ငရဲသို့သွားမည့် စီးပွားရေး (သိထားသင့်ပါတယ်နော်)

လက်နက်ရောင်း၊ လူကုန်ကူး၊ သားသတ်ရောင်းသူ၊ မူးယစ်‌ဆေးရောင်းသူ၊ အဆိပ်ရောင်းသူ ဤငါးမျိုးသည် ဗုဒ္ဓဘာသာတို့ မလုပ်ကောင်းသောစီးပွားရေးဖြစ်၏။

ဤလူငါးမျိုးထက်ကို ကျွန်ုပ်ရွံသောလူတစ်မျိုးကား ကျောင်းဒကာကျောင်းအမကပ္ပိယလုပ်ပြီး အများးပြည်သူက ရည်းစူးလှုဒါန်းထားတဲ့ ကျောင်းတိုက်ပိုင် သံဃိကပိုင်ငွေတွေ သိန်းပေါင်းထောင်သောင်းချီကို

မိမိကိုယ်ပိုင်ငွေသဖွယ် ထင်သလိုအသုံးချ မြေဝယ်၊ရွှေဝယ်၊ဒေါ်လာဝယ် စီးပွားရေးလုပ်အမြတ်ကိုစား သိပ်ကိုရွံစရာကောင်းတယ်။ ဘာ…အရင်းကိုပြန်ဆပ်ရင် အပြစ်မရှိဘူးဟုတ်လား။ သင်တို့ပိုက်ဆံကျတော့ ကျုပ်တို့တစ်သိန်းလောက်လာချေးရင်တောင် ချေးပေးမည်မဟုတ်။

အဓိကတရားခံက ခွင်းပြုတဲ့ကျောင်းထိုင်ဘုန်းကြီးပါပဲ။ သံဃာပိုင်အပ်စပ်‌ငွေတွေကို ရွှေဝယ်၊မြေဝယ်ပြီး စီးပွားရေးလုပ်တဲ့ ဒကာ/မအပါယ်ကျရင် ကျောင်းထိုင်ဘုန်းကြီးလည်း မလွတ်နိုင်ဘူး။

ဘာ့ကြောင့်လဲဆိုတော့ ပြန်ဆပ်ရင်အပြစ်မရှိဘူးလို့ ခပ်ပေါ့ပေါ့ဟောပြီး သိလျက်နဲ့မဆုံးမတဲ့ တရားဟောဘုန်းကြီးရဲ့ အပြစ်ပါပဲ။ သံဃာပိုင်ကို သံဃာတွေအသိမပေး၊ အလှူရှင်‌တွေကို အသိမပေးဘဲယူသုံးတာဟာ ခိုးတာပါပဲ။

ခိုးနည်း(၂၅)ပါးမှမလွတ်နိုင်၊ မဟာစောရပါပဲ အလှူရှင်တွေရဲ့ သဒ္ဓါတရားကို ခိုးယူသွားသည်။ သံဃာတွေရဲ့ဆန္ဒကိုခိုးယူသွားသည် ရလာသောဥစ္စာသည်ကား ကာမဂုဏ်အတွက်သာဖြစ်နေကြ၏ အဘယ်မှာလည်းဓမ္မ။

ကျမ်းထဲကမထွက်တတ်ဘဲ ပြန်ဆပ်လျှင်အပြစ်မရှိဘူးလို့ ခပ်ပေါ့ပေါ့ဟောကြားခဲ့တဲ့ ကျောင်းထိုင်ဘုန်းကြီးတွေရဲ့ တရားခံပါပဲ။ သတိသံဝေဂတရားများ မြန်မြန်ရကြပါစေ။ (မေတ္တာဖြင့်)

Credit

Zawgyi

လက္နက္ေရာင္း၊ လူကုန္ကူး၊ သားသတ္ေရာင္းသူ၊ မူးယစ္‌ေဆးေရာင္းသူ၊ အဆိပ္ေရာင္းသူ ဤငါးမ်ိဳးသည္ ဗုဒၶဘာသာတို႔ မလုပ္ေကာင္းေသာစီးပြားေရးျဖစ္၏။

ဤလူငါးမ်ိဳးထက္ကို ကြၽႏ္ုပ္႐ြံေသာလူတစ္မ်ိဳးကား ေက်ာင္းဒကာေက်ာင္းအမကပၸိယလုပ္ၿပီး အမ်ားးျပည္သူက ရည္းစူးလႈဒါန္းထားတဲ့ ေက်ာင္းတိုက္ပိုင္ သံဃိကပိုင္ေငြေတြ သိန္းေပါင္းေထာင္ေသာင္းခ်ီကို

မိမိကိုယ္ပိုင္ေငြသဖြယ္ ထင္သလိုအသုံးခ် ေျမဝယ္၊ေ႐ႊဝယ္၊ေဒၚလာဝယ္ စီးပြားေရးလုပ္အျမတ္ကိုစား သိပ္ကို႐ြံစရာေကာင္းတယ္။ ဘာ…အရင္းကိုျပန္ဆပ္ရင္ အျပစ္မရွိဘူးဟုတ္လား။ သင္တို႔ပိုက္ဆံက်ေတာ့ က်ဳပ္တို႔တစ္သိန္းေလာက္လာေခ်းရင္ေတာင္ ေခ်းေပးမည္မဟုတ္။

အဓိကတရားခံက ခြင္းျပဳတဲ့ေက်ာင္းထိုင္ဘုန္းႀကီးပါပဲ။ သံဃာပိုင္အပ္စပ္‌ေငြေတြကို ေ႐ႊဝယ္၊ေျမဝယ္ၿပီး စီးပြားေရးလုပ္တဲ့ ဒကာ/မအပါယ္က်ရင္ ေက်ာင္းထိုင္ဘုန္းႀကီးလည္း မလြတ္ႏိုင္ဘူး။

ဘာ့ေၾကာင့္လဲဆိုေတာ့ ျပန္ဆပ္ရင္အျပစ္မရွိဘူးလို႔ ခပ္ေပါ့ေပါ့ေဟာၿပီး သိလ်က္နဲ႔မဆုံးမတဲ့ တရားေဟာဘုန္းႀကီးရဲ႕ အျပစ္ပါပဲ။ သံဃာပိုင္ကို သံဃာေတြအသိမေပး၊ အလႉရွင္‌ေတြကို အသိမေပးဘဲယူသုံးတာဟာ ခိုးတာပါပဲ။

ခိုးနည္း(၂၅)ပါးမွမလြတ္ႏိုင္၊ မဟာေစာရပါပဲ အလႉရွင္ေတြရဲ႕ သဒၶါတရားကို ခိုးယူသြားသည္။ သံဃာေတြရဲ႕ဆႏၵကိုခိုးယူသြားသည္ ရလာေသာဥစၥာသည္ကား ကာမဂုဏ္အတြက္သာျဖစ္ေနၾက၏ အဘယ္မွာလည္းဓမၼ။

က်မ္းထဲကမထြက္တတ္ဘဲ ျပန္ဆပ္လွ်င္အျပစ္မရွိဘူးလို႔ ခပ္ေပါ့ေပါ့ေဟာၾကားခဲ့တဲ့ ေက်ာင္းထိုင္ဘုန္းႀကီးေတြရဲ႕ တရားခံပါပဲ။ သတိသံေဝဂတရားမ်ား ျမန္ျမန္ရၾကပါေစ။ (ေမတၱာျဖင့္)

Credit

Leave a Comment