သက်တမ်း (၁၂၀) နှစ် ရှိပြီဖြစ်သော ၉လနဲ့ အပြီး တည်ဆောက်ခဲ့တဲ့ ကမ္ဘာကျော် ဂုတ်ထိပ်တံတား သမိုင်း

သက်တမ်း (၁၂၀) နှစ် ရှိပြီဖြစ်သော ၉လနဲ့ အပြီး တည်ဆောက်ခဲ့တဲ့ ကမ္ဘာကျော် ဂုတ်ထိပ်တံတား သမိုင်း

ဂုတ်ထိပ်တံတားသည် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနှင့် ကျောက်မဲအကြား မန္တလေး၊ လားရှိုး မီးရထား လမ်းပေါ်တွင်

တည်ရှိသည်။ သီပေါမြို့နယ်တွင် ဟိုကွတ် အမည်ဖြင့် ရွာတစ်ရွာရှိသည်။ ဟိုကွတ်ဟူသော အမည်သည် ထိုနေရာတွင် မြစ်ချောင်းများ ငုပ်လျှိုး ကွယ်ပျောက် သွားသည်ကို အစွဲပြု၍ ခေါ်ခြင်းဖြစ်သည်။

ထိုရွာအနီးတွင် နမ်းပဆေးမြစ်သည် မြေကြီးထဲသို့ ငုပ်လျှိုးသွားပြီး အခြားတစ်နေရာရောက်မှ မြစ်ကြောင်းပြန်ပေါ်လာသဖြင့် နမ်းပဆေးမြစ် ငုပ်သွားသည့် ထိပ်နေရာဟု ရည်ညွှန်းကာ ထိုနေရာကို ငုပ်ထိပ်ကျေးရွာဟု ခေါ်ခဲ့ကြသည်။ကာလ ရွေ့လျားလာသောအခါ ငုပ်ထိပ်မှ ဂုတ်ထိပ် ဖြစ်လာခဲ့သည်။


ခရစ် ၁၈၉၇ ခုနှစ်တွင် ဗြိတိသျှအစိုးရသည် မန္တလေးမှ ဗန်းမော်သို့ မီးရထားလမ်း ဖောက်လုပ်ရာ မန္တလေးမှ ကွမ်းလုံသို့ မီးရထားလမ်း ဖောက်လုပ်ရန်လည်း လိုအပ်သည်ကို တွေ့ရှိလာကြသည်။ ထို့ကြောင့် ဂုတ်ထိပ်တံတားကို စတင်ဆောက်လုပ်ရန် မြန်မာပြည်အစိုးရက စီမံ လေသည်။

ဂုတ်ထိပ်တံတားသည် ရှမ်းပြည်မြောက်ပိုင်း မန္တလေး – လားရှိုးရထားလမ်းပေါ်ရှိ နောင်ချိုဘူတာအလွန် ခုနှစ်မိုင်ခန့်တွင် ကမ္ဘာကျော် ဂုတ်ထိပ် တံတားကြီး တည်ရှိသည်။

အဆိုပါတံတားကြီးသည် အခြားရထားလမ်းကူး တံတားများကဲ့သို့ မြစ်ချောင်းများကို ဖြတ်ကျော် တည်ဆောက် ထားခြင်းမဟုတ်ပဲ ထူးထူးခြားခြား မီးရထားမိုင်တိုင် အမှတ် ၄၆၃/ဝ-၉ တွင်ရှိသော ကျောက်ဂူကြီး အပေါ်သို့ဖြတ်၍ တောင်ထိပ် ၂ ခုကို ဆက်သွယ်ထားသည်။


အဆိုပါ တံတားကြီးကို လန်ဒန်မြို့ရှိ Sir A.M.R Rendel & Co., ကုမ္ပဏီက ပုံစံရေးဆွဲခဲ့ပြီး အမေရိကန် ပြည်ထောင်စုမှ Pennsylvania & Maryland Bridge and Construction Co., မှ တာဝန်ယူတည်ဆောက်ခဲ့သည်။

