ရာဇဝင်ထဲက ထူးထူးခြားခြား မိန်းမသား (သို့) မင်းငါးဆက်တိုင် မိဖုရားမြှောက်ခြင်း ခံခဲ့ရသူ

ရာဇဝင်ထဲက ထူးထူးခြားခြား မိန်းမသား (သို့) မင်းငါးဆက်တိုင် မိဖုရားမြှောက်ခြင်းခံခဲ့ရသူ

ရာဇဝင်ထဲကထူးထူးခြားခြားမိန်းမသား(သို့) မင်းငါးဆက်တိုင် မိဖုရားမြှောက်ခြင်းခံခဲ့ရသူ ရှင်ဘို့မယ်ရှင်ဘို့မယ်လို့ ဆိုလိုက်ရင်မင်းဆက်ငါးသွယ်ရှင်ဘို့မယ်နန်းလယ်တင့်သည်သာဆိုတဲ့ စာချိုးအတိုင်း မင်းငါးဆက်တိုင်မိဖုရားမြှောက်ခံခဲ့ရသူဖြစ်ကြောင့် ကြားဖူးကြမှာပါ..။

ရှင်ဘို့မယ်ဟာ မင်းကြီးစွာစော်ကဲရဲ့ မြေးတော်စပ်သူဖြစ်ပါတယ်..။ ရှင်ဘို့မယ်နဲ့ ပထမဆုံးလက်ဆက်ခဲ့သူကအင်းဝ-ဟံသာဝတီ နှစ်လေးဆယ်စစ်ပွဲထဲကအင်းဝဘုရင်မင်းခေါင်ဖြစ်ပါတယ်..။

ဘုရင်မင်းခေါင်ဟာရှင်ဘို့မယ်ရဲ့ဦးလေးတော်သူ ဖြစ်ပါတယ်..။ ဘုရင်မင်းခေါင်ကွယ်လွန်ပြီးနန်း တက်ခဲ့သူ ဆင်ဖြူရှင်သီဟသူကလည်းမိထွေးတော်ရှင်ဘို့မယ်ကို မိဖုရား ထပ်မြှောက်ပြန်ပါတယ်။

သီဟသူပြီးတဲ့နောက် မင်းလှငယ်ကလေးကျေးတောင်ညိုမင်းနဲ့မိုးညှင်းသတိုးတို့ဟာရှင်ဘို့မယ်ကိုဆက်လက်ပြီးမိဖုရားမြှောက်ကြပြန်ပါတယ်..။ ပထမဆုံး ဘုရင်မင်းခေါင်နဲ့လက် ထပ်စဉ်ကရှင်ဘို့မယ်ဟာအသက်၁၇,၁၈နှစ်လောက်ပဲရှိပါသေးတယ်..။

ဘုရင်မင်းခေါင်ဆိုတာကလည်းအဲဒီအချိန်က ရာဇာဓိရာဇ်နဲ့စစ်ပြိုင်နေသူပါ..။ရာဇာဓိရာဇ်ကိုတိုက်ဖို့အောက်မြန်မာပြည်ကို စစ်ချီတဲ့အခါမိဖုရား၊မင်းညီမင်သားတွေကိုပါ လိုက်ပါစေပါတယ်၊အဲဒီစစ်ပွဲမှာ ဘုရင်မင်းခေါင်ရှုံးပြီး တပ်ဆုတ်ခဲ့ရပါတယ်..။

အပြေးအလွှားဆုတ်တဲ့အချိန်မှာ ရှင်ဘို့မယ်ဟာ ဆင်ပေါ်ကပြုတ်ကျကျန်ခဲ့ပါတယ်..။နောက်ကလည်း ဟံသာဝတီတပ်တွေ လိုက်တိုက်ခိုက်နေတာကြောင့်ရှင်ဘို့မယ်ဟာ ပုန်းအောင်နေခဲ့ပါတယ်..။

အချိန်တော်တော်ကြာတဲ့အခါမှာ နောက်ဆုံးကနေ ဆုတ်လာတဲ့ဘုရင့်ဆင်တော်ရဲမြတ်စွာကို တွေ့တဲ့အခါ အော်ဟစ်အကူအညီတောင်းပါတယ်။

