အဖနေဲ့အမကေို တနျဖိုးထားပွီး ခစြျကွသောသားသမီးတိုငျး မကြျရညျဝဲတဲ့အထိ နကျရှိုငျးလှတဲ့ စာ

အဖေနဲ့အမေကို တန်ဖိုးထားပြီး ချစ်ကြသောသားသမီးတိုင်း မျက်ရည်ဝဲတဲ့အထိ နက်ရှိုင်းလှတဲ့ စာငါ ကျေနပ်ပါပြီငါ အိပ်ရာထဲလဲတဲ့အခါ မိုးလင်းတဲ့အခါငယ်စဉ်ကလေ မင်းတို့ရဲ့ မျက်နှာနုလေးကို အေးမှာဆိုးလို့ငါနေ့စဉ် ရေနွေးနဲ့ သစ်ပေးခဲ့ပေမဲ့ ငါ့ကိုတော့ရေအေးနဲ့ သစ်ပေးရင်ပဲကျေနပ်ပါပြီ။အစာကျွေးတဲ့အခါ ငယ်စဉ်ကလေ မင်းတို့ကြီးထွားရှင်သန်ဖို့ဈေးကြီးတဲ့ အာဟာရမုန့်တွေ ငါဝအောင်ကျွေးခဲ့ပေမဲ့ငါ့ကိုတော့ အစာကျေတဲ့ ဆန်ပြုတ်ကျဲလေးကျွေးရင်ပဲ ကျေနပ်ပါပြီ။

ငါအစားမဝင်တဲ့အခါ ငယ်စဉ်ကလေ ထမင်းတစ်ပန်းကန် စားကုန်ဖို့အိမ်ရှေ့ အိမ်နောက်လှည့်ပတ်ပြေးလွား နာရီရှည်ကြာလို့ငါမညောင်းခဲ့ပေမဲ့ ငါ့ကိုတော့ မိနစ်ပိုင်းလောက်အားစိုက်ကျွေးရင်ပဲ ကျေနပ်ပါပြီ။ငါအိပ်မပျော်တဲ့ အခါငယ်စဉ်ကလေ လေးထိုးလို့ ဖျားလို့ ဝမ်းလျှောလို့ရောဂါစုံဖြစ်တတ်တဲ့ မင်းတို့တစ်တွေကို ပြုစုယုယရင်းတစ်လ မအိပ်ရလို့လည်း ငါမငြီးငြူခဲ့ပေမဲ့ ဝေဒနာကြောင့်အိပ်မပျော်တဲ့ငါ့ကို တစ်ရက် နှစ်ရက်သီးခံကြည့်ပေးရင်ဘဲ ကျေနပ်ပါပြီ။ငါမထနိုင်တဲ့ အခါ ငယ်စဉ်ကလေ ရက်ပေါင်းများစွာ ချိုမိုင်မိုင်ဆိုပေးရင်းလက်ကလေးတွေ သန်မာအောင် ကြိုးစားပေးခဲ့တဲ့ ငါ့ကိုမင်းတို့ လက်ကလေးတွေကို ခဏတာအသုံးချပြီး ထူပေးကြရင်ဘဲ ကျေနပ်ပါပြီ။

ငါတွေ့ချင်တဲ့အခါ ငယ်စဉ်ကလေ လပေါင်များစွာ ခြေကိုဖြောင့်စဉ်းပြီးသီချင်းဆိုပေးရင်း ခြေထောက်လေးတွေ သန်မာအောင် နှိပ်နယ်ပေးခဲ့တဲ့ငါဆီ မင်းတို့ ခြေထောက်လေးတွေ အသုံးချပြီး ခဏလာတွေ့ရင်ဘဲ ကျေနပ်ပါပြီ။ငါမလှုပ်ရှားနိုင်တဲ့အခါ ငယ်စဉ်ကလေ နူးညံပေ့ဆိုတဲ့ အဝတ်အထည်နဲ့တောင်နာမှာစိုးလို့ အသာအယာလေး ဝတ်ပေးခဲ့တဲ့ ငါ့ကို အရှက်လုံစွာ ဖုံးပေးရင်ပဲ ကျေနပ်ပါပြီ။ငါထွက်သွားတဲ့အခါ ထိုအချိန်မှလေ ငါ့သား ငါ့သမီး ငါ့မြေးမြစ် တို့နောင်တအမွေ မရစေချင်လို့ ပြုစုခွင့်ရတုန်းပြုစုနိုင်ကြဖို့ အခွင့်ပေးတာဝန်ကျေခဲ့ပါရစေ။မှုရင်းရေးသားဆရာကို လေးစားစွာဖြင့်Credit ပေးပါတယ်

