ပြည်သူတွေ အလိမ်မခံရစေရန် (Level 2) မရှိတဲ့ Kpay နဲ့ Wave အကောင့်တွေကို ပိတ်သိမ်းသွားမည်

ပြည်သူတွေ အလိမ်မခံရစေရန် (Level 2) သို့ မြှင့်တင်ခြင်းမရှိတဲ့ Kpay နဲ့ Wave စတဲ့ အကောင့်တွေကို ပိတ်သိမ်းသွားမည်..

သတ်မှတ်ကာလအတွင်း အချက်အလက်ဖြည့်သွင်းခြင်းကို ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ KBZ Pay ၊ Wave Money စတဲ့ မိုဘိုင်းငွေကြေးစာရင်းတွေကို အပြီးတိုင် ပိတ်သိမ်းသွားမယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အသိပေး ကြေညာထားပါတယ်။

အဆိုပါ ညွှန်ကြားချက်ကို စက်တင်ဘာလ (၁၆) ရက် ရက်စွဲဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန် ညွှန်ကြားလာခြင်းဖြစ်သည်။ ဗဟိုဘဏ်၏ ညွှန်ကြားထုတ်ပြန်ချက်တွင် ယခုကဲ့သို လုပ်ဆောင်ခိုင်းရခြင်းမှာ မသမာသူများ၏ ငွေကြေးလိမ်လည်မှုများ၊ တရားမဝင်ငွေလွှဲပြောင်းမှုများကြောင့် အများပြည်သူ၏ ငွေကြေးများ မဆုံးရှုံးစေရန်အတွက်ဟု ဖော်ပြထားသည်။

ဒ့ါကြောင့် မိုဘိုင်းငွေပေးချေမှု အသုံးပြုသူတွေအနေနဲ့ နီးစပ်ရာ ကိုယ်စားလှယ်များ (Agents) ၊ ဘဏ်တွေထံ သွားရောက်ပြီး မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်ကို အဆင့်-၂ (Level-2) ကို အချိန်မီမြှင့်တင်ဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

လက်ရှိတွင် ဗဟိုဘဏ်မှ လုံခြုံ၍စွမ်းရည်ပြည့်ဝသည့် အမျိုးသားငွေပေးချေမှု စနစ်ပေါ်ပေါက်လာစေရန် ဆောင်ရွက်လျက်ရှိရာ နည်းပညာတိုးတက်လာသည်နှင့်အမျှ မိုဘိုင်းငွေပေးချေမှုများမှတဆင့် ငွေကြေးလွှဲပြောင်းမှုလုပ်ငန်းများအဆင်ပြေ ချောမွေ့စွာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ဒီလို မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းထားမှသာ ငွေကြေးလိမ်လည်မှုတွေကြောင့် ဖြစ်ပေါ်လာမယ့် နစ်နာဆုံးရှုံးမှုတွေကို ဖြေရှင်းဆောင်ရွက်ပေးနိုင်မှာ ဖြစ်တယ်လို့လည်း ဗဟိုဘဏ်က အသိပေးထားသည်။


ဗဟိုဘဏ်ကတော့ မိုဘိုင်းငွေကြေးစာရင်းတွေမှာ ဖြည့်စွက်ထားတဲ့ အမည်၊ မှတ်ပုံတင်နံပါတ်၊ ဆင်းမ်ကတ်နံပါတ်တို့ကို လ.ဝ.က နဲ့ ဆ.သ.ရ ဦးစီးဌာနတို့ရဲ့ အချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် အဆင့်-၂ ကို မမြှင့်တင်ပါက စာရင်းပိတ်ခံရမှာဖြစ်ပြီး တိုးမြှင့်လိုခြင်းမရှိသူတွေအနေနဲ့ မိမိတို့လက်ကျန်ငွေအတွက် အသုံးပြုနိုင်မယ့် နည်းလမ်းတွေကို ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်ကြဖို့ အသိပေးထားပါတယ်။

လက်ရှိမြန်မာနိုင်ငံတွင် ပြည်သူအများစုအနေဖြင့် Kpay, CBpay, AYApay, Wave money အပါအဝင် မိုဘိုင်းဖုန်းဖြင့် ငွေပေးချေနိုင်သည့် ငွေရေးကြေးရေးအစီအစဉ်များ အသုံးပြုလျက်ရှိသည်။
Credit

Zawgyi

ျပည္သူေတြ အလိမ္မခံရေစရန္ (Level 2) သို႔ ျမႇင့္တင္ျခင္းမရွိတဲ့ Kpay နဲ႔ Wave စတဲ့ အေကာင့္ေတြကို ပိတ္သိမ္းသြားမည္..