ဒီအချိန်မှာပဲ ဆင်ပေါ်ကဆင်ကဲက ငါတော့ဘေးရောက်ပြီမင်းသတိထားပလို့ ဆင်ဦးစီးကို ပြောလိုက်ပါတယ်..။ အကြောင်းကတော့ မိဖုရားကို မကယ်ခဲ့လို့ ဘုရင်သိသွားရင်လည်း အ သတ်ခံရမယ် ကယ်သွားပြန်ပါကလည်း လမ်းခရီးမှာ မိဖုရားနဲ့မသင်္ကာဖြစ်ရင်လည်း အသတ်ခံရမှာပဲ ဖြစ်ပါတယ်။

ဒီလိုနဲ့ ဆင်ကဲတို့ဟာ ရှင်ဘို့မယ်ကိုကယ်ခဲ့ပါတယ်၊လမ်းခရီးတစ်ဝက်မှာနားတဲ့အခါ ရှင်ဘို့မယ်ကို လင့်စင်ပေါ်မှာအိပ်စေပြီး သူတို့ကတော့ အောက်မှာပဲ အိပ်ပါတယ်..။ ဘုရင်မင်းခေါင်ကတော့ မိဖုရားတစ်ပါးရှင်မိနောက်အဖမ်းခံရတဲ့ သတင်းကိုကြားပြီး ရှင်ဘို့မယ်အကြောင်းကို မကြားရတဲ့အတွက် ခေါင်းမီးတောက်နေပါတယ်..။

ရှင်ဘို့မယ်ကို ဆင်ကဲကယ်လာတာ တွေ့တော့စစ်ဆေးမေးမြန်းပြီး ယုံကြည်တဲ့အတွက် ဆင်ကဲတို့ကိုဆုတွေ ချီးမြှင့်လိုက်ပါတယ်..။

ဒါပေမယ့် ဘုရင်မင်းခေါင်ဟာ အူတိုတတ်သူဖြစ်လေတော့ မကြာခဏအဲဒီအကြောင်းကို မေးပါတယ်..။ မေးတိုင်းလည်းရှင်ဘို့မယ်က ဘာမှမဖြစ်တဲ့အကြောင်းဖြေပါတယ်..။

တစ်နေ့ ရှင်ဘို့မယ်ဟာ ဘုရင်နဲ့အတူထိုင်စဉ် ကွမ်းသီးညှပ်ရာမှာ ကွမ်းညှပ်က လက်ကိုထိတဲ့အခါ အိုဆင်ကဲကယ်ပါလို့ ယောင်မိတဲ့အခါချက်ချင်းပဲ ဆင်ကဲကို သတ်စေခဲ့ပါတယ်..။

သက်ဦး စံပိုင်စနစ်အောက်မှာ အပြစ်မရှိတဲ့ ဆင်ကဲ သေသွားရပါတယ်..။ သူ့ကြောင့် ဆင်ကဲ သေရတယ်ဆိုပြီးရှင်ဘို့မယ်ဟာ မြေပေါ်မှာဣန္ဒြပျေက်လောက်အောင်ကို လူးလှိမ့်ပြီး ငိုတယ်လို့ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းမှာ ရေးထားပါတယ်..ဒီလိုနဲ့ရှင်ဘို့မယ်ဟာ ဘုရင်မင်းခေါင်ရဲ့ မိဖုရားအဖြစ်နှစ်ပေါင်း၂၀ ကျော်နေခဲ့ပါတယ်..။

မင်းခေါင်ကွယ်လွန်တဲ့အခါ သီဟသူနန်းတက်ခဲ့ပြီး မိထွေးတော်ရှင်ဘို့မယ်ကို မိဖုရားထပ်မြှောက်ပြန်ပါတယ်.. နန်းသက်၄နှစ်အရောက်မှာ စစ်ပွဲအတွင်း ကျဆုံးခဲ့ပါတယ်..။ သီဟသူပြီးတဲ့နောက်မှ သားတော်မင်းလှငယ်နန်းတက်ပါတယ်..။ မင်းလှငယ်ရဲ့အသက်က ၉နှစ်သာရှိပါသေးတယ်..မှူးမတ်တွေက နန်းတင်ပြီးဘုရင်လုပ်ခိုင်းတဲ့အတွက် ဘုရင်ဖြစ်ခဲ့ပြီး ရှင်ဘို့မယ်ဟာ ထုံးစံအရ မိဖုရားဖြစ်လာပါတယ်..မင်းလှငယ်ဟာလည်းနန်းသက် ၃လမှာပဲ အဆိပ်မိပြီး ကွယ်လွန်ခဲ့ပြန်ပါတယ်..

