မိန်းမ တစ်ယောက်ရဲ့ ဖျားယောင်းမှုကို ဓားမဖြင့် မိမိကိုယ်ကိုလှီးပြီး ဖြေရှင်းပြခဲ့တဲ့ ဆရာတော် အနောက်ဘက်လွန်မင်း ပြည်မြို့ကိုသိမ်းသည့်အခါ ရှင်တစ်ဆူနှင့် လူတစ်ယောက်သာ ရခဲ့တယ် ဆိုတဲ့အကြောင်း သိကြမှာပါ။လူတစ်ယောက် ဆိုသည်မှာ သခင်အတွက် နောက်ဆုံးအချိန်အထိ သတ္တိရှိစွာ ကာကွယ် တိုက်ခိုက်ခဲ့သော ငထင်ငယ် ဖြစ်ပါတယ်။ရှင်တစ်ဆူကတော့ ထိုခေတ်ထိုအခါက သီလ သမာဓိဂုဏ်နှင့် ပြည့်စုံတဲ့ တောင်ဖီလာ ဆရာတော်ပဲ ဖြစ်ပါတယ်။ အခုပြောမှာတောင်ဖီလာ ဆရာတော်အကြောင်းပါ။ပြည်ရန်နိုင်စား ၊ အနောက်ဘက်လွန်မင်း ၊ ညီတော်စလင်းစား မင်းရဲကျော်စွာ မှစ၍ သာလွန်မင်း ၊ ပင်းတလဲမင်းတို့ တိုင်အောင် ကိုးကွယ်ခြင်း ခံခဲ့ရသော ဆရာတော် ဖြစ်သည်။ စာပေကျမ်းဂန် မြောက်များစွာကို ပြုစုခဲ့သူလည်း ဖြစ်သည်။
ဆရာတော်သည် သက္ကရာဇ် ၁ဝဝဝ ပြည့်နှစ်တွင် မင်းအနီးမှ ဖယ်ခွာ၍ တောင်ဖီလာ အရပ်တွင် တော်ရ ဆောက်တည်ခဲ့သည်။ ဘုရင်ဖြစ်သူက ပြန်လည်ကြွရန် ပင့်သော်လည်း မလိုက်တော့။တောင်ဖီလာအရပ်တွင် တောရ ဆောက်တည်သဖြင့် တောင်ဖီလာ ဆရာတော်ဟု ခေါ်ကြသည်။တစ်ခါသော် မိုးချုပ်စအချိန်တွင် ဆံပင်ဖားလျား အဝတ်အစားစုတ်ပြတ် နှင့် မိန်းမပျိုတစ်ယောက်သည် တောင်ဖီလာ သီတင်းသုံးရာကျောင်းသို့ တစ်ကိုယ်တည်းအမောတကော ပြေးလွှားလာသည်။ ရုပ်ရည်မှာ ချောမောသလောက် အဝတ်အစားနှင့် တခြားစီ ဖြစ်နေသည်။“ကယ်တော်မူပါဘုရား” ဟူသော အသံဖြင့် ဝတ်ပြုနေသော ဆရာတော်ထံ ဖက်တော့မယောင် ပြေးဝင်လာသည်။
“တပည့်တော်မ လမ်းမှာ ဒုက္ခတွေ့လာ၍ ဆရာတော်ကျောင်းမှာ တစ်ညတည်းပါရစေ”“ဘုန်းကြီးကျောင်းမှာ ဒကာမနေလို့ ဘယ်ဖြစ်မလဲ” ဟု ဆရာတော်က ဆိုသော်လည်း “တစ်ညတည်းပါ “ ဟုသော မိန်းမငယ်အသံကြောင့် “အင်း ဒုက္ခပါတကား” ဟု ဆရာတော် ငြီးတွားမိသည်။နှင်လို့လည်း မဖြစ် ၊ တည်းခိုင်းပြန်၍လည်း