မလေးရှားကို အလည်အပတ် ဗီဇာနဲ့လာပြီး အလုပ်မရှာပါနဲ့လို့ ပြောတာ ဒါတွေကြောင့်ပါ

မလေးရှားကို အလည်အပတ် ဗီဇာနဲ့လာပြီး အလုပ်မရှာပါနဲ့လို့ ပြောတာ ဒါတွေကြောင့်ပါ

မလေးရှားကို အလည်အပတ် ဗီဇာနဲ့လာပြီး အလုပ်မရှာပါနဲ့လို့ ခနခန စာတွေ ရေးတင်အသိပေးနေတဲ့ကြားက ရောက်လာတဲ့သူတွေထဲက ဒုက္ခရောက်နေသူတွေ အကြောင်းလေးပါ..

အလည်နဲ့လာမယ်ဆို လာဖူးသားလူဟောင်းတွေအတွက် ကိုယ်ကျွမ်းကျင်ပြီးသား နယ်မြေဆို သိပ်ပြဿနာမရှိဘူး.. စကားလည်းတတ် သွားတတ် လာတတ်ဆိုရင် အလုပ်ရှာရတာ အခက်အခဲတော့သိပ်မရှိပါဘူး..


ခုမှ မလေးမြေကို စနင်းမယ်ဆိုရင် ယောကျာ်းလေးအတွက်ကလည်း ပြဿနာ သိပ်မရှိသေးဘူး.. ဒေါင်ကျကျ ပြားကျကျ ရတဲ့အလုပ်ကိုရှာလုပ်.. အဆင်ပြေတဲ့နေရာမှာနေ.. တစ်ခါမှလည်းမရောက်ဖူး ၊မသွားဖူး မလာဖူးတဲ့ မိန်းကလေးတွေအတွက်ကတော့ အရဲမစွန့်ကြပါနဲ့.. မစွန့်စားကြပါနဲ့လို့ ထပ်မံပြီး မေတ္တာရပ်ခံပါရစေဗျာ..

လူခံရှိတယ် ပါမစ်ကပ်ပေးမယ့်သူဌေးရှိတယ် စိတ်ချရတယ် သူငယ်ချင်းရှိတယ် အလုပ်ရှာပေးမယ် အေးဆေးဆိုပြီး အားကိုးတကြီးနဲ့ ရောက်လာပြီးမှ မျက်နှာလွှဲခဲပစ် လုပ်တတ်တဲ့သူတွေကြောင့် ကျွန်တော့ဆီ အကူအညီလာတောင်းကြတာ မိန်းကလေးတွေပါ ၂ ဖွဲ့ရှိနေပြီ..

လုံခြုံမှုကမရှိ တာဝန်ယူမှု၊တာဝန်ခံမှုမရှိတဲ့သူတွေ ကိုယ့်လူမျိုးအချင်းချင်း မကူညီတဲ့အပြင် ခေါင်းပုံဖြတ်အမြတ်ထုတ်နေကြတဲ့ လူတွေကြောင့် ကိုယ့်မြန်မာလူမျိုးတွေ ဒုက္ခတွေရောက်နေရပါတယ်..

ကျွန်တော်လည်းတက်နိုင်သလောက်တော့ ကူနေပါတယ်၊ အဆင်ပြေလုံခြုံစိတ်ချရမယ့် အလုပ်လေးတွေတော့ချိတ်ပေးနေပါတယ်.. အစ်ကိုနဲ့တွေ့ရတာ အရမ်းကံကောင်းတာပဲတဲ့.. အစ်ကိုတဲ့ Service ကြေးဘယ်လောက်ပေးရမလည်းတဲ့..

အော် အော် ညီမတို့ရယ် အစ်ကိုက ပွဲစားရုပ်ပေါက်နေလို့လားဆိုတော့ တစ်ပြားမှ ပေးစရာမလိုဘူးလို့.. ညီမတို့အဆင်ပြေရင် ပြီးပြီလို့.. မသိလို့နော် ဆောရီးပါအစ်ကိုတဲ့.. ရတယ်အေးဆေးလို့.. သနားလည်းသနားသလို စိတ်လည်းတိုရတယ်..

