ဝါတွင်းကာလအိမ်မပြောင်းရ၊အိမ်မရွေ့ရ၊အိမ်မဆောက်ရ၊အိမ်ထောင်မပြုရဆိုတာမှန်ကန်ပါသလား
ဝါတွင်းကာလအိမ်မပြောင်းရ၊အိမ်မရွေ့ရ၊အိမ်မဆောက်ရ၊အိမ်ထောင်မပြုရဆိုတာမှန်ကန်ပါသလား
ဝါတွင်းကာလအိမ်မပြောင်းရ၊အိမ်မရွေ့ရ၊အိမ်မဆောက်ရ၊အိမ်ထောင်မပြုရဆိုတာမှန်ကန်ပါသလားဒကာတစ်ယောက်ကအရှင်ဘုရားဝါဆိုချိန်နီးလာပြီဆိုတော့ မြန်မာလူမျိုးများရဲ့ဝါတွင်းကာလမှအိမ်မပြောင်းရအိမ်မရွေ့ရစတဲ့အယူအဆတွေကြောင့်ဝါမဆိုခင်ကတည်းဒီကိစ္စအတွက်အပြီးလုပ်နေကြတာကိုတွေ့ရပါတယ်
ဒီကိစ္စတွေနဲ့ပတ်သက်ပြီးဘုရားဟောထားတာရှိသလားဒီအယူအဆတွေကိုလိုက်ပြီးလုပ်သင့်သလားမလုပ်သင့်ဘူးလားစသဖြင့် ဆောင်ရန်ရှောင်ရန်တွေကိုသိလိုပါတယ်ဘုရားစသဖြင့် မေးလျှောက်ဖူးလို့ ပြန်ပြီးဖြေပေးဖူးပါတယ်။ဟုတ်ပါတယ်အဲဒီဒကာမေးလျှောက်သလိုပဲ
မြန်မာနိုင်ငံမှာဝါတွင်းကာလနဲ့ပတ်သက်တဲ့အရိုးစွဲနေတဲ့အမှားတွေအများကြီး ရှိပါတယ်ဘာသာရေး နဲ့မသက်ဆိုင်တဲ့အယူအဆအမှားတွေဟာကြာတော့ဘုရားပဲဟောသလိုလိုကျမ်းဂန်တွေမှာပဲပါသလိုလိုဖြစ်ကုန်တာတွေအများကြီးပါပဲဒီအများကြီးတွေထဲကမေးခွန်း
ရှင်မေးထားသလို၊ဝါတွင်းကာလအိမ်မပြောင်းရ၊အိမ်မရွေ့ရ၊အိမ်မဆောက်ရစတာတွေလည်းရှိသလိုဝါတွင်းကာလအိမ်ထောင်မပြုရဆိုတာတွေတောင်ပါနေပါသေးတယ်ဒီအယူအဆတွေဟာဘုရားဟောထဲမှာမပါတဲ့ဘုရားဟောနဲ့မသက်ဆိုင်တဲ့ လောကီအယူအဆတွေပဲ ဖြစ်ပါတယ်
ဝါတွင်းကာလမှာအိမ်ပြောင်းရင်အိမ်ရွှေ့ရင်ဘာဖြစ်မယ်ညာဖြစ်မယ်ဆိုတဲ့ ရှေးရိုးစွဲအယူအဆတွေ လောကဓာတ်ဆရာတွေရဲ့ ဟောပြောမှုတွေကြောင့်အခုနောက်ပိုင်းမှာလူအတော်များများကရက်ကောင်းရက်မြတ်ရွေးတာတို့ဝါမဆိုခင်ဒါမှမဟုတ်ဝါကျွတ်ပြီးမှလုပ်တာတို့
စတာတွေ ဖြစ်လာကြတာ ဖြစ်ပါတယ်ဝါတွင်းကာလမှာအိမ်အပြောင်းအရွှေ့မလုပ်ကောင်းဘူးလို့ မြတ်စွာဘုရား ဟောခဲ့လား?ရှေးတုန်းကတော့ရာသီဥတုအနေအထားအရဝါတွင်းဆိုတာမိုးတွင်းကာလ ဖြစ်တဲ့အတွက်မိုးရွာနေတဲ့အချိန်မှာအပြောင်းအရွှေ့လုပ်ရင်ပိုပြီး
