ကွမ်းယာထဲ ထည့်စားကြသော နိုင်တီတူး (92) ဘူးပေါ်မှာ ရေးထားတဲ့အလွန် အန္တရာယ်များတဲ့စာ

ကွမ်းယာထဲ ထည့်စားကြသော နိုင်တီတူး (92) ဘူးပေါ်မှာ ရေးထားတဲ့အလွန် အန္တရာယ်များတဲ့စာ

Do not swallow, Not a food product (မြိုမချရ၊ စားသောက်ကုန်မဟုတ်)၊Do not use as ingredient in any food (မည်သည့်အစားအစာတွင်မှဟင်းမယ်တခုအဖြစ်မသုံးရတဲ့။)

နိုင်တီတူး (92) ဆေးကို ဆေးတံသောက်ဆေးအဖြစ် ရည်ရွယ်ပြီးထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ သေချာတာကတော့ ဆေးကို ပါးစပ်ထဲ ထည့်ပြီး ဝါးတာကတော့ အလွန်အန္တရာယ် များပါတယ်။


မြို့တိုင်းလိုလို ကွမ်းစားသုံးမှု များပြားလာသည်နှင့် အမျှ အိန္ဒိယနိုင်ငံမှ တရားမဝင် တင်သွင်းသော နိုင်တီတူး၊ ဖိုတီဖိုက် စသည့် ဆေးပြင်းများကို စားသုံးနေကြသည်။

ထို့ပြင် Shikhar (ရှီးခါး)၊ ကင်းမြီးကောက်တံဆိပ်ပါ ကွမ်းပေါင်း ဆေးထုပ်များကိုလူငယ်အများစုစားသုံးမှုပိုမို များပြားလာကြပါတယ်။

ယခင်ကကွမ်းကို ကွမ်းသီး၊ထုံး၊ ဆေးရွက်ကြီးတို့ဖြင့်စားသုံးကြရာမှယခုအခါ ကွမ်းစားသုံးမှုသည် လူတန်းစား မရွေး အလွယ်တကူဝယ်ယူစားသုံးနိုင်ခြင်းကြောင့်ကွမ်းစားသုံးမှုမှာပိုမို မြင့်မားလာပြီး လူကြီး၊လူငယ် ကွမ်းစားသုံးမှုများပြားလာသည်နှင့်အတူ ကွမ်းစားခြင်းကြောင့်

ခံတွင်းရောဂါ ဖြစ်ပွားမှုသည်ယခင်ကထက်သက်တမ်းထက်ဝက်ခန့် စော၍ ဖြစ်ပွားလာသည်ကို တွေ့ရှိ နေရသည်။ယခင်က အသက် ၄ဝ နောက်ပိုင်းမှသာ သွားဖုံးကင်ဆာ ဖြစ်ပွားမှု တွေ့ရှိရသော်လည်း ယခုအခါ အသက် ၂၅ နှစ်မှ ၃၅ နှစ် ဝန်းကျင်အရွယ်မှစ၍ ဖြစ်ပွားမှုများရှိလာသည်ကို လေ့လာသိရှိရသည်။

ကွမ်းယာရောင်းဆိုင်အချို့သည်ကွမ်းသီးကို ရေစိမ်ထားက ၎င်းကွမ်းသီးများ ရေစိမ်ထားသည့်အတွက် ပွလာကာ ကွမ်းသီးကို အရောင်ဖွေးပြီး လှနေအောင်ဓာတုချွတ်ဆေးတစ်မျိုးဖြင့် အရောင်ချွတ်ကာ ရေဆေးပြီး နေလှန်း အခြောက်ခံသည်ကိုလည်းကောင်း၊

ဆေးရွက်ကြီးများကိုလည်းပျားရည်နှင့် ရောစပ်ကာနှပ်ဆေး သဘောမျိုး အသွင်ပြောင်း ထားသလို ထုံးကိုလည်း ရေနှင့်ဖျော်ပြီး အပေါ်ယံ ရေကြည်ကို သွန်ပစ်ကာ အနည်ထိုင် ကျန်ခဲ့သည့် အနှစ်သားကို ပျစ်ပျစ် ဖျော်ထားသည့် နို့မှုန့်များဖြင့် ရောစပ် လိုက်သည့်အတွက် ထုံးကို စားသည့်အခါ နို့မှုန့် ပါလာသည့် အတွက်

ထုံးသားက ဆိမ့်ဆိမ့်လေး ဖြစ်နေကြောင်း၊ သို့သော် ကျန်းမာရေးနှင့် ကိုက်ညီမှု ရှိ၊ မရှိ မသိရကြောင်း စသည့် ကွမ်းနှင့် ကွမ်းသီး အကြောင်းကို ကောလင်းမှ လေ့လာသူ တစ်ဦးက ပြောပြ၍ သိရသည်။

ယခုအခါ ကွမ်းယာ စားသုံးသူများနှင့် ကွမ်းသွေး ထွေးရန် အခက်အခဲများ ရှိ၍ ငုံထားချိန်များခြင်း၊ Shikhar (ရှီးခါး)၊ ကင်းမြီးကောက် တံဆိပ်ပါ ကွမ်းပေါင်းဆေးများကို သုံးစွဲ၍ ပါးစောင် ပေါက်ပြီး ကင်ဆာ ရောဂါများ ဖြစ်ပွားကာ သေဆုံးသူ များပြား လာကြောင်း သိရှိရပါသည်။

ခရက်ဒစ်

Zawgyi

ကြမ္းယာထဲ ထည့္စားၾကေသာ ႏိုင္တီတူး (92) ဘူးေပၚမွာ ေရးထားတဲ့အလြန္ အႏၲရာယ္မ်ားတဲ့စာ

Do not swallow, Not a food product (ၿမိဳမခ်ရ၊ စားေသာက္ကုန္မဟုတ္)၊Do not use as ingredient in any food (မည္သည့္အစားအစာတြင္မွဟင္းမယ္တခုအျဖစ္မသုံးရတဲ့။)

