Facebook , Viber, Messenger သုံးရင်း ထောင်နန်းမစံချင်ရင် ဒါလေးဖတ်ထားပါ
Facebook သုံးသူတိုင်း သိထားသင့်တဲ့ ဆက်သွယ်ရေး ပုဒ်မ ၆၆
ပုဒ်မ၆၆။ မည်သူမဆို အောက်ပါ ပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှု … ထင်ရှားစီရင်ခြင်းခံရလျှင်
ထိုသူအား ၃ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်၂ ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ပုဒ်မ ၆၆(က)။
ဆက်သွယ်ရေး ကွန်ယက်အတွင်းသို့ ယင်း၏ပိုင်ရှင် သို့မဟုတ်စီမံ ခန့်ခွဲခွင့်ရှိသူ၏ ခွင့်ပြုချက် မရှိပဲ ဝင်ရောက် နှောင့်ယှက်ခြင်း၊
စံချိန်စံညွှန်း သတ်မှတ်ချက်ကိုဖြစ်စေ၊ မူလအနေ အထားကိုဖြစ်စေ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်း နားရှင်းအောင် ပြောရရင် ပုဒ်မ ၆၆(က) facebook / gmail ကို ခိုးယူခြင်းပါ။ Password ပြောင်းခြင်း / gmail ပြောင်းခြင်းပါ။
ပုဒ်မ ၆၆(ခ)။ ဆက်သွယ်ရေးကွန်ယက်ကို ထိခိုက်စေရန် ဗိုင်းရပ်စ် ( သို့မဟုတ် )အခြားနည်း နဲ့ ဝင်ရောက်စေခြင်း…
နားရှင်းအောင် ပြောရရင်~~~ပုဒ်မ ၆၆(ခ) link အတုတွေက တဆင့် အချက်အလက် password ခိုးယူခြင်းပါ။ #ပုဒ်မ ၆၆(ဂ)။
ဆက်သွယ်ရေး ကွန်ယက်ကို သုံး၍ #ငွေကြေးနဲ့ပစ္စည်းကို ခိုးယူခြင်း၊ #လိမ်လည်ခြင်း၊#အလွဲသုံးစားလုပ်ခြင်း သို့မဟုတ်#
အကျိုးပျက်စေခြင်း နားရှင်းအောင် ပြောရရင် ~~~#ပုဒ်မ ၆၆(ဂ) #onlineshopping ကတဆင့် ငွေလိမ်ယူခြင်းမျိုးပါ။
ပုဒ်မ ၆၆(ဃ)။ ဆက်သွယ်ရေးကွန်ယက်ကို သုံးပြီး လူတစ်ယောက်ကို ခြောက်လှန့်ခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွတ်ခြင်း
အသရေဖျက်ခြင်း၊ နှောက်ယှက်ခြင်း၊မလျှော်သြဇာသုံးခြင်း ၊ ခြိမ်းခြောက်ခြင်း၊မရိုးဖြောင့်သောနည်းဖြင့် ပြန်လည်ဖြန့်ဝေခြင်း
နားရှင်းအောင် ပြောရရင် ~~~ ပုဒ်မ ၆၆(ဃ) facebookက တဆင့် လူတစ်ယောက်ကို ဆဲဆို ခြိမ်းခြောက်ခြင်း၊ mention ခေါ်ဆဲခြင်း၊
ပုံတွေသုံး မဟုတ်သတင်းရေးခြင်း၊ ပျက်ဆီးစေမှုနဲ့ tag တွဲခြင်း၊ သူတစ်ပါး တင်ထားသော Post ကို By Name ဖြင့် Screen Shot ပြန်ယူတင်ခြင်း ..,
Share အဖြစ်တင်ခြင်း၊ မရိုးသားသည့် သဘောဖြင့် Photo Comment ပြုလုပ်၍ မန့်ခြင်း…! စတဲ့ အပြုအမူတွေ ကျူးလွန်ရင်
ကိုယ်တိုင် တရားဆွဲစရာ မလိုပဲ ကြားလူတစ်ယောက်က အမှုဖွင့်ပေးရုံ နဲ့ အာမခံ မရှိထောင် ၃ နှစ် ချလို့ ရပါတယ်။
