ပါချုပ်ဆရာတော်ဘုရားကြီးရဲ့ လာဘ်၊ကံကောင်းအောင် ပြုမှုနေထိုင်နည်း

လောကမှာကံမကောင်းဘူးဆိုရင် ကံကောင်းအောင်ကဘာလုပ်ရမှာလဲ၊ မကောင်းတဲ့ကံတွေ ပပျောက်အောင် ကံကောင်းတဲ့နည်းတွေ မရှိဘူးလားဆို၊ရှိတယ်။ အကုသိုလ်အကျိုးတွေ ဝင်ရောက်ဖြစ်ပေါ်နေတာကို လူတွေကကံမကောင်းဘူးလို့ပြောတာ။

အကုသိုလ်ရဲ့ အကျိုးတရားတွေက ကိုယ့်သန္တာန်ရောက်ပြီ၊ ထိခိုက်နေပြီဆိုရင်ဒါက ကံမကောင်းဘူးလို့ပြောကြတယ်။ အဲဒီအချိန်မှာ ကိုယ့်ရဲ့လုပ်ရပ်ကို ပြန်ဆန်း စစ်ကြည့်ရမယ်။ ငါတို့လုပ်နေတာ အမှားမရှိဘူး၊ အကောင်းတွေလုပ်တယ်။ သို့သော်အတိတ်တုန်းက မှားယွင်းမှုတွေကလည်း လူတွေရဲ့သန္တာန် လာရောက်ပြီး အကျိုးပေးနေတာတွေ ရှိတတ်တယ်ပေါ့။

အဲဒီလိုဖြစ်ပေါ် လာတာမျိုးတွေကော မရှိနိုင်ဘူးလားဆိုရှိနိုင်တယ်။ ရှိလာလို့ရှိရင် ဘာနဲ့အကာအကွယ်လုပ်ရမလဲလို့ဆိုရင် ကံကောင်းအောင်ကောင်းတဲ့ကံတရားတွေကို ကြိုးစားပြီးလုပ်ရမယ်။ ဘုရားကိုအာရုံပြုမယ်၊ သံဃာကိုအာရုံပြုမယ်။ ဘုရားရဲ့နှုတ်ကပတ်တော်တွေကိုရွတ်ဖတ် သရဇ္ဈာယ်မယ်။ ဘုရားကိုပူဇော်မယ်နော်။

ဘုရားနဲ့ပတ်သက်ပြီး စိတ်ကြည်နူးမှုတွေ ရအောင်လုပ်ရမယ်။ ကုသိုလ်ကောင်းမှုတွေ မပြတ်လုပ်ပေးရမယ်။ ဘုရားပန်း၊ရေချမ်း အမြဲတမ်းဆက်ကပ်၊ ဘုရားကိုအာရုံပြု၊ ကုသိုလ်တရားတွေကို စိတ်ထဲမှာ ဖြစ်ပွားအောင်ကြိုးစား၊ အဲဒီလိုကြိုးစားခြင်း အားဖြင့်လည်းပဲ မကောင်းတဲ့ကံတွေ ပပျောက်သွားနိုင်တယ်။

ကံဆိုးမိုးမှောင်ကျလာတဲ့အခါ ဖြစ်လာမယ့်အရိပ်အရောင်ရှိပြီ ဆိုတဲ့အချိန်မှာဘာနဲ့ ကာကွယ်ရသလဲဆိုရင် ဘုရားကိုအာရုံပြုပြီး ဗုဒ္ဓါနုဿတိကို ပွားရမယ်။ ဘုရားရဲ့ဂုဏ်တော်တွေကို အာရုံပြု၊ ကမ္မဌာန်းထိုင်၊ ဂုဏ်တော်တွေကို နှလုံးသွင်းဆင်ခြင်ပြီးအချိန်များများ မြတ်စွာဘုရားကို ပူဇော်ရမယ်။

လုပ်ပြီးတဲ့အခါ ကိုယ်လုပ်တဲ့ ကုသိုလ်ကောင်းမှုကို ကိုယ်မမြင်ရတဲ့ သတ္တဝါတွေ၊ကိုယ့်အနီးအပါးမှာရှိတဲ့ အိမ်စောင့်နတ်တွေကို အမျှအတန်း ပေးဝေရမယ်။ အဲဒီအမျှအတန်း ပေးဝေခြင်းအားဖြင့် ကိုယ်နဲ့သူတို့နဲ့က မိတ်ဆွေဖြစ်သွားတယ်။

