နိုင်ငံခြားသားတွေတောင် သြချရတဲ့ မြန်မာပြည် ကားပွဲစားလောကရဲ့ လျှို့ဝှက်စကား အထာများ

နိုင်ငံခြားသားတွေတောင် သြချရတဲ့ မြန်မာပြည် ကားပွဲစားလောကရဲ့ လျှို့ဝှက်စကား အထာများ

ကားပွဲစားတွေရဲ့ စကားအထာတွေဟာ ထူးခြားဆန်းကြယ်လှပါတယ်။ ကားအမျိုးအစား နာမည်တွေကိုလည်း အမျိုးမျိုး ပေးတတ်လွန်းလို့ မြန်မာပြည်က ကားနာမည်တွေကို နိုင်ငံခြားသားတွေက အတော် အံ့အားသင့်ခဲ့ကြပါသေးတယ်။

ယခုတစ်ခါမှာတော့ ပွဲစားလေးတွေရဲ့ လက်သုံးစကားတွေရဲ့ အနက် အဓိပ္ပာယ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပထမဦးဆုံး စကားလုံးကတော့ လုပ်ချက်မရှိ ဆိုတာပါပဲ။ အဲ့စကားရဲ့ အဓိပ္ပာယ်ကတော့ လုပ်ချက်မရှိဘဲ ပြင်ချက်တွေပဲ ရှိတာကို ဆိုလိုတာပါ။

မိန်းကလေး တစ်လက်ကိုင် ဆိုတာကတော့ ကားပေါ် ယောက်ျားလေး မတင်ဘဲ မိန်းကလေးတွေပဲ တင်မောင်းတာပဲ ဖြစ်ပါတယ်။

တစ်ကျပ်ဖိုးမှ ထပ်ထည့်စရာမလို ဆိုတာက တစ်စီးလုံး အခွံချိန်းရမှာကို ဆိုလိုခြင်း ဖြစ်ပြီး၊

ဂျပန့်နံ့လေးတောင် သင်းနေသေးတယ် ဆိုတာကတော့ ဂျပန်ဂတုံး လာစီးသွားလို့ ဖြစ်ပါတယ်။

Anniversary အထိမ်းအမှတ်ပါ ဆိုရင်တော့ စျေးပိုပြီသာ မှတ်လိုက်ပါတော့။

အင်ဂျင်ပါဝါ ကြီးပေမယ့် ဆီမစားပါကတော့ ရပ်ထားတဲ့ အချိန်ကို ဆိုလိုတာ ဖြစ်ပါတယ်။

လက်တင်စီးရုံကတော့ ကိုယ့်ပိုက်ဆံအိတ်ပေါ် လက်တင်ထားပြီး စီးရမှာပါ။ ကုန်ဖို့သာ ​ပြင်ပေတော့။

ကားကြောင့် ပွဲမပျက်စေရ ဆိုရင်တော့ စျေးကြောင့်သာ ပွဲပျက်မှာ ဖြစ်ပါတယ်။

အော်ကီလို ၃၀၀၀၀ ပါ ဆိုရင်တော့ လျော့ထားတာ အနည်းဆုံး နှစ်ဆလောက် ရှိနေတာကို ဆိုလိုပြီး၊

အတိုက်အခိုက်ရှင်း ကတော့ တိုက်မိလို့ ခဏခဏ ရှင်းထားရတာကို ပြောတာပါ။

ရုံးသွားရုံးပြန်ပဲ စီးတာပါ ဆိုရင်တော့ ရုံးက နေပြည်တော် အိမ်က ရန်ကုန်မှာ ဖြစ်ပြီး၊

ဟိုင်းဝေး တန်းထွက်နိုင် ဆိုတာကတော့ ကိုယ်ဖြစ်ကိုယ်ခံ လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

ကဲ…ဒီလောက်ဆိုရင်တော့ ကားပွဲဇိုးလေးတွေရဲ့ လက်သုံးစကားတွေကို အထိုက်အလျောက်နားလည်လောက်ပြီ ထင်ပါတယ်။

စာဖတ်ပရိသတ်ကြီး သိထားတဲ့ စကားလုံးလေးများရှိရင်လည်း ကွန်မန့်မှာ ပြောပြခဲ့ကြပါဦး။

Credit

Zawgyi

ႏိုင္ငံျခားသားေတြေတာင္ ၾသခ်ရတဲ့ ျမန္မာျပည္ ကားပြဲစားေလာကရဲ႕ လွ်ိဳ႕ဝွက္စကား အထာမ်ား