Screenshot သက်သေအထောက်အထားနဲ့ ကျိန်းသေ ထောင်ကျအောင် ချလို့ရတယ်။ပုဒ်မ ၆၆ (ဃ)ကို ယနေ့ facebookပေါ်မှာ ကျူးလွန်နေသူတွေ အများကြီးပါ။ချမှတ်ပြီးသား ဉပဒေအတွင်းမှာ ဟောင်းသွားတာ မရှိဘူး…
ဥပဒေ မပြုရသေးခင်သာ နောက်ကြောင်းပြနအရေးယူ မရတာ။တကယ်တမ်း ဥပဒေကို နားလည်သူက လူတစ်ယောက်ကို
By name တပ် facebook ပေါ် စော်ကားဖို့ နေနေသာ Share တာတောင် သတင်း ပိုစ့် ၊ပညာပေး ပိုစ့်လောက် share ရဲတာ Comment ပေးတာတောင် သတိထားပေးကြရတယ်။
ပုဒ်မ ၆၆ သိပ်ကြောက်ဖို့ ကောင်းတယ်နော်.., သတိထား..! အသရေဖျက်မှု (ပုဒ်မ ၅၀၀) နဲ့ ၆၆ ဃ ဥပဒေ၊ ပုဒ်မ ၅၀၀ နဲ့ ၆၆ ဃ ဥပဒေကို လုံးဝ မသိသေးသော သူများနှင့် နားမလည်သောသူများအား သိရှိစေရန် ပထမဆုံး သိထားရမှာက ပါးစပ်နဲ့ပြောတဲ့ အသရေဖျက်မှုဟာ ရိုးရိုး ပုဒ်မ ၅၀၀ ဖြစ်ပါတယ်။အကယ်၍ ပုံနှိပ်မီဒီယာပေါ် ရောက်သွားပြီ
သတင်းစာ ဂျာနယ် မဂ္ဂဇင်းတွေမှာ ပါလာပြီဆိုရင် ပုဒ်မ ၂၅ သတင်းမီဒီယာ ဥပဒေပုဒ်မ ပုဒ်မ၂၅ ထပ်တိုးပါတယ်။ ဆိုရှယ်မီဒီယာ ဖေ့ဘုတ် အွန်လိုင်းပေါ်ထိ ရောက်သွားမယ်ဆိုရင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ ဖြစ်သွားပါပြီ။ ဒါကို အရင်ဆုံး သိထားကြဖို့ လိုပါတယ်။
ပါးစပ်ကပဲပြောပြော စာနဲ့ပဲပြောပြော အွန်လိုင်းပေါ်ရောက်တဲ့အဆင့် ရောက်ရင်တော့ အသရေဖျက်မှု သတ်မှတ်ဖွင့်ဆိုချက် ရာဇသတ်ဥပဒေပုဒ်မ ၅၀၀ နဲ့ စပါတယ်။ အခြေအနေပေါ်မူတည်ပြီး ပုဒ်မ ၅၀၀/ ပုဒ်မ ၂၅/ ပုဒ်မ ၆၆ ဃ ဆိုပြီး ကွဲပြားသွားတာကို သိရပါမယ်။
အွန်လိုင်းပေါ်တွင် ရိုင်းစိုင်းသည့် ကောမန့်များပေးခြင်း Chat box တွင် ရိုင်းစိုင်းသည့်စကားများ ပြောဆိုခြင်း အုပ်စုဖွဲ့၍ ရိုင်းစိုင်းသည့်စကား များ ပြောဆိုခြင်း များသည် ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃ နှင့် တိုက်ရိုက်အကြုံး ဝင်တယ်။ဟုတ်ပြီ နောက်ထပ် ဘာတွေ မတူသေးလဲ ဘာတွေ ကွဲလွဲသေးလဲ ဆက်ကြည့်လိုက်ရအောင်။
လူတစ်ယောက်က လူတစ်ယောက်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ ဆွဲတဲ့အမှုကို ဒါလဲ အသရေဖျက်မှုပဲဆိုပြီး ပုဒ်မ ၅၀၀ နဲ့ ပြစ်ဒဏ်သတ်မှတ်လို့ မရသလို ၆၆ ဃ ကို ပုဒ်မ ၅၀၀ အသရေဖျက်မှုနဲ့ပဲ တရားလိုက ဆွဲချင်ဆွဲလို့ ရပါတယ်။
ဒီလိုပြောင်းလဲဖို့ တရားလိုရဲ့ သဘောဆန္ဒနဲ့ပဲ ပြောင်းလွဲဆိုလို့ ရပါတယ်။ ပါးစပ်ပြော စာပြော အွန်လိုင်းမှာ ပြောတဲ့ ပြစ်မှုတွေကို အသရေဖျက်မှုရာဇသတ်ကြီးပုဒ်မ ၄၉၉ နဲ့ပဲ အကြုံးဝင်မဝင် ၄၉၉ ပါ ပြစ်မှုအင်္ဂါရပ်များအရ ညီမညီ စစ်ဆေးရပါတယ်။
မတူတာတွေကတော့….
