ပညာရှိအဘိုးအိုကို ငှက်ကလေးပြောလိုက်တဲ့ စကား(၃)ခွန်း

တစ်ခါက ပညာရှိကြီးလို့ အများကအသိအမှတ်ပြု အရိုအသေပေးရတဲ့ အဘိုးအိုတစ်ယောက်ရှိပါတယ်။ သူဟာကျမ်းစာအုပ်ကြီးတွေထဲက အဆိုအမိန့်တွေ၊ အတွေးအခေါ်တွေကို အလွတ်အာဂုံဆောင်နိုင်ယုံတင်မကဘူး သွားလေရာယူသွားပြီး လူအများကို ဟောပြောပို့ချနေတဲ့ သူတစ်ဦးပေါ့။

တစ်နေ့မှာတော့ ရွာတစ်ရွာကို ဟောပြောဖို့လာရင်း ငှက်ခတ်သမားနဲ့တွေ့လို့ ငှက်တစ်ကောင်ကို ဝယ်ခဲ့တယ်။ အိမ်ရောက်ရင် ငှက်ကိုသတ်ပြီး ချက်စားရမယ်လို့ ပြောလိုက်မိတာနဲ့ တစ်ပြိုင်တည်း “မလုပ်ပါနဲ့ ကျွန်ုပ်အသက်ကို ချမ်းသာပေးပါ” လို့လူလိုပြောလိုက်တော့ ပညာရှိကြီးက အံ့သြသွားတာပေါ့။

ပြီးတော့သင်ကလူလို စကားပြောတတ်တယ်ဟုတ်လား “ဟုတ်ပါတယ်၊ ကျွန်ုပ်ဟာ သာမန်ငှက် မဟုတ်ပါဘူး။ ငှက်လောကမှာတော့ ပညာရှိတစ်ဆူပါပဲ။ သင်နဲ့အပေးအယူ လုပ်ချင်ပါတယ်။ အသက်ကို ချမ်းသာပေးပြီး ပြန်လွှတ်ပေးမယ်ဆိုရင် တစ်သက်လုံး လိုက်နာရလောက်အောင် တန်ဖိုးရှိတဲ့ စကားသုံးခွန်းကို ပြောပြပါမယ်”

ပညာရှိကြီးလည်း စိတ်ဝင်စားသွားတယ်။ ပညာကိုတန်ဖိုးထားသူ ပညာရှိကို လေးစားတတ်သူဖြစ်လေတော့ ချက်ချင်းပဲသဘောတူလိုက်လေရဲ့။ စကားသုံးခွန်းကိုသာ ပြောပါဆိုပြီးတော့ ပြန်လွတ်ပေးလိုက်တယ်။

“ဒါဆိုသေချာမှတ်သားထားပါ။ ပထမတစ်ခွန်းက ဘယ်စကားကိုမဆို ပညာရှိကပဲပြောပြော ကျမ်းကြီးကျမ်းငယ် အထဲကလို့ပဲပြောပြော ကိုးကွယ်ဆည်းကပ်တဲ့ သူတွေကပဲပြောပြော ယုတ်တိယုတ်တာ မရှိတဲ့စကား မဖြစ်နိုင်တဲ့ စကားဆိုရင် ယုံကိုမယုံနဲ့”

ဒုတိယတစ်ခွန်းက “ကိုယ်လုပ်နိုင်စွမ်းရှိတဲ့အတိုင်းအတာ အကန့်အသတ်ကို ကိုယ့်ဖာသာကိုယ် သိရမယ်။ တတိယတစ်ခွန်းက ကောင်းတယ်လို့ ဆုံးဖြတ်ပြီး ကိုယ်လုပ်လိုက်တဲ့ အလုပ်ကို ဘယ်တော့မှ နောင်တမရနဲ့။ အဲ့ဒါဟာဝမ်းနည်းကြေကွဲတာပဲ အဖတ်တင်မယ်”

ဒါပါပဲ။ ပညာရှိကြီးဟာ စကားကြီးသုံးခွန်းကို တတွတ်တွတ်ရေရွတ်ရင်း အရမ်းကိုကျေနပ်နေပြီး သူများတွေကိုလည်းဟောပြောပြီး အိမ်မှာလည်း စာရွက်နဲ့ရေးပြီး ကတ်ထားရမယ်လို့ တွေးတောကာ အိမ်အပြင်ဘက်ကို လမ်းလျှောက်လာနေတုန်း ရှေ့က သစ်ပင်ထက်ဆီက ရယ်သံသဲ့သဲ့ကြားလို့ မော့ကြည့်လိုက်တော့