ရှင်ဘို့မယ်ဟာ ကလေးကျေးတောင်ညိုကို ခေါ်ယူပြီးမင်းလှငယ်ကိုအဆိပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်.. မင်းလှငယ်ရဲ့နောက်မှာ တက်လာသူကတော့ ကလေးကျေးတောင်ညိုဖြစ်ပါတယ်၊

သူဟာ ရှင်ဘို့မယ်ရဲ့ငယ်ချစ်ဖြစ်ပါတယ်..သူလည်းနန်းတက် ၇လအရောက်မှာ မိုးညှင်းသတိုးလာရောက် တိုက်ခိုက်တာကြောင့် ရခိုင်ဘက်ကို ဆုတ်ပြေးခဲ့ပါတယ်..လမ်းမှာပဲ မနာမကျန်းဖြစ်ပြီးကွယ်လွန်ခဲ့ပါတယ်..

အဲဒီနောက်တော့ ရှင်ဘို့မယ်ဟာ အင်းဝကို မပြန်တော့ပဲ ရွှေစက်တော်အရပ်မှာ တပ်ချပြီးနေခဲ့ပါတယ်၊မိုးညှင်းသတိုးက ရှင်ဘို့မယ်ကို တခမ်းတနားနဲ့ ခေါ်ယူစေခဲ့ပါတယ်..

ရှင်ဘို့မယ်ရောက်လာတဲ့အခါ မိုးညှင်းသတိုးက လှေဆိပ်ကို ဆင်းကြိုပြီးကျန်းမာပါစလို့မေးတဲ့အခါ ရှင်ဘို့မယ်က ကျွန်စော်နံတယ်ဆိုပြီးမျက်နှာလွဲပါတယ်..မိုးညှင်းသတိုးကို ကျွန်လို့ပြောရတာ အကြောင်းရှိပါတယ်..

မိုးညှင်းသတိုးဟာလည်းအနှစ်၄၀စစ်ပွဲအတွင်းက နာမည်ကျော်စစ်သူကြီး တစ်ယောက်ဖြစ်ခဲ့သူပါ..။ပန်းကျော်ချောင်းမှာ သစ္စာပြုရင်းလဂွန်းအိမ်ကို သစ္စာမှန်သလောလို့ မေးခဲ့သူဟာမိုးညှင်းသတိုးပါ..ဒါပေမယ့် သူဟာဘုရင်မင်းခေါင်ရဲ့သာမန်စစ်သားကနေ စစ်သူ ကြီးဖြစ်လာခဲ့သူမို့ မိဖုရားဖြစ်တဲ့ရှင်ဘို့မယ်က ကျွန်လို့ခေါ်လိုက်တာပဲ ဖြစ်ပါတယ် သဘောထားပြည့်ဝတဲ့ဘုရင်ဖြစ်တာကြောင့် မိုးညှင်းသတိုးဟာရှင်ဘို့မယ်ကို အပြစ်မယူခဲ့ပဲ နန်းတော်တွင်းမှာပဲ အိမ်တစ်ဆောင်ဆောက်နေစေခဲ့ပါတော့တယ်။

ရှင်ဘို့မယ် လက်ဆက်ခဲ့သူများရတာကတော့ ဘုရင်မင်းခေါင်နောက်ပိုင်းဘုရင်တွေရဲ့ နန်းသက်တိုခြင်းနန်းတွင်းရေးရှုပ်ထွေးခြင်းများကြောင့်ပဲ ဖြစ်ပါတယ်..။ ရှင်ဘို့မယ်ကို ရုပ်ချောပေမယ့် မာနကြီးသူ မောက်မာသူအဖြစ် သမိုင်းဆရာများက သတ်မှတ်ထားပါတယ်..

ဒါတွေကတော့ မင်းငါးဆက်တိုင် လက်ဆက်ခဲ့သူ ရှင်ဘို့မယ်ရဲ့အကြောင်းတွေပါပဲ..။ ကိုးကား – ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းနိုင်ပန်းလှ

Credit

Zawgyi

ရာဇဝင္ထဲက ထူးထူးျခားျခား မိန္းမသား (သို႔) မင္းငါးဆက္တိုင္ မိဖုရားေျမႇာက္ျခင္းခံခဲ့ရသူ

