လူငယ်များအတွက် ဦးသန့်၏တန်ဖိုးမဖြတ်နိုင်တဲ့စကား(၅)ခွန်း

(၁)ရည်ရွယ်ချက်ရှိပါ။ လောက၌ရည်ရွယ်ချက် မရှိသောသူသည် မည်သည့်အရေးသို့သွားရန် မသိသေးသော ခရီးသည်နှင့်တူ၏။ ကြီးပွားလိုသောလူတိုင်း၌ ရည်ရွယ်ချက်ရှိရပါမည်။ သုံးလူ့ထွတ်ထား သဗ္ဗညုဘုရားပင်လျှင် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ကြိုးစားအားထုတ်တော်မူခဲ့ပေသည်။

မည်သူမဆို ငယ်စဉ်ကပင် မှန်းခြေတစ်ခုရှိရမည်။မှန်းခြေရှိသောလူတို့သည် မိမိတို့လုပ်ငန်း၌ လွယ်ကူသည်သာမက မှန်းခြေမရှိသောသူထက် မနှိုင်းယှဉ်သာအောင် ကြီးပွားကြလေသည်။

(၂)သူများနှင့် မတူအောင်လုပ်ပါ။ ထိုအချက်သည် ဆန်းဆန်းဖြစ်သည်။ သို့ရာတွင် စေ့စေ့တွေးသော် ကြီးပွားသောသူတို့၏ လက်သုံးအချက်ကြီးဖြစ်သည်။ သူများကဲ့သို့လုပ်လျှင် သူများကဲ့သိုပင်ဖြစ်မည်။

သူများနှင့်မတူအောင်လုပ်လျှင် သူများနှင့်တူမည် မဟုတ်ပေ။ မြတ်စွာဘုရားသည် ခပ်သိမ်းသောသူတို့နှင့် မတူအောင်အားထုတ်တော်မူခဲ့၍ သူများနှင့်မတူသော သဗ္ဗညုအဖြစ်သို့ ရောက်ရှိခဲ့ပေသည်။

(၃)အများသဘောကိုမလိုက်နှင့်။ အများသဘောသည် အမှားပေါ၏။ လောက၌ပညာရှိသောသူနှင့် မရှိသောသူအရေအတွက်ကို နှိုင်းယှဉ်ကြည့်လျှင်ပညာရှိသူက မနှိုင်းယှဉ်လောက်အောင်နည်းလှ၏။

အများသဘောကို မလိုက်နှင့်ဟုဆိုရာ၌ မည်သည့်အခါမဆို အများသဘောနှင့် ဆန့်ကျင်ရမည်ဟု မဆိုလိုပေ။ မည်သည့်ကိစ္စ၌မဆို “ဟာ…အများသဘောပါ” ဟုပြောလေ့ရှိသောသူကို အသုံးမကျသူ ဟူ၍မှတ်အပ်၏။

အများသဘောသည် မှားလျှင်လည်းမှားကြောင်း ညွှန်ပြနိုင်ရမည်။ ဆန့်ကျင်ရဲရမည်။ ရေလိုက်ငါးလိုက် နေသောသူတို့သည် မကြီးပွားနိုင်ကုန်။

(၄)ပြုပြင်ရန်မကြောက်နှင့်။ လောက၌ဘာသာရေးမှလွဲလျှင် အားလုံးသောကိစ္စဟူသမျှသည် အမြဲပြုပြင်ပြောင်းလဲလျက်ရှိ၏။ အဝတ်အစား၊ အနေအထိုင်၊ အပြောအဆို၊ အယူအဆ စသည်တို့မှာ အမြဲပြောင်းလဲလျက်ရှိ၏။

ယခုခေတ်သည် အလွန်မြန်နိုင်မှ တော်ရုံရှိ၏။ အပြေးသွားအပြေးလာ အပြေးလုပ်ရသော ခေတ်ကြီးဖြစ်၏။ ဘဝသံသရာ ကြီးပွားရေးအတွက် ပြုပြင်ရေးသည်လည်း အထူးအရေးကြီးလှပေသည်။

