နှစ်ပေါင်း (၆၀) ကျော်ကြာမြေအောက်မီးလောင်မှု ဖြစ်ပွားနေသောကြောင့် လူတွေ စွန့်ခွာသွားရတဲ့မြို့လေး

နှစ်ပေါင်း (၆၀) ကျော်ကြာမြေအောက်မီးလောင်မှု ဖြစ်ပွားနေသောကြောင့် လူတွေ စွန့်ခွာသွားရတဲ့မြို့လေး

အမေရိကန်နိုင်ငံအတွင်း မြို့ငယ်လေးတစ်မြို့တွင် ဆယ်စုနှစ်များကြာ မြေအောက်မီးလောင်မှု အဆက်မပြတ် ဖြစ်ပွားနေခဲ့သည့်အတွက် အခြေချနေထိုင်သူ အားလုံးနီးပါး မြို့ကိုစွန့်ခွာ ရွှေ့ပြောင်းသွားခဲ့ကြသည်။

အမေရိကန်အရှေ့ဘက် ကမ်းရိုးတန်းရှိ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် စင်ထရယ်လီယာမြို့လေးမှာ တစ်ချိန်က သတ္တုတွင်းလုပ်ငန်းဖြင့် စည်ကားခဲ့သော်လည်း ၁၉၆၂ ခုနှစ် မေလအတွင်း ဖြစ်ရပ်များက မြို့၏အနာဂတ်ကို ထာဝရပြောင်းလဲသွားစေခဲ့သည်။

အမှိုက်စွန့်ပစ်နေရာတစ်ခုတွင် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ရာမှ မြေအောက်အနက် ပေထောင်နှင့်ချီသည့်နေရာရှိ ဝင်္ကပါသဖွယ် ဖြစ်နေသော ကျောက်မီးသွေးသတ္တုတွင်းများ၏ လမ်းကြောင်းများတစ်လျှောက် မီးကူးစက်လောင်ခဲ့သည်။ ထိုစဉ်ကတည်းက မြေအောက်တွင် မီးလောင်နေမှုမှာ ယခုအချိန်အထိ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ပြီး နှစ်ပေါင်း (၆၀) ကျော်ပြီဖြစ်သည်။

စင်ထရယ်လီယာမြို့လေး၏ မြေအောက်တွင် မီးလောင်နေမှုကို ငြှိမ်းသတ်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ကြသော်လည်း မီးလောင်မှုကြောင့် ကျွံကျနေသော မြေပြင်အက်ကြောင်းများမှ ကာဗွန်မိုနော့ဆိုက် (carbon monoxide) ကဲ့သို့ အဆိပ်သင့်ဓာတ်ငွေ့များ ဆက်တိုက်ထွက်နေခဲ့ရာ မီးငြှိမ်းသတ်နိုင်ခဲ့ခြင်း မရှိဘဲ အန္တရာယ်ရှိသည့်နေရာတစ်ခု ဖြစ်သွားခဲ့သည်။

၁၉၈၁ ခုနှစ်က ထိုမြို့လေးတွင် နေထိုင်သည့် အသက် (၁၅) နှစ်အရွယ် Todd Domboski အမည်ရှိ ယောက်ျားလေးတစ်ဦးမှာ ၎င်း၏ နေအိမ်နောက်ဖေး မြေကွက်လပ်တွင် ဆော့ကစားနေစဉ် တွင်းတစ်ခုအတွင်း ကျွံကျသွားခဲ့သည်။

၎င်း၏ ဝမ်းကွဲညီအစ်ကိုဖြစ်သူက ပေ (၁၅၀) အနက်ရှိသည့် မြေအောက်ကနေ ၎င်းကို ကယ်တင်နိုင်ခဲ့သော်လည်း ထိုဖြစ်ရပ်က စင်ထရယ်လီယာမြို့တွင် နေထိုင်ကြသူများအတွက် မြေအောက်မီးလောင်မှုက အန္တရာယ်ရှိနေကြောင်း သိသာထင်ရှားစေခဲ့သည်။