ခင်မင်ရင်းနှီးမှုတွေ ရလာတယ်။ မိတ်ဆွေဖြစ်လို့ရှိရင် ကိုယ်အန္တရာယ်မရောက်အောင် သူတို့ကကြည့်ရှုပေးတယ်။ အိမ်နားနီးချင်းနဲ့ တည့်အောင်ပေါင်းရင်တောင်မှပဲ ကိုယ့်အိမ်ကြည့်ပေးဖော်ရမယ်။ မတည့်ဘူးဆိုရင် မသိချင်ယောင်ဆောင်နေမှာ ဘာကြီးဖြစ်နေနေ၊ ဟုတ်ကဲ့လား။

အဲဒါလိုပဲကိုယ်မမြင်ရလို့ အိမ်စောင့်နတ်တို့၊ ကိုယ်စောင့်နတ်တို့ သွားပြီးတော့ ရန်မဖြစ်လေနဲ့။ ရန်ဖြစ်ရင်တော့ အဲဒါကိုယ့်ကို ကောင်းကျိုးပေးမှာ မဟုတ်ဘူးနော်။ ဘယ်သူနဲ့မှ ရန်မဖြစ်နဲ့။ နောက်ဆုံးမှာ ကိုယ့်ရဲ့အိမ်က မှေးထားတဲ့‌ခှေးနဲ့တောင် ရန်ဖြစ်ရင် ကိုယ့်ကို မျက်စောင်းထိုးကြည့်တာ အနည်းဆုံးခံရမယ်။

ကြောက်လို့သာ ပြန်မလုပ်တာရှိမယ်နော်။ ဒီတိရစ္ဆာန်တွေမှာလည်း အသိရှိတယ်လေ။ တစ်ခါလောက် ရိုက်ထားတဲ့သူဆိုရင် ‌ရှောင်ပေရှောင်ပေနဲ့ မျက်စောင်းထိုးကြည့်တယ်။ သူတို့အမြဲတန်း ငါ့များဘာလုပ်မလဲဆိုပြီး ဒေါသနဲ့ကြည့်တာ။ ဘယ်သူနဲ့မှရန်မဖြစ်ဘဲ မတ္တာသက်ရောက်အောင် လုပ်တာဟာကိုယ့်အတွက် ကံကောင်းစေခြင်းရဲ့ အကြောင်းတစ်ခုပဲဖြစ်တယ်ပေါ့။

ကိုယ့်အတွက် အကူအညီရခြင်းပဲ။ ‌မေတ္တာပို့ရတယ်။ အမျှအတန်းပေးဝေရတယ်။ ကုသိုလ်ကောင်းမှုလုပ်တိုင်း လုပ်တိုင်းဖိတ်ကြားပြီးတော့ သူတို့ကိုအရေးတယူ လုပ်ရတယ်။ မိတ်ဆွေကောင်းတောင်မှ လမ်းမှာတွေ့ရင်ကိုယ်က အရင်ခေါ်ရတယ်။ အရေးတယူ နှုတ်ဆက်ရင် ရင်းနှီးတယ်။ မခေါ်ချင်သလိုလို လုပ်သွားရင်သူကလည်း မခေါ်ချင်သလိုလို ပြန်လုပ်မှာပဲ။

လူအချင်းချင်းတောင် ဒီလိုဖြစ်လာတယ်။ အဲဒါကြောင့်မို့ ကံကောင်းအောင်လုပ်ဖို့ဆိုသည်မှာ ကိုယ်ကိုယ်တိုင်က ရင်ထဲကအမုန်းကင်းပြီးမေတ္တာဘာဝနာတွေ များများပှားရမယ်။ မေတ္တာပို့မယ်၊ အမျှအတန်း ပေးဝေမယ်၊အားလုံးနဲ့ မိတ်ဆွေတွေဖြစ်မယ်။ အရာရာမှာ စိတ်ကြည်နူးမှုတွေ ရလာတဲ့အခါမှာ ကိုယ်တွေးတာတွေ၊ ကိုယ်ကြံတာတွေ၊ ကိုယ်လုပ်တာတွေလည်း လမ်းမှန်ပေါ် ရောက်လာနိုင်တယ်ပေါ့။ အဲဒီလိုမဟုတ်ဘူး။