သူလွှတ်ပေးလိုက်တဲ့ငှက်ဟာ သူ့ကိုကြည့်ပြီး ရယ်နေတာကိုတွေ့လိုက်ရတယ်။ “ဘာကိုရယ်နေတာလဲ” လို့လှမ်းမေးလိုက်တယ်။ သင်ဟာအင်မတန်မှ မိုက်မဲပြီး ထုံထိုင်းညံ့ဖျင်းလွန်းလို့သာ ကျွန်ုပ်ကို လွှတ်ပေးလိုက်တာဖြစ်တယ်။ တကယ်ဆိုရင် ကျွန်ုပ်ရဲ့ ကိုယ်ခန္ဓာတွင်းမှာ အဖိုးအနဂ္ဂ ထိုက်တန်တဲ့ ပတ္တမြားလက်စွပ် တစ်ကွင်းရှိတယ်။

ရလို့ကတော့သင်ဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဖြစ်မှာမလွဲဘူး။ အဲဒီစကားကို ကြားလိုက်တာနဲ့ပဲ ပိုဆိုးကိုခါးတောင်းကြိုက်ပြီး အပင်ပေါ်တတ်ဖို့ လုပ်တော့တာပေါ့။ ငှက်ကိုဖမ်းဖို့ အပင်ပေါ်ကို တတ်သွားတယ်။ သူ့လက်နဲ့မှီလုမှီခင်ဖြစ်ပြီဆိုတာနဲ့ ငှက်ကလေးဟာ ပိုပြီးမြင့်တဲ့ဆီကို ကူးသွားတယ်။

သူကထပ်တတ်လိုက် ငှက်ကလေးကအပေါ်ကို တိုးသွားလိုက်နဲ့ တဖြည်းဖြည်း သစ်ပင်ထိပ်ဖျားကို ရောက်လာပါလေရော။ သစ်ပင်ထိပ်ဖျားကအကိုင်းတွေက သေးသွယ်တဲ့အတွက် သူ့ရဲ့ကိုယ်အလေးချိန်ကို မခံနိုင်ဘဲ ကျိုးကျတယ်။

သူကိုယ်တိုင်ကလည်း အိုမင်းနေသူဖြစ်လို့ မြဲမြဲမြံမြံ ကိုင်စွဲမထားနိုင်ဘူး။ ဒါနဲ့ပဲမြေကြီးပေါ်ကို ဘုန်းခနဲ ပြုတ်ကျပါလေရော၊ ကျိုးပဲဒဏ်ရာတွေနဲ့ ညည်းညူလဲကျနေတဲ့ ပညာရှိကြီးအနားမှာ ငှက်ကလေးက လာနားရင်းပြောပြတယ်။

“မိုက်မဲလှချည်လား၊ ငှက်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ပတ္တမြားလက်စွပ် ရှိတယ်ဆိုတာ ဖြစ်နိုင်ပါမလား၊ ဒါတောင်မစဉ်းစားတတ်ဘူးလား။ ဒါပေမယ့်လည်း သင်ဟာကျွန်ုပ်ကို လူစကားပြောတတ်တဲ့ ငှက်ပညာရှိလို့ အထင်ကြီးပြီး ကျွန်ုပ်ပြောသမျှ ယုတ္တိမရှိတာကို ယုံခဲ့တယ်။

ပြီးတော့သင်ဟာ အိုမင်းမစွမ်းဖြစ်နေရဲ့နဲ့ ကိုယ့်စွမ်းအားရဲ့ အတိုင်းအဆ အကန့်အသတ်ကို မသိဘူး။ လောဘဇောတိုက်ပြီး သစ်ပင်ပေါ်ကို အတင်းတတ်တယ်။ ဝမ်းမြောက်ရမဲ့အစား နောက်ဆုံးသင်ဟာ ကျွန်ုပ်ကိုလွှတ်ပေးခဲ့တာကို ပြန်တွေးပြီး နောင်တရနေတယ်။

အခုတော့ကြေကွဲခြင်းနဲ့ မျက်ရည်ပဲအဖတ်တင်ရပြီ မဟုတ်လား။ ကဲနေရစ်ခဲ့ပေတော့လို့ပြောပြီး အဝေးကိုပျံသန်းသွားပါတော့တယ်။ Credit မူရင်းရေးသားသူ

Zawgyi

တစ္ခါက ပညာရွိႀကီးလို႔ အမ်ားကအသိအမွတ္ျပဳ အ႐ိုအေသေပးရတဲ့ အဘိုးအိုတစ္ေယာက္ရွိပါတယ္။ သူဟာက်မ္းစာအုပ္ႀကီးေတြထဲက အဆိုအမိန႔္ေတြ၊ အေတြးအေခၚေတြကို အလြတ္အာဂုံေဆာင္ႏိုင္ယုံတင္မကဘူး သြားေလရာယူသြားၿပီး လူအမ်ားကို ေဟာေျပာပို႔ခ်ေနတဲ့ သူတစ္ဦးေပါ့။