၁။ ၆၆ဃ ဟာ (ရဲအရေးပိုင်) ရဲက အရေးယူပိုင်ခွင့်ရှိပြီး အသရေဖျက်မှု ဥပဒေပုဒ်မ ၅၀၀ ကတော့ (ရဲအရေးမပိုင်) ရဲက အရေးယူပိုင်ခွင့် မရှိပါဘူး။
၂။ ပြစ်ဒဏ် မတူပါဘူး ။ပြစ်မှု ထင်ရှားရင်
၆၆ဃ = ထောင်ဒဏ်သုံးနှစ်အထိ (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်စလုံး။ ပုဒ်မ ၅၀၀ = ထောင်ဒဏ် နှစ်နှစ်အထိ (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်စလုံး ကျခံရမှာဖြစ်ပါတယ်
(ပထမဆုံး ပုဒ်မ ၅ဝဝကို ၈ မိုင်မှာ ချောစကီးအားယာဉ်ပေါ်မှ ဆဲရေးသွားသူအား စတင် notice ထုပ်အရေးယူခဲ့ပါတယ်။ ဒုတိယအကြိမ် ကျောက်ဆည်မှာ ကွမ်းခိုးသူတွေ တရားစွဲ အရေးယူတဲ့အခါ တရားခံတွေနဲ့ ပါလာတဲ့ ယောက်ဖဆိုသူက လူပုံအလည် ကျမကို လက်ညိူးထိုး ပမာမခန့် ပြောလို့ တခါ အဲ့နေရာက ရဲအရာရှိတွေ သက်သေထားပြီး အသရေဖျက်မှုနဲ့ စွဲပါတယ်။
တတိယအကြိမ် ကျမနောက်ကွယ် စာဖြင့် အပြန်အလှန် အပုတ်ချ အတင်းပြောနေတာမိလို့ပုဒ်မ ၅ဝဝ နဲ့ စွဲဘို့ ပြင်ဆင်ထားပါသေးတယ်။)
၃။ အသရေဖျက်မှုကို အကြောင်းပြုပြီး ပုဒ်မ ၅၀၀ နဲ့ဆွဲရင် အာမခံပေးရမယ့်အမှု ဖြစ်ပြီး အသရေဖျက်မှုကို အကြောင်းပြု၍ ၆၆ ဃ နဲ့ ဆွဲမယ်ဆိုရင် အာမခံ မပေးနိုင်တဲ့အမှု ဖြစ်သွားပါတယ်။
ရာဇဝတ်ကျင့်ထုံး ဥပဒေ ဒုတိယဇယားအရ သုံးနှစ်နှင့်အထက် ပြစ်ဒဏ်သင့်မယ့် အမှုများကို အာမခံ မပေးနိုင်တဲ့ အမှုအဖြစ် သတ်မှတ်ထားပါတယ်။
၄။ ၆၆ ဃ ဟာ ရဲအရေးပိုင်အဖြစ် သတ်မှတ်ထားတာကြောင့် ပြစ်မှု ကျူးလွန်ကြောင်း သိရှိသူ မည်သူမဆို တိုင်ကြားနိုင်ခွင့်ရှိပြီး
ပုဒ်မ ၅၀၀ မှာတော့ နစ်နာသူ ကာယကံရှင်ကိုယ်တိုင်သာလျှင် တိုင်ကြားဆွဲဆိုရမှာ ဖြစ်ပါတယ်။ မပိုင်ရင် ခြင်မရိုက်နဲ့ အလဟဿ အသားနာတယ်…..
