ဘာသာခြားတွေ ဖြစ်ကြပေမယ့် စေတီတည်ဖို့ တရွာလုံး လုပ်အားပေးနေကြတဲ့ ကြည်နူးဖွယ် အဖြစ်

ဘာသာခြားတွေ ဖြစ်ကြပေမယ့် စေတီတည်ဖို့ တရွာလုံး လုပ်အားပေးနေကြတဲ့ ကြည်နူးဖွယ် အဖြစ် ပဋ္ဌာန်းဆက်နွယ်၍ တော်စပ်ခဲ့ကြတဲ့ မိသားစု အရင်းတွေလိုပဲ ဘာသာ လူမျိုး မတူတာက အဓိက မကျပါဘူး။ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီကို မောင်နှမအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ပြီး အချင်းချငိး ကူညီ ဖေးမပေးတဲ့ မိသားစု စိတ်ဓာတ်တွေနဲ့နေရတဲ့ အရပ်က ကျေနပ်စရာ သိပ့်ကောင်းပါတယ်။

ဗုဒ္ဓဘာသာဝင်တစ်အိမ်မှမရှိသေးတဲ့ တစ်ရွာလုံး ခရစ်ယာန်တွေချည်း အိမ်ခြေ(၃၅၀)နေကြတဲ့ နာဂတောင်ပေါ် ရွာကြီးမှာ မိမိတို့က ရွှေတိဂုံပုံတူ စေတီတော် တစ်ဆူ တည်ထားနေတာပါ။ တစ်ရွာလုံးရှိသမျှ လူကြီး လူငယ်မရွေး နေ့စဉ် နေ့တိုင်းကို စေတီတည်ရာလာပြီး စိတ်ပါ လက်ပါ အင်တိုက် အားတိုက် တက်တက်ကြွကြွ ပါဝင်ကူညီ ဝေယျာဝစ္စတွေ ပြုပေးကြပါတယ်။

ကျောင်းဆရာ ဆရာမများကလည်း ဗုဒ္ဓဘာသာ မဟုတ်ကြပါဘူး။ ခရစ်ယာန်တွေချည်းပါပဲ။ ဒါပေမယ့် အုတ်ခဲသယ်ကျောက်သယ်ဖို့ လိုအပ်ရင် မနက်ခင်းပိုင်းတစ်ချိန် ညနေပိုင်းကျတော့လည်း ကျောင်းဆင်းချိန် မိနစ်(၃၀)ထက်ပိုစောပြီး ဆင်းပေးပြီး ဆရာ ဆရာမ များကိုယ်တိုင် ကျောင်းသား လူငယ် ကလေးတွေ ခေါ်လာပြီး တောင်အောက်က အုတ်တွေကို စေတီကုန်းမြေပေါ် တောင်ပေါ်အထိ လက်ဆင့်ကမ်း တင်ပေးနေကြတာများ အုတ်ပုံကြီး တစ်ပုံလောက်များ မိနစ်၂၀-ထက် ပိုမတင်ရဘူး။

သူတို့ ပါဝင် ကူညီ ဝေယျာဝစ္စပြုပေးကြတာမြင်ရတော့ ဘာကြောင့်ရယ် မပြောတတ် ကျက်သီးမွှေးညှင်းတွေထလာပြီး ဝမ်းနည်း ဝမ်းသာမှုတွေရောပြွမ်းလို့ ရင်ထဲ စို့တက် မျက်ရည်တွေပါ ကျလာပါတယ်။ သူတို့အားလုံးနဲ့ မိမိတို့ဟာ သံသရာအဆက်ဆက်က ဆွေရင်း မျိုးရင်းတွေဖြစ်ခဲ့မှာ မလွဲပါဘူး။

ဒါဟာ ပဋ္ဌာန်းဆက်နွယ်၍ အတူကုသိုလ်ပြုခွင့်ရကြတာပဲ ဒီစေတီတော် ထီးတင်ပွဲကျ နာဂရိုးရာပွဲတွေ ဆီမီးထွန်းပွဲတွေ အပြင် တခြား ပွဲတွေရော ထူးထူးခြားခြား သိုက်သိုက်မြိုက်မြိုက် တခမ်းတနားကို ဖြစ်လာမှာပါ။ဗုဒ္ဓဘာသာတစ်ဦးမှမပါတဲ့ သူတို့ ပါဝင် ကူညီပေးနေတာ တပုံချင်းစီ သေချာကြည့်ကြည့်ရင် ရင်ထဲ တမျိုး ခံစားလာရမှာပါ။ ဒီနာဂရွာကြီးကို လာလုပ်ပေးရတာ ဘယ်လိုပင်ပန်းပန်း တန်ကိုတန်တယ်။ ကျေနပ်တယ်။Ashin Kavi Nanda

Credit

Zawgyi

ဘာသာျခားေတြ ျဖစ္ၾကေပမယ့္ ေစတီတည္ဖို႔ တ႐ြာလုံး လုပ္အားေပးေနၾကတဲ့ ၾကည္ႏူးဖြယ္ အျဖစ္ ပ႒ာန္းဆက္ႏြယ္၍ ေတာ္စပ္ခဲ့ၾကတဲ့ မိသားစု အရင္းေတြလိုပဲ ဘာသာ လူမ်ိဳး မတူတာက အဓိက မက်ပါဘူး။ ျပည္ေထာင္စုဖြား တိုင္းရင္းသား ညီကို ေမာင္ႏွမအခ်င္းခ်င္း ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ၿပီး အခ်င္းခ်ငိး ကူညီ ေဖးမေပးတဲ့ မိသားစု စိတ္ဓာတ္ေတြနဲ႔ေနရတဲ့ အရပ္က ေက်နပ္စရာ သိပ့္ေကာင္းပါတယ္။

ဗုဒၶဘာသာဝင္တစ္အိမ္မွမရွိေသးတဲ့ တစ္႐ြာလုံး ခရစ္ယာန္ေတြခ်ည္း အိမ္ေျခ(၃၅၀)ေနၾကတဲ့ နာဂေတာင္ေပၚ ႐ြာႀကီးမွာ မိမိတို႔က ေ႐ႊတိဂုံပုံတူ ေစတီေတာ္ တစ္ဆူ တည္ထားေနတာပါ။ တစ္႐ြာလုံးရွိသမွ် လူႀကီး လူငယ္မေ႐ြး ေန႔စဥ္ ေန႔တိုင္းကို ေစတီတည္ရာလာၿပီး စိတ္ပါ လက္ပါ အင္တိုက္ အားတိုက္ တက္တက္ႂကြႂကြ ပါဝင္ကူညီ ေဝယ်ာဝစၥေတြ ျပဳေပးၾကပါတယ္။

ေက်ာင္းဆရာ ဆရာမမ်ားကလည္း ဗုဒၶဘာသာ မဟုတ္ၾကပါဘူး။ ခရစ္ယာန္ေတြခ်ည္းပါပဲ