တစ္ေန႔မွာေတာ့ ႐ြာတစ္႐ြာကို ေဟာေျပာဖို႔လာရင္း ငွက္ခတ္သမားနဲ႔ေတြ႕လို႔ ငွက္တစ္ေကာင္ကို ဝယ္ခဲ့တယ္။ အိမ္ေရာက္ရင္ ငွက္ကိုသတ္ၿပီး ခ်က္စားရမယ္လို႔ ေျပာလိုက္မိတာနဲ႔ တစ္ၿပိဳင္တည္း “မလုပ္ပါနဲ႔ ကြၽႏ္ုပ္အသက္ကို ခ်မ္းသာေပးပါ” လို႔လူလိုေျပာလိုက္ေတာ့ ပညာရွိႀကီးက အံ့ၾသသြားတာေပါ့။

ၿပီးေတာ့သင္ကလူလို စကားေျပာတတ္တယ္ဟုတ္လား “ဟုတ္ပါတယ္၊ ကြၽႏ္ုပ္ဟာ သာမန္ငွက္ မဟုတ္ပါဘူး။ ငွက္ေလာကမွာေတာ့ ပညာရွိတစ္ဆူပါပဲ။ သင္နဲ႔အေပးအယူ လုပ္ခ်င္ပါတယ္။ အသက္ကို ခ်မ္းသာေပးၿပီး ျပန္လႊတ္ေပးမယ္ဆိုရင္ တစ္သက္လုံး လိုက္နာရေလာက္ေအာင္ တန္ဖိုးရွိတဲ့ စကားသုံးခြန္းကို ေျပာျပပါမယ္”

ပညာရွိႀကီးလည္း စိတ္ဝင္စားသြားတယ္။ ပညာကိုတန္ဖိုးထားသူ ပညာရွိကို ေလးစားတတ္သူျဖစ္ေလေတာ့ ခ်က္ခ်င္းပဲသေဘာတူလိုက္ေလရဲ႕။ စကားသုံးခြန္းကိုသာ ေျပာပါဆိုၿပီးေတာ့ ျပန္လြတ္ေပးလိုက္တယ္။

“ဒါဆိုေသခ်ာမွတ္သားထားပါ။ ပထမတစ္ခြန္းက ဘယ္စကားကိုမဆို ပညာရွိကပဲေျပာေျပာ က်မ္းႀကီးက်မ္းငယ္ အထဲကလို႔ပဲေျပာေျပာ ကိုးကြယ္ဆည္းကပ္တဲ့ သူေတြကပဲေျပာေျပာ ယုတ္တိယုတ္တာ မရွိတဲ့စကား မျဖစ္ႏိုင္တဲ့ စကားဆိုရင္ ယုံကိုမယုံနဲ႔”

ဒုတိယတစ္ခြန္းက “ကိုယ္လုပ္ႏိုင္စြမ္းရွိတဲ့အတိုင္းအတာ အကန႔္အသတ္ကို ကိုယ့္ဖာသာကိုယ္ သိရမယ္။ တတိယတစ္ခြန္းက ေကာင္းတယ္လို႔ ဆုံးျဖတ္ၿပီး ကိုယ္လုပ္လိုက္တဲ့ အလုပ္ကို ဘယ္ေတာ့မွ ေနာင္တမရနဲ႔။ အဲ့ဒါဟာဝမ္းနည္းေၾကကြဲတာပဲ အဖတ္တင္မယ္”

ဒါပါပဲ။ ပညာရွိႀကီးဟာ စကားႀကီးသုံးခြန္းကို တတြတ္တြတ္ေရ႐ြတ္ရင္း အရမ္းကိုေက်နပ္ေနၿပီး သူမ်ားေတြကိုလည္းေဟာေျပာၿပီး အိမ္မွာလည္း စာ႐ြက္နဲ႔ေရးၿပီး ကတ္ထားရမယ္လို႔ ေတြးေတာကာ အိမ္အျပင္ဘက္ကို လမ္းေလွ်ာက္လာေနတုန္း ေရွ႕က သစ္ပင္ထက္ဆီက ရယ္သံသဲ့သဲ့ၾကားလို႔ ေမာ့ၾကည့္လိုက္ေတာ့