ပိုင်ရင် မြွေခေါင်းတက်ဖမ်း မလှုပ်နိူင်မှ ရိုက်ပါ….။
ဒီလောက်ဆိုရင် တီးမိခေါက်မိ ရှိလောက်ပြီ ထင်ပါတယ် ဘာပဲပြောပြော သိထားတော့ ငပိကြော်တွေဘာတွေ ကြိုပြီး ပြင်ဆင်နိုင်တာပေါ့…
Credit Original Writer
Zawgyi
Facebook , Viber, Messenger သုံးရင္း ေထာင္နန္းမစံခ်င္ရင္ ဒါေလးဖတ္ထားပါ
Facebook သုံးသူတိုင္း သိထားသင့္တဲ့ ဆက္သြယ္ေရး ပုဒ္မ ၆၆
ပုဒ္မ၆၆။ မည္သူမဆို ေအာက္ပါ ျပဳလုပ္မႈ တစ္ရပ္ရပ္ကို က်ဴးလြန္ေၾကာင္း ျပစ္မႈ … ထင္ရွားစီရင္ျခင္းခံရလွ်င္
ထိုသူအား ၃ ႏွစ္ထက္ မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ ၊ ဒဏ္၂ ရပ္လုံးျဖစ္ေစ ခ်မွတ္ရမည္။ ပုဒ္မ ၆၆(က)။
ဆက္သြယ္ေရး ကြန္ယက္အတြင္းသို႔ ယင္း၏ပိုင္ရွင္ သို႔မဟုတ္စီမံ ခန႔္ခြဲခြင့္ရွိသူ၏ ခြင့္ျပဳခ်က္ မရွိပဲ ဝင္ေရာက္ ေႏွာင့္ယွက္ျခင္း၊
စံခ်ိန္စံၫႊန္း သတ္မွတ္ခ်က္ကိုျဖစ္ေစ၊ မူလအေန အထားကိုျဖစ္ေစ ေျပာင္းလဲျခင္း သို႔မဟုတ္ ဖ်က္ဆီးျခင္း နားရွင္းေအာင္ ေျပာရရင္ ပုဒ္မ ၆၆(က) facebook / gmail ကို ခိုးယူျခင္းပါ။ Password ေျပာင္းျခင္း / gmail ေျပာင္းျခင္းပါ။
ပုဒ္မ ၆၆(ခ)။ ဆက္သြယ္ေရးကြန္ယက္ကို ထိခိုက္ေစရန္ ဗိုင္းရပ္စ္ ( သို႔မဟုတ္ )အျခားနည္း နဲ႔ ဝင္ေရာက္ေစျခင္း…
နားရွင္းေအာင္ ေျပာရရင္~~~ပုဒ္မ ၆၆(ခ) link အတုေတြက တဆင့္ အခ်က္အလက္ password ခိုးယူျခင္းပါ။ #ပုဒ္မ ၆၆(ဂ)။
ဆက္သြယ္ေရး ကြန္ယက္ကို သုံး၍ #ေငြေၾကးနဲ႔ပစၥည္းကို ခိုးယူျခင္း၊ #လိမ္လည္ျခင္း၊#အလြဲသုံးစားလုပ္ျခင္း သို႔မဟုတ္#
အက်ိဳးပ်က္ေစျခင္း နားရွင္းေအာင္ ေျပာရရင္ ~~~#ပုဒ္မ ၆၆(ဂ) #onlineshopping ကတဆင့္ ေငြလိမ္ယူျခင္းမ်ိဳးပါ။
