“ပုတက်လေးတွေကို မသတ်ကြပါနဲ့” ၁နှစ်မှာ ၁ကြိမ်သာ ပျော်ရွှင်ရတာမို့လွတ်လပ်ခွင့်လေး ပေးလိုက်ပါ
မိုးဦးကျတာနဲ့ ပျော်ခဲ့ရပေမယ့် မင်းတို့ရဲ့ချိုပေစွဟင်းချိုတစ်ခွက်အဖြစ် ငါတို့ရဲ့ အပျော်တွေကို စွန့်လွှတ်ခဲ့ရတယ်။
ငါတို့ရဲ့ရင်ကိုခွဲ မီးကြီးခဲ ရဲရဲပေါ်မှာ ငါတို့တစ်တွေရဲ့သွေးစက်တွေ ခြောက်ကပ်ခဲ့ရတယ် …
မင်းတို့တွေ တုတ်လက်နက်အစုံနဲ့ လာရင် ငါ့တို့အသိုက်အမြုံစီ အပြေးအလွှား ဝင်ပြီး ပုန်းခိုခဲ့ရတယ်။
လူဆိုတဲ့ မင်းတို့ဟာ အသိဉာဏ်ရှိတော့ ငါတို့ရဲ့ ပုန်းခိုကျင်းလေးဟာ မကာကွယ်နိုင်ခဲ့ဘူးလေ။ အပြေးအလွှား ဆော့ကစားချင်တဲ့ ငါတို့မှာ ရန်ငြိုးမရှိပဲ အသတ်အဖျက် ခံနေရတယ်။
မင်းတို့ရဲ့ ခြေသံတွေ ကြားရင် ငါတို့ တွေနှလုံးသားတွေ ကြောက်ရွံ့နေရရှာတယ်။
မင်းတို့ သတ်ကွင်း မလွှတ်မှန်းသိလျှက် ငါတို့တွေ ရုန်းကန် ပြေးလွှားခဲ့ရတယ်။
ရရှိတဲ့ ဘဝလေးမှာ ငါတို့လည်း လွတ်လပ် ပျော်ရွှင်စွာ နေချင်တာပေါ့ အိုမိတ်ဆွေတို့ရယ် …။
ဒီစာကိုဖတ်ပြီး အသိတရား ရ၍ မသ.တ်ဖြ.တ်ဘဲ ရှောင်ရှားနိုင်ကြပါစေ …။
Crd to original Uploader
Zawgyi