သူလႊတ္ေပးလိုက္တဲ့ငွက္ဟာ သူ႔ကိုၾကည့္ၿပီး ရယ္ေနတာကိုေတြ႕လိုက္ရတယ္။ “ဘာကိုရယ္ေနတာလဲ” လို႔လွမ္းေမးလိုက္တယ္။ သင္ဟာအင္မတန္မွ မိုက္မဲၿပီး ထုံထိုင္းညံ့ဖ်င္းလြန္းလို႔သာ ကြၽႏ္ုပ္ကို လႊတ္ေပးလိုက္တာျဖစ္တယ္။ တကယ္ဆိုရင္ ကြၽႏ္ုပ္ရဲ႕ ကိုယ္ခႏၶာတြင္းမွာ အဖိုးအနဂၢ ထိုက္တန္တဲ့ ပတၱျမားလက္စြပ္ တစ္ကြင္းရွိတယ္။

ရလို႔ကေတာ့သင္ဟာ ကမာၻေပၚမွာ အခ်မ္းသာဆုံးျဖစ္မွာမလြဲဘူး။ အဲဒီစကားကို ၾကားလိုက္တာနဲ႔ပဲ ပိုဆိုးကိုခါးေတာင္းႀကိဳက္ၿပီး အပင္ေပၚတတ္ဖို႔ လုပ္ေတာ့တာေပါ့။ ငွက္ကိုဖမ္းဖို႔ အပင္ေပၚကို တတ္သြားတယ္။ သူ႔လက္နဲ႔မွီလုမွီခင္ျဖစ္ၿပီဆိုတာနဲ႔ ငွက္ကေလးဟာ ပိုၿပီးျမင့္တဲ့ဆီကို ကူးသြားတယ္။

သူကထပ္တတ္လိုက္ ငွက္ကေလးကအေပၚကို တိုးသြားလိုက္နဲ႔ တျဖည္းျဖည္း သစ္ပင္ထိပ္ဖ်ားကို ေရာက္လာပါေလေရာ။ သစ္ပင္ထိပ္ဖ်ားကအကိုင္းေတြက ေသးသြယ္တဲ့အတြက္ သူ႔ရဲ႕ကိုယ္အေလးခ်ိန္ကို မခံႏိုင္ဘဲ က်ိဳးက်တယ္။

သူကိုယ္တိုင္ကလည္း အိုမင္းေနသူျဖစ္လို႔ ၿမဲၿမဲၿမံၿမံ ကိုင္စြဲမထားႏိုင္ဘူး။ ဒါနဲ႔ပဲေျမႀကီးေပၚကို ဘုန္းခနဲ ျပဳတ္က်ပါေလေရာ၊ က်ိဳးပဲဒဏ္ရာေတြနဲ႔ ညည္းညဴလဲက်ေနတဲ့ ပညာရွိႀကီးအနားမွာ ငွက္ကေလးက လာနားရင္းေျပာျပတယ္။

“မိုက္မဲလွခ်ည္လား၊ ငွက္တစ္ေကာင္ရဲ႕ ခႏၶာကိုယ္ထဲမွာ ပတၱျမားလက္စြပ္ ရွိတယ္ဆိုတာ ျဖစ္ႏိုင္ပါမလား၊ ဒါေတာင္မစဥ္းစားတတ္ဘူးလား။ ဒါေပမယ့္လည္း သင္ဟာကြၽႏ္ုပ္ကို လူစကားေျပာတတ္တဲ့ ငွက္ပညာရွိလို႔ အထင္ႀကီးၿပီး ကြၽႏ္ုပ္ေျပာသမွ် ယုတၱိမရွိတာကို ယုံခဲ့တယ္။

ၿပီးေတာ့သင္ဟာ အိုမင္းမစြမ္းျဖစ္ေနရဲ႕နဲ႔ ကိုယ့္စြမ္းအားရဲ႕ အတိုင္းအဆ အကန႔္အသတ္ကို မသိဘူး။ ေလာဘေဇာတိုက္ၿပီး သစ္ပင္ေပၚကို အတင္းတတ္တယ္။ ဝမ္းေျမာက္ရမဲ့အစား ေနာက္ဆုံးသင္ဟာ ကြၽႏ္ုပ္ကိုလႊတ္ေပးခဲ့တာကို ျပန္ေတြးၿပီး ေနာင္တရေနတယ္။

အခုေတာ့ေၾကကြဲျခင္းနဲ႔ မ်က္ရည္ပဲအဖတ္တင္ရၿပီ မဟုတ္လား။ ကဲေနရစ္ခဲ့ေပေတာ့လို႔ေျပာၿပီး အေဝးကိုပ်ံသန္းသြားပါေတာ့တယ္။ Credit မူရင္းေရးသားသူ

Leave a Comment