အစ်ကို့အကောင့်ကို ညီမတို့ဟိုအရင်တည်းက တွေ့မိရင် ညီမတို့မလာပါဘူးတဲ့.. ခုအစ်ကိုပြောနေတာတွေ ရေးနေတာတွေက လက်တွေ့ဆိုတာ ညီမတို့သိရပါပြီတဲ့.. အဲတာဆိုရင် အစ်ကို့ကို ပြန်ကူညီပါလို့ ၊သူငယ်ချင်းတွေ အသိတွေထဲက အလည်နဲ့လာပြီး အလုပ်ရှာမယ်ဆို မလာဖို့တားမြစ်ပေးပါလို့.. စိတ်ချပါတဲ့ တားမြစ်ပါ့မယ် အသိပေးပါ့မယ်တဲ့လေ.. ကျေနပ်တယ်လေ ဘာကြောင့်အလည်နဲ့ မလာသင့်တာလည်း ကျွန်တော်ထောက်ပြမယ်နော်..

အလည်နဲ့လာတဲ့ ကုန်ကျစရိတ်က စက်ရုံကောလင်းနဲ့လာတဲ့စရိတ်နဲ့အတူတူလောက်ပဲ.. အလည်က မြန်တယ် ကောလင်းနဲ့က နဲနဲစောင့်ရမယ်.. အလည်နဲ့က Risk ပိုများတယ် ကံမကောင်းလို့ အချက်အလက်တွေမစုံလင်ရင် မလေးရှားလေဆိပ်ကနေလှည့်ပြန်ရတတ်တယ်..

လဝကကိုဖြတ်ဖို့ဆိုတာ လူရည်လည်မှ ပါးနပ်မှုရှိမှ မေးတာဖြေနိုင်မှ တောင်းတဲ့အချက်ပြနိုင်မှ အဆင်ပြေမှာ အဲလိုမှမဟုတ်ပဲ အူတူတူ အတတဆို အတေရစ်မှာ..

စဉ်းစားကြည့်လေ သူများနိုင်ငံအလည်သွားမယ့်သူက E လိုလည်းမတတ်.. မလေးလိုလည်းနားမလည်ဘူးဆိုရင် အလည်နဲ့လာပြီး မပြန်ပဲခွေနေမယ်ဆိုတာ သူတို့ကောင်းကောင်းသိတာပေါ့..

အဆင်ပြေပြေနဲ့ရောက်လာပြီထား အလုပ်ကရှာရမယ်.. အလုပ်ရပြီထား နေထိုင်ခွင့်ပါမစ် အလုပ်လုပ်ခွင့်ပါမစ်က လွယ်လွယ်နဲ့ရပါသလား? No ပါ.. ပါမစ်က အေးဆေးကပ်လို့ရတယ်ဆိုရင် ဂျင်းပါ..

ဒီနိုင်ငံမှာ ပိုက်ဆံပုံပေးပြီး ရော့ပိုက်ဆံပေး ပါမစ်ဆိုပြီးဝယ်လို့ရတဲ့ အထဲမှာ ပါမစ်မပါဘူး.. သူဌေးက ကပ်ပေးမယ်ဆိုတာလည်း အချိန်အတိုင်းအတာကို စောင့်ရတယ်.. အစိုးရကဖွင့်ပေးတဲ့ အချိန်မှ ကပ်လို့ရတာပါ..

မနှစ်က တရားမဝင်နေထိုင်သူတွေကို တရားဝင်နေထိုင်လုပ်ကိုင်ခွင့်ပါမစ်ကပ်ဖို့ အစိုးရကဖွင့်ပေးတာ ၁၂ လပိုင်းက ပိတ်သွားပြီ.. နောက်ထပ်ဘယ်အချိန်ဖွင့်မယ်ဆိုတာက ဘယ်သူမှ အတိအကျပြောလို့မရပါဘူး..