ထိုမြို့လေးသို့ လာရောက်ကြသူများအတွက် အထူးတလည် အန္တရာယ်ရှိနိုင်သော နေရာများကို သိရှိစေနိုင်ရန် သတိပေး ဆိုင်းဘုတ်များထားရှိကြောင်းလည်း သိရသည်။

ပထမဆုံး မီးလောင်မှုဖြစ်ပွားပြီးနောက် ၎င်းတို့၏ နေအိမ်များ ပျက်စီးသွားခဲ့ရာ ၁၉၈၃ ခုနှစ်တွင် ပြည်နယ်အစိုးရက ပြန်လည် နေရာချပေးခဲ့သည်။ ထို့နောက် မြို့ခံအများစုက ရွှေ့ပြောင်းသွားခဲ့ကြသည်။

စင်ထရယ်လီယာမြို့တွင် လူအများဆုံး နေထိုင်ခဲ့ကြသည့် ၁၈၉၀ ခုနှစ်တွင် လူဦးရေ (၂,၇၀၀) ရှိခဲ့ရာမှ ၁၉၈၀ ခုနှစ်တွင် လူဦးရေ (၁,၀၀၀) သို့ လျော့ကျသွားခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်တွင်မူ မြို့တွင်နေထိုင်သူ (၅) ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။


တိတ်ဆိတ်ခြောက်ကပ်နေသည့် စင်ထရယ်လီယာမြို့ကို ခရီးသွားများက အထူးအဆန်းအဖြစ် လာရောက်လည်ပတ် ကြည့်ရှုကြလေ့ရှိသည်။ ခရီးသွားများက နေရာတိုင်းကို စွန့်ပစ်ထားခဲ့ကြသည်ဟု ထင်မြင်ကြပြီး မြို့ခံများ၏ ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်းနှင့် မြက်ခင်းများပေါ် လမ်းလျှောက်သွားခြင်းတို့ကြောင့် စိတ်ပျက်မိကြောင်း စင်ထရယ်လီယာမြို့ခံတစ်ဦးက ၂၀၁၇ ခုနှစ်တွင် ပြောခဲ့သည်။

ခရီးသွားများက အမှိုက်များစွန့်ပစ်ကြပြီး မြို့တဝိုက်တွင် မှုတ်ဆေးများဖြင့် ဂရပ်ဖစ်တီပန်းချီရေးဆွဲခြင်းတို့ ပြုလုပ်ကြသည်ဟု ဆိုသည်။

ထိုမြို့လေးကို ဦးတည်သည့် အသုံးမပြုသော Route 61 လမ်းမကြီး၏ လမ်းပိုင်နေရာတစ်ခုမှာ လာရောက်လည်ပတ်သူများက ရေးဆွဲထားကြသည့် ဂရပ်ဖစ်တီလက်ရာများ အပြည့်ဖြစ်နေပြီး ခရီးသွားများအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်နေခဲ့သည်။

သို့သော် မြို့၏ သုသာန်နေရာအထိ ဂရပ်ဖစ်တီရေးဆွဲမှုများရှိလာကြောင်း သတင်းထွက်ပေါ်ခဲ့ရာ ၂၀၂၀ ခုနှစ် ဧပြီလတွင် စင်ထရယ်လီယာမြို့ခံများက ခရီးသွားများကို တားဆီးရန် လမ်းမကို မြေသားဖြင့် ဖုံးအုပ်ခဲ့ကြကြောင်း သိရသည်။

Credit

Zawgyi

ႏွစ္ေပါင္း (၆၀) ေက်ာ္ၾကာေျမေအာက္မီးေလာင္မႈ ျဖစ္ပြားေနေသာေၾကာင့္ လူေတြ စြန္႔ခြာသြားရတဲ့ၿမိဳ႕ေလး

အေမရိကန္ႏိုင္ငံအတြင္း ၿမိဳ႕ငယ္ေလးတစ္ၿမိဳ႕တြင္ ဆယ္စုႏွစ္မ်ားၾကာ ေျမေအာက္မီးေလာင္မႈ အဆက္မျပတ္ ျဖစ္ပြားေနခဲ့သည့္အတြက္ အေျခခ်ေနထိုင္သူ အားလုံးနီးပါး ၿမိဳ႕ကိုစြန႔္ခြာ ေ႐ႊ႕ေျပာင္းသြားခဲ့ၾကသည္။