တည်ဆောက်မှုများကို ၁၈၉၉ ခုနှစ် အတွင်း စတင်ခဲ့ပြီး ၁၉၀၀ ပြည့်တွင် ပြီးစီးခဲ့သည်။ သို့သော်လည်း ၁၉၀၃ ခုနှစ် ရောက်မှသာ စတင်အသုံးပြုခဲ့သည်။

အဆိုပါ တံတားကြီးတွင် ပေ ၁၂၀ ရှည်သော သံပေါင် ၁၀ ခု၊ ပေ ၆၀ ရှည်သော သံပေါင် ၇ ခု၊ ပေ ၄၀ ရှည်သော အလျားကူးသံပေါင် ၁၆ ခုနှင့် သံမဏိတိုင် ၁၆ တိုင်တို့ဖြင့် တည်ဆောက်ထားသည်။ အမြင့်ဆုံးသံတိုင်မှာ ၃၂၀ ပေရှိပြီး အနိမ့်ဆုံးတိုင်မှာ ၄၅ ပေမြင့်သည်။

တံတားအရှည် ပေ ၂၂၆၀ ပေ ရှည်ပြီး တံတားအောက်ခြေမှ တိုင်းတာလျှင် ရေမျက်နှာပြင်အထက် ပေ ၁၁၀၀ တွင် တည်ရှိသည်။ အဆိုပါတံတားကို တည်ဆောက်ရန် သံနှင့် သံမဏိတန်ချိန် ၄၃၁၁ တန် နှင့် သံမှို ၁ သန်း သုံးစွဲထားသည်။

မတ်စောက်သော တောင်စောင်းကြီးများနှင့် ထူထပ်သောတောကြီးများကို ရှင်းလင်း၍ အံ့ဘနန်းတည်ဆောက်ထားသော အဆိုပါ တံတားကြီးကို ထိုခေတ်က စတာလင်ပေါင် ၁၁၃၂၀၀ ခန့် အကုန်အကျခံ တည်ဆောက်ခဲ့ရသည်။

ခက်ခဲစွာ တည်ဆောက်ခဲ့ရ သေ်ာလည်း အဆိုပါတံတား၏ တည်ဆောက်ကာလမှာ ၉ လသာ ကြာမြင့်ပြီး လက်ရှိအချိန်အထိ အကာင်း အတိုင်း ပကတိ တည်ရှိနေသေးသည်။

ထိုတံတားသည် နမ္မတူ သတ္တုတွင်း တူးဖော်ရေးလုပ်ငန်း၏ သယ်ယူပို့ဆောင်ရေးတွင် အရေးပါလေသည်။ မြန်မာနိုင်ငံ စီးပွားရေးကို လည်းများစွာ အထောက်အပံ့ပြုသည်။ ထိုအကြောင်းတို့ကြောင့် ဒုတိယကမ္ဘာစစ်ကြီးတွင် မဟာမိတ်တို့၏ မြေလှန်စနစ်အရ ဂုတ်ထိပ် တံတားသည် ဖျက်ဆီးခြင်းခံရသည်။

သို့သော် သံတိုင်အမှတ် ၂ နှင့် ၅ သာ ပျက်စီးခဲ့သည်။ ထို့နောက်တစ်ဖန် မြန်မာနိုင်ငံမှ ဆုတ်ခွာပေးရသော ဂျပန်တို့သည် တံတား၏ အမြင့်ဆုံးတိုင်များ သံတိုင်အမှတ် ၉၊ ၁ဝ၊ ၁၁ နှင့် ၁၂ တို့ကို အောက်ခြေမှစ၍ ဗုံးဖောက်ခွဲကာ ဖျက်ဆီးခဲ့ပြန်သည်။