မဖြစ် စဉ်းစားရခက်နေပြီး နောက်ဆုံး ကျောင်းရှေ့စင်္ကြန်တွင် အိပ်ခိုင်းပြီး အတွင်း၌ မင်းတုံးချကာ ဘဝနာ ပွားနေလေသည်။ ဒီတစ်ညတော့ မအိပ်တော့ဟု ဆရာတော်ဆုံးဖြတ်လိုက်သည်။ခဏကြာသော် အမျိုးသမီးသည် တံခါးကို တဒိုင်းဒိုင်း ထုပြီး “တပည့်တော် ချမ်းလွန်းကြောက်လွန်းလို့ အတွင်းမှာ ဝင်အိပ်ပါရစေ” ဟု ခိုက်ခိုက်တုန်နေသော အသံဖြင့် လျှောက်သည်။ သို့ဖြင့် ကရုဏာစိတ် ကြီးမားသော ဆရာတော်သည် ခွင့်ပြုလိုက်ပြီး ကျောင်းအပြင်ထွက်ကာ တရားထိုင်နေသည်။
မကြာမီပင် အတွင်းမှ အမျိုးသမီးငယ်မှာ မအိပ်ဝံဟု ဆိုသဖြင့် ဆရာတော် ကျောင်းအတွင်းသို့ ဝင်လာရပြန်သည်။ စုတ်ပြဲနေသော အင်္ကျီ ရင်ကွဲထဘီနှင့် အမျိုးသမီးမှာ ဆရာတော်အား ဆွဲဆောင်ဖို့ ကြိုးစားနေသည်။သို့ဖြင့် တဖြည်းဖြည်း မိုးလင်းခါနီး၍ ဆရာတော် အားတက်လာသည်။ ထိုစဉ် “အမလေး ကယ်တော်မူပါ ဆရာတော် ဘုရား ၊ တပည့်တော်မ သေရပါလိမ့်မယ်” အသံကြောင့် ဆရာတော်က ကြည့်သည့်အခါ အမျိုးသမီးမှာ တဟီးဟီး တုန်ခိုက်နေသည်ကို တွေ့ရာ “ငါ့တွင် ဘာဆေးမှ မရှိ ၊ မိုးလင်းတော့မည် ၊ သည်းခံပြီး ဘုရားအာရုံပြုပါ” ဟု မိန့်သည်။
သို့သော် မိန်းမပျိုမှာ ဆရာတော်အား ပွေ့ဖက်တော့မယောင် ကြိုးစားလာရာ ဆရာတော်သည် ရုတ်တရက် ထ၍ ကျောင်းနံရံ၌ ထိုးစိုက်ထားသော ဓားမအားးယူလျှက် မိမိခြေသားလုံးအား မွှမ်းရာ သွေးစိမ်းစိမ်းကျလာလေသည်။မိန်းမပျိုမှာ ဆရာတော် ခြေထောက်မှ သွေးတွေကို မြင်လျှင် ကြောက်လန့်လျှက် “တပည့်တော် မှားပါပြီဘုရား ၊ တပည့်တော်မအား ခွင့်လွှတ်တော်မူပါ ဘုရား” ဟု ဆရာတော်အား ကန်တော့၍ ပြေးထွက်သွားသည်။တကယ်တော့ ထိုအမျိုးသမီးငယ်မှာ မင်းသမီးတစ်ပါးသာ ဖြစ်သည်။ တောင်ဖီလာဆရာတော်၏ အကျင့်သိက္ခာကို စမ်းသပ်ရန် သာလွန်မင်းမှ လွှတ်လိုက်ခြင်းဖြစ်သည်။ မင်းသမီးလည်း မင်းမိန့်ကို ကြောက်လန့်သဖြင့် ဆရာတော်အား ဖျက်စီးခဲ့ပါပြီဟု လိမ်ညာ၍ လျှောက်တင်လေသည်။ တမုဟုတ်ချင်းပင် ထိုသတင်းသည် ပြန့်နှံ့သွားတော့သည်။ ယုံသူကလည်း ယုံ ၊မယုံသူကလည်း မယုံ ။
