မြတ်စွာဘုရား သက်တော် ထင်ရှားရှိစဉ်က ဗေဒင် ကျွမ်းကျင်သော ပုဏ္ဏား မိသားစု ရှိရာတွင် ပုဏ္ဏားကြီး သည် မိမိကိုယ်ကို ဗေဒင် တွက်ကြည့်ရာ…အသက်(၆၀)ပြည့်သည့်နေ့တွင် သေရမည်ကို သိလေ၏။ထိုအခါ မြတ်စွာဘုရားကို မကိုးကွယ်သော်လည်း သေရမည်ကိုကြောက်လန့်၍ ဘုရားထံ သွားလေ၏။
ဘုရားရှင်ထံရောက်သော် မြတ်စွာဘုရားက ” မှန်၏။ အသက်(၆၀) နေမွန်းတည့်ချိန်တွင်သေမည်။ သေလျှင် မြောက်ဘက်တောတန်းတွင် မျောက်ဖြစ်လိမ့်မည် ” ဟုဟောကြားလိုက်လေသည်။ပုဏ္ဏားလည်း အိမ်ပြန်ပြီး မျောက်ဘဝ၌ စားရန် တောတန်းတွင်ဥယျာဉ်စိုက်၏ နေရန် ဇရပ်ဆောက် ၏ ရေတွင်းတူး၏ လမ်းဖောက်၏ တံတားဆောက်၏
စသည်တို့ကို လုပ်သော် ထိုအတွက်ကြောင့်လူအများ သွားလာရပ်နားမှုအဆင်ပြေနေတော့သည်။အသက်(၆၀) ပြည့်၍ မသေသောအခါဘုရားရှင်ထံ သွားရောက် အပြစ်တင်လေ၏။မြတ်စွာဘုရားက ကိုယ်ကျိုးအတွက် မဟုတ်ဘဲအများအတွက် ပြုလုပ်ပေးသော အောက်ပါကုသိုလ်များသည် သေနေ့ကိုပင်ရွှေ့ပစ်နိုင်သည်ဟု ဟောပြလေရာပုဏ္ဏားမိသားစု ဗုဒ္ဓဘာသာသို့ ကူးပြောင်း၍သောတာပန် တည်လေ၏။
အများစားသုံးရန် ဥယျာဉ်စိုက်ခြင်း အများစားသုံးရန် အရန်စိုက်ခြင်း အများနေရန် ဇရပ်ဆောက်ပေးခြင်း အများသွားလာနိုင်ရန် လမ်းဖောက်ပေးခြင်း အများ သွားလာနိုင်ရန် တံတား ဆောက်ပေးခြင်း အများသောက်သုံးနိုင်ရန် ရေတွင်းရေကန် တူးပေးခြင်း《မှတ်ချက်။ ။ “အရန်” စိုက်သည် ဆိုသည်မှာ မိမိနေအိမ်၊ နေရာ၊ ပတ်ဝန်းကျင် တွင် အများအတွက် သစ်ပင်စိုက်ပျိုးပေးခြင်း ဖြစ်ပါသည်။》သေနေ့ကို ရွှေ့နိုင်သော ကုသိုလ်ထူး များ ရရှိနိုင်ကြပါစေ။Credit
Zawgyi
ျမတ္စြာဘုရား သက္ေတာ္ ထင္ရွားရွိစဥ္က ေဗဒင္ ကြၽမ္းက်င္ေသာ ပုဏၰား မိသားစု ရွိရာတြင္ ပုဏၰားႀကီး သည္ မိမိကိုယ္ကို ေဗဒင္ တြက္ၾကည့္ရာ…အသက္(၆၀)ျပည့္သည့္ေန႔တြင္ ေသရမည္ကို သိေလ၏။ထိုအခါ ျမတ္စြာဘုရားကို မကိုးကြယ္ေသာ္လည္း ေသရမည္ကိုေၾကာက္လန႔္၍ ဘုရားထံ သြားေလ၏။
ဘုရားရွင္ထံေရာက္ေသာ္ ျမတ္စြာဘုရားက ” မွန္၏။ အသက္(၆၀) ေနမြန္းတည့္ခ်ိန္တြင္ေသမည္။ ေသလွ်င္ ေျမာက္ဘက္ေတာတန္းတြင္ ေမ်ာက္ျဖစ္လိမ့္မည္ ” ဟုေဟာၾကားလိုက္ေလသည္။ပုဏၰားလည္း အိမ္ျပန္ၿပီး ေမ်ာက္ဘဝ၌ စားရန္ ေတာတန္းတြင္ဥယ်ာဥ္စိုက္၏ ေနရန္ ဇရပ္ေဆာက္ ၏ ေရတြင္းတူး၏ လမ္းေဖာက္၏ တံတားေဆာက္၏
စသည္တို႔ကို လုပ္ေသာ္ ထိုအတြက္ေၾကာင့္လူအမ်ား သြားလာရပ္နားမႈအဆင္ေျပေနေတာ့သည္။အသက္(၆၀) ျပည့္၍ မေသေသာအခါဘုရားရွင္ထံ သြားေရာက္ အျပစ္တင္ေလ၏။ျမတ္စြာဘုရားက ကိုယ္က်ိဳးအတြက္ မဟုတ္ဘဲအမ်ားအတြက္ ျပဳလုပ္ေပးေသာ ေအာက္ပါကုသိုလ္မ်ားသည္ ေသေန႔ကိုပင္ေ႐ႊ႕ပစ္ႏိုင္သည္ဟု ေဟာျပေလရာပုဏၰားမိသားစု ဗုဒၶဘာသာသို႔ ကူးေျပာင္း၍ေသာတာပန္ တည္ေလ၏။
အမ်ားစားသုံးရန္ ဥယ်ာဥ္စိုက္ျခင္း အမ်ားစားသုံးရန္ အရန္စိုက္ျခင္း အမ်ားေနရန္ ဇရပ္ေဆာက္ေပးျခင္း အမ်ားသြားလာႏိုင္ရန္ လမ္းေဖာက္ေပးျခင္း အမ်ား သြားလာႏိုင္ရန္ တံတား ေဆာက္ေပးျခင္း အမ်ားေသာက္သုံးႏိုင္ရန္ ေရတြင္းေရကန္ တူးေပးျခင္း《မွတ္ခ်က္။ ။ “အရန္” စိုက္သည္ ဆိုသည္မွာ မိမိေနအိမ္၊ ေနရာ၊ ပတ္ဝန္းက်င္ တြင္ အမ်ားအတြက္ သစ္ပင္စိုက္ပ်ိဳးေပးျခင္း ျဖစ္ပါသည္။》ေသေန႔ကို ေ႐ႊ႕ႏိုင္ေသာ ကုသိုလ္ထူး မ်ား ရရွိႏိုင္ၾကပါေစ။Credit