိမ့္မယ္။
အားလုံးၾကာခ်ိန္က ၁၅ မိနစ္ေလာက္ပဲရွိတယ္ေနာ္။
ကဲ.. ဒါဆိုရင္ေတာ့ ထမင္းေတြက ေပါင္းအိုးနဲ႔ ေရခမ္းခ်က္သလို လုံးေထြးမေနပဲ တစ္လုံးျခင္းစီျဖစ္ေနသလို ကစီေတြလည္း ငွဲ႔ပစ္တာမို႔ ဝိတ္တက္မွာလဲ စိတ္မပူရေတာ့ပါဘူး။
ဒီနည္းလမ္းကို အေဒၚတစ္ေယာက္စီကေနရတာပါ။
စီနီယာ အိမ္ရွင္မမေတြကေတာ့ သိၿပီးသားျဖစ္ေနမွာပါ။
Crd ခ်ိဴတူး