ချစ်ရေးလာဆိုတဲ့ ကင်းမြီးကောက်အဖိုတွေကို စားသုံးလေ့ရှိတဲ့ ကင်းမြီးကောက် အမများ
ကင်းမြီးကောက်ကို ကမ္ဘာအနှံ့အပြား အပူပိုင်း သစ်တော၊ သဲကန္တာရနှင့်တကွနှင်းကျတဲ့အရပ်ဒေသမှာပင်တွေ့ရပါတယ်။
ကင်းမြီးကောက်တို့ရဲ့အစာများမှာ သေးငယ်သော ပိုးမွှား၊ ပင့်ကူ၊ ဖွတ် ပုတတ်မျိုးဝင်အကောင်ငယ်များ၊ဖားပြုပ်၊ ပက်ကျိ၊ ခရု ပက်ကျိစတဲ့ အကောင်ကလေးများအပြင်
ကြွက်စသော နို့တိုက်သတ္တဝါကလေးများဖြစ်ကြပါတယ်။ ကင်းမြီးကောက်တွေဟာ သူတို့ကို နှောင့်ယှက်ရန်စခြင်းမပြုလျှင် ရန်မမူ တတ်ပဲ လူကိုလည်း သာမန်အားဖြင့် ရန်ပြုဖို့ ခက်ခဲလှပါတယ်။
ထူးဆန်းတဲ့အချက်ကတော့ ကင်းမြီးကောက်တွေရဲ့ ချစ်တင်းနှီးနှောပုံမှာ များစွာစိတ်ဝင်စားဖွယ်ကောင်းလှပြီး
ကင်းမြီးကောက်အမဟာ အဖိုထက် ကိုယ်လုံးကိုယ်ထည် ကြီးမားပြီး မိမိထံ ကင်းမြီးကောက်အဖိုတစ်ကောင်လာပြီး ချစ်ရေးဆိုလျက်ရှိစဉ်
သဘောကောင်းချိန်နဲ့ ကြုံကြိုက်ပြီး စိတ်ကြိုက်နှင့်တွေ့ပါက ကြည်သာစွာပင် လက်ခံတတ်ပြီး အခန့်မသင့်ပါက အဲ့ဒီအဖိုကိုကိုက်သတ်ပြီး စားပစ်တတ်ပါတယ်။
နှစ်ဦးနှစ်ဝ ချစ်ရေးကြည်ဖြူခဲ့လျှင် အဖိုဟာ အမရဲ့လက်မ၂ဖက်ကို မိမိ၏လက်မများဖြင့် ညှပ်လျက် အချိန်အတော်ကြာအောင် စုံတွဲလျှက်နေပြီးနောက် မိမိခိုအောင်းရာသို့
ခေါ်ဆောင်သွားတတ်ပါတယ်။ ဒါပေမယ့်လည်း ကာလအတော်ကြာမျှ အတူတကွနေထိုင်ပြီးတဲ့အခါ အမဟာ အဖိုကို စားပစ်လိုက်တာက များပါတယ်။
ဒါပေမယ့်လည်း ကင်းမြီးကောက်အမတွေဟာ မိမိသားငယ်များအပေါ်မှာတော့ များစွာ ခင်မင်ကြင်နာသည်ကို တွေ့ရတတ်ပါတယ်။
ကင်းမြီး ကောက်တွေဟာ အကောင်လိုက်ပေါက်ဖွားကြပြီး မိခင် ကင်းမြီးကောက်မကြီးဟာသားငယ်များကိုကျောပေါ်မှာ သယ်ဆောင်ပြီး သွားလာလေ့ရှိပါတယ်။
ကင်းမြီးကောက်ပေါက်စတွေဟာ ကိုယ်လုံးကိုယ်ထည်ငယ်သည်မှအပ အမိအဖဖြစ်သော ကင်းမြီးကောက် ကြီးများနှင့်
ပုံသဏ္ဌာန်ချင်းတူလှပြီး ကြိမ်ဖန်များစွာအရေလဲပြီးမှသာ တဖြည်းဖြည်း ကြီးပြင်းကြရတာပဲ ဖြစ်ပါတယ်။
Credit
