သီရိလင်္ကာနိုင်ငံမှာ တွေ့ရှိခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး အပြာရောင် နီလာအရိုင်းတုံးကြီး

သီရိလင်္ကာနိုင်ငံမှာ တွေ့ရှိခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး အပြာရောင် နီလာအရိုင်းတုံးကြီး

သီရိလင်္ကာနိုင်ငံမှာ လွန်ခဲ့တဲ့ သုံးလခန့်က ကျောက်မျက်တွင်းတစ်ခုမှာ တွေ့ရှိခဲ့တဲ့ အလေးချိန် ၃၁၀ ကီလိုဂရမ် အလေးချိန်ရှိသည့် ကမ္ဘာ့အကြီးဆုံး သဘာဝ အပြာရောင် နီလာအရိုင်းတုံးကြီး တစ်တုံးကို ဒီဇင်ဘာ ၁၂ ရက်နေ့က သီရိလင်္ကာ အာဏာပိုင်များက ထုတ်ဖော်ပြသခဲ့ပါတယ်။

အဆိုပါ နီလာကို ဆန်းစစ် လေ့လာခဲ့ကြတဲ့ ဒေသခံ ကျောက်မျက်ရတနာ ပညာရှင်များက ၎င်းဟာ အလေးချိန် ၃၀၀ ကီလိုဂရမ်ကျော် ရှိတဲ့ ကမ္ဘာ့အရှားပါးဆုံး ကျောက်မျက်ရတနာများထဲမှ တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းများကလည်း အဖိုးတန် ကျောက်မျက်များကို အသိအမှတ်ပြုခြင်း မရှိသေးပေမယ့် ကိုလံဘိုမြို့ တောင်ဘက် ၆၅ ကီလိုမီတာအကွာ Horana ရှိ ကျောက်မျက်တွင်းပိုင်ရှင်တစ်ဦးရဲ့ နေအိမ်မှာ အဆိုပါ နီလာကို ပြသထားခဲ့ပါတယ်။

ကျောက်မျက်ရတနာကို ထုတ်ဖော်ပြသခြင်း မပြုမီ ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်စုက ကောင်းချီးမင်္ဂလာများ ရွတ်ဆိုခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ကျောက်မျက်ရတနာ အများအပြား ထွက်ရှိတဲ့ Ratnapura မြို့ရှိ ဒေသခံများက ယခင် ခြံနောက်ဖေး တစ်နေရာမှာ ကမ္ဘာ့အကြီးဆုံး ရှားပါးကျောက်ကို မတော်တဆ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Ratnapura မြို့တော်ဟာ နီလာနှင့် အခြား အဖိုးတန် ကျောက်မျက်ရတနာများ အထူးသဖြင့် ထိပ်တန်းစာရင်းဝင် ဖြစ်ပြီး တောင်အာရှနိုင်ငံရဲ့ ကျောက်မျက်မြို့တော်အဖြစ် လူသိများခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံဟာ စိန်နဲ့ အခြား ကျောက်မျက်ရတာနာတွေ တင်ပို့မှုကနေ ပြီးခဲ့တဲ့နှစ်မှာ ဝင်ငွေ ကန်ဒေါ်လာ တစ်ဘီလီယံခန့် ဝန်းကျင် ရရှိခဲ့တယ်လို့ ဒေသဆိုင်ရာ ကျောက်မျက်နဲ့ လက်ဝတ်ရတနာ လုပ်ငန်းဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Photo and Source – CNA

Zawgyi

သီရိလကၤာႏိုင္ငံမွာ ေတြ႕ရွိခဲ့တဲ့ ကမာၻ႔အႀကီးဆုံး အျပာေရာင္ နီလာအ႐ိုင္းတုံးႀကီး

သီရိလကၤာႏိုင္ငံမွာ လြန္ခဲ့တဲ့ သုံးလခန႔္က ေက်ာက္မ်က္တြင္းတစ္ခုမွာ ေတြ႕ရွိခဲ့တဲ့ အေလးခ်ိန္ ၃၁၀ ကီလိုဂရမ္ အေလးခ်ိန္ရွိသည့္ ကမာၻ႔အႀကီးဆုံး သဘာဝ အျပာေရာင္ နီလာအ႐ိုင္းတုံးႀကီး တစ္တုံးကို ဒီဇင္ဘာ ၁၂ ရက္ေန႔က သီရိလကၤာ အာဏာပိုင္မ်ားက ထုတ္ေဖာ္ျပသခဲ့ပါတယ္။

အဆိုပါ နီလာကို ဆန္းစစ္ ေလ့လာခဲ့ၾကတဲ့ ေဒသခံ ေက်ာက္မ်က္ရတနာ ပညာရွင္မ်ားက ၎ဟာ အေလးခ်ိန္ ၃၀၀ ကီလိုဂရမ္ေက်ာ္ ရွိတဲ့ ကမာၻ႔အရွားပါးဆုံး ေက်ာက္မ်က္ရတနာမ်ားထဲမွ တစ္ခုျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားကလည္း အဖိုးတန္ ေက်ာက္မ်က္မ်ားကို အသိအမွတ္ျပဳျခင္း မရွိေသးေပမယ့္ ကိုလံဘိုၿမိဳ႕ ေတာင္ဘက္ ၆၅ ကီလိုမီတာအကြာ Horana ရွိ ေက်ာက္မ်က္တြင္းပိုင္ရွင္တစ္ဦးရဲ႕ ေနအိမ္မွာ အဆိုပါ နီလာကို ျပသထားခဲ့ပါတယ္။

ေက်ာက္မ်က္ရတနာကို ထုတ္ေဖာ္ျပသျခင္း မျပဳမီ ဗုဒၶဘာသာ ဘုန္းႀကီးတစ္စုက ေကာင္းခ်ီးမဂၤလာမ်ား ႐ြတ္ဆိုခဲ့ၾကတယ္လို႔လည္း ဆိုပါတယ္။

ေက်ာက္မ်က္ရတနာ အမ်ားအျပား ထြက္ရွိတဲ့ Ratnapura ၿမိဳ႕ရွိ ေဒသခံမ်ားက ယခင္ ၿခံေနာက္ေဖး တစ္ေနရာမွာ ကမာၻ႔အႀကီးဆုံး ရွားပါးေက်ာက္ကို မေတာ္တဆ ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

Ratnapura ၿမိဳ႕ေတာ္ဟာ နီလာႏွင့္ အျခား အဖိုးတန္ ေက်ာက္မ်က္ရတနာမ်ား အထူးသျဖင့္ ထိပ္တန္းစာရင္းဝင္ ျဖစ္ၿပီး ေတာင္အာရွႏိုင္ငံရဲ႕ ေက်ာက္မ်က္ၿမိဳ႕ေတာ္အျဖစ္ လူသိမ်ားခဲ့ပါတယ္။

သီရိလကၤာႏိုင္ငံဟာ စိန္နဲ႔ အျခား ေက်ာက္မ်က္ရတာနာေတြ တင္ပို႔မႈကေန ၿပီးခဲ့တဲ့ႏွစ္မွာ ဝင္ေငြ ကန္ေဒၚလာ တစ္ဘီလီယံခန႔္ ဝန္းက်င္ ရရွိခဲ့တယ္လို႔ ေဒသဆိုင္ရာ ေက်ာက္မ်က္နဲ႔ လက္ဝတ္ရတနာ လုပ္ငန္းဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။

Photo and Source – CNA

Leave a Comment