ရာဇဝင္ထဲကထူးထူးျခားျခားမိန္းမသား(သို႔) မင္းငါးဆက္တိုင္ မိဖုရားေျမႇာက္ျခင္းခံခဲ့ရသူ ရွင္ဘို႔မယ္ရွင္ဘို႔မယ္လို႔ ဆိုလိုက္ရင္မင္းဆက္ငါးသြယ္ရွင္ဘို႔မယ္နန္းလယ္တင့္သည္သာဆိုတဲ့ စာခ်ိဳးအတိုင္း မင္းငါးဆက္တိုင္မိဖုရားေျမႇာက္ခံခဲ့ရသူျဖစ္ေၾကာင့္ ၾကားဖူးၾကမွာပါ..။

ရွင္ဘို႔မယ္ဟာ မင္းႀကီးစြာေစာ္ကဲရဲ႕ ေျမးေတာ္စပ္သူျဖစ္ပါတယ္..။ ရွင္ဘို႔မယ္နဲ႔ ပထမဆုံးလက္ဆက္ခဲ့သူကအင္းဝ-ဟံသာဝတီ ႏွစ္ေလးဆယ္စစ္ပြဲထဲကအင္းဝဘုရင္မင္းေခါင္ျဖစ္ပါတယ္..။

ဘုရင္မင္းေခါင္ဟာရွင္ဘို႔မယ္ရဲ႕ဦးေလးေတာ္သူ ျဖစ္ပါတယ္..။ ဘုရင္မင္းေခါင္ကြယ္လြန္ၿပီးနန္း တက္ခဲ့သူ ဆင္ျဖဴရွင္သီဟသူကလည္းမိေထြးေတာ္ရွင္ဘို႔မယ္ကို မိဖုရား ထပ္ေျမႇာက္ျပန္ပါတယ္။

သီဟသူၿပီးတဲ့ေနာက္ မင္းလွငယ္ကေလးေက်းေတာင္ညိဳမင္းနဲ႔မိုးညႇင္းသတိုးတို႔ဟာရွင္ဘို႔မယ္ကိုဆက္လက္ၿပီးမိဖုရားေျမႇာက္ၾကျပန္ပါတယ္..။ ပထမဆုံး ဘုရင္မင္းေခါင္နဲ႔လက္ ထပ္စဥ္ကရွင္ဘို႔မယ္ဟာအသက္၁၇,၁၈ႏွစ္ေလာက္ပဲရွိပါေသးတယ္..။

ဘုရင္မင္းေခါင္ဆိုတာကလည္းအဲဒီအခ်ိန္က ရာဇာဓိရာဇ္နဲ႔စစ္ၿပိဳင္ေနသူပါ..။ရာဇာဓိရာဇ္ကိုတိုက္ဖို႔ေအာက္ျမန္မာျပည္ကို စစ္ခ်ီတဲ့အခါမိဖုရား၊မင္းညီမင္သားေတြကိုပါ လိုက္ပါေစပါတယ္၊အဲဒီစစ္ပြဲမွာ ဘုရင္မင္းေခါင္ရႈံးၿပီး တပ္ဆုတ္ခဲ့ရပါတယ္..။

အေျပးအလႊားဆုတ္တဲ့အခ်ိန္မွာ ရွင္ဘို႔မယ္ဟာ ဆင္ေပၚကျပဳတ္က်က်န္ခဲ့ပါတယ္..။ေနာက္ကလည္း ဟံသာဝတီတပ္ေတြ လိုက္တိုက္ခိုက္ေနတာေၾကာင့္ရွင္ဘို႔မယ္ဟာ ပုန္းေအာင္ေနခဲ့ပါတယ္..။

အခ်ိန္ေတာ္ေတာ္ၾကာတဲ့အခါမွာ ေနာက္ဆုံးကေန ဆုတ္လာတဲ့ဘုရင့္ဆင္ေတာ္ရဲျမတ္စြာကို ေတြ႕တဲ့အခါ ေအာ္ဟစ္အကူအညီေတာင္းပါတယ္။

ဒီအခ်ိန္မွာပဲ ဆင္ေပၚကဆင္ကဲက ငါေတာ့ေဘးေရာက္ၿပီမင္းသတိထားပလို႔ ဆင္ဦးစီးကို ေျပာလိုက္ပါတယ္..။ အေၾကာင္းကေတာ့ မိဖုရားကို မကယ္ခဲ့လို႔ ဘုရင္သိသြားရင္လည္း အ သတ္ခံရမယ္ ကယ္သြားျပန္ပါကလည္း လမ္းခရီးမွာ မိဖုရားနဲ႔မသကၤာျဖစ္ရင္လည္း အသတ္ခံရမွာပဲ ျဖစ္ပါတယ္။