ထိုအခါ အလှူအတန်း ပြုလုပ်ရန် လာသော မင်းနှင့် ပရိသတ်တို့အား ဆရာတော်သည် ခြေထောက်မှ သင်္ကန်း စည်းထားသည့် ဒါဏ်ရာကို ပြပြီး “ငါ၏ သီလ ပျက်စီးပါမူ ဤဓားမောက်သည် ချသောခဏ ရေ၌ မြုပ်ပါစေသား။ စင်ကြယ်ပါမူ ရေဝယ် ကူးစေသား” ဟု တောင်ဖီလာကန်၌ပင် သစ္စာ အဓိဋ္ဌာန်၍ ပြတော်မူလေသည်။ဓားမသည် ရေတွင် မမြုပ်ပဲ ရေ၌ ကူးခတ်သွားသည်။ ဆန်းကြယ်သော ဖြစ်ရပ်ကြောင့် မင်းနှင့် ပရိသတ်အပေါင်း ဆရာတော်၏ သီလသမာဓိက အံချီးမကုန် ဖြစ်သွားကြသည်။ထိုအချိန်မှစ၍ ဓားမ ရေကူးဆရာတော် ဟူ၍ လည်း ထပ်ဆင့် ကျော်ကြား သွားခဲ့လေတော့သည်။Ref ဓမ္မာစရိယ ဦးဋ္ဌေးလှိုင် (ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ)မောင်ကြည်သန့် (မြန်မာ့သမိုင်းထဲက အထင်ကရများ)
Credit
Zawgyi
မိန္းမ တစ္ေယာက္ရဲ႕ ဖ်ားေယာင္းမႈကို ဓားမျဖင့္ မိမိကိုယ္ကိုလွီးၿပီး ေျဖရွင္းျပခဲ့တဲ့ ဆရာေတာ္ အေနာက္ဘက္လြန္မင္း ျပည္ၿမိဳ႕ကိုသိမ္းသည့္အခါ ရွင္တစ္ဆူႏွင့္ လူတစ္ေယာက္သာ ရခဲ့တယ္ ဆိုတဲ့အေၾကာင္း သိၾကမွာပါ။လူတစ္ေယာက္ ဆိုသည္မွာ သခင္အတြက္ ေနာက္ဆုံးအခ်ိန္အထိ သတၱိရွိစြာ ကာကြယ္ တိုက္ခိုက္ခဲ့ေသာ ငထင္ငယ္ ျဖစ္ပါတယ္။ရွင္တစ္ဆူကေတာ့ ထိုေခတ္ထိုအခါက သီလ သမာဓိဂုဏ္ႏွင့္ ျပည့္စုံတဲ့ ေတာင္ဖီလာ ဆရာေတာ္ပဲ ျဖစ္ပါတယ္။ အခုေျပာမွာေတာင္ဖီလာ ဆရာေတာ္အေၾကာင္းပါ။ျပည္ရန္ႏိုင္စား ၊ အေနာက္ဘက္လြန္မင္း ၊ ညီေတာ္စလင္းစား မင္းရဲေက်ာ္စြာ မွစ၍ သာလြန္မင္း ၊ ပင္းတလဲမင္းတို႔ တိုင္ေအာင္ ကိုးကြယ္ျခင္း ခံခဲ့ရေသာ ဆရာေတာ္ ျဖစ္သည္။ စာေပက်မ္းဂန္ ေျမာက္မ်ားစြာကို ျပဳစုခဲ့သူလည္း ျဖစ္သည္။
