“စကားခြောက်ခွန်းလူ၌ထွန်း၊ လေးခွန်းကိုပယ် နှစ်ခွန်းတည်”

(၁)အကြင်စကားသည် မဟုတ်မမှန်၊ အကျိုးစီးပွားနှင့်လည်းမစပ်၊ သူတစ်ပါးတို့လည်း မနှစ်သက်မနှစ်ခြိုက်၊ ထိုစကားမျိုးကို မြတ်စွာဘုရားသည် ပြောဆိုတော်မမူ။

(၂)အကြင်စကားသည် ဟုတ်မှန်၏၊ အကျိုးစီးပွားနှင့်ကားမစပ်၊ သူတစ်ပါးတို့လည်း မနှစ်သက်မနှစ်ခြိုက်၊ ထိုစကားမျိုးကိုလည်း မြတ်စွာဘုရားသည် ပြောဆိုတော်မမူ။

(၃)အကြင်စကားသည် ဟုတ်မှန်၏၊ အကျိုးစီးပွားနှင့်လည်းစပ်၏၊ သူတစ်ပါးတို့ကား မနှစ်သက်မနှစ်ခြိုက်၊ ထိုစကားမျိုး၌ မြတ်စွာဘုရားသည် ပြောသင့်သောအချိန်ကာလကို သိရှိတော်မူသည်ဖြစ်၍ ပြောဆိုတော်မူ၏။

(၄)အကြင်စကားသည် မဟုတ်မမှန်၊ အကျိုးစီးပွားနှင့်မစပ်၊ သူတစ်ပါးတို့ကား နှစ်သက်၏နှစ်ခြိုက်၏၊ ထိုစကားမျိုးကိုလည်း မြတ်စွာဘုရားသည် ပြောဆိုတော်မမူ။

(၅)အကြင်စကားသည် ဟုတ်မှန်၏၊ အကျိုးစီးပွားနှင့်မစပ်၊ သူတစ်ပါးတို့ကား နှစ်သက်၏နှစ်ခြိုက်၏၊ ထိုစကားမျိုးကိုလည်း မြတ်စွာဘုရားသည် ပြောဆိုတော်မမူ။

(၆)အကြင်စကားသည် ဟုတ်မှန်၏၊ အကျိုးစီးပွားနှင့်စပ်၏၊ သူတစ်ပါးတို့လည်း နှစ်သက်၏နှစ်ခြိုက်၏။ ထိုစကားမျိုး၌ မြတ်စွာဘုရားသည် ပြောသင့်သောအချိန်ကာလကို သိရှိတော်မူသည်ဖြစ်၍ ပြောဆိုတော်မူ၏။

ဤစကားကြီးခြောက်ခွန်းတို့ကား မဇ္ဈိမပဏ္ဏာသပါဠိတော် အဘယရာဇကုမာရသုတ္တန်၌ လာရှိသောစကားတို့ဖြစ်ကြ၏။ ထိုစကားခြောက်ခွန်းတို့တွင် (၃)မှန်၍အကျိုးစီးပွားနှင့် စပ်ယှဉ်သောသူတစ်ပါးတို့ မနှစ်သက်သော စကားတစ်ခွန်း။

(၆)မှန်လည်းမှန်၍ အကျိုးစီးပွားနှင့်လည်းစပ်ယှဉ်သော သူတစ်ပါးတို့ နှစ်သက်သောစကားတစ်ခွန်း၊ ဤနှစ်ခွန်းသော စကားတို့ကိုသာ ပြောသင့်သောအချိန်ကာလကို သိရှိသည်ဖြစ်၍ ဘုရားရှင်သည် ပြောဆိုတော်မူ၏။ ကျန်လေးခွန်းသော စကားတို့ကို ဘုရားရှင်သည် မည်သည့်အခါမှ ပြောဆိုတော်မမူပေ။

ဘုရားရှင်ပြောကြားတော်မူသည့် တတိယစကားနှင့်ဆဋ္ဌစကားနှစ်ခွန်းတို့ကား အရိယသစ္စသန္နိဿိတကထာ (မ၊ဋ္ဌ၊၃၊၇၉) အရိယသစ္စာ လေးပါးကိုမှီသော တရားစကားတည်း။ ယင်းတရားစကားမျိုးကို နှစ်ပေါင်းတစ်ရာ ကာလကြာအောင်သော်လည်း နာကြားရကုန်သည်ရှိသော် ပညာရှိသူတော်ကောင်းတို့သည် တင်းတိမ်ရောင့်ရဲခြင်းသို့ မည်သည့်နည်းနှင့်မျှ မရောက်ရှိနိုင်ကြကုန်။