လွတ်လပ်ရေးရပြီးနောက် ထိုတံတားကို နိုင်ငံခြားကုမ္ပဏီများ ငှားရမ်း၍ ပြင်ရန် စီစဉ်ခဲ့သော်လည်း တင်ဒါတင်သွင်းသော အဖိုးနှုန်းမှာ ကြီးမြင့်လှသဖြင့် မြန်မာနိုင်ငံ မီးရထားဌာနကပင် ပြင်ဆင်ခဲ့သည်။

ပြင်ဆင်ရေးလုပ်ငန်းများကို ၁၉၄၈ ခု၊ မေလက စတင်ခဲ့သော်လည်း နည်းပညာ၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပစ္စည်းရှားပါး၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် ၁၉၅၁ ခု၊ ဩဂုတ်လ အတွင်း၌သာ ပြီးစီးခဲ့လေသည်။ထိုအချိန်က ဂုတ်ထိပ်တံတားကြီး ပြင်ဆင်မှု ကုန်ကျစရိတ်ငွေမှာ ငွေကျပ် ၃၂ သိန်း ဖြစ်သည်။

မီးရထားပေါ်မှမြင်ရသည့် ဂုတ်ထိပ်တံတားကြီး၏ အနီးကပ်မြင်ကွင်းကို တံတားကြီးပေါ်မှ ဖြတ်သန်းသွားဖူး ကြသူတိုင်း မမေ့နိုင်အောင် အမှတ်တရ ဖြစ်ကြရပေသည်။

ဂုတ်ထိပ်တံတားအဆင်းရှိ မော်တော်ကားလမ်းသည် ဂုတ်ထိပ်တံတား၏ အနောက်ဘက်တွင်ရှိသဖြင့် ကားလမ်း မှ ဂုတ်ထိပ်တံတားကို မမြင်နိုင်ကြဘဲ မီးရထားစီးမှသာ ဂုတ်ထိပ်တံတားကြီးကို မြင်နိုင်သည်။

ဂုတ်ထိပ် တံတားကို အနီးကပ်မြင်တွေ့နိုင်ရန် ဂုတ်ထိပ်ကြည့် ခရီးသည်များ သည် မီးရထားဖြင့်သာ ဂုတ်ထိပ်တံတားရှိရာသို့ သွားကြရပေသည်။နေ့စဉ်နိုင်ငံခြားသားခရီးသည် ၂ဝ မှ ၃ဝ ကျော်အထိ မီးရထားဖြင့် လာကြကြောင်း သိရှိရပေသည်။

ယင်းတံတားကို တည်ဆောက်သည့် နည်းပညာ အဆင့်မြင့်မားမှုနှင့် သဘာဝပတ်ဝန်းကျင် လှပမှုတို့ကြောင့် ခေတ်အဆက်ဆက် ထင်ရှား ကျော်ကြားလာသော တံတားဖြစ်ပြီး ကမ္ဘာ့အံ့ဖွယ် စာရင်းများတွင် ပါဝင်ခဲ့သည်။

မြန်မာပြည်၏ အမြင့်ဆုံးနှင့် ကမ္ဘာပေါ်တွင် ဒုတိယ အမြင့်ဆုံး တံတား၊ ကမ္ဘာ့အကြီးဆုံး မီးရထားသံလမ်း တံတားဟု မှတ်ကျောက်တင် ဆဲ ဖြစ်သည်။

Credit – Photo Uploader

Credit – မူရင်းရေးသားသူ

Zawgyi

သက္တမ္း (၁၂၀) ႏွစ္ ရွိၿပီျဖစ္ေသာ ၉လနဲ႔ အၿပီး တည္ေဆာက္ခဲ့တဲ့ ကမာၻေက်ာ္ ဂုတ္ထိပ္တံတား သမိုင္း

ဂုတ္ထိပ္တံတားသည္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေနာင္ခ်ိဳႏွင့္ ေက်ာက္မဲအၾကား မႏၲေလး၊ လားရႈိး မီးရထား လမ္းေပၚတြင္