ကံမကောင်းအကြောင်းမလှလို့ မကောင်းတာတွေနဲ့ စိတ်ကညစ်နေရင်ပိုဆိုးသွားနိုင်တယ်။ အဲဒီလိုမဖြစ်ရအောင် သတိရှိရမယ်။ ဘယ်သူပဲဖြစ်ဖြစ် ကံကြမ္မာရဲ့အလှည့်အပြောင်းကြောင့် ကံကောင်းတဲ့အခါ ကောင်းတယ်၊ မကောင်းတဲ့အခါ မကောင်းဘူး။

ဘုရားဂုဏ်တော်တွေကို ကိုယ့်ရဲ့ရင်ထဲနှလုံးထဲ ရောက်အောင် တည်ငြိမ်အေးချမ်းမှုကိုပေးနိုင်တဲ့ဟာမျိုးဖြစ်အောင် လုပ်ရမယ်။ ပြီးပြီဆိုပြီးတော့မှ ကိုယ့်ရဲ့(wish)ကိုဖော်ပြတာ။ ဆုတောင်းတိုင်းကတော့ မရဘူးပေါ့။ ဆုတောင်းတိုင်းရလို့ရှိရင် ဘာမှလုပ်မနေနဲ့။ ထိုင်ပြီးတော့ ဆုသာဆုတောင်း။

စာမေးပွဲအောင်လို့ရှိရင် ဒီ(၃)လုံးပါပါစေ၊ (၆)လုံးပါပါစေ၊ ထိုင်သာဆုတောင်းနေ၊ စာမကျက်နဲ့၊ ရမှာမဟုတ်ဘူးနော်။ အဲဒါကြောင်းမို့လို့ ဆုတောင်းရုံနဲ့ ဘယ်အရာမှမရဘူး။ ဆုတောင်းတယ်ဆိုတာ wish ကိုဖော်ပြတာပဲဖြစ်တယ်။ ဆုတောင်းတာ လိုချင်တဲ့ဆန္ဒရဲ့နောက်မှာ လုံ့လဝီရိယတို့၊ အသိဉာဏ်တို့ဆိုတာတွေ လိုအပ်တယ်ပေါ့။

အဲဒီလိုအကြောင်းအကျိုးဆီလျှော်စွာ အလုပ်လုပ်မှ ကောင်းကျိုးချမ်းသာတွေဆိုတာ ရနိုင်တယ်။ အဲဒီလိုအချက်တွေကိုလည်း မြတ်စွာဘုရား ဟောတာဖြစ်တယ်။ ဗုဒ္ဓဆိုတဲ့ ဂုဏ်တော်တွေထဲမှာအရာခပ်သိမ်းကို သိစွမ်းနိုင်တဲ့ အသိဉာဏ်ရှိလို့ ဗုဒ္ဓဆိုတာကို အာရုံပြုပြီးတော့ နှလုံးသွင်းဆင်ခြင်ခြင်းအားဖြင့် မိမိအတွက် ကံကောင်းလာနိုင်တယ်ဆိုတာ ယုံကြည်ကြရမှာဖြစ်တယ်။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ (မြတ်ဗုဒ္ဓ၏ဂုဏ်တော်ကိုးပါး တရားတော်မှ ကောက်နှုတ်ပူဇော်ပါသည်) ခရက်ဒစ်မူရင်းရေးသားသူ

Zawgyi

ေလာကမွာကံမေကာင္းဘူးဆိုရင္ ကံေကာင္းေအာင္ကဘာလုပ္ရမွာလဲ၊ မေကာင္းတဲ့ကံေတြ ပေပ်ာက္ေအာင္ ကံေကာင္းတဲ့နည္းေတြ မရွိဘူးလားဆို၊ရွိတယ္။ အကုသိုလ္အက်ိဳးေတြ ဝင္ေရာက္ျဖစ္ေပၚေနတာကို လူေတြကကံမေကာင္းဘူးလို႔ေျပာတာ။