သို့သော်လူမိုက်တို့ကား ယင်းကဲ့သို့သော တရားစကားမျိုးကို မနာယူလိုကြပေ။ မည်သို့ပင်မနာယူလိုကြသော်လည်း ပြောသင့်သောအချိန်ကာလကို သိရှိတော်မူသောအခါ ဘုရားရှင်သည် ပြောကြားတော်မူပေသည်။

အတ္ထသံဟိတ = အကျိုးစီးပွားနှင့်စပ်ယှဉ်သော စကား(၁၀)မျိုးကို အင်္ဂုတ္တရနိကာယ် ဒသကနိပါတ်၊ ကထာဝတ္ထုသုတ္တန်တို့၌ ဘုရားရှင်ဟောကြားထားတော်မူ၏။ ယင်း(၁၀)မျိုးတို့မှာ အောက်ပါအတိုင်းဖြစ်ကြ၏။

(၁)အပ္ပိစ္ဆကထာ = အလိုနည်းပါးမှုနှင့် စပ်သောစကား။ (၂)သန္တုဋ္ဌိကထာ = ရောင့်ရဲလွယ်မှုနှင့် စပ်သောစကား။ (၃)ပဝိဝေကကထာ = ဝိဝေကသုံးဖြာနှင့် စပ်သောစကား၊ (က)ကာယဝိဝေက = တစ်ပါးထီးတည်း ကင်းကင်းရှင်းရှင်း နေထိုင်ခြင်း။ (ခ)စိတ္တဝိဝေက = ဈာန်သမာပတ်တို့ကိုဝင်စားလျက် နီဝရဏကိလေသာ အညစ်အကြေးတို့မှ ကင်းကင်းရှင်းရှင်းနေထိုင်ခြင်း။

(ဂ)ဥပဓိဝိဝေက = ကာမဂုဏ်ငါးပါး၊ ခန္ဓာငါးပါး၊ ကိလေသာတရား၊ ကုသိုလ်ကံ အကုသိုလ်ကံဟူသော အဘိသင်္ခါရတရား ဤဥပဓိလေးဖြာတို့မှ ကင်းကင်းရှင်းရှင်း (ဖလသမာပတ်ကိုဝင်စားကာ နိဗ္ဗာန်ကိုအာရုံပြုလျက်နေထိုင်ခြင်း)

(၄)အသံသဂ္ဂကထာ = ရောရောနှောနှော မနေထိုင်ခြင်းနှင့် စပ်သောစကား။ (၅)ဝီရိယာရ ရရမ္ဘကထာ = သမထဝိပဿနာ ဘာဝနာတို့၌ အပြင်းအထန် ကြိုးစားအားထုတ်မှု လုံ့လဝီရိယနှင့် စပ်သောစကား။ (၆)သီလကထာ = သီလနှင့်စပ်သော စကား။

(၇)သမာဓိကထာ = ဥပစာရအပ္ပနာ နှစ်ဖြာသောသမာဓိနှင့် စပ်သောစကား၊ (၈)ပညာကထာ = ဝိပဿနာပညာ မဂ်ပညာနှင့်စပ်သောစကား။ (၉)ဝိမုတ္တိကထာ = ကိလေသာတို့မှလွတ်မြောက်မှု အရဟတ္တဖိုလ်နှင့် စပ်သောစကား။ (၁၀)ဝိမုတ္တိဉာဏဒဿနကထာ = ယင်းကိလေသာတို့မှလွတ်မြောက်မှု အရဟတ္တဖိုလ်ကိုဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်အမြင်နှင့် စပ်သောစကား။

ဤစကား(၁၀)မျိုးတို့ကား အကျိုးစီးပွားနှင့် စပ်ယှဉ်သော စကားတို့တည်း။ ယင်းစကား(၁၀)မျိုးတို့ကိုပင် အကျဉ်းချုပ်ကာ တစ်နည်းတစ်ဖုံအားဖြင့် မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ (မ၊ဋ္ဌ၊၃၊၇၉)က သစ္စာလေးပါးကိုမှီသော စကားဟုဖွင့်ဆိုထားပေသည်။ (ဖားအောက်ဆရာတော်ဘုရားကြီး)

Zawgyi

(၁)အၾကင္စကားသည္ မဟုတ္မမွန္၊ အက်ိဳးစီးပြားႏွင့္လည္းမစပ္၊ သူတစ္ပါးတို႔လည္း မႏွစ္သက္မႏွစ္ၿခိဳက္၊ ထိုစကားမ်ိဳးကို ျမတ္စြာဘုရားသည္ ေျပာဆိုေတာ္မမူ။