ဒီလိုနဲ႔ ဆင္ကဲတို႔ဟာ ရွင္ဘို႔မယ္ကိုကယ္ခဲ့ပါတယ္၊လမ္းခရီးတစ္ဝက္မွာနားတဲ့အခါ ရွင္ဘို႔မယ္ကို လင့္စင္ေပၚမွာအိပ္ေစၿပီး သူတို႔ကေတာ့ ေအာက္မွာပဲ အိပ္ပါတယ္..။ ဘုရင္မင္းေခါင္ကေတာ့ မိဖုရားတစ္ပါးရွင္မိေနာက္အဖမ္းခံရတဲ့ သတင္းကိုၾကားၿပီး ရွင္ဘို႔မယ္အေၾကာင္းကို မၾကားရတဲ့အတြက္ ေခါင္းမီးေတာက္ေနပါတယ္..။

ရွင္ဘို႔မယ္ကို ဆင္ကဲကယ္လာတာ ေတြ႕ေတာ့စစ္ေဆးေမးျမန္းၿပီး ယုံၾကည္တဲ့အတြက္ ဆင္ကဲတို႔ကိုဆုေတြ ခ်ီးျမႇင့္လိုက္ပါတယ္..။

ဒါေပမယ့္ ဘုရင္မင္းေခါင္ဟာ အူတိုတတ္သူျဖစ္ေလေတာ့ မၾကာခဏအဲဒီအေၾကာင္းကို ေမးပါတယ္..။ ေမးတိုင္းလည္းရွင္ဘို႔မယ္က ဘာမွမျဖစ္တဲ့အေၾကာင္းေျဖပါတယ္..။

တစ္ေန႔ ရွင္ဘို႔မယ္ဟာ ဘုရင္နဲ႔အတူထိုင္စဥ္ ကြမ္းသီးညႇပ္ရာမွာ ကြမ္းညႇပ္က လက္ကိုထိတဲ့အခါ အိုဆင္ကဲကယ္ပါလို႔ ေယာင္မိတဲ့အခါခ်က္ခ်င္းပဲ ဆင္ကဲကို သတ္ေစခဲ့ပါတယ္..။

သက္ဦး စံပိုင္စနစ္ေအာက္မွာ အျပစ္မရွိတဲ့ ဆင္ကဲ ေသသြားရပါတယ္..။ သူ႔ေၾကာင့္ ဆင္ကဲ ေသရတယ္ဆိုၿပီးရွင္ဘို႔မယ္ဟာ ေျမေပၚမွာဣျႏၵေပ်က္ေလာက္ေအာင္ကို လူးလွိမ့္ၿပီး ငိုတယ္လို႔ ရာဇာဓိရာဇ္အေရးေတာ္ပုံက်မ္းမွာ ေရးထားပါတယ္..ဒီလိုနဲ႔ရွင္ဘို႔မယ္ဟာ ဘုရင္မင္းေခါင္ရဲ႕ မိဖုရားအျဖစ္ႏွစ္ေပါင္း၂၀ ေက်ာ္ေနခဲ့ပါတယ္..။

မင္းေခါင္ကြယ္လြန္တဲ့အခါ သီဟသူနန္းတက္ခဲ့ၿပီး မိေထြးေတာ္ရွင္ဘို႔မယ္ကို မိဖုရားထပ္ေျမႇာက္ျပန္ပါတယ္.. နန္းသက္၄ႏွစ္အေရာက္မွာ စစ္ပြဲအတြင္း က်ဆုံးခဲ့ပါတယ္..။ သီဟသူၿပီးတဲ့ေနာက္မွ သားေတာ္မင္းလွငယ္နန္းတက္ပါတယ္..။ မင္းလွငယ္ရဲ႕အသက္က ၉ႏွစ္သာရွိပါေသးတယ္..မႉးမတ္ေတြက နန္းတင္ၿပီးဘုရင္လုပ္ခိုင္းတဲ့အတြက္ ဘုရင္ျဖစ္ခဲ့ၿပီး ရွင္ဘို႔မယ္ဟာ ထုံးစံအရ မိဖုရားျဖစ္လာပါတယ္..မင္းလွငယ္ဟာလည္းနန္းသက္ ၃လမွာပဲ အဆိပ္မိၿပီး ကြယ္လြန္ခဲ့ျပန္ပါတယ္..