(၅)မယုံလွယ်နှင့်။ မစဉ်းစားပဲယုံလွယ်သူ ပေါများသောတိုင်းပြည်သည် အောက်တန်းကျသော တိုင်းပြည်ဖြစ်၏။ အသိဉာဏ်ကို ချင့်ချိန်နိုင်ရန် ၎င်းတိုင်းပြည်၏ သတင်းစာကိုကြည့်၍ အကဲခတ်နိုင်၏။

သတင်းစာများတွင် မြတ်စွာဘုရား ဆင်းတုတော်မှ မျက်ရည်ကျခြင်း၊ ကိုယ်ဝန်ရှိသောဥစ္စာစောင့်မ၊ နတ်ပေးသောကလေး စသည်ဖြင့်ခေါင်းစဉ်တပ်ထားသော ဆောင်းပါးများကို အလုအယက်ဖတ်သမျှ ကာလပတ်လုံး မြန်မာလူမျိုးတို့၏ အဆင့်အတန်းသည် ခေတ်မီရန်များစွာလိုသေးသည်ဟု ဆိုရမည်ဖြစ်သည်။

ပြောတိုင်းမယုံနှင့်၊ ယုံတိုင်းလည်းမပြာနှင့်၊ ချင့်ချိန်မှန်းဆ၍ ပြုလုပ်ပြောဆိုရာ၏။ ဤသည်လည်းကြီးပွားရေး လှေကားတစ်ထစ်ပေတည်း။ (Credit)

Zawgyi

(၁)ရည္႐ြယ္ခ်က္ရွိပါ။ ေလာက၌ရည္႐ြယ္ခ်က္ မရွိေသာသူသည္ မည္သည့္အေရးသို႔သြားရန္ မသိေသးေသာ ခရီးသည္ႏွင့္တူ၏။ ႀကီးပြားလိုေသာလူတိုင္း၌ ရည္႐ြယ္ခ်က္ရွိရပါမည္။ သုံးလူ႔ထြတ္ထား သဗၺညဳဘုရားပင္လွ်င္ တစ္ခုတည္းေသာ ရည္႐ြယ္ခ်က္ျဖင့္ ႀကိဳးစားအားထုတ္ေတာ္မူခဲ့ေပသည္။

မည္သူမဆို ငယ္စဥ္ကပင္ မွန္းေျခတစ္ခုရွိရမည္။မွန္းေျခရွိေသာလူတို႔သည္ မိမိတို႔လုပ္ငန္း၌ လြယ္ကူသည္သာမက မွန္းေျခမရွိေသာသူထက္ မႏႈိင္းယွဥ္သာေအာင္ ႀကီးပြားၾကေလသည္။

(၂)သူမ်ားႏွင့္ မတူေအာင္လုပ္ပါ။ ထိုအခ်က္သည္ ဆန္းဆန္းျဖစ္သည္။ သို႔ရာတြင္ ေစ့ေစ့ေတြးေသာ္ ႀကီးပြားေသာသူတို႔၏ လက္သုံးအခ်က္ႀကီးျဖစ္သည္။ သူမ်ားကဲ့သို႔လုပ္လွ်င္ သူမ်ားကဲ့သိုပင္ျဖစ္မည္။

သူမ်ားႏွင့္မတူေအာင္လုပ္လွ်င္ သူမ်ားႏွင့္တူမည္ မဟုတ္ေပ။ ျမတ္စြာဘုရားသည္ ခပ္သိမ္းေသာသူတို႔ႏွင့္ မတူေအာင္အားထုတ္ေတာ္မူခဲ့၍ သူမ်ားႏွင့္မတူေသာ သဗၺညဳအျဖစ္သို႔ ေရာက္ရွိခဲ့ေပသည္။