အကုသိုလ္ရဲ႕ အက်ိဳးတရားေတြက ကိုယ့္သႏၲာန္ေရာက္ၿပီ၊ ထိခိုက္ေနၿပီဆိုရင္ဒါက ကံမေကာင္းဘူးလို႔ေျပာၾကတယ္။ အဲဒီအခ်ိန္မွာ ကိုယ့္ရဲ႕လုပ္ရပ္ကို ျပန္ဆန္း စစ္ၾကည့္ရမယ္။ ငါတို႔လုပ္ေနတာ အမွားမရွိဘူး၊ အေကာင္းေတြလုပ္တယ္။ သို႔ေသာ္အတိတ္တုန္းက မွားယြင္းမႈေတြကလည္း လူေတြရဲ႕သႏၲာန္ လာေရာက္ၿပီး အက်ိဳးေပးေနတာေတြ ရွိတတ္တယ္ေပါ့။

အဲဒီလိုျဖစ္ေပၚ လာတာမ်ိဳးေတြေကာ မရွိႏိုင္ဘူးလားဆိုရွိႏိုင္တယ္။ ရွိလာလို႔ရွိရင္ ဘာနဲ႔အကာအကြယ္လုပ္ရမလဲလို႔ဆိုရင္ ကံေကာင္းေအာင္ေကာင္းတဲ့ကံတရားေတြကို ႀကိဳးစားၿပီးလုပ္ရမယ္။ ဘုရားကိုအာ႐ုံျပဳမယ္၊ သံဃာကိုအာ႐ုံျပဳမယ္။ ဘုရားရဲ႕ႏႈတ္ကပတ္ေတာ္ေတြကို႐ြတ္ဖတ္ သရဇၩာယ္မယ္။ ဘုရားကိုပူေဇာ္မယ္ေနာ္။

ဘုရားနဲ႔ပတ္သက္ၿပီး စိတ္ၾကည္ႏူးမႈေတြ ရေအာင္လုပ္ရမယ္။ ကုသိုလ္ေကာင္းမႈေတြ မျပတ္လုပ္ေပးရမယ္။ ဘုရားပန္း၊ေရခ်မ္း အၿမဲတမ္းဆက္ကပ္၊ ဘုရားကိုအာ႐ုံျပဳ၊ ကုသိုလ္တရားေတြကို စိတ္ထဲမွာ ျဖစ္ပြားေအာင္ႀကိဳးစား၊ အဲဒီလိုႀကိဳးစားျခင္း အားျဖင့္လည္းပဲ မေကာင္းတဲ့ကံေတြ ပေပ်ာက္သြားႏိုင္တယ္။

ကံဆိုးမိုးေမွာင္က်လာတဲ့အခါ ျဖစ္လာမယ့္အရိပ္အေရာင္ရွိၿပီ ဆိုတဲ့အခ်ိန္မွာဘာနဲ႔ ကာကြယ္ရသလဲဆိုရင္ ဘုရားကိုအာ႐ုံျပဳၿပီး ဗုဒၶါႏုႆတိကို ပြားရမယ္။ ဘုရားရဲ႕ဂုဏ္ေတာ္ေတြကို အာ႐ုံျပဳ၊ ကမၼဌာန္းထိုင္၊ ဂုဏ္ေတာ္ေတြကို ႏွလုံးသြင္းဆင္ျခင္ၿပီးအခ်ိန္မ်ားမ်ား ျမတ္စြာဘုရားကို ပူေဇာ္ရမယ္။

လုပ္ၿပီးတဲ့အခါ ကိုယ္လုပ္တဲ့ ကုသိုလ္ေကာင္းမႈကို ကိုယ္မျမင္ရတဲ့ သတၱဝါေတြ၊ကိုယ့္အနီးအပါးမွာရွိတဲ့ အိမ္ေစာင့္နတ္ေတြကို အမွ်အတန္း ေပးေဝရမယ္။ အဲဒီအမွ်အတန္း ေပးေဝျခင္းအားျဖင့္ ကိုယ္နဲ႔သူတို႔နဲ႔က မိတ္ေဆြျဖစ္သြားတယ္။