ရွင္ဘို႔မယ္ဟာ ကေလးေက်းေတာင္ညိဳကို ေခၚယူၿပီးမင္းလွငယ္ကိုအဆိပ္ခတ္ခဲ့တယ္လို႔ ဆိုပါတယ္.. မင္းလွငယ္ရဲ႕ေနာက္မွာ တက္လာသူကေတာ့ ကေလးေက်းေတာင္ညိဳျဖစ္ပါတယ္၊

သူဟာ ရွင္ဘို႔မယ္ရဲ႕ငယ္ခ်စ္ျဖစ္ပါတယ္..သူလည္းနန္းတက္ ၇လအေရာက္မွာ မိုးညႇင္းသတိုးလာေရာက္ တိုက္ခိုက္တာေၾကာင့္ ရခိုင္ဘက္ကို ဆုတ္ေျပးခဲ့ပါတယ္..လမ္းမွာပဲ မနာမက်န္းျဖစ္ၿပီးကြယ္လြန္ခဲ့ပါတယ္..

အဲဒီေနာက္ေတာ့ ရွင္ဘို႔မယ္ဟာ အင္းဝကို မျပန္ေတာ့ပဲ ေ႐ႊစက္ေတာ္အရပ္မွာ တပ္ခ်ၿပီးေနခဲ့ပါတယ္၊မိုးညႇင္းသတိုးက ရွင္ဘို႔မယ္ကို တခမ္းတနားနဲ႔ ေခၚယူေစခဲ့ပါတယ္..

ရွင္ဘို႔မယ္ေရာက္လာတဲ့အခါ မိုးညႇင္းသတိုးက ေလွဆိပ္ကို ဆင္းႀကိဳၿပီးက်န္းမာပါစလို႔ေမးတဲ့အခါ ရွင္ဘို႔မယ္က ကြၽန္ေစာ္နံတယ္ဆိုၿပီးမ်က္ႏွာလြဲပါတယ္..မိုးညႇင္းသတိုးကို ကြၽန္လို႔ေျပာရတာ အေၾကာင္းရွိပါတယ္..

မိုးညႇင္းသတိုးဟာလည္းအႏွစ္၄၀စစ္ပြဲအတြင္းက နာမည္ေက်ာ္စစ္သူႀကီး တစ္ေယာက္ျဖစ္ခဲ့သူပါ..။ပန္းေက်ာ္ေခ်ာင္းမွာ သစၥာျပဳရင္းလဂြန္းအိမ္ကို သစၥာမွန္သေလာလို႔ ေမးခဲ့သူဟာမိုးညႇင္းသတိုးပါ..ဒါေပမယ့္ သူဟာဘုရင္မင္းေခါင္ရဲ႕သာမန္စစ္သားကေန စစ္သူ ႀကီးျဖစ္လာခဲ့သူမို႔ မိဖုရားျဖစ္တဲ့ရွင္ဘို႔မယ္က ကြၽန္လို႔ေခၚလိုက္တာပဲ ျဖစ္ပါတယ္ သေဘာထားျပည့္ဝတဲ့ဘုရင္ျဖစ္တာေၾကာင့္ မိုးညႇင္းသတိုးဟာရွင္ဘို႔မယ္ကို အျပစ္မယူခဲ့ပဲ နန္းေတာ္တြင္းမွာပဲ အိမ္တစ္ေဆာင္ေဆာက္ေနေစခဲ့ပါေတာ့တယ္။

ရွင္ဘို႔မယ္ လက္ဆက္ခဲ့သူမ်ားရတာကေတာ့ ဘုရင္မင္းေခါင္ေနာက္ပိုင္းဘုရင္ေတြရဲ႕ နန္းသက္တိုျခင္းနန္းတြင္းေရးရႈပ္ေထြးျခင္းမ်ားေၾကာင့္ပဲ ျဖစ္ပါတယ္..။ ရွင္ဘို႔မယ္ကို ႐ုပ္ေခ်ာေပမယ့္ မာနႀကီးသူ ေမာက္မာသူအျဖစ္ သမိုင္းဆရာမ်ားက သတ္မွတ္ထားပါတယ္..

ဒါေတြကေတာ့ မင္းငါးဆက္တိုင္ လက္ဆက္ခဲ့သူ ရွင္ဘို႔မယ္ရဲ႕အေၾကာင္းေတြပါပဲ..။ ကိုးကား – ရာဇာဓိရာဇ္အေရးေတာ္ပုံက်မ္းႏိုင္ပန္းလွ

Credit

Leave a Comment