Zawgyi

အေဖနဲ႔အေမကို တန္ဖိုးထားၿပီး ခ်စ္ၾကေသာသားသမီးတိုင္း မ်က္ရည္ဝဲတဲ့အထိ နက္ရႈိင္းလွတဲ့ စာငါ ေက်နပ္ပါၿပီငါ အိပ္ရာထဲလဲတဲ့အခါ မိုးလင္းတဲ့အခါငယ္စဥ္ကေလ မင္းတို႔ရဲ႕ မ်က္ႏွာႏုေလးကို ေအးမွာဆိုးလို႔ငါေန႔စဥ္ ေရေႏြးနဲ႔ သစ္ေပးခဲ့ေပမဲ့ ငါ့ကိုေတာ့ေရေအးနဲ႔ သစ္ေပးရင္ပဲေက်နပ္ပါၿပီ။အစာေကြၽးတဲ့အခါ ငယ္စဥ္ကေလ မင္းတို႔ႀကီးထြားရွင္သန္ဖို႔ေဈးႀကီးတဲ့ အာဟာရမုန႔္ေတြ ငါဝေအာင္ေကြၽးခဲ့ေပမဲ့ငါ့ကိုေတာ့ အစာေက်တဲ့ ဆန္ျပဳတ္က်ဲေလးေကြၽးရင္ပဲ ေက်နပ္ပါၿပီ။

ငါအစားမဝင္တဲ့အခါ ငယ္စဥ္ကေလ ထမင္းတစ္ပန္းကန္ စားကုန္ဖို႔အိမ္ေရွ႕ အိမ္ေနာက္လွည့္ပတ္ေျပးလြား နာရီရွည္ၾကာလို႔ငါမေညာင္းခဲ့ေပမဲ့ ငါ့ကိုေတာ့ မိနစ္ပိုင္းေလာက္အားစိုက္ေကြၽးရင္ပဲ ေက်နပ္ပါၿပီ။ငါအိပ္မေပ်ာ္တဲ့ အခါငယ္စဥ္ကေလ ေလးထိုးလို႔ ဖ်ားလို႔ ဝမ္းေလွ်ာလို႔ေရာဂါစုံျဖစ္တတ္တဲ့ မင္းတို႔တစ္ေတြကို ျပဳစုယုယရင္းတစ္လ မအိပ္ရလို႔လည္း ငါမၿငီးျငဴခဲ့ေပမဲ့ ေဝဒနာေၾကာင့္အိပ္မေပ်ာ္တဲ့ငါ့ကို တစ္ရက္ ႏွစ္ရက္သီးခံၾကည့္ေပးရင္ဘဲ ေက်နပ္ပါၿပီ။ငါမထႏိုင္တဲ့ အခါ ငယ္စဥ္ကေလ ရက္ေပါင္းမ်ားစြာ ခ်ိဳမိုင္မိုင္ဆိုေပးရင္းလက္ကေလးေတြ သန္မာေအာင္ ႀကိဳးစားေပးခဲ့တဲ့ ငါ့ကိုမင္းတို႔ လက္ကေလးေတြကို ခဏတာအသုံးခ်ၿပီး ထူေပးၾကရင္ဘဲ ေက်နပ္ပါၿပီ။

ငါေတြ႕ခ်င္တဲ့အခါ ငယ္စဥ္ကေလ လေပါင္မ်ားစြာ ေျခကိုေျဖာင့္စဥ္းၿပီးသီခ်င္းဆိုေပးရင္း ေျခေထာက္ေလးေတြ သန္မာေအာင္ ႏွိပ္နယ္ေပးခဲ့တဲ့ငါဆီ မင္းတို႔ ေျခေထာက္ေလးေတြ အသုံးခ်ၿပီး ခဏလာေတြ႕ရင္ဘဲ ေက်နပ္ပါၿပီ။ငါမလႈပ္ရွားႏိုင္တဲ့အခါ ငယ္စဥ္ကေလ ႏူးညံေပ့ဆိုတဲ့ အဝတ္အထည္နဲ႔ေတာင္နာမွာစိုးလို႔ အသာအယာေလး ဝတ္ေပးခဲ့တဲ့ ငါ့ကို အရွက္လုံစြာ ဖုံးေပးရင္ပဲ ေက်နပ္ပါၿပီ။ငါထြက္သြားတဲ့အခါ ထိုအခ်ိန္မွေလ ငါ့သား ငါ့သမီး ငါ့ေျမးျမစ္ တို႔ေနာင္တအေမြ မရေစခ်င္လို႔ ျပဳစုခြင့္ရတုန္းျပဳစုႏိုင္ၾကဖို႔ အခြင့္ေပးတာဝန္ေက်ခဲ့ပါရေစ။မႈရင္းေရးသားဆရာကို ေလးစားစြာျဖင့္Credit ေပးပါတယ္

Leave a Comment