ဆရာေတာ္သည္ သကၠရာဇ္ ၁ဝဝဝ ျပည့္ႏွစ္တြင္ မင္းအနီးမွ ဖယ္ခြာ၍ ေတာင္ဖီလာ အရပ္တြင္ ေတာ္ရ ေဆာက္တည္ခဲ့သည္။ ဘုရင္ျဖစ္သူက ျပန္လည္ႂကြရန္ ပင့္ေသာ္လည္း မလိုက္ေတာ့။ေတာင္ဖီလာအရပ္တြင္ ေတာရ ေဆာက္တည္သျဖင့္ ေတာင္ဖီလာ ဆရာေတာ္ဟု ေခၚၾကသည္။တစ္ခါေသာ္ မိုးခ်ဳပ္စအခ်ိန္တြင္ ဆံပင္ဖားလ်ား အဝတ္အစားစုတ္ျပတ္ ႏွင့္ မိန္းမပ်ိဳတစ္ေယာက္သည္ ေတာင္ဖီလာ သီတင္းသုံးရာေက်ာင္းသို႔ တစ္ကိုယ္တည္းအေမာတေကာ ေျပးလႊားလာသည္။ ႐ုပ္ရည္မွာ ေခ်ာေမာသေလာက္ အဝတ္အစားႏွင့္ တျခားစီ ျဖစ္ေနသည္။“ကယ္ေတာ္မူပါဘုရား” ဟူေသာ အသံျဖင့္ ဝတ္ျပဳေနေသာ ဆရာေတာ္ထံ ဖက္ေတာ့မေယာင္ ေျပးဝင္လာသည္။
“တပည့္ေတာ္မ လမ္းမွာ ဒုကၡေတြ႕လာ၍ ဆရာေတာ္ေက်ာင္းမွာ တစ္ညတည္းပါရေစ”“ဘုန္းႀကီးေက်ာင္းမွာ ဒကာမေနလို႔ ဘယ္ျဖစ္မလဲ” ဟု ဆရာေတာ္က ဆိုေသာ္လည္း “တစ္ညတည္းပါ “ ဟုေသာ မိန္းမငယ္အသံေၾကာင့္ “အင္း ဒုကၡပါတကား” ဟု ဆရာေတာ္ ၿငီးတြားမိသည္။ႏွင္လို႔လည္း မျဖစ္ ၊ တည္းခိုင္းျပန္၍လည္း မျဖစ္ စဥ္းစားရခက္ေနၿပီး ေနာက္ဆုံး ေက်ာင္းေရွ႕စၾကၤန္တြင္ အိပ္ခိုင္းၿပီး အတြင္း၌ မင္းတုံးခ်ကာ ဘဝနာ ပြားေနေလသည္။ ဒီတစ္ညေတာ့ မအိပ္ေတာ့ဟု ဆရာေတာ္ဆုံးျဖတ္လိုက္သည္။ခဏၾကာေသာ္ အမ်ိဳးသမီးသည္ တံခါးကို တဒိုင္းဒိုင္း ထုၿပီး “တပည့္ေတာ္ ခ်မ္းလြန္းေၾကာက္လြန္းလို႔ အတြင္းမွာ ဝင္အိပ္ပါရေစ” ဟု ခိုက္ခိုက္တုန္ေနေသာ အသံျဖင့္ ေလွ်ာက္သည္။ သို႔ျဖင့္ က႐ုဏာစိတ္ ႀကီးမားေသာ ဆရာေတာ္သည္ ခြင့္ျပဳလိုက္ၿပီး ေက်ာင္းအျပင္ထြက္ကာ တရားထိုင္ေနသည္။
မၾကာမီပင္ အတြင္းမွ အမ်ိဳးသမီးငယ္မွာ မအိပ္ဝံဟု ဆိုသျဖင့္ ဆရာေတာ္ ေက်ာင္းအတြင္းသို႔ ဝင္လာရျပန္သည္။ စုတ္ၿပဲေနေသာ အက်ႌ ရင္ကြဲထဘီႏွင့္ အမ်ိဳးသမီးမွာ ဆရာေတာ္အား ဆြဲေဆာင္ဖို႔ ႀကိဳးစားေနသည္။သို႔ျဖင့္ တျဖည္းျဖည္း မိုးလင္းခါနီး၍ ဆရာေတာ္ အားတက္လာသည္။ ထိုစဥ္ “အမေလး ကယ္ေတာ္မူပါ ဆရာေတာ္ ဘုရား ၊ တပည့္ေတာ္မ ေသရပါလိမ့္မယ္” အသံေၾကာင့္ ဆရာေတာ္က ၾကည့္သည့္အခါ အမ်ိဳးသမီးမွာ တဟီးဟီး တုန္ခိုက္ေနသည္ကို ေတြ႕ရာ “ငါ့တြင္ ဘာေဆးမွ မရွိ ၊ မိုးလင္းေတာ့မည္ ၊ သည္းခံၿပီး ဘုရားအာ႐ုံျပဳပါ” ဟု မိန႔္သည္။