ခင္မင္ရင္းႏွီးမႈေတြ ရလာတယ္။ မိတ္ေဆြျဖစ္လို႔ရွိရင္ ကိုယ္အႏၲရာယ္မေရာက္ေအာင္ သူတို႔ကၾကည့္ရႈေပးတယ္။ အိမ္နားနီးခ်င္းနဲ႔ တည့္ေအာင္ေပါင္းရင္ေတာင္မွပဲ ကိုယ့္အိမ္ၾကည့္ေပးေဖာ္ရမယ္။ မတည့္ဘူးဆိုရင္ မသိခ်င္ေယာင္ေဆာင္ေနမွာ ဘာႀကီးျဖစ္ေနေန၊ ဟုတ္ကဲ့လား။

အဲဒါလိုပဲကိုယ္မျမင္ရလို႔ အိမ္ေစာင့္နတ္တို႔၊ ကိုယ္ေစာင့္နတ္တို႔ သြားၿပီးေတာ့ ရန္မျဖစ္ေလနဲ႔။ ရန္ျဖစ္ရင္ေတာ့ အဲဒါကိုယ့္ကို ေကာင္းက်ိဳးေပးမွာ မဟုတ္ဘူးေနာ္။ ဘယ္သူနဲ႔မွ ရန္မျဖစ္နဲ႔။ ေနာက္ဆုံးမွာ ကိုယ့္ရဲ႕အိမ္က ေမွးထားတဲ့‌ေခွးနဲ႔ေတာင္ ရန္ျဖစ္ရင္ ကိုယ့္ကို မ်က္ေစာင္းထိုးၾကည့္တာ အနည္းဆုံးခံရမယ္။

ေၾကာက္လို႔သာ ျပန္မလုပ္တာရွိမယ္ေနာ္။ ဒီတိရစာၦန္ေတြမွာလည္း အသိရွိတယ္ေလ။ တစ္ခါေလာက္ ႐ိုက္ထားတဲ့သူဆိုရင္ ‌ေရွာင္ေပေရွာင္ေပနဲ႔ မ်က္ေစာင္းထိုးၾကည့္တယ္။ သူတို႔အၿမဲတန္း ငါ့မ်ားဘာလုပ္မလဲဆိုၿပီး ေဒါသနဲ႔ၾကည့္တာ။ ဘယ္သူနဲ႔မွရန္မျဖစ္ဘဲ မတၱာသက္ေရာက္ေအာင္ လုပ္တာဟာကိုယ့္အတြက္ ကံေကာင္းေစျခင္းရဲ႕ အေၾကာင္းတစ္ခုပဲျဖစ္တယ္ေပါ့။

ကိုယ့္အတြက္ အကူအညီရျခင္းပဲ။ ‌ေမတၱာပို႔ရတယ္။ အမွ်အတန္းေပးေဝရတယ္။ ကုသိုလ္ေကာင္းမႈလုပ္တိုင္း လုပ္တိုင္းဖိတ္ၾကားၿပီးေတာ့ သူတို႔ကိုအေရးတယူ လုပ္ရတယ္။ မိတ္ေဆြေကာင္းေတာင္မွ လမ္းမွာေတြ႕ရင္ကိုယ္က အရင္ေခၚရတယ္။ အေရးတယူ ႏႈတ္ဆက္ရင္ ရင္းႏွီးတယ္။ မေခၚခ်င္သလိုလို လုပ္သြားရင္သူကလည္း မေခၚခ်င္သလိုလို ျပန္လုပ္မွာပဲ။

လူအခ်င္းခ်င္းေတာင္ ဒီလိုျဖစ္လာတယ္။ အဲဒါေၾကာင့္မို႔ ကံေကာင္းေအာင္လုပ္ဖို႔ဆိုသည္မွာ ကိုယ္ကိုယ္တိုင္က ရင္ထဲကအမုန္းကင္းၿပီးေမတၱာဘာဝနာေတြ မ်ားမ်ားပွားရမယ္။ ေမတၱာပို႔မယ္၊ အမွ်အတန္း ေပးေဝမယ္၊အားလုံးနဲ႔ မိတ္ေဆြေတြျဖစ္မယ္။ အရာရာမွာ စိတ္ၾကည္ႏူးမႈေတြ ရလာတဲ့အခါမွာ ကိုယ္ေတြးတာေတြ၊ ကိုယ္ႀကံတာေတြ၊ ကိုယ္လုပ္တာေတြလည္း လမ္းမွန္ေပၚ ေရာက္လာႏိုင္တယ္ေပါ့။ အဲဒီလိုမဟုတ္ဘူး။