ကားပြဲစားေတြရဲ႕ စကားအထာေတြဟာ ထူးျခားဆန္းၾကယ္လွပါတယ္။ ကားအမ်ိဳးအစား နာမည္ေတြကိုလည္း အမ်ိဳးမ်ိဳး ေပးတတ္လြန္းလို႔ ျမန္မာျပည္က ကားနာမည္ေတြကို ႏိုင္ငံျခားသားေတြက အေတာ္ အံ့အားသင့္ခဲ့ၾကပါေသးတယ္။

ယခုတစ္ခါမွာေတာ့ ပြဲစားေလးေတြရဲ႕ လက္သုံးစကားေတြရဲ႕ အနက္ အဓိပၸာယ္ကို ေဖာ္ျပေပးလိုက္ပါတယ္။

ပထမဦးဆုံး စကားလုံးကေတာ့ လုပ္ခ်က္မရွိ ဆိုတာပါပဲ။ အဲ့စကားရဲ႕ အဓိပၸာယ္ကေတာ့ လုပ္ခ်က္မရွိဘဲ ျပင္ခ်က္ေတြပဲ ရွိတာကို ဆိုလိုတာပါ။

မိန္းကေလး တစ္လက္ကိုင္ ဆိုတာကေတာ့ ကားေပၚ ေယာက္်ားေလး မတင္ဘဲ မိန္းကေလးေတြပဲ တင္ေမာင္းတာပဲ ျဖစ္ပါတယ္။

တစ္က်ပ္ဖိုးမွ ထပ္ထည့္စရာမလို ဆိုတာက တစ္စီးလုံး အခြံခ်ိန္းရမွာကို ဆိုလိုျခင္း ျဖစ္ၿပီး၊

ဂ်ပန႔္နံ႔ေလးေတာင္ သင္းေနေသးတယ္ ဆိုတာကေတာ့ ဂ်ပန္ဂတုံး လာစီးသြားလို႔ ျဖစ္ပါတယ္။

Anniversary အထိမ္းအမွတ္ပါ ဆိုရင္ေတာ့ ေစ်းပိုၿပီသာ မွတ္လိုက္ပါေတာ့။

အင္ဂ်င္ပါဝါ ႀကီးေပမယ့္ ဆီမစားပါကေတာ့ ရပ္ထားတဲ့ အခ်ိန္ကို ဆိုလိုတာ ျဖစ္ပါတယ္။

လက္တင္စီး႐ုံကေတာ့ ကိုယ့္ပိုက္ဆံအိတ္ေပၚ လက္တင္ထားၿပီး စီးရမွာပါ။ ကုန္ဖို႔သာ ​ျပင္ေပေတာ့။

ကားေၾကာင့္ ပြဲမပ်က္ေစရ ဆိုရင္ေတာ့ ေစ်းေၾကာင့္သာ ပြဲပ်က္မွာ ျဖစ္ပါတယ္။

ေအာ္ကီလို ၃၀၀၀၀ ပါ ဆိုရင္ေတာ့ ေလ်ာ့ထားတာ အနည္းဆုံး ႏွစ္ဆေလာက္ ရွိေနတာကို ဆိုလိုၿပီး၊

အတိုက္အခိုက္ရွင္း ကေတာ့ တိုက္မိလို႔ ခဏခဏ ရွင္းထားရတာကို ေျပာတာပါ။

႐ုံးသြား႐ုံးျပန္ပဲ စီးတာပါ ဆိုရင္ေတာ့ ႐ုံးက ေနျပည္ေတာ္ အိမ္က ရန္ကုန္မွာ ျဖစ္ၿပီး၊

ဟိုင္းေဝး တန္းထြက္ႏိုင္ ဆိုတာကေတာ့ ကိုယ္ျဖစ္ကိုယ္ခံ လို႔ ဆိုလိုျခင္း ျဖစ္ပါတယ္။

ကဲ…ဒီေလာက္ဆိုရင္ေတာ့ ကားပြဲဇိုးေလးေတြရဲ႕ လက္သုံးစကားေတြကို အထိုက္အေလ်ာက္နားလည္ေလာက္ၿပီ ထင္ပါတယ္။

စာဖတ္ပရိသတ္ႀကီး သိထားတဲ့ စကားလုံးေလးမ်ားရွိရင္လည္း ကြန္မန႔္မွာ ေျပာျပခဲ့ၾကပါဦး။

Credit

Leave a Comment