လမ်းခွဲပြီးနောက် Ex ပေးခဲ့တဲ့ အမှတ်တရ ပစ္စည်းများကို လွှင့်ပစ်မည့်အစား ပြန်လည်ရောင်းချနိုင်သည့် ဗီယက်နမ်နိုင်ငံက အသည်းကွဲစျေးတန်း

လမ်းခွဲပြီးနောက် Ex ပေးခဲ့တဲ့ အမှတ်တရ ပစ္စည်းများကို လွှင့်ပစ်မည့်အစား ပြန်လည် ရောင်းချနိုင်သည့် ဗီယက်နမ်နိုင်ငံက အသည်းကွဲဈေးတန်း

လမ်းခွဲခြင်းကို ချစ်ဖူးတဲ့သူတိုင်း ကြုံတွေ့ဖူးကြမှာ ဖြစ်ပြီး ဝမ်းနည်းမှုတွေနဲ့ ခံစားရစဉ် အတူရှိစဉ်က အမှတ်တရအဖြစ် လက်ဆောင် ပစ္စည်းလေးတွေကို မြင်တွေ့တိုင်း မေ့မရနိုင်တာမျိုး သို့မဟုတ် နာကျင်ရတာမျိုးတွေ ဖြစ်လေ့ ရှိကြသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှ Dinh Thang အမည်ရှိသော လူငယ်တစ်ဦးသည် အသည်းကွဲ ခံစားရပြီးနောက် အနားမှာ ထားရှိဖို့ မသင့်တော့သည့် ရည်းစားဟောင်းမှ ပေးခဲ့သော လက်ဆောင်ပစ္စည်းများကို စွန့်ပစ်ဖို့ မတွေးဘဲ ပြန်လည် ရောင်းချနိုင်ရန် အသည်းကွဲ ဈေးတန်းတစ်ခုကို တည်ထောင်ခဲ့သည်။

ထိုဈေးတန်းလေးသည် စပြီး ဖွင့်လှစ်ကတည်းက လူငယ်အများစုသည် ရည်းစားနဲ့ပြတ်ပြီး ဝမ်းနည်း ခံစားရကာ သူတို့အား အမြန်ဆုံး မေ့ပျောက်နိုင်ဖို့ သူတို့ ပေးခဲ့တဲ့ လက်ဆောင် ပစ္စည်းတွေကို ရောင်းချဖို့ စည်းကားခဲ့သည်။

ထိုဈေးတန်းတွင် အသည်းကွဲ လူငယ်များသာ လာရောက်ကြပြီး အချို့ကျတော့လည်း အသည်းကွဲ ခံစားရတာချင်း တစ်ယောက်ကို တစ်ယောက် ရင်ဖွင့်မိကြပြီး ကံကောင်းလျှင် အသည်းကွဲတာပျောက်၍ ချစ်သူရည်းစား အသစ်တွေပါ ရကုန်တတ်ကြသည်။

Credit … Rain (For Ialinks)

Zawgyi







Leave a Comment