ကံမေကာင္းအေၾကာင္းမလွလို႔ မေကာင္းတာေတြနဲ႔ စိတ္ကညစ္ေနရင္ပိုဆိုးသြားႏိုင္တယ္။ အဲဒီလိုမျဖစ္ရေအာင္ သတိရွိရမယ္။ ဘယ္သူပဲျဖစ္ျဖစ္ ကံၾကမၼာရဲ႕အလွည့္အေျပာင္းေၾကာင့္ ကံေကာင္းတဲ့အခါ ေကာင္းတယ္၊ မေကာင္းတဲ့အခါ မေကာင္းဘူး။

ဘုရားဂုဏ္ေတာ္ေတြကို ကိုယ့္ရဲ႕ရင္ထဲႏွလုံးထဲ ေရာက္ေအာင္ တည္ၿငိမ္ေအးခ်မ္းမႈကိုေပးႏိုင္တဲ့ဟာမ်ိဳးျဖစ္ေအာင္ လုပ္ရမယ္။ ၿပီးၿပီဆိုၿပီးေတာ့မွ ကိုယ့္ရဲ႕(wish)ကိုေဖာ္ျပတာ။ ဆုေတာင္းတိုင္းကေတာ့ မရဘူးေပါ့။ ဆုေတာင္းတိုင္းရလို႔ရွိရင္ ဘာမွလုပ္မေနနဲ႔။ ထိုင္ၿပီးေတာ့ ဆုသာဆုေတာင္း။

စာေမးပြဲေအာင္လို႔ရွိရင္ ဒီ(၃)လုံးပါပါေစ၊ (၆)လုံးပါပါေစ၊ ထိုင္သာဆုေတာင္းေန၊ စာမက်က္နဲ႔၊ ရမွာမဟုတ္ဘူးေနာ္။ အဲဒါေၾကာင္းမို႔လို႔ ဆုေတာင္း႐ုံနဲ႔ ဘယ္အရာမွမရဘူး။ ဆုေတာင္းတယ္ဆိုတာ wish ကိုေဖာ္ျပတာပဲျဖစ္တယ္။ ဆုေတာင္းတာ လိုခ်င္တဲ့ဆႏၵရဲ႕ေနာက္မွာ လုံ႔လဝီရိယတို႔၊ အသိဉာဏ္တို႔ဆိုတာေတြ လိုအပ္တယ္ေပါ့။

အဲဒီလိုအေၾကာင္းအက်ိဳးဆီေလွ်ာ္စြာ အလုပ္လုပ္မွ ေကာင္းက်ိဳးခ်မ္းသာေတြဆိုတာ ရႏိုင္တယ္။ အဲဒီလိုအခ်က္ေတြကိုလည္း ျမတ္စြာဘုရား ေဟာတာျဖစ္တယ္။ ဗုဒၶဆိုတဲ့ ဂုဏ္ေတာ္ေတြထဲမွာအရာခပ္သိမ္းကို သိစြမ္းႏိုင္တဲ့ အသိဉာဏ္ရွိလို႔ ဗုဒၶဆိုတာကို အာ႐ုံျပဳၿပီးေတာ့ ႏွလုံးသြင္းဆင္ျခင္ျခင္းအားျဖင့္ မိမိအတြက္ ကံေကာင္းလာႏိုင္တယ္ဆိုတာ ယုံၾကည္ၾကရမွာျဖစ္တယ္။

ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာအရွင္နႏၵမာလာဘိဝံသ (ျမတ္ဗုဒၶ၏ဂုဏ္ေတာ္ကိုးပါး တရားေတာ္မွ ေကာက္ႏႈတ္ပူေဇာ္ပါသည္) ခရက္ဒစ္မူရင္းေရးသားသူ

Leave a Comment