ဒုက္ခများနိုင်တဲ့အတွက် ချောက်ချောက်သွေ့သွေ့ဖြစ်တဲ့မိုးမကျခင်ကာလဒါမှမဟုတ်မိုးရာသီပြီးမှလုပ်ကြတဲ့အစဉ်အလာတွေရှိကြပါတယ်ဒါကရာသီဥတုအခြေအနေကြောင့် ဖြစ်ပါတယ်။ခုနောက်ပိုင်းတော့ ဗေဒင်ဆရာ၊ယတြာဆရာနက္ခတ္တဆရာစတဲ့လောကဓာတ်ဆရာတွေရဲ့
အာဘော်တွေ၊ဒီလောကဓာတ်ဆရာတွေရဲ့အယူအဆကိုယုံကြည်သူတွေကြောင့်ဝါတွင်းကာလအိမ်မပြောင်းကောင်းတာတို့၊အိမ်မရွှေ့ကောင်းတာတို့၊အိမ်မဆောက်ကောင်းတာတို့၊အိမ်ထောင် မပြုကောင်းတာတို့စတာတွေ ဖြစ်လာတာ ဖြစ်ပါတယ်။ဒီလိုခေတ်စားလာတာတွေဟာ
ဘုရားဟောမှာပါလို့လုပ်ကြတာတော့မဟုတ်ကြပါဘူး။ဗုဒ္ဓစာပေတွေမှာတော့ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီးဘယ်အချိန်မှာမလုပ်ကောင်းဘူးဘယ်အချိန်မှာလုပ်ရမယ်စသဖြင့် ဟောထားတာမရှိပါဘူးဘယ်လိုမင်္ဂလာ၊ဘယ်လိုနက္ခတ်တွေနဲ့အညီမှလုပ်ရမယ်ဆိုတာမရှိပါဘူးဒီလိုနည်း
တွေကိုလည်းဘုရားမြတ်စွာကအားမပေးပါဘူး။အဲနက္ခတ်၊မင်္ဂလာစတဲ့အယူအဆတွေသိပ်ပြင်းပြနေတယ်ဆိုရင်တော့ ကောင်းတဲ့အကျင့်ကိုများများကျင့်ကြဖို့ပဲမိန့်တော်မူပါတယ်ဒီစကားတော်ကိုပရိတ်ကြီး၊ပုဗ္ဗဏှသုတ်မှာလာတဲ့
စကားတော်ကအထင်းအရှားဖွဈေ စပါတယ်အဲဒီသုတ်တော်မှာဘုရားရှင်က ကောင်းမြတ်သောအကျင့်ကိုကျင့်နေသူများအဖို့အမြဲတမ်းနက္ခတ်ကောင်း ပါတယ်အမြဲတမ်းကျက်သရေမင်္ဂလာရှိပါတယ်၊အမြဲတမ်း ကောင်းသော
မိုးလင်းခြင်း ဖြစ်ပါတယ်၊အမြဲတမ်း ကောင်းသောအိပ်ရာထခြင်း ဖြစ်ပါတယ်၊အမြဲတမ်း ကောင်းသောအချိန်အခါ ဖြစ်ပါတယ်အမြဲတမ်း ကောင်းသောပူဇော်ခြင်း ဖြစ်ပါတယ်လို့ ဟောကြားတော်မူထားတာကို တွေ့ရမှာဖြစ်ပါတယ်။နောက်အိမ်အပြောင်းအရွှေ့ ပြုလုပ်ကြတာနဲ့
ပတ်သက်ပြီးဗုဒ္ဓစာပေတွေမှာအထူးမိန့်တော်မူထားတာမရှိပေမယ့်အိမ်သစ်တက်တဲ့ အခါ၊မြို့ရွာအသစ်တည်တဲ့အခါတွေနဲ့ပတ်သက်ပြီးတော့မဟာပရိနိဗ္ဗာနသုတ်မှာမိန့်တော်မူထားတဲ့ဘုရားစကားတော်ရှိပါတယ်ဒီသုတ်တော်မှာဘုရားရှင်ကပညာရှိသည်အကြင်အရပ်၌အိမ်ရာ