ႏိုင္တီတူး (92) ေဆးကို ေဆးတံေသာက္ေဆးအျဖစ္ ရည္႐ြယ္ၿပီးထုတ္လုပ္ထားတယ္လို႔ သိရပါတယ္။ ေသခ်ာတာကေတာ့ ေဆးကို ပါးစပ္ထဲ ထည့္ၿပီး ဝါးတာကေတာ့ အလြန္အႏၲရာယ္ မ်ားပါတယ္။

ၿမိဳ႕တိုင္းလိုလို ကြမ္းစားသုံးမႈ မ်ားျပားလာသည္ႏွင့္ အမွ် အိႏၵိယႏိုင္ငံမွ တရားမဝင္ တင္သြင္းေသာ ႏိုင္တီတူး၊ ဖိုတီဖိုက္ စသည့္ ေဆးျပင္းမ်ားကို စားသုံးေနၾကသည္။

ထို႔ျပင္ Shikhar (ရွီးခါး)၊ ကင္းၿမီးေကာက္တံဆိပ္ပါ ကြမ္းေပါင္း ေဆးထုပ္မ်ားကိုလူငယ္အမ်ားစုစားသုံးမႈပိုမို မ်ားျပားလာၾကပါတယ္။

ယခင္ကကြမ္းကို ကြမ္းသီး၊ထုံး၊ ေဆး႐ြက္ႀကီးတို႔ျဖင့္စားသုံးၾကရာမွယခုအခါ ကြမ္းစားသုံးမႈသည္ လူတန္းစား မေ႐ြး အလြယ္တကူဝယ္ယူစားသုံးႏိုင္ျခင္းေၾကာင့္ကြမ္းစားသုံးမႈမွာပိုမို ျမင့္မားလာၿပီး လူႀကီး၊လူငယ္ ကြမ္းစားသုံးမႈမ်ားျပားလာသည္ႏွင့္အတူ ကြမ္းစားျခင္းေၾကာင့္

ခံတြင္းေရာဂါ ျဖစ္ပြားမႈသည္ယခင္ကထက္သက္တမ္းထက္ဝက္ခန႔္ ေစာ၍ ျဖစ္ပြားလာသည္ကို ေတြ႕ရွိ ေနရသည္။ယခင္က အသက္ ၄ဝ ေနာက္ပိုင္းမွသာ သြားဖုံးကင္ဆာ ျဖစ္ပြားမႈ ေတြ႕ရွိရေသာ္လည္း ယခုအခါ အသက္ ၂၅ ႏွစ္မွ ၃၅ ႏွစ္ ဝန္းက်င္အ႐ြယ္မွစ၍ ျဖစ္ပြားမႈမ်ားရွိလာသည္ကို ေလ့လာသိရွိရသည္။

ကြမ္းယာေရာင္းဆိုင္အခ်ိဳ႕သည္ကြမ္းသီးကို ေရစိမ္ထားက ၎ကြမ္းသီးမ်ား ေရစိမ္ထားသည့္အတြက္ ပြလာကာ ကြမ္းသီးကို အေရာင္ေဖြးၿပီး လွေနေအာင္ဓာတုခြၽတ္ေဆးတစ္မ်ိဳးျဖင့္ အေရာင္ခြၽတ္ကာ ေရေဆးၿပီး ေနလွန္း အေျခာက္ခံသည္ကိုလည္းေကာင္း၊

ေဆး႐ြက္ႀကီးမ်ားကိုလည္းပ်ားရည္ႏွင့္ ေရာစပ္ကာႏွပ္ေဆး သေဘာမ်ိဳး အသြင္ေျပာင္း ထားသလို ထုံးကိုလည္း ေရႏွင့္ေဖ်ာ္ၿပီး အေပၚယံ ေရၾကည္ကို သြန္ပစ္ကာ အနည္ထိုင္ က်န္ခဲ့သည့္ အႏွစ္သားကို ပ်စ္ပ်စ္ ေဖ်ာ္ထားသည့္ ႏို႔မႈန႔္မ်ားျဖင့္ ေရာစပ္ လိုက္သည့္အတြက္ ထုံးကို စားသည့္အခါ ႏို႔မႈန႔္ ပါလာသည့္ အတြက္

ထုံးသားက ဆိမ့္ဆိမ့္ေလး ျဖစ္ေနေၾကာင္း၊ သို႔ေသာ္ က်န္းမာေရးႏွင့္ ကိုက္ညီမႈ ရွိ၊ မရွိ မသိရေၾကာင္း စသည့္ ကြမ္းႏွင့္ ကြမ္းသီး အေၾကာင္းကို ေကာလင္းမွ ေလ့လာသူ တစ္ဦးက ေျပာျပ၍ သိရသည္။

ယခုအခါ ကြမ္းယာ စားသုံးသူမ်ားႏွင့္ ကြမ္းေသြး ေထြးရန္ အခက္အခဲမ်ား ရွိ၍ ငုံထားခ်ိန္မ်ားျခင္း၊ Shikhar (ရွီးခါး)၊ ကင္းၿမီးေကာက္ တံဆိပ္ပါ ကြမ္းေပါင္းေဆးမ်ားကို သုံးစြဲ၍ ပါးေစာင္ ေပါက္ၿပီး ကင္ဆာ ေရာဂါမ်ား ျဖစ္ပြားကာ ေသဆုံးသူ မ်ားျပား လာေၾကာင္း သိရွိရပါသည္။

ခရက္ဒစ္

Leave a Comment