တည္ရွိသည္။ သီေပါၿမိဳ႕နယ္တြင္ ဟိုကြတ္ အမည္ျဖင့္ ႐ြာတစ္႐ြာရွိသည္။ ဟိုကြတ္ဟူေသာ အမည္သည္ ထိုေနရာတြင္ ျမစ္ေခ်ာင္းမ်ား ငုပ္လွ်ိဳး ကြယ္ေပ်ာက္ သြားသည္ကို အစြဲျပဳ၍ ေခၚျခင္းျဖစ္သည္။

ထို႐ြာအနီးတြင္ နမ္းပေဆးျမစ္သည္ ေျမႀကီးထဲသို႔ ငုပ္လွ်ိဳးသြားၿပီး အျခားတစ္ေနရာေရာက္မွ ျမစ္ေၾကာင္းျပန္ေပၚလာသျဖင့္ နမ္းပေဆးျမစ္ ငုပ္သြားသည့္ ထိပ္ေနရာဟု ရည္ၫႊန္းကာ ထိုေနရာကို ငုပ္ထိပ္ေက်း႐ြာဟု ေခၚခဲ့ၾကသည္။ကာလ ေ႐ြ႕လ်ားလာေသာအခါ ငုပ္ထိပ္မွ ဂုတ္ထိပ္ ျဖစ္လာခဲ့သည္။

ခရစ္ ၁၈၉၇ ခုႏွစ္တြင္ ၿဗိတိသွ်အစိုးရသည္ မႏၲေလးမွ ဗန္းေမာ္သို႔ မီးရထားလမ္း ေဖာက္လုပ္ရာ မႏၲေလးမွ ကြမ္းလုံသို႔ မီးရထားလမ္း ေဖာက္လုပ္ရန္လည္း လိုအပ္သည္ကို ေတြ႕ရွိလာၾကသည္။ ထို႔ေၾကာင့္ ဂုတ္ထိပ္တံတားကို စတင္ေဆာက္လုပ္ရန္ ျမန္မာျပည္အစိုးရက စီမံ ေလသည္။

ဂုတ္ထိပ္တံတားသည္ ရွမ္းျပည္ေျမာက္ပိုင္း မႏၲေလး – လားရႈိးရထားလမ္းေပၚရွိ ေနာင္ခ်ိဳဘူတာအလြန္ ခုႏွစ္မိုင္ခန႔္တြင္ ကမာၻေက်ာ္ ဂုတ္ထိပ္ တံတားႀကီး တည္ရွိသည္။

အဆိုပါတံတားႀကီးသည္ အျခားရထားလမ္းကူး တံတားမ်ားကဲ့သို႔ ျမစ္ေခ်ာင္းမ်ားကို ျဖတ္ေက်ာ္ တည္ေဆာက္ ထားျခင္းမဟုတ္ပဲ ထူးထူးျခားျခား မီးရထားမိုင္တိုင္ အမွတ္ ၄၆၃/ဝ-၉ တြင္ရွိေသာ ေက်ာက္ဂူႀကီး အေပၚသို႔ျဖတ္၍ ေတာင္ထိပ္ ၂ ခုကို ဆက္သြယ္ထားသည္။

အဆိုပါ တံတားႀကီးကို လန္ဒန္ၿမိဳ႕ရွိ Sir A.M.R Rendel & Co., ကုမၸဏီက ပုံစံေရးဆြဲခဲ့ၿပီး အေမရိကန္ ျပည္ေထာင္စုမွ Pennsylvania & Maryland Bridge and Construction Co., မွ တာဝန္ယူတည္ေဆာက္ခဲ့သည္။

တည္ေဆာက္မႈမ်ားကို ၁၈၉၉ ခုႏွစ္ အတြင္း စတင္ခဲ့ၿပီး ၁၉၀၀ ျပည့္တြင္ ၿပီးစီးခဲ့သည္။ သို႔ေသာ္လည္း ၁၉၀၃ ခုႏွစ္ ေရာက္မွသာ စတင္အသုံးျပဳခဲ့သည္။