ပုဒ္မ ၆၆(ဃ)။ ဆက္သြယ္ေရးကြန္ယက္ကို သုံးၿပီး လူတစ္ေယာက္ကို ေျခာက္လွန႔္ျခင္း၊ အႏိုင္အထက္ျပဳျခင္း၊ မတရား တားဆီးကန႔္ကြတ္ျခင္း
အသေရဖ်က္ျခင္း၊ ေႏွာက္ယွက္ျခင္း၊မေလွ်ာ္ၾသဇာသုံးျခင္း ၊ ၿခိမ္းေျခာက္ျခင္း၊မ႐ိုးေျဖာင့္ေသာနည္းျဖင့္ ျပန္လည္ျဖန႔္ေဝျခင္း
နားရွင္းေအာင္ ေျပာရရင္ ~~~ ပုဒ္မ ၆၆(ဃ) facebookက တဆင့္ လူတစ္ေယာက္ကို ဆဲဆို ၿခိမ္းေျခာက္ျခင္း၊ mention ေခၚဆဲျခင္း၊
ပုံေတြသုံး မဟုတ္သတင္းေရးျခင္း၊ ပ်က္ဆီးေစမႈနဲ႔ tag တြဲျခင္း၊ သူတစ္ပါး တင္ထားေသာ Post ကို By Name ျဖင့္ Screen Shot ျပန္ယူတင္ျခင္း ..,
Share အျဖစ္တင္ျခင္း၊ မ႐ိုးသားသည့္ သေဘာျဖင့္ Photo Comment ျပဳလုပ္၍ မန႔္ျခင္း…! စတဲ့ အျပဳအမူေတြ က်ဴးလြန္ရင္
ကိုယ္တိုင္ တရားဆြဲစရာ မလိုပဲ ၾကားလူတစ္ေယာက္က အမႈဖြင့္ေပး႐ုံ နဲ႔ အာမခံ မရွိေထာင္ ၃ ႏွစ္ ခ်လို႔ ရပါတယ္။
Screenshot သက္ေသအေထာက္အထားနဲ႔ က်ိန္းေသ ေထာင္က်ေအာင္ ခ်လို႔ရတယ္။ပုဒ္မ ၆၆ (ဃ)ကို ယေန႔ facebookေပၚမွာ က်ဴးလြန္ေနသူေတြ အမ်ားႀကီးပါ။ခ်မွတ္ၿပီးသား ဉပေဒအတြင္းမွာ ေဟာင္းသြားတာ မရွိဘူး…
ဥပေဒ မျပဳရေသးခင္သာ ေနာက္ေၾကာင္းျပနအေရးယူ မရတာ။တကယ္တမ္း ဥပေဒကို နားလည္သူက လူတစ္ေယာက္ကို
By name တပ္ facebook ေပၚ ေစာ္ကားဖို႔ ေနေနသာ Share တာေတာင္ သတင္း ပိုစ့္ ၊ပညာေပး ပိုစ့္ေလာက္ share ရဲတာ Comment ေပးတာေတာင္ သတိထားေပးၾကရတယ္။
ပုဒ္မ ၆၆ သိပ္ေၾကာက္ဖို႔ ေကာင္းတယ္ေနာ္.., သတိထား..! အသေရဖ်က္မႈ (ပုဒ္မ ၅၀၀) နဲ႔ ၆၆ ဃ ဥပေဒ၊ ပုဒ္မ ၅၀၀ နဲ႔ ၆၆ ဃ ဥပေဒကို လုံးဝ မသိေသးေသာ သူမ်ားႏွင့္ နားမလည္ေသာသူမ်ားအား သိရွိေစရန္ ပထမဆုံး သိထားရမွာက ပါးစပ္နဲ႔ေျပာတဲ့ အသေရဖ်က္မႈဟာ ႐ိုး႐ိုး ပုဒ္မ ၅၀၀ ျဖစ္ပါတယ္။အကယ္၍ ပုံႏွိပ္မီဒီယာေပၚ ေရာက္သြားၿပီ