သို႔ေသာ္ မိန္းမပ်ိဳမွာ ဆရာေတာ္အား ေပြ႕ဖက္ေတာ့မေယာင္ ႀကိဳးစားလာရာ ဆရာေတာ္သည္ ႐ုတ္တရက္ ထ၍ ေက်ာင္းနံရံ၌ ထိုးစိုက္ထားေသာ ဓားမအားးယူလွ်က္ မိမိေျခသားလုံးအား မႊမ္းရာ ေသြးစိမ္းစိမ္းက်လာေလသည္။မိန္းမပ်ိဳမွာ ဆရာေတာ္ ေျခေထာက္မွ ေသြးေတြကို ျမင္လွ်င္ ေၾကာက္လန႔္လွ်က္ “တပည့္ေတာ္ မွားပါၿပီဘုရား ၊ တပည့္ေတာ္မအား ခြင့္လႊတ္ေတာ္မူပါ ဘုရား” ဟု ဆရာေတာ္အား ကန္ေတာ့၍ ေျပးထြက္သြားသည္။တကယ္ေတာ့ ထိုအမ်ိဳးသမီးငယ္မွာ မင္းသမီးတစ္ပါးသာ ျဖစ္သည္။ ေတာင္ဖီလာဆရာေတာ္၏ အက်င့္သိကၡာကို စမ္းသပ္ရန္ သာလြန္မင္းမွ လႊတ္လိုက္ျခင္းျဖစ္သည္။ မင္းသမီးလည္း မင္းမိန႔္ကို ေၾကာက္လန႔္သျဖင့္ ဆရာေတာ္အား ဖ်က္စီးခဲ့ပါၿပီဟု လိမ္ညာ၍ ေလွ်ာက္တင္ေလသည္။ တမုဟုတ္ခ်င္းပင္ ထိုသတင္းသည္ ျပန႔္ႏွံ႔သြားေတာ့သည္။ ယုံသူကလည္း ယုံ ၊မယုံသူကလည္း မယုံ ။
ထိုအခါ အလႉအတန္း ျပဳလုပ္ရန္ လာေသာ မင္းႏွင့္ ပရိသတ္တို႔အား ဆရာေတာ္သည္ ေျခေထာက္မွ သကၤန္း စည္းထားသည့္ ဒါဏ္ရာကို ျပၿပီး “ငါ၏ သီလ ပ်က္စီးပါမူ ဤဓားေမာက္သည္ ခ်ေသာခဏ ေရ၌ ျမဳပ္ပါေစသား။ စင္ၾကယ္ပါမူ ေရဝယ္ ကူးေစသား” ဟု ေတာင္ဖီလာကန္၌ပင္ သစၥာ အဓိ႒ာန္၍ ျပေတာ္မူေလသည္။ဓားမသည္ ေရတြင္ မျမဳပ္ပဲ ေရ၌ ကူးခတ္သြားသည္။ ဆန္းၾကယ္ေသာ ျဖစ္ရပ္ေၾကာင့္ မင္းႏွင့္ ပရိသတ္အေပါင္း ဆရာေတာ္၏ သီလသမာဓိက အံခ်ီးမကုန္ ျဖစ္သြားၾကသည္။ထိုအခ်ိန္မွစ၍ ဓားမ ေရကူးဆရာေတာ္ ဟူ၍ လည္း ထပ္ဆင့္ ေက်ာ္ၾကား သြားခဲ့ေလေတာ့သည္။Ref ဓမၼာစရိယ ဦးေ႒းလႈိင္ (ရဟႏၲာႏွင့္ ပုဂၢိဳလ္ထူးမ်ား)ေမာင္ၾကည္သန႔္ (ျမန္မာ့သမိုင္းထဲက အထင္ကရမ်ား)
Credit