အဆိုပါ တံတားႀကီးတြင္ ေပ ၁၂၀ ရွည္ေသာ သံေပါင္ ၁၀ ခု၊ ေပ ၆၀ ရွည္ေသာ သံေပါင္ ၇ ခု၊ ေပ ၄၀ ရွည္ေသာ အလ်ားကူးသံေပါင္ ၁၆ ခုႏွင့္ သံမဏိတိုင္ ၁၆ တိုင္တို႔ျဖင့္ တည္ေဆာက္ထားသည္။ အျမင့္ဆုံးသံတိုင္မွာ ၃၂၀ ေပရွိၿပီး အနိမ့္ဆုံးတိုင္မွာ ၄၅ ေပျမင့္သည္။

တံတားအရွည္ ေပ ၂၂၆၀ ေပ ရွည္ၿပီး တံတားေအာက္ေျခမွ တိုင္းတာလွ်င္ ေရမ်က္ႏွာျပင္အထက္ ေပ ၁၁၀၀ တြင္ တည္ရွိသည္။ အဆိုပါတံတားကို တည္ေဆာက္ရန္ သံႏွင့္ သံမဏိတန္ခ်ိန္ ၄၃၁၁ တန္ ႏွင့္ သံမႈိ ၁ သန္း သုံးစြဲထားသည္။

မတ္ေစာက္ေသာ ေတာင္ေစာင္းႀကီးမ်ားႏွင့္ ထူထပ္ေသာေတာႀကီးမ်ားကို ရွင္းလင္း၍ အံ့ဘနန္းတည္ေဆာက္ထားေသာ အဆိုပါ တံတားႀကီးကို ထိုေခတ္က စတာလင္ေပါင္ ၁၁၃၂၀၀ ခန႔္ အကုန္အက်ခံ တည္ေဆာက္ခဲ့ရသည္။

ခက္ခဲစြာ တည္ေဆာက္ခဲ့ရ ေသ္ာလည္း အဆိုပါတံတား၏ တည္ေဆာက္ကာလမွာ ၉ လသာ ၾကာျမင့္ၿပီး လက္ရွိအခ်ိန္အထိ အကာင္း အတိုင္း ပကတိ တည္ရွိေနေသးသည္။

ထိုတံတားသည္ နမၼတူ သတၱဳတြင္း တူးေဖာ္ေရးလုပ္ငန္း၏ သယ္ယူပို႔ေဆာင္ေရးတြင္ အေရးပါေလသည္။ ျမန္မာႏိုင္ငံ စီးပြားေရးကို လည္းမ်ားစြာ အေထာက္အပံ့ျပဳသည္။ ထိုအေၾကာင္းတို႔ေၾကာင့္ ဒုတိယကမာၻစစ္ႀကီးတြင္ မဟာမိတ္တို႔၏ ေျမလွန္စနစ္အရ ဂုတ္ထိပ္ တံတားသည္ ဖ်က္ဆီးျခင္းခံရသည္။

သို႔ေသာ္ သံတိုင္အမွတ္ ၂ ႏွင့္ ၅ သာ ပ်က္စီးခဲ့သည္။ ထို႔ေနာက္တစ္ဖန္ ျမန္မာႏိုင္ငံမွ ဆုတ္ခြာေပးရေသာ ဂ်ပန္တို႔သည္ တံတား၏ အျမင့္ဆုံးတိုင္မ်ား သံတိုင္အမွတ္ ၉၊ ၁ဝ၊ ၁၁ ႏွင့္ ၁၂ တို႔ကို ေအာက္ေျခမွစ၍ ဗုံးေဖာက္ခြဲကာ ဖ်က္ဆီးခဲ့ျပန္သည္။