(၂)အၾကင္စကားသည္ ဟုတ္မွန္၏၊ အက်ိဳးစီးပြားႏွင့္ကားမစပ္၊ သူတစ္ပါးတို႔လည္း မႏွစ္သက္မႏွစ္ၿခိဳက္၊ ထိုစကားမ်ိဳးကိုလည္း ျမတ္စြာဘုရားသည္ ေျပာဆိုေတာ္မမူ။

(၃)အၾကင္စကားသည္ ဟုတ္မွန္၏၊ အက်ိဳးစီးပြားႏွင့္လည္းစပ္၏၊ သူတစ္ပါးတို႔ကား မႏွစ္သက္မႏွစ္ၿခိဳက္၊ ထိုစကားမ်ိဳး၌ ျမတ္စြာဘုရားသည္ ေျပာသင့္ေသာအခ်ိန္ကာလကို သိရွိေတာ္မူသည္ျဖစ္၍ ေျပာဆိုေတာ္မူ၏။

(၄)အၾကင္စကားသည္ မဟုတ္မမွန္၊ အက်ိဳးစီးပြားႏွင့္မစပ္၊ သူတစ္ပါးတို႔ကား ႏွစ္သက္၏ႏွစ္ၿခိဳက္၏၊ ထိုစကားမ်ိဳးကိုလည္း ျမတ္စြာဘုရားသည္ ေျပာဆိုေတာ္မမူ။

(၅)အၾကင္စကားသည္ ဟုတ္မွန္၏၊ အက်ိဳးစီးပြားႏွင့္မစပ္၊ သူတစ္ပါးတို႔ကား ႏွစ္သက္၏ႏွစ္ၿခိဳက္၏၊ ထိုစကားမ်ိဳးကိုလည္း ျမတ္စြာဘုရားသည္ ေျပာဆိုေတာ္မမူ။

(၆)အၾကင္စကားသည္ ဟုတ္မွန္၏၊ အက်ိဳးစီးပြားႏွင့္စပ္၏၊ သူတစ္ပါးတို႔လည္း ႏွစ္သက္၏ႏွစ္ၿခိဳက္၏။ ထိုစကားမ်ိဳး၌ ျမတ္စြာဘုရားသည္ ေျပာသင့္ေသာအခ်ိန္ကာလကို သိရွိေတာ္မူသည္ျဖစ္၍ ေျပာဆိုေတာ္မူ၏။

ဤစကားႀကီးေျခာက္ခြန္းတို႔ကား မဇၩိမပဏၰာသပါဠိေတာ္ အဘယရာဇကုမာရသုတၱန္၌ လာရွိေသာစကားတို႔ျဖစ္ၾက၏။ ထိုစကားေျခာက္ခြန္းတို႔တြင္ (၃)မွန္၍အက်ိဳးစီးပြားႏွင့္ စပ္ယွဥ္ေသာသူတစ္ပါးတို႔ မႏွစ္သက္ေသာ စကားတစ္ခြန္း။

(၆)မွန္လည္းမွန္၍ အက်ိဳးစီးပြားႏွင့္လည္းစပ္ယွဥ္ေသာ သူတစ္ပါးတို႔ ႏွစ္သက္ေသာစကားတစ္ခြန္း၊ ဤႏွစ္ခြန္းေသာ စကားတို႔ကိုသာ ေျပာသင့္ေသာအခ်ိန္ကာလကို သိရွိသည္ျဖစ္၍ ဘုရားရွင္သည္ ေျပာဆိုေတာ္မူ၏။ က်န္ေလးခြန္းေသာ စကားတို႔ကို ဘုရားရွင္သည္ မည္သည့္အခါမွ ေျပာဆိုေတာ္မမူေပ။

ဘုရားရွင္ေျပာၾကားေတာ္မူသည့္ တတိယစကားႏွင့္ဆ႒စကားႏွစ္ခြန္းတို႔ကား အရိယသစၥသႏၷိႆိတကထာ (မ၊႒၊၃၊၇၉) အရိယသစၥာ ေလးပါးကိုမွီေသာ တရားစကားတည္း။ ယင္းတရားစကားမ်ိဳးကို ႏွစ္ေပါင္းတစ္ရာ ကာလၾကာေအာင္ေသာ္လည္း နာၾကားရကုန္သည္ရွိေသာ္ ပညာရွိသူေတာ္ေကာင္းတို႔သည္ တင္းတိမ္ေရာင့္ရဲျခင္းသို႔ မည္သည့္နည္းႏွင့္မွ် မေရာက္ရွိႏိုင္ၾကကုန္။