(၃)အမ်ားသေဘာကိုမလိုက္ႏွင့္။ အမ်ားသေဘာသည္ အမွားေပါ၏။ ေလာက၌ပညာရွိေသာသူႏွင့္ မရွိေသာသူအေရအတြက္ကို ႏႈိင္းယွဥ္ၾကည့္လွ်င္ပညာရွိသူက မႏႈိင္းယွဥ္ေလာက္ေအာင္နည္းလွ၏။

အမ်ားသေဘာကို မလိုက္ႏွင့္ဟုဆိုရာ၌ မည္သည့္အခါမဆို အမ်ားသေဘာႏွင့္ ဆန႔္က်င္ရမည္ဟု မဆိုလိုေပ။ မည္သည့္ကိစၥ၌မဆို “ဟာ…အမ်ားသေဘာပါ” ဟုေျပာေလ့ရွိေသာသူကို အသုံးမက်သူ ဟူ၍မွတ္အပ္၏။

အမ်ားသေဘာသည္ မွားလွ်င္လည္းမွားေၾကာင္း ၫႊန္ျပႏိုင္ရမည္။ ဆန႔္က်င္ရဲရမည္။ ေရလိုက္ငါးလိုက္ ေနေသာသူတို႔သည္ မႀကီးပြားႏိုင္ကုန္။

 

(၄)ျပဳျပင္ရန္မေၾကာက္ႏွင့္။ ေလာက၌ဘာသာေရးမွလြဲလွ်င္ အားလုံးေသာကိစၥဟူသမွ်သည္ အၿမဲျပဳျပင္ေျပာင္းလဲလ်က္ရွိ၏။ အဝတ္အစား၊ အေနအထိုင္၊ အေျပာအဆို၊ အယူအဆ စသည္တို႔မွာ အၿမဲေျပာင္းလဲလ်က္ရွိ၏။

ယခုေခတ္သည္ အလြန္ျမန္ႏိုင္မွ ေတာ္႐ုံရွိ၏။ အေျပးသြားအေျပးလာ အေျပးလုပ္ရေသာ ေခတ္ႀကီးျဖစ္၏။ ဘဝသံသရာ ႀကီးပြားေရးအတြက္ ျပဳျပင္ေရးသည္လည္း အထူးအေရးႀကီးလွေပသည္။

(၅)မယုံလြယ္ႏွင့္။ မစဥ္းစားပဲယုံလြယ္သူ ေပါမ်ားေသာတိုင္းျပည္သည္ ေအာက္တန္းက်ေသာ တိုင္းျပည္ျဖစ္၏။ အသိဉာဏ္ကို ခ်င့္ခ်ိန္ႏိုင္ရန္ ၎တိုင္းျပည္၏ သတင္းစာကိုၾကည့္၍ အကဲခတ္ႏိုင္၏။

သတင္းစာမ်ားတြင္ ျမတ္စြာဘုရား ဆင္းတုေတာ္မွ မ်က္ရည္က်ျခင္း၊ ကိုယ္ဝန္ရွိေသာဥစၥာေစာင့္မ၊ နတ္ေပးေသာကေလး စသည္ျဖင့္ေခါင္းစဥ္တပ္ထားေသာ ေဆာင္းပါးမ်ားကို အလုအယက္ဖတ္သမွ် ကာလပတ္လုံး ျမန္မာလူမ်ိဳးတို႔၏ အဆင့္အတန္းသည္ ေခတ္မီရန္မ်ားစြာလိုေသးသည္ဟု ဆိုရမည္ျဖစ္သည္။

ေျပာတိုင္းမယုံႏွင့္၊ ယုံတိုင္းလည္းမျပာႏွင့္၊ ခ်င့္ခ်ိန္မွန္းဆ၍ ျပဳလုပ္ေျပာဆိုရာ၏။ ဤသည္လည္းႀကီးပြားေရး ေလွကားတစ္ထစ္ေပတည္း။ (Credit)

Leave a Comment