လြတ္လပ္ေရးရၿပီးေနာက္ ထိုတံတားကို ႏိုင္ငံျခားကုမၸဏီမ်ား ငွားရမ္း၍ ျပင္ရန္ စီစဥ္ခဲ့ေသာ္လည္း တင္ဒါတင္သြင္းေသာ အဖိုးႏႈန္းမွာ ႀကီးျမင့္လွသျဖင့္ ျမန္မာႏိုင္ငံ မီးရထားဌာနကပင္ ျပင္ဆင္ခဲ့သည္။

ျပင္ဆင္ေရးလုပ္ငန္းမ်ားကို ၁၉၄၈ ခု၊ ေမလက စတင္ခဲ့ေသာ္လည္း နည္းပညာ၊ လမ္းပန္းဆက္သြယ္ေရးႏွင့္ ပစၥည္းရွားပါး၍ လမ္းပန္းဆက္သြယ္ေရး ခက္ခဲေသာေၾကာင့္ ၁၉၅၁ ခု၊ ဩဂုတ္လ အတြင္း၌သာ ၿပီးစီးခဲ့ေလသည္။ထိုအခ်ိန္က ဂုတ္ထိပ္တံတားႀကီး ျပင္ဆင္မႈ ကုန္က်စရိတ္ေငြမွာ ေငြက်ပ္ ၃၂ သိန္း ျဖစ္သည္။

မီးရထားေပၚမွျမင္ရသည့္ ဂုတ္ထိပ္တံတားႀကီး၏ အနီးကပ္ျမင္ကြင္းကို တံတားႀကီးေပၚမွ ျဖတ္သန္းသြားဖူး ၾကသူတိုင္း မေမ့ႏိုင္ေအာင္ အမွတ္တရ ျဖစ္ၾကရေပသည္။

ဂုတ္ထိပ္တံတားအဆင္းရွိ ေမာ္ေတာ္ကားလမ္းသည္ ဂုတ္ထိပ္တံတား၏ အေနာက္ဘက္တြင္ရွိသျဖင့္ ကားလမ္း မွ ဂုတ္ထိပ္တံတားကို မျမင္ႏိုင္ၾကဘဲ မီးရထားစီးမွသာ ဂုတ္ထိပ္တံတားႀကီးကို ျမင္ႏိုင္သည္။

ဂုတ္ထိပ္ တံတားကို အနီးကပ္ျမင္ေတြ႕ႏိုင္ရန္ ဂုတ္ထိပ္ၾကည့္ ခရီးသည္မ်ား သည္ မီးရထားျဖင့္သာ ဂုတ္ထိပ္တံတားရွိရာသို႔ သြားၾကရေပသည္။ေန႔စဥ္ႏိုင္ငံျခားသားခရီးသည္ ၂ဝ မွ ၃ဝ ေက်ာ္အထိ မီးရထားျဖင့္ လာၾကေၾကာင္း သိရွိရေပသည္။

ယင္းတံတားကို တည္ေဆာက္သည့္ နည္းပညာ အဆင့္ျမင့္မားမႈႏွင့္ သဘာဝပတ္ဝန္းက်င္ လွပမႈတို႔ေၾကာင့္ ေခတ္အဆက္ဆက္ ထင္ရွား ေက်ာ္ၾကားလာေသာ တံတားျဖစ္ၿပီး ကမာၻ႔အံ့ဖြယ္ စာရင္းမ်ားတြင္ ပါဝင္ခဲ့သည္။

ျမန္မာျပည္၏ အျမင့္ဆုံးႏွင့္ ကမာၻေပၚတြင္ ဒုတိယ အျမင့္ဆုံး တံတား၊ ကမာၻ႔အႀကီးဆုံး မီးရထားသံလမ္း တံတားဟု မွတ္ေက်ာက္တင္ ဆဲ ျဖစ္သည္။

Credit – Photo Uploader

Credit – မူရင္းေရးသားသူ

Leave a Comment