ဆောက်လုပ်နေထိုင်၏ဤအရပ်၌သီလရှိသော၊ကိုယ်နှုတ်နှလုံး စောင့်သုံးသော၊ မြတ်သောအကျင့်ကိုကျင့်သောပုဂ္ဂိုလ်တို့ကိုဆွမ်းကျွေးပြီးလျှင်ထိုအရပ်၌ရှိသောနတ်တို့အားအလှူ၏အဖို့ကိုအမျှဝေရာ၏၊ဤသို့အမျှပေးဝေလတ်သော်နတ်တို့သည်ပူဇော်ခံရသဖြင့်
ထိုအမျှပေးဝေသူကိုအတုန့်ပြန် ၍ပူဇော်ကုန်၏၊ မြတ်နိုးခံရသဖြင့်လည်း အတုန့်ပြန်၍ မြတ်နိုးကုန်၏၊ထို့ကြောင့်မိခင်သည်ရယ်ဝယ်သားကို စောင့်ရှောက်သကဲ့သို့ထိုအမျှဝေသူကို စောင့်ရှောက်၏၊နတ်တို့စောင့်ရှောက်ခံရသောသူသည်အခါခပ်သိမ်း ကောင်းခြင်းမင်္ဂလာတို့ကိုသာ
တွေ့မြင်ရလေ၏လို့ဟောကြားတော်မူထားတာကို တွေ့ရပါတယ်ဒီစကားတော်အရအိမ်အသစ်တက်တဲ့အခါ၊ နေရာအသစ် ပြောင်းတဲ့အခါမှာအိမ်တက်အလှူစတာတွေလုပ်ကြခြင်း ဖြစ်ပါတယ်ဒီလိုအလုပ်မျိုးကတော့ဘုရားရှင်ရဲ့တရားတော်နဲ့လည်းညီညွတ်လှတဲ့အတွက် ကောင်းတဲ့
ရွေးစရာမလိုပါဘူး။မကောင်းတာလုပ်တဲ့သူတွေအတွက်အချိန်တိုင်းဟာမကောင်းတာတွေ ဖြစ်နေမှာဖြစ်ပြီး ကောင်းတာလုပ်တဲ့သူတွေအတွက်အချိန်တိုင်းဟာအကောင်းတွေပဲ ဖြစ်နေကြမှာ ဖြစ်ပါတယ်ဘယ်အချိန်အိမ်ပြောင်းပြောင်းကိုယ်ကမကောင်းဘူးဆိုရင်မကောင်းတာတွေကို
တွေ့ကြုံလာရမှာ ဖြစ်ပြီးကိုယ်ကကောင်းနေမယ်ဆိုရင်ဝါတွင်းမှမဟုတ်ပါဘူးဘယ်အချိန်ပဲ ဖြစ်ဖြစ် ကောင်းနေကြမှာ ဖြစ်ပါတယ်။ဆိုလိုတာကဝါတွင်းကာလအိမ်မပြောင်းရ၊အိမ်ထောင်မပြုရစတဲ့အယူအဆတွေဟာဘုရားဟောအရလုပ်ကြတာမဟုတ်ဘဲ၊ ရှေးရိုးစွဲအယူအဆတွေကြောင့်နဲ့
ခေတ်စားလာတဲ့ လောကဓာတ်ဆရာတွေရဲ့အယူအဆတွေကြောင့်မလိုအပ်ဘဲ အယူသည်းလာကြတာ ဖြစ်ကြောင်း၊ဘုရားဟောအနေနဲ့ကတော့တကယ်လို့နက္ခတ်၊မင်္ဂလာတွေ ရွေးကြကြေးဆိုရင် ကောင်းတဲ့အကျင့်တွေလုပ်နေခြင်းဟာ ကောင်းတဲ့နက္ခတ်၊ ကောင်းတဲ့မင်္ဂလာစတာတွေ
