မတော်တဆမှု တစ်ခုကနေ လျှပ်စစ်လူသားလို့ လူသိများခဲ့ပြီး နာမည်ကြီးလာသူ

မတော်တဆမှု တစ်ခုကနေ လျှပ်စစ်လူသားလို့ လူသိများခဲ့ပြီး နာမည်ကြီးလာသူ

ကမ္ဘာပေါ်မှာ သာမန်လူတွေနဲ့ မတူဘဲ ကွဲပြားနေကြတဲ့ လူထူးဆန်းတွေ ရှိပါတယ်။

တချို့က မွေးရာပါ ဖြစ်တာဖြစ်ပြီး တချို့ကတော့ ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေကနေ လူထူးဆန်း ဖြစ်လာခဲ့ကြတာ ဖြစ်ပါတယ်။

ခုဆိုရင်လည်း လူတစ်ယောက်ဟာ ဓာတ်လိုက်ပြီး လျှပ်စစ်ဒဏ် ခံနိုင်တဲ့ စွမ်းရည်ကို ရရှိခဲ့ပါတယ်။ ဒါကြောင့် အောက်မှာ သူ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ဇာဖာ အစ်ကဘဲလ်ဟာ အသက် ၂၃ နှစ်အရွယ် ပါကစ္စတန် လူငယ်တစ်ဦး ဖြစ်ကာ အံ့ဖွယ် ထူးခြားတဲ့ စွမ်းရည်တစ်မျိုး ရှိနေပါတယ်။

အဲ့တာကတော့ သူ့ရဲ့ ခန္ဓာကိုယ်မှာ ထူးခြားတဲ့ လျှပ်စစ်ဓာတ်တစ်မျိုး စီးဆင်းနေတာ ဖြစ်ပြီး ဓာတ်မလိုက်နိုင်တာပါပဲ။

လျှပ်စစ်စီးနေတဲ့ ဝါယာကြိုးတွေကို လက်ချည်း ဗလာသက်သက်နဲ့ ထိတွေ့ကိုင်တွယ်တာတောင် ဘာမှ မဖြစ်ခဲ့တာကို ထူးဆန်းစွာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

“ကျွန်တော် လွန်ခဲ့တဲ့ ၁၀ နှစ်နီးပါးလောက်က အိမ်မှာ လျှပ်စစ်မီး ခလုတ်ခုံကို ပြင်ဆင်ရင်း မတော်တဆ လျှပ်စစ်စီးနေတဲ့ ပါဝါ ဆော့ကက် အပေါက်ထဲကို လက်ချောင်းတွေ ထည့်ကြည့်ပြီး ဓာတ်လိုက်ခဲ့တယ် ထင်ပေမယ့် ဘာအန္တရာယ်မှ မဖြစ်ခဲ့ဘူးဗျ။

အဲ့ကစပြီး ကျွန်တော်ဟာ ဓာတ်မလိုက်နိုင်ဘူးဆိုပြီး ကိုယ့်ကိုကိုယ် သိခဲ့ပါတယ် ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ သူဟာ ဆာဂိုဒါ မြို့မှာ လယ်သမားတစ်ဦးအဖြစ် အသက်မွေး နေထိုင်နေပြီး ဒေသတွင်းမှာတော့ သူ့ကို လျှပ်စစ်လူသားတစ်ဦးလို့ နာမည်ကြီး နေပါတယ်။Credit

Aung, Myanmarload

သတင်းအရင်းမြစ်: StoryTrender

Zawgyi

မေတာ္တဆမႈ တစ္ခုကေန လွ်ပ္စစ္လူသားလို႔ လူသိမ်ားခဲ့ၿပီး နာမည္ႀကီးလာသူ

ကမာၻေပၚမွာ သာမန္လူေတြနဲ႔ မတူဘဲ ကြဲျပားေနၾကတဲ့ လူထူးဆန္းေတြ ရွိပါတယ္။

တခ်ိဳ႕က ေမြးရာပါ ျဖစ္တာျဖစ္ၿပီး တခ်ိဳ႕ကေတာ့ ပုံမွန္မဟုတ္တဲ့ နည္းလမ္းေတြကေန လူထူးဆန္း ျဖစ္လာခဲ့ၾကတာ ျဖစ္ပါတယ္။

ခုဆိုရင္လည္း လူတစ္ေယာက္ဟာ ဓာတ္လိုက္ၿပီး လွ်ပ္စစ္ဒဏ္ ခံႏိုင္တဲ့ စြမ္းရည္ကို ရရွိခဲ့ပါတယ္။ ဒါေၾကာင့္ ေအာက္မွာ သူ႔အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္။

ဇာဖာ အစ္ကဘဲလ္ဟာ အသက္ ၂၃ ႏွစ္အ႐ြယ္ ပါကစၥတန္ လူငယ္တစ္ဦး ျဖစ္ကာ အံ့ဖြယ္ ထူးျခားတဲ့ စြမ္းရည္တစ္မ်ိဳး ရွိေနပါတယ္။

အဲ့တာကေတာ့ သူ႔ရဲ႕ ခႏၶာကိုယ္မွာ ထူးျခားတဲ့ လွ်ပ္စစ္ဓာတ္တစ္မ်ိဳး စီးဆင္းေနတာ ျဖစ္ၿပီး ဓာတ္မလိုက္ႏိုင္တာပါပဲ။

လွ်ပ္စစ္စီးေနတဲ့ ဝါယာႀကိဳးေတြကို လက္ခ်ည္း ဗလာသက္သက္နဲ႔ ထိေတြ႕ကိုင္တြယ္တာေတာင္ ဘာမွ မျဖစ္ခဲ့တာကို ထူးဆန္းစြာ ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ လြန္ခဲ့တဲ့ ၁၀ ႏွစ္နီးပါးေလာက္က အိမ္မွာ လွ်ပ္စစ္မီး ခလုတ္ခုံကို ျပင္ဆင္ရင္း မေတာ္တဆ လွ်ပ္စစ္စီးေနတဲ့ ပါဝါ ေဆာ့ကက္ အေပါက္ထဲကို လက္ေခ်ာင္းေတြ ထည့္ၾကည့္ၿပီး ဓာတ္လိုက္ခဲ့တယ္ ထင္ေပမယ့္ ဘာအႏၲရာယ္မွ မျဖစ္ခဲ့ဘူးဗ်။

အဲ့ကစၿပီး ကြၽန္ေတာ္ဟာ ဓာတ္မလိုက္ႏိုင္ဘူးဆိုၿပီး ကိုယ့္ကိုကိုယ္ သိခဲ့ပါတယ္ ” လို႔ ေျပာပါတယ္။

လက္ရွိမွာေတာ့ သူဟာ ဆာဂိုဒါ ၿမိဳ႕မွာ လယ္သမားတစ္ဦးအျဖစ္ အသက္ေမြး ေနထိုင္ေနၿပီး ေဒသတြင္းမွာေတာ့ သူ႔ကို လွ်ပ္စစ္လူသားတစ္ဦးလို႔ နာမည္ႀကီး ေနပါတယ္။Credit

Aung, Myanmarload

သတင္းအရင္းျမစ္: StoryTrender

Leave a Comment