သတင္းစာ ဂ်ာနယ္ မဂၢဇင္းေတြမွာ ပါလာၿပီဆိုရင္ ပုဒ္မ ၂၅ သတင္းမီဒီယာ ဥပေဒပုဒ္မ ပုဒ္မ၂၅ ထပ္တိုးပါတယ္။ ဆိုရွယ္မီဒီယာ ေဖ့ဘုတ္ အြန္လိုင္းေပၚထိ ေရာက္သြားမယ္ဆိုရင္ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆ ဃ ျဖစ္သြားပါၿပီ။ ဒါကို အရင္ဆုံး သိထားၾကဖို႔ လိုပါတယ္။
ပါးစပ္ကပဲေျပာေျပာ စာနဲ႔ပဲေျပာေျပာ အြန္လိုင္းေပၚေရာက္တဲ့အဆင့္ ေရာက္ရင္ေတာ့ အသေရဖ်က္မႈ သတ္မွတ္ဖြင့္ဆိုခ်က္ ရာဇသတ္ဥပေဒပုဒ္မ ၅၀၀ နဲ႔ စပါတယ္။ အေျခအေနေပၚမူတည္ၿပီး ပုဒ္မ ၅၀၀/ ပုဒ္မ ၂၅/ ပုဒ္မ ၆၆ ဃ ဆိုၿပီး ကြဲျပားသြားတာကို သိရပါမယ္။
အြန္လိုင္းေပၚတြင္ ႐ိုင္းစိုင္းသည့္ ေကာမန႔္မ်ားေပးျခင္း Chat box တြင္ ႐ိုင္းစိုင္းသည့္စကားမ်ား ေျပာဆိုျခင္း အုပ္စုဖြဲ႕၍ ႐ိုင္းစိုင္းသည့္စကား မ်ား ေျပာဆိုျခင္း မ်ားသည္ ဆက္သြယ္ေရး ပုဒ္မ ၆၆ ဃ ႏွင့္ တိုက္႐ိုက္အႀကဳံး ဝင္တယ္။ဟုတ္ၿပီ ေနာက္ထပ္ ဘာေတြ မတူေသးလဲ ဘာေတြ ကြဲလြဲေသးလဲ ဆက္ၾကည့္လိုက္ရေအာင္။
လူတစ္ေယာက္က လူတစ္ေယာက္ကို ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ ဃ နဲ႔ ဆြဲတဲ့အမႈကို ဒါလဲ အသေရဖ်က္မႈပဲဆိုၿပီး ပုဒ္မ ၅၀၀ နဲ႔ ျပစ္ဒဏ္သတ္မွတ္လို႔ မရသလို ၆၆ ဃ ကို ပုဒ္မ ၅၀၀ အသေရဖ်က္မႈနဲ႔ပဲ တရားလိုက ဆြဲခ်င္ဆြဲလို႔ ရပါတယ္။
ဒီလိုေျပာင္းလဲဖို႔ တရားလိုရဲ႕ သေဘာဆႏၵနဲ႔ပဲ ေျပာင္းလြဲဆိုလို႔ ရပါတယ္။ ပါးစပ္ေျပာ စာေျပာ အြန္လိုင္းမွာ ေျပာတဲ့ ျပစ္မႈေတြကို အသေရဖ်က္မႈရာဇသတ္ႀကီးပုဒ္မ ၄၉၉ နဲ႔ပဲ အႀကဳံးဝင္မဝင္ ၄၉၉ ပါ ျပစ္မႈအဂၤါရပ္မ်ားအရ ညီမညီ စစ္ေဆးရပါတယ္။
မတူတာေတြကေတာ့….