သတ္မွတ္ကာလအတြင္း အခ်က္အလက္ျဖည့္သြင္းျခင္းကို ေဆာင္႐ြက္ႏိုင္ျခင္းမရွိတဲ့ KBZ Pay ၊ Wave Money စတဲ့ မိုဘိုင္းေငြေၾကးစာရင္းေတြကို အၿပီးတိုင္ ပိတ္သိမ္းသြားမယ္လို႔ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္က အသိေပး ေၾကညာထားပါတယ္။

အဆိုပါ ၫႊန္ၾကားခ်က္ကို စက္တင္ဘာလ (၁၆) ရက္ ရက္စြဲျဖင့္ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္က ထုတ္ျပန္ ၫႊန္ၾကားလာျခင္းျဖစ္သည္။ ဗဟိုဘဏ္၏ ၫႊန္ၾကားထုတ္ျပန္ခ်က္တြင္ ယခုကဲ့သို လုပ္ေဆာင္ခိုင္းရျခင္းမွာ မသမာသူမ်ား၏ ေငြေၾကးလိမ္လည္မႈမ်ား၊ တရားမဝင္ေငြလႊဲေျပာင္းမႈမ်ားေၾကာင့္ အမ်ားျပည္သူ၏ ေငြေၾကးမ်ား မဆုံးရႈံးေစရန္အတြက္ဟု ေဖာ္ျပထားသည္။

ဒ့ါေၾကာင့္ မိုဘိုင္းေငြေပးေခ်မႈ အသုံးျပဳသူေတြအေနနဲ႔ နီးစပ္ရာ ကိုယ္စားလွယ္မ်ား (Agents) ၊ ဘဏ္ေတြထံ သြားေရာက္ၿပီး မိမိတို႔ရဲ႕ ကိုယ္ေရးအခ်က္အလက္ကို အဆင့္-၂ (Level-2) ကို အခ်ိန္မီျမႇင့္တင္ဖို႔ လိုအပ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ထည့္သြင္းေဖာ္ျပထားပါတယ္။

လက္ရွိတြင္ ဗဟိုဘဏ္မွ လုံၿခဳံ၍စြမ္းရည္ျပည့္ဝသည့္ အမ်ိဳးသားေငြေပးေခ်မႈ စနစ္ေပၚေပါက္လာေစရန္ ေဆာင္႐ြက္လ်က္ရွိရာ နည္းပညာတိုးတက္လာသည္ႏွင့္အမွ် မိုဘိုင္းေငြေပးေခ်မႈမ်ားမွတဆင့္ ေငြေၾကးလႊဲေျပာင္းမႈလုပ္ငန္းမ်ားအဆင္ေျပ ေခ်ာေမြ႕စြာ အသုံးျပဳႏိုင္ၿပီျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

ဒီလို မိမိတို႔ရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြကို မွန္ကန္ျပည့္စုံစြာ ျဖည့္သြင္းထားမွသာ ေငြေၾကးလိမ္လည္မႈေတြေၾကာင့္ ျဖစ္ေပၚလာမယ့္ နစ္နာဆုံးရႈံးမႈေတြကို ေျဖရွင္းေဆာင္႐ြက္ေပးႏိုင္မွာ ျဖစ္တယ္လို႔လည္း ဗဟိုဘဏ္က အသိေပးထားသည္။

ဗဟိုဘဏ္ကေတာ့ မိုဘိုင္းေငြေၾကးစာရင္းေတြမွာ ျဖည့္စြက္ထားတဲ့ အမည္၊ မွတ္ပုံတင္နံပါတ္၊ ဆင္းမ္ကတ္နံပါတ္တို႔ကို လ.ဝ.က နဲ႔ ဆ.သ.ရ ဦးစီးဌာနတို႔ရဲ႕ အခ်က္အလက္ေတြကို တိုက္ဆိုင္စစ္ေဆးသြားမယ္လို႔ ဆိုပါတယ္။

ဒါ့ေၾကာင့္ အဆင့္-၂ ကို မျမႇင့္တင္ပါက စာရင္းပိတ္ခံရမွာျဖစ္ၿပီး တိုးျမႇင့္လိုျခင္းမရွိသူေတြအေနနဲ႔ မိမိတို႔လက္က်န္ေငြအတြက္ အသုံးျပဳႏိုင္မယ့္ နည္းလမ္းေတြကို ဘဏ္မ်ား၊ မိုဘိုင္းေငြေရးေၾကးေရး ဝန္ေဆာင္မႈလုပ္ငန္းေတြနဲ႔ ဆက္သြယ္ေဆာင္႐ြက္ၾကဖို႔ အသိေပးထားပါတယ္။

လက္ရွိျမန္မာႏိုင္ငံတြင္ ျပည္သူအမ်ားစုအေနျဖင့္ Kpay, CBpay, AYApay, Wave money အပါအဝင္ မိုဘိုင္းဖုန္းျဖင့္ ေငြေပးေခ်ႏိုင္သည့္ ေငြေရးေၾကးေရးအစီအစဥ္မ်ား အသုံးျပဳလ်က္ရွိသည္။
Credit

Leave a Comment