သို႔ေသာ္လူမိုက္တို႔ကား ယင္းကဲ့သို႔ေသာ တရားစကားမ်ိဳးကို မနာယူလိုၾကေပ။ မည္သို႔ပင္မနာယူလိုၾကေသာ္လည္း ေျပာသင့္ေသာအခ်ိန္ကာလကို သိရွိေတာ္မူေသာအခါ ဘုရားရွင္သည္ ေျပာၾကားေတာ္မူေပသည္။

အတၳသံဟိတ = အက်ိဳးစီးပြားႏွင့္စပ္ယွဥ္ေသာ စကား(၁၀)မ်ိဳးကို အဂၤုတၱရနိကာယ္ ဒသကနိပါတ္၊ ကထာဝတၳဳသုတၱန္တို႔၌ ဘုရားရွင္ေဟာၾကားထားေတာ္မူ၏။ ယင္း(၁၀)မ်ိဳးတို႔မွာ ေအာက္ပါအတိုင္းျဖစ္ၾက၏။

(၁)အပၸိစၦကထာ = အလိုနည္းပါးမႈႏွင့္ စပ္ေသာစကား။ (၂)သႏၲဳ႒ိကထာ = ေရာင့္ရဲလြယ္မႈႏွင့္ စပ္ေသာစကား။ (၃)ပဝိေဝကကထာ = ဝိေဝကသုံးျဖာႏွင့္ စပ္ေသာစကား၊ (က)ကာယဝိေဝက = တစ္ပါးထီးတည္း ကင္းကင္းရွင္းရွင္း ေနထိုင္ျခင္း။ (ခ)စိတၱဝိေဝက = ဈာန္သမာပတ္တို႔ကိုဝင္စားလ်က္ နီဝရဏကိေလသာ အညစ္အေၾကးတို႔မွ ကင္းကင္းရွင္းရွင္းေနထိုင္ျခင္း။

(ဂ)ဥပဓိဝိေဝက = ကာမဂုဏ္ငါးပါး၊ ခႏၶာငါးပါး၊ ကိေလသာတရား၊ ကုသိုလ္ကံ အကုသိုလ္ကံဟူေသာ အဘိသခၤါရတရား ဤဥပဓိေလးျဖာတို႔မွ ကင္းကင္းရွင္းရွင္း (ဖလသမာပတ္ကိုဝင္စားကာ နိဗၺာန္ကိုအာ႐ုံျပဳလ်က္ေနထိုင္ျခင္း)

(၄)အသံသဂၢကထာ = ေရာေရာေႏွာေႏွာ မေနထိုင္ျခင္းႏွင့္ စပ္ေသာစကား။ (၅)ဝီရိယာရ ရရမၻကထာ = သမထဝိပႆနာ ဘာဝနာတို႔၌ အျပင္းအထန္ ႀကိဳးစားအားထုတ္မႈ လုံ႔လဝီရိယႏွင့္ စပ္ေသာစကား။ (၆)သီလကထာ = သီလႏွင့္စပ္ေသာ စကား။

(၇)သမာဓိကထာ = ဥပစာရအပၸနာ ႏွစ္ျဖာေသာသမာဓိႏွင့္ စပ္ေသာစကား၊ (၈)ပညာကထာ = ဝိပႆနာပညာ မဂ္ပညာႏွင့္စပ္ေသာစကား။ (၉)ဝိမုတၱိကထာ = ကိေလသာတို႔မွလြတ္ေျမာက္မႈ အရဟတၱဖိုလ္ႏွင့္ စပ္ေသာစကား။ (၁၀)ဝိမုတၱိဉာဏဒႆနကထာ = ယင္းကိေလသာတို႔မွလြတ္ေျမာက္မႈ အရဟတၱဖိုလ္ကိုဆင္ျခင္ေသာ ပစၥေဝကၡဏာဉာဏ္အျမင္ႏွင့္ စပ္ေသာစကား။

ဤစကား(၁၀)မ်ိဳးတို႔ကား အက်ိဳးစီးပြားႏွင့္ စပ္ယွဥ္ေသာ စကားတို႔တည္း။ ယင္းစကား(၁၀)မ်ိဳးတို႔ကိုပင္ အက်ဥ္းခ်ဳပ္ကာ တစ္နည္းတစ္ဖုံအားျဖင့္ မဇၩိမပဏၰာသအ႒ကထာ (မ၊႒၊၃၊၇၉)က သစၥာေလးပါးကိုမွီေသာ စကားဟုဖြင့္ဆိုထားေပသည္။ (ဖားေအာက္ဆရာေတာ္ဘုရားႀကီး)

Leave a Comment