၁။ ၆၆ဃ ဟာ (ရဲအေရးပိုင္) ရဲက အေရးယူပိုင္ခြင့္ရွိၿပီး အသေရဖ်က္မႈ ဥပေဒပုဒ္မ ၅၀၀ ကေတာ့ (ရဲအေရးမပိုင္) ရဲက အေရးယူပိုင္ခြင့္ မရွိပါဘူး။
၂။ ျပစ္ဒဏ္ မတူပါဘူး ။ျပစ္မႈ ထင္ရွားရင္
၆၆ဃ = ေထာင္ဒဏ္သုံးႏွစ္အထိ (သို႔မဟုတ္) ေငြဒဏ္ (သို႔မဟုတ္) ျပစ္ဒဏ္ႏွစ္ရပ္စလုံး။ ပုဒ္မ ၅၀၀ = ေထာင္ဒဏ္ ႏွစ္ႏွစ္အထိ (သို႔မဟုတ္) ေငြဒဏ္ (သို႔မဟုတ္) ျပစ္ဒဏ္ႏွစ္ရပ္စလုံး က်ခံရမွာျဖစ္ပါတယ္
(ပထမဆုံး ပုဒ္မ ၅ဝဝကို ၈ မိုင္မွာ ေခ်ာစကီးအားယာဥ္ေပၚမွ ဆဲေရးသြားသူအား စတင္ notice ထုပ္အေရးယူခဲ့ပါတယ္။ ဒုတိယအႀကိမ္ ေက်ာက္ဆည္မွာ ကြမ္းခိုးသူေတြ တရားစြဲ အေရးယူတဲ့အခါ တရားခံေတြနဲ႔ ပါလာတဲ့ ေယာက္ဖဆိုသူက လူပုံအလည္ က်မကို လက္ညိဴးထိုး ပမာမခန႔္ ေျပာလို႔ တခါ အဲ့ေနရာက ရဲအရာရွိေတြ သက္ေသထားၿပီး အသေရဖ်က္မႈနဲ႔ စြဲပါတယ္။
တတိယအႀကိမ္ က်မေနာက္ကြယ္ စာျဖင့္ အျပန္အလွန္ အပုတ္ခ် အတင္းေျပာေနတာမိလို႔ပုဒ္မ ၅ဝဝ နဲ႔ စြဲဘို႔ ျပင္ဆင္ထားပါေသးတယ္။)
၃။ အသေရဖ်က္မႈကို အေၾကာင္းျပဳၿပီး ပုဒ္မ ၅၀၀ နဲ႔ဆြဲရင္ အာမခံေပးရမယ့္အမႈ ျဖစ္ၿပီး အသေရဖ်က္မႈကို အေၾကာင္းျပဳ၍ ၆၆ ဃ နဲ႔ ဆြဲမယ္ဆိုရင္ အာမခံ မေပးႏိုင္တဲ့အမႈ ျဖစ္သြားပါတယ္။
ရာဇဝတ္က်င့္ထုံး ဥပေဒ ဒုတိယဇယားအရ သုံးႏွစ္ႏွင့္အထက္ ျပစ္ဒဏ္သင့္မယ့္ အမႈမ်ားကို အာမခံ မေပးႏိုင္တဲ့ အမႈအျဖစ္ သတ္မွတ္ထားပါတယ္။
၄။ ၆၆ ဃ ဟာ ရဲအေရးပိုင္အျဖစ္ သတ္မွတ္ထားတာေၾကာင့္ ျပစ္မႈ က်ဴးလြန္ေၾကာင္း သိရွိသူ မည္သူမဆို တိုင္ၾကားႏိုင္ခြင့္ရွိၿပီး
ပုဒ္မ ၅၀၀ မွာေတာ့ နစ္နာသူ ကာယကံရွင္ကိုယ္တိုင္သာလွ်င္ တိုင္ၾကားဆြဲဆိုရမွာ ျဖစ္ပါတယ္။ မပိုင္ရင္ ျခင္မ႐ိုက္နဲ႔ အလဟႆ အသားနာတယ္…..
ပိုင္ရင္ ေႁမြေခါင္းတက္ဖမ္း မလႈပ္ႏိူင္မွ ႐ိုက္ပါ….။
ဒီေလာက္ဆိုရင္ တီးမိေခါက္မိ ရွိေလာက္ၿပီ ထင္ပါတယ္ ဘာပဲေျပာေျပာ သိထားေတာ့ ငပိေၾကာ္ေတြဘာေတြ ႀကိဳၿပီး ျပင္ဆင္ႏိုင္တာေပါ့…
Credit Original Writer