အေမရိကန္အေရွ႕ဘက္ ကမ္း႐ိုးတန္းရွိ ပင္ဆယ္လ္ေဗးနီးယားျပည္နယ္ စင္ထရယ္လီယာၿမိဳ႕ေလးမွာ တစ္ခ်ိန္က သတၱဳတြင္းလုပ္ငန္းျဖင့္ စည္ကားခဲ့ေသာ္လည္း ၁၉၆၂ ခုႏွစ္ ေမလအတြင္း ျဖစ္ရပ္မ်ားက ၿမိဳ႕၏အနာဂတ္ကို ထာဝရေျပာင္းလဲသြားေစခဲ့သည္။

အမႈိက္စြန႔္ပစ္ေနရာတစ္ခုတြင္ မီးေလာင္မႈစတင္ျဖစ္ပြားခဲ့ရာမွ ေျမေအာက္အနက္ ေပေထာင္ႏွင့္ခ်ီသည့္ေနရာရွိ ဝကၤပါသဖြယ္ ျဖစ္ေနေသာ ေက်ာက္မီးေသြးသတၱဳတြင္းမ်ား၏ လမ္းေၾကာင္းမ်ားတစ္ေလွ်ာက္ မီးကူးစက္ေလာင္ခဲ့သည္။ ထိုစဥ္ကတည္းက ေျမေအာက္တြင္ မီးေလာင္ေနမႈမွာ ယခုအခ်ိန္အထိ ဆက္လက္ေလာင္ကြၽမ္းေနဆဲျဖစ္ၿပီး ႏွစ္ေပါင္း (၆၀) ေက်ာ္ၿပီျဖစ္သည္။

စင္ထရယ္လီယာၿမိဳ႕ေလး၏ ေျမေအာက္တြင္ မီးေလာင္ေနမႈကို ျငႇိမ္းသတ္ရန္ နည္းလမ္းမ်ိဳးစုံျဖင့္ ႀကိဳးပမ္းခဲ့ၾကေသာ္လည္း မီးေလာင္မႈေၾကာင့္ ကြၽံက်ေနေသာ ေျမျပင္အက္ေၾကာင္းမ်ားမွ ကာဗြန္မိုေနာ့ဆိုက္ (carbon monoxide) ကဲ့သို႔ အဆိပ္သင့္ဓာတ္ေငြ႕မ်ား ဆက္တိုက္ထြက္ေနခဲ့ရာ မီးျငႇိမ္းသတ္ႏိုင္ခဲ့ျခင္း မရွိဘဲ အႏၲရာယ္ရွိသည့္ေနရာတစ္ခု ျဖစ္သြားခဲ့သည္။

၁၉၈၁ ခုႏွစ္က ထိုၿမိဳ႕ေလးတြင္ ေနထိုင္သည့္ အသက္ (၁၅) ႏွစ္အ႐ြယ္ Todd Domboski အမည္ရွိ ေယာက္်ားေလးတစ္ဦးမွာ ၎၏ ေနအိမ္ေနာက္ေဖး ေျမကြက္လပ္တြင္ ေဆာ့ကစားေနစဥ္ တြင္းတစ္ခုအတြင္း ကြၽံက်သြားခဲ့သည္။

၎၏ ဝမ္းကြဲညီအစ္ကိုျဖစ္သူက ေပ (၁၅၀) အနက္ရွိသည့္ ေျမေအာက္ကေန ၎ကို ကယ္တင္ႏိုင္ခဲ့ေသာ္လည္း ထိုျဖစ္ရပ္က စင္ထရယ္လီယာၿမိဳ႕တြင္ ေနထိုင္ၾကသူမ်ားအတြက္ ေျမေအာက္မီးေလာင္မႈက အႏၲရာယ္ရွိေနေၾကာင္း သိသာထင္ရွားေစခဲ့သည္။

ထိုၿမိဳ႕ေလးသို႔ လာေရာက္ၾကသူမ်ားအတြက္ အထူးတလည္ အႏၲရာယ္ရွိႏိုင္ေသာ ေနရာမ်ားကို သိရွိေစႏိုင္ရန္ သတိေပး ဆိုင္းဘုတ္မ်ားထားရွိေၾကာင္းလည္း သိရသည္။