ဖြစ်နေကြမှာ ဖြစ်ပြီးမကောင်းတဲ့အလုပ်တွေလုပ်နေတဲ့အချိန်ဟာမကောင်းတဲ့အတိတ်နိမိတ်တွေ ဖြစ်နေကြမှာ ဖြစ်ကြောင်းမှတ်သားကြရမှာ ဖြစ်ပြီးဒီလိုဘယ်အချိန်၊ဘယ်ကာလစတာတွေ ရွေးကြဖို့ိထက်ဘယ်လိုမကောင်းမှုကိုဘယ်လိုရှောင်ကြဉ်ကြည့်ကြမယ်ဘယ်လိုကောင်းမှုမျိုးကို
ဘယ်လိုရှာပြီးလုပ်ကြမယ်စသဖြင့် ရွေးချယ်ခြင်းကသာဗုဒ္ဓအလိုတော်ကျ ဖြစ်ကြောင်းဆိုလိုချင်တာ ဖြစ်ပါတယ်။ဒါကြောင့်ဝါတွင်းကာလဘာမလုပ်ရညာမလုပ်ရစတဲ့အယူအဆ တွေဟာအရိုးစွဲနေတဲ့ ရှေးအယူအဆများနဲ့ ဗေဒင်နက္ခတ်စတဲ့ လောကဓာတ်ဆရာတွေရဲ့
ကောင်းတဲ့အကျင့်များလုပ်နေကြတဲ့အချိန်တိုင်းဟာ ကောင်းတဲ့ရက်ကောင်းရက်မြတ်အချိန်ကောင်းများပဲ ဖြစ်ပြီးမကောင်းတဲ့အလုပ်များကိုလုပ်နေ တဲ့အချိန်တွေဟာမကောင်းတဲ့နက္ခတ်၊အမင်္ဂလာအချိန်တွေသာ ဖြစ်တဲ့အတွက်ဝါတွင်းကာလဘာမလုပ်ရ၊ညာမလုပ်ရ
စတဲ့အခြေအမြစ်မရှိတဲ့အယူအဆတွေလိုက်နေကြမယ့်အစားကိုယ့်ကိုယ်ကိုသာအကောင်းဆုံး ဖြစ်အောင် နေကြည့်ကြဖို့ပဲ ဖြစ်ပါကြောင်းအမေးကြည့်၍အဖြေညှိပေးရင်းလွဲနေတတ်တဲ့အလွဲတစ်ခုအဖြစ်အလွဲပြ၍အမှန်မျှဝေလိုက်ရပါတယ်(မနာပဒါယီအရှင်ဝိစိတ်)
Credit
Zawgyi
အစဉျအလာလို့ ပွောရမှာ ဖှဈပါတယဒြါပမယေ့ဘြယအြခွိနဘြယကွာလမှာဘာမလုပကြောငြးဘူးဆိုတာတှကတေော့ဘုရားဟောနဲ့မညီသလိုကိုယ့ရြဲ့ကံတရားတှကေိုမယုံကှညကြှလို့ပဲလို့ ပွောရမှာ ဖွဈပါတယျတကယျလို့သာအခါကာလတှေ ပွောကွကွေးဆိုရငျဝါးတှငျးဝါပတှေ
ဖြစ်နေကြမှာ ဖြစ်ပြီးမကောင်းတဲ့အလုပ်တွေလုပ်နေတဲ့အချိန်ဟာမကောင်းတဲ့အတိတ်နိမိတ်တွေ ဖြစ်နေကြမှာ ဖြစ်ကြောင်းမှတ်သားကြရမှာ ဖြစ်ပြီးဒီလိုဘယ်အချိန်၊ဘယ်ကာလစတာတွေ ရွေးကြဖို့ထက်ဘယ်လိုမကောင်းမှုကိုဘယ်လိုရှောင်ကြဉ်ကြည့်ကြမယ်ဘယ်လိုကောင်းမှုမျိုးကို
အယူအဆများသာ ဖွဈပွီးဘုရားဟောအယူအဆမဟုတျတဲ့အပွငျဘုရားဟောနဲ့လညျးမညီတဲ့အလုပျမြား ဖွဈတဲ့အတှကျဒီလိုအယူအဆတှမှောအာရုံမထားကွဘဲတကယျအလေးထားရမှာကမိမိတို့ရဲ့လုပျရပျမြားကိုသာအလေးထားရမှာ ဖွဈကာ ကောငျးတဲ့အလုပျ၊
Credit
Leave a Comment