အလည်ဆိုတာ ၁ လပဲနေထိုင်ခွင့်ရှိတာ ၁ လကျော်တာနဲ့ အော်တို တရားမဝင်နေထိုင်သူပဲ.. အသွားအလာ အနေအထိုင်အစစအရာရာ ဆင်ခြင်ရတော့မယ်.. ကံဆိုးလို့ ကိုယ်လုပ်နေတဲ့အလုပ်က Complain ရှိရင် အော်ပရာစီဝင်တတ်ရင် ရှောင်ရ ရှားရ ပုန်းရ ပြေးရ လွှားရမယ်..

ပါမစ်ကပ်တဲ့အချိန် ကုန်ကျစရိတ်ကလည်းများတယ်.. သူဌေးစိုက်ပေးရင်တော့ ကံကောင်းတာပေါ့.. ပါမစ်ကပ်ခွင့်ရပြီး ပါမစ်ရဖို့ကြာချိန်လေး လက်တွေ့ပြောပြမယ်.. မနှစ်က ပါမစ်ကပ်ချိန်မတိုင်ခင် ၁ နှစ်အလိုက ကျွန်တော့စက်ရုံကို အသိမိတ်ဆွေရဲ့ညီကိုတော် ကောင်လေး ၂ ယောက်ခေါ်သွင်းပေးထားတာ ပါမစ်ဖွင့်တဲ့အချိန်ပါ.. လက်ဗွေနှိပ်လုပ်စာရှိတာတွေလုပ်ပြီးတာတောင် ခုလမှ ပါမစ်ရတယ်.. ၁ နှစ်နီးပါးအချိန်ကြာတယ်.. အဲတာလက်တွေ့မယ်.. ဒါတောင်ူဌေးက ကပ်ပေးလို့ ပါမစ်ကလည်းဖွင့်တဲ့အချိန်မို့နော်..

စုစုပေါင်း မလေးငွေ ၇၀၀၀ လောက်ကုန်တယ်.. အကုန်စိုက်ထုတ်ပေးထားတယ်ဆိုပေမဲ့ သူဌေးက levy ကြေးပဲခံတယ် ကျန်တဲ့ ၅၀၀၀ က လစာထဲကပြန်ဖြတ်မှာ.. ဒါတွေအားလုံးကအလည်နဲ့လာပြီး အလုပ်လုပ်ရင်ကြုံတွေ့ရမဲ့ ကောင်းခြင်းဆိုးခြင်းတွေပါပဲ..

အလည်နဲ့ဆို ကုန်ကျစရိတ်က ၂ ခါကုန်မယ်.. ပါမစ်ကပ်ဖို့ဖွင့်တဲ့အချိန်စောင့်ရမယ်.. အဲ့အတောအတွင်း အစစအရာရာ ဂရုစိုက်နေထိုင်ဆင်ခြင်ရမယ်.. ပါမစ်ကပ်ရင် ပိုက်ဆံထပ်ကုန်မယ်.. အချိန်စောင့်ရမယ်..

တစ်ချို့တွေဆို မြန်မာအေးဂျင့်တွေနဲ့ကပ်လို့ အလိမ်တွေခံရတာ စာအုပ်တွေဆုံး ပိုက်ဆံတွေဆုံး ဘယ်သူတွေဆိုတာတော့ နာမည်တပ် မပြောတော့ပါဘူးနော်.. ကဲကဲတော်သေးပြီ ပြောမဆုံးပေါင်တောသုံးထောင်တို့ရေ..

Credit to (Ko Nway Oo)

Zawgyi

မေလးရွားကို အလည္အပတ္ ဗီဇာနဲ႔လာၿပီး အလုပ္မရွာပါနဲ႔လို႔ ေျပာတာ ဒါေတြေၾကာင့္ပါ

မေလးရွားကို အလည္အပတ္ ဗီဇာနဲ႔လာၿပီး အလုပ္မရွာပါနဲ႔လို႔ ခနခန စာေတြ ေရးတင္အသိေပးေနတဲ့ၾကားက ေရာက္လာတဲ့သူေတြထဲက ဒုကၡေရာက္ေနသူေတြ အေၾကာင္းေလးပါ..

အလည္နဲ႔လာမယ္ဆို လာဖူးသားလူေဟာင္းေတြအတြက္ ကိုယ္ကြၽမ္းက်င္ၿပီးသား နယ္ေျမဆို သိပ္ျပႆနာမရွိဘူး.. စကားလည္းတတ္ သြားတတ္ လာတတ္ဆိုရင္ အလုပ္ရွာရတာ အခက္အခဲေတာ့သိပ္မရွိပါဘူး..

ခုမွ မေလးေျမကို စနင္းမယ္ဆိုရင္ ေယာက်ာ္းေလးအတြက္ကလည္း ျပႆနာ သိပ္မရွိေသးဘူး.. ေဒါင္က်က် ျပားက်က် ရတဲ့အလုပ္ကိုရွာလုပ္.. အဆင္ေျပတဲ့ေနရာမွာေန.. တစ္ခါမွလည္းမေရာက္ဖူး ၊မသြားဖူး မလာဖူးတဲ့ မိန္းကေလးေတြအတြက္ကေတာ့ အရဲမစြန္႔ၾကပါနဲ႔.. မစြန္႔စားၾကပါနဲ႔လို႔ ထပ္မံၿပီး ေမတၱာရပ္ခံပါရေစဗ်ာ..

လူခံရွိတယ္ ပါမစ္ကပ္ေပးမယ့္သူေဌးရွိတယ္ စိတ္ခ်ရတယ္ သူငယ္ခ်င္းရွိတယ္ အလုပ္ရွာေပးမယ္ ေအးေဆးဆိုၿပီး အားကိုးတႀကီးနဲ႔ ေရာက္လာၿပီးမွ မ်က္ႏွာလႊဲခဲပစ္ လုပ္တတ္တဲ့သူေတြေၾကာင့္ ကြၽန္ေတာ့ဆီ အကူအညီလာေတာင္းၾကတာ မိန္းကေလးေတြပါ ၂ ဖြဲ႕ရွိေနၿပီ..

လုံၿခဳံမႈကမရွိ တာ၀န္ယူမႈ၊တာ၀န္ခံမႈမရွိတဲ့သူေတြ ကိုယ့္လူမ်ိဳးအခ်င္းခ်င္း မကူညီတဲ့အျပင္ ေခါင္းပုံျဖတ္အျမတ္ထုတ္ေနၾကတဲ့ လူေတြေၾကာင့္ ကိုယ့္ျမန္မာလူမ်ိဳးေတြ ဒုကၡေတြေရာက္ေနရပါတယ္..

ကြၽန္ေတာ္လည္းတက္ႏိုင္သေလာက္ေတာ့ ကူေနပါတယ္၊ အဆင္ေျပလုံၿခဳံစိတ္ခ်ရမယ့္ အလုပ္ေလးေတြေတာ့ခ်ိတ္ေပးေနပါတယ္.. အစ္ကိုနဲ႔ေတြ႕ရတာ အရမ္းကံေကာင္းတာပဲတဲ့.. အစ္ကိုတဲ့ Service ေၾကးဘယ္ေလာက္ေပးရမလည္းတဲ့..

ေအာ္ ေအာ္ ညီမတို႔ရယ္ အစ္ကိုက ပြဲစား႐ုပ္ေပါက္ေနလို႔လားဆိုေတာ့ တစ္ျပားမွ ေပးစရာမလိုဘူးလို႔.. ညီမတို႔အဆင္ေျပရင္ ၿပီးၿပီလို႔.. မသိလို႔ေနာ္ ေဆာရီးပါအစ္ကိုတဲ့.. ရတယ္ေအးေဆးလို႔.. သနားလည္းသနားသလို စိတ္လည္းတိုရတယ္..

အစ္ကို႔အေကာင့္ကို ညီမတို႔ဟိုအရင္တည္းက ေတြ႕မိရင္ ညီမတို႔မလာပါဘူးတဲ့.. ခုအစ္ကိုေျပာေနတာေတြ ေရးေနတာေတြက လက္ေတြ႕ဆိုတာ ညီမတို႔သိရပါၿပီတဲ့.. အဲတာဆိုရင္ အစ္ကို႔ကို ျပန္ကူညီပါလို႔ ၊သူငယ္ခ်င္းေတြ အသိေတြထဲက အလည္နဲ႔လာၿပီး အလုပ္ရွာမယ္ဆို မလာဖို႔တားျမစ္ေပးပါလို႔.. စိတ္ခ်ပါတဲ့ တားျမစ္ပါ့မယ္ အသိေပးပါ့မယ္တဲ့ေလ.. ေက်နပ္တယ္ေလ ဘာေၾကာင့္အလည္နဲ႔ မလာသင့္တာလည္း ကြၽန္ေတာ္ေထာက္ျပမယ္ေနာ္..

အလည္နဲ႔လာတဲ့ ကုန္က်စရိတ္က စက္႐ုံေကာလင္းနဲ႔လာတဲ့စရိတ္နဲ႔အတူတူေလာက္ပဲ.. အလည္က ျမန္တယ္ ေကာလင္းနဲ႔က နဲနဲေစာင့္ရမယ္.. အလည္နဲ႔က Risk ပိုမ်ားတယ္ ကံမေကာင္းလို႔ အခ်က္အလက္ေတြမစုံလင္ရင္ မေလးရွားေလဆိပ္ကေနလွည့္ျပန္ရတတ္တယ္..

လ၀ကကိုျဖတ္ဖို႔ဆိုတာ လူရည္လည္မွ ပါးနပ္မႈရွိမွ ေမးတာေျဖႏိုင္မွ ေတာင္းတဲ့အခ်က္ျပႏိုင္မွ အဆင္ေျပမွာ အဲလိုမွမဟုတ္ပဲ အူတူတူ အတတဆို အေတရစ္မွာ..

စဥ္းစားၾကည့္ေလ သူမ်ားႏိုင္ငံအလည္သြားမယ့္သူက E လိုလည္းမတတ္.. မေလးလိုလည္းနားမလည္ဘူးဆိုရင္ အလည္နဲ႔လာၿပီး မျပန္ပဲေခြေနမယ္ဆိုတာ သူတို႔ေကာင္းေကာင္းသိတာေပါ့..

အဆင္ေျပေျပနဲ႔ေရာက္လာၿပီထား အလုပ္ကရွာရမယ္.. အလုပ္ရၿပီထား ေနထိုင္ခြင့္ပါမစ္ အလုပ္လုပ္ခြင့္ပါမစ္က လြယ္လြယ္နဲ႔ရပါသလား? No ပါ.. ပါမစ္က ေအးေဆးကပ္လို႔ရတယ္ဆိုရင္ ဂ်င္းပါ..

ဒီႏိုင္ငံမွာ ပိုက္ဆံပုံေပးၿပီး ေရာ့ပိုက္ဆံေပး ပါမစ္ဆိုၿပီးဝယ္လို႔ရတဲ့ အထဲမွာ ပါမစ္မပါဘူး.. သူေဌးက ကပ္ေပးမယ္ဆိုတာလည္း အခ်ိန္အတိုင္းအတာကို ေစာင့္ရတယ္.. အစိုးရကဖြင့္ေပးတဲ့ အခ်ိန္မွ ကပ္လို႔ရတာပါ..

မႏွစ္က တရားမ၀င္ေနထိုင္သူေတြကို တရား၀င္ေနထိုင္လုပ္ကိုင္ခြင့္ပါမစ္ကပ္ဖို႔ အစိုးရကဖြင့္ေပးတာ ၁၂ လပိုင္းက ပိတ္သြားၿပီ.. ေနာက္ထပ္ဘယ္အခ်ိန္ဖြင့္မယ္ဆိုတာက ဘယ္သူမွ အတိအက်ေျပာလို႔မရပါဘူး..