ပထမဆုံး မီးေလာင္မႈျဖစ္ပြားၿပီးေနာက္ ၎တို႔၏ ေနအိမ္မ်ား ပ်က္စီးသြားခဲ့ရာ ၁၉၈၃ ခုႏွစ္တြင္ ျပည္နယ္အစိုးရက ျပန္လည္ ေနရာခ်ေပးခဲ့သည္။ ထို႔ေနာက္ ၿမိဳ႕ခံအမ်ားစုက ေ႐ႊ႕ေျပာင္းသြားခဲ့ၾကသည္။

စင္ထရယ္လီယာၿမိဳ႕တြင္ လူအမ်ားဆုံး ေနထိုင္ခဲ့ၾကသည့္ ၁၈၉၀ ခုႏွစ္တြင္ လူဦးေရ (၂,၇၀၀) ရွိခဲ့ရာမွ ၁၉၈၀ ခုႏွစ္တြင္ လူဦးေရ (၁,၀၀၀) သို႔ ေလ်ာ့က်သြားခဲ့ၿပီးေနာက္ ၂၀၂၀ ခုႏွစ္တြင္မူ ၿမိဳ႕တြင္ေနထိုင္သူ (၅) ဦးသာ က်န္ရွိေတာ့ေၾကာင္း သိရသည္။

တိတ္ဆိတ္ေျခာက္ကပ္ေနသည့္ စင္ထရယ္လီယာၿမိဳ႕ကို ခရီးသြားမ်ားက အထူးအဆန္းအျဖစ္ လာေရာက္လည္ပတ္ ၾကည့္ရႈၾကေလ့ရွိသည္။ ခရီးသြားမ်ားက ေနရာတိုင္းကို စြန႔္ပစ္ထားခဲ့ၾကသည္ဟု ထင္ျမင္ၾကၿပီး ၿမိဳ႕ခံမ်ား၏ ပိုင္ဆိုင္မႈမ်ားကို ဖ်က္ဆီးျခင္းႏွင့္ ျမက္ခင္းမ်ားေပၚ လမ္းေလွ်ာက္သြားျခင္းတို႔ေၾကာင့္ စိတ္ပ်က္မိေၾကာင္း စင္ထရယ္လီယာၿမိဳ႕ခံတစ္ဦးက ၂၀၁၇ ခုႏွစ္တြင္ ေျပာခဲ့သည္။

ခရီးသြားမ်ားက အမႈိက္မ်ားစြန႔္ပစ္ၾကၿပီး ၿမိဳ႕တဝိုက္တြင္ မႈတ္ေဆးမ်ားျဖင့္ ဂရပ္ဖစ္တီပန္းခ်ီေရးဆြဲျခင္းတို႔ ျပဳလုပ္ၾကသည္ဟု ဆိုသည္။

ထိုၿမိဳ႕ေလးကို ဦးတည္သည့္ အသုံးမျပဳေသာ Route 61 လမ္းမႀကီး၏ လမ္းပိုင္ေနရာတစ္ခုမွာ လာေရာက္လည္ပတ္သူမ်ားက ေရးဆြဲထားၾကသည့္ ဂရပ္ဖစ္တီလက္ရာမ်ား အျပည့္ျဖစ္ေနၿပီး ခရီးသြားမ်ားအတြက္ ဆြဲေဆာင္မႈတစ္ခု ျဖစ္ေနခဲ့သည္။

သို႔ေသာ္ ၿမိဳ႕၏ သုသာန္ေနရာအထိ ဂရပ္ဖစ္တီေရးဆြဲမႈမ်ားရွိလာေၾကာင္း သတင္းထြက္ေပၚခဲ့ရာ ၂၀၂၀ ခုႏွစ္ ဧၿပီလတြင္ စင္ထရယ္လီယာၿမိဳ႕ခံမ်ားက ခရီးသြားမ်ားကို တားဆီးရန္ လမ္းမကို ေျမသားျဖင့္ ဖုံးအုပ္ခဲ့ၾကေၾကာင္း သိရသည္။

Credit

Leave a Comment