“ကမ္ဘာပျက်တာလား၊ ကပ်ဆိုက်တာလား”

ခုခေတ်လူတွေ မယုံမရှိကြနဲ့။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀၀ကျော်က မြတ်စွာဘုရားဟောထားတဲ့ တရားတော်တွေဟာ ယနေ့ခေတ်လူတွေနဲ့ ကိုက်ညီနေတယ်။

အခုခေတ်လူတွေဟာ ကြမ်းတမ်းလာတယ်။ ရုပ်ဝတ္ထုတွေ အထွဋ်အထိပ် ရောက်လာတယ်။ အဏုမြူလက်နက်တွေ တိုးပွားနေတယ်။ ခါးသီးတဲ့အမုန်းတရားတွေ ပွားများလာကြတယ်။

မြတ်စွာဘုရားကဟောထားတယ် “တိတ္ထောအာဂေတာ”တဲ့။ Terrorismဆိုတာ ခါးသီးတဲ့အမုန်းတရားကြောင့် ဖြစ်လာတာမျိုးတဲ့။ (တိန္နာနိ) အစွမ်းထက်ကုန်သော၊ (သတ္တာနိ) လက်နက်တို့ကို၊ (ဂိတွာ)စွဲကိုင်၍ တိုက်ခိုက်လာကြလိမ့်မယ်။

အဲဒီစစ်ပွဲကြီးမှာ (၇)ရက်အတွင်း လူတွေသေကြေပြီး လူတွေကုန်သလောက်ဖြစ်သွားလိမ့်မယ်။ စိတ်ကောင်းရှိသူ လူအနည်းငယ်သာ ကျန်ခဲ့လိမ့်မယ်။ ကျန်ခဲ့တဲ့သူတွေဟာ အချင်းချင်းပြန်ဆုံဆည်းတဲ့အခါ

“မသေလို့တွေ့ကြတယ်” ဆိုပြီးဖက်ပြီး ငိုကြလိမ့်မယ်။ မေတ္တာစိတ်တွေဖြစ်ကြမယ်၊ မေတ္တာတွေ အကြင်နာတွေ ယိုဖိတ်မှုကြောင့် ရာသီဥတုတွေလည်း ပြန်ကောင်းလာမယ်။ သစ်ပင်တွေလည်း ပြန်ပေါက်လာကြမယ်။

လူတွေရဲ့ရင်ထဲနှလုံးသားထဲမှာ အသိတရားတွေ ပြန်ဝင်လာမယ်။ မေတ္တာတွေ အကြင်နာတွေ ယိုဖိတ်မှုကြောင့် ရာသီဥတုတွေ ပြန်ကောင်းလာမယ်။ သစ်ပင်တွေလည်း ပြန်ပေါက်လာမယ်ဆိုတာ မယုံမရှိကြနဲ့နော်။

ရင်ထဲမှာမေတ္တာတရားကိန်းသူ ကြည်လင်အေးမြသူ ပြုံးရွှင်ဖော်ရွေသူမှာ မိတ်ဆွေများလူချစ်လူခင်ပေါသကဲ့သို့ မေတ္တာရိပ်ကြောင့် သစ်ပင်လေးတွေလည်း ပြန်ရှင်သန်နိုင်သလို သတ္တဝါလေးတွေလည်း အချင်းချင်းချစ်ချစ်ခင်ခင်မေတ္တာ ကူးစက်စွာနဲ့
အဲ့သလိုမှီတင်းနေထိုင်ကြတဲ့ခါကျတော့ ကမ္ဘာကြီးဟာလည်း ပြန်လည်စိုပြေ လန်းဆန်းအသက်ဝင်လာမယ်။

အေးဒါဟာကမ္ဘာပျက်တာလားလို့ဆိုရင် ကမ္ဘာပျက်တာတော့ မဟုတ်သေးဘူးနော်။ ကပ်တစ်ခုဆိုက်သွားမှာ ဒီလိုဆိုတာနော်။ (ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ) credit

Zawgyi

ခုေခတ္လူေတြ မယုံမရွိၾကနဲ႔။ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂၆၀၀ေက်ာ္က ျမတ္စြာဘုရားေဟာထားတဲ့ တရားေတာ္ေတြဟာ ယေန႔ေခတ္လူေတြနဲ႔ ကိုက္ညီေနတယ္။

အခုေခတ္လူေတြဟာ ၾကမ္းတမ္းလာတယ္။ ႐ုပ္ဝတၳဳေတြ အထြဋ္အထိပ္ ေရာက္လာတယ္။ အဏုျမဴလက္နက္ေတြ တိုးပြားေနတယ္။ ခါးသီးတဲ့အမုန္းတရားေတြ ပြားမ်ားလာၾကတယ္။

ျမတ္စြာဘုရားကေဟာထားတယ္ “တိေတၳာအာေဂတာ”တဲ့။ Terrorismဆိုတာ ခါးသီးတဲ့အမုန္းတရားေၾကာင့္ ျဖစ္လာတာမ်ိဳးတဲ့။ (တိႏၷာနိ) အစြမ္းထက္ကုန္ေသာ၊ (သတၱာနိ) လက္နက္တို႔ကို၊ (ဂိတြာ)စြဲကိုင္၍ တိုက္ခိုက္လာၾကလိမ့္မယ္။

အဲဒီစစ္ပြဲႀကီးမွာ (၇)ရက္အတြင္း လူေတြေသေၾကၿပီး လူေတြကုန္သေလာက္ျဖစ္သြားလိမ့္မယ္။ စိတ္ေကာင္းရွိသူ လူအနည္းငယ္သာ က်န္ခဲ့လိမ့္မယ္။ က်န္ခဲ့တဲ့သူေတြဟာ အခ်င္းခ်င္းျပန္ဆုံဆည္းတဲ့အခါ

“မေသလို႔ေတြ႕ၾကတယ္” ဆိုၿပီးဖက္ၿပီး ငိုၾကလိမ့္မယ္။ ေမတၱာစိတ္ေတြျဖစ္ၾကမယ္၊ ေမတၱာေတြ အၾကင္နာေတြ ယိုဖိတ္မႈေၾကာင့္ ရာသီဥတုေတြလည္း ျပန္ေကာင္းလာမယ္။ သစ္ပင္ေတြလည္း ျပန္ေပါက္လာၾကမယ္။

လူေတြရဲ႕ရင္ထဲႏွလုံးသားထဲမွာ အသိတရားေတြ ျပန္ဝင္လာမယ္။ ေမတၱာေတြ အၾကင္နာေတြ ယိုဖိတ္မႈေၾကာင့္ ရာသီဥတုေတြ ျပန္ေကာင္းလာမယ္။ သစ္ပင္ေတြလည္း ျပန္ေပါက္လာမယ္ဆိုတာ မယုံမရွိၾကနဲ႔ေနာ္။

ရင္ထဲမွာေမတၱာတရားကိန္းသူ ၾကည္လင္ေအးျမသူ ၿပဳံး႐ႊင္ေဖာ္ေ႐ြသူမွာ မိတ္ေဆြမ်ားလူခ်စ္လူခင္ေပါသကဲ့သို႔ ေမတၱာရိပ္ေၾကာင့္ သစ္ပင္ေလးေတြလည္း ျပန္ရွင္သန္ႏိုင္သလို သတၱဝါေလးေတြလည္း အခ်င္းခ်င္းခ်စ္ခ်စ္ခင္ခင္ေမတၱာ ကူးစက္စြာနဲ႔
အဲ့သလိုမွီတင္းေနထိုင္ၾကတဲ့ခါက်ေတာ့ ကမာၻႀကီးဟာလည္း ျပန္လည္စိုေျပ လန္းဆန္းအသက္ဝင္လာမယ္။

ေအးဒါဟာကမာၻပ်က္တာလားလို႔ဆိုရင္ ကမာၻပ်က္တာေတာ့ မဟုတ္ေသးဘူးေနာ္။ ကပ္တစ္ခုဆိုက္သြားမွာ ဒီလိုဆိုတာေနာ္။ (ပါခ်ဳပ္ဆရာေတာ္ ေဒါက္တာနႏၵမာလာဘိဝံသ) credit

Leave a Comment