အလည္ဆိုတာ ၁ လပဲေနထိုင္ခြင့္ရွိတာ ၁ လေက်ာ္တာနဲ႔ ေအာ္တို တရားမ၀င္ေနထိုင္သူပဲ.. အသြားအလာ အေနအထိုင္အစစအရာရာ ဆင္ျခင္ရေတာ့မယ္.. ကံဆိုးလို႔ ကိုယ္လုပ္ေနတဲ့အလုပ္က Complain ရွိရင္ ေအာ္ပရာစီဝင္တတ္ရင္ ေရွာင္ရ ရွားရ ပုန္းရ ေျပးရ လႊားရမယ္..

ပါမစ္ကပ္တဲ့အခ်ိန္ ကုန္က်စရိတ္ကလည္းမ်ားတယ္.. သူေဌးစိုက္ေပးရင္ေတာ့ ကံေကာင္းတာေပါ့.. ပါမစ္ကပ္ခြင့္ရၿပီး ပါမစ္ရဖို႔ၾကာခ်ိန္ေလး လက္ေတြ႕ေျပာျပမယ္.. မႏွစ္က ပါမစ္ကပ္ခ်ိန္မတိုင္ခင္ ၁ ႏွစ္အလိုက ကြၽန္ေတာ့စက္႐ုံကို အသိမိတ္ေဆြရဲ႕ညီကိုေတာ္ ေကာင္ေလး ၂ ေယာက္ေခၚသြင္းေပးထားတာ ပါမစ္ဖြင့္တဲ့အခ်ိန္ပါ.. လက္ေဗြႏွိပ္လုပ္စာရွိတာေတြလုပ္ၿပီးတာေတာင္ ခုလမွ ပါမစ္ရတယ္.. ၁ ႏွစ္နီးပါးအခ်ိန္ၾကာတယ္.. အဲတာလက္ေတြ႕မယ္.. ဒါေတာင္ူေဌးက ကပ္ေပးလို႔ ပါမစ္ကလည္းဖြင့္တဲ့အခ်ိန္မို႔ေနာ္..

စုစုေပါင္း မေလးေငြ ၇၀၀၀ ေလာက္ကုန္တယ္.. အကုန္စိုက္ထုတ္ေပးထားတယ္ဆိုေပမဲ့ သူေဌးက levy ေၾကးပဲခံတယ္ က်န္တဲ့ ၅၀၀၀ က လစာထဲကျပန္ျဖတ္မွာ.. ဒါေတြအားလုံးကအလည္နဲ႔လာၿပီး အလုပ္လုပ္ရင္ႀကဳံေတြ႕ရမဲ့ ေကာင္းျခင္းဆိုးျခင္းေတြပါပဲ..​

အလည္နဲ႔ဆို ကုန္က်စရိတ္က ၂ ခါကုန္မယ္.. ပါမစ္ကပ္ဖို႔ဖြင့္တဲ့အခ်ိန္ေစာင့္ရမယ္.. အဲ့အေတာအတြင္း အစစအရာရာ ဂ႐ုစိုက္ေနထိုင္ဆင္ျခင္ရမယ္.. ပါမစ္ကပ္ရင္ ပိုက္ဆံထပ္ကုန္မယ္.. အခ်ိန္ေစာင့္ရမယ္..

တစ္ခ်ိဳ႕ေတြဆို ျမန္မာေအးဂ်င့္ေတြနဲ႔ကပ္လို႔ အလိမ္ေတြခံရတာ စာအုပ္ေတြဆုံး ပိုက္ဆံေတြဆုံး ဘယ္သူေတြဆိုတာေတာ့ နာမည္တပ္ မေျပာေတာ့ပါဘူးေနာ္.. ကဲကဲေတာ္ေသးၿပီ ေျပာမဆုံးေပါင္ေတာသုံးေထာင္တို႔ေရ..

Credit to (Ko Nway Oo)

Leave a Comment