Zawgyi
ခ်စ္ေရးလာဆိုတဲ့ ကင္းၿမီးေကာက္အဖိုေတြကို စားသုံးေလ့ရွိတဲ့ ကင္းၿမီးေကာက္ အမမ်ား
ကင္းၿမီးေကာက္ကို ကမာၻအႏွံ႔အျပား အပူပိုင္း သစ္ေတာ၊ သဲကႏၲာရႏွင့္တကြႏွင္းက်တဲ့အရပ္ေဒသမွာပင္ေတြ႕ရပါတယ္။
ကင္းၿမီးေကာက္တို႔ရဲ႕အစာမ်ားမွာ ေသးငယ္ေသာ ပိုးမႊား၊ ပင့္ကူ၊ ဖြတ္ ပုတတ္မ်ိဳးဝင္အေကာင္ငယ္မ်ား၊ဖားျပဳပ္၊ ပက္က်ိ၊ ခ႐ု ပက္က်ိစတဲ့ အေကာင္ကေလးမ်ားအျပင္
ႂကြက္စေသာ ႏို႔တိုက္သတၱဝါကေလးမ်ားျဖစ္ၾကပါတယ္။ ကင္းၿမီးေကာက္ေတြဟာ သူတို႔ကို ေႏွာင့္ယွက္ရန္စျခင္းမျပဳလွ်င္ ရန္မမူ တတ္ပဲ လူကိုလည္း သာမန္အားျဖင့္ ရန္ျပဳဖို႔ ခက္ခဲလွပါတယ္။
ထူးဆန္းတဲ့အခ်က္ကေတာ့ ကင္းၿမီးေကာက္ေတြရဲ႕ ခ်စ္တင္းႏွီးေႏွာပုံမွာ မ်ားစြာစိတ္ဝင္စားဖြယ္ေကာင္းလွၿပီး
ကင္းၿမီးေကာက္အမဟာ အဖိုထက္ ကိုယ္လုံးကိုယ္ထည္ ႀကီးမားၿပီး မိမိထံ ကင္းၿမီးေကာက္အဖိုတစ္ေကာင္လာၿပီး ခ်စ္ေရးဆိုလ်က္ရွိစဥ္
သေဘာေကာင္းခ်ိန္နဲ႔ ႀကဳံႀကိဳက္ၿပီး စိတ္ႀကိဳက္ႏွင့္ေတြ႕ပါက ၾကည္သာစြာပင္ လက္ခံတတ္ၿပီး အခန႔္မသင့္ပါက အဲ့ဒီအဖိုကိုကိုက္သတ္ၿပီး စားပစ္တတ္ပါတယ္။
ႏွစ္ဦးႏွစ္ဝ ခ်စ္ေရးၾကည္ျဖဴခဲ့လွ်င္ အဖိုဟာ အမရဲ႕လက္မ၂ဖက္ကို မိမိ၏လက္မမ်ားျဖင့္ ညႇပ္လ်က္ အခ်ိန္အေတာ္ၾကာေအာင္ စုံတြဲလွ်က္ေနၿပီးေနာက္ မိမိခိုေအာင္းရာသို႔
ေခၚေဆာင္သြားတတ္ပါတယ္။ ဒါေပမယ့္လည္း ကာလအေတာ္ၾကာမွ် အတူတကြေနထိုင္ၿပီးတဲ့အခါ အမဟာ အဖိုကို စားပစ္လိုက္တာက မ်ားပါတယ္။
ဒါေပမယ့္လည္း ကင္းၿမီးေကာက္အမေတြဟာ မိမိသားငယ္မ်ားအေပၚမွာေတာ့ မ်ားစြာ ခင္မင္ၾကင္နာသည္ကို ေတြ႕ရတတ္ပါတယ္။
ကင္းၿမီး ေကာက္ေတြဟာ အေကာင္လိုက္ေပါက္ဖြားၾကၿပီး မိခင္ ကင္းၿမီးေကာက္မႀကီးဟာသားငယ္မ်ားကိုေက်ာေပၚမွာ သယ္ေဆာင္ၿပီး သြားလာေလ့ရွိပါတယ္။
ကင္းၿမီးေကာက္ေပါက္စေတြဟာ ကိုယ္လုံးကိုယ္ထည္ငယ္သည္မွအပ အမိအဖျဖစ္ေသာ ကင္းၿမီးေကာက္ ႀကီးမ်ားႏွင့္
ပုံသဏၭာန္ခ်င္းတူလွၿပီး ႀကိမ္ဖန္မ်ားစြာအေရလဲၿပီးမွသာ တျဖည္းျဖည္း ႀကီးျပင္းၾကရတာပဲ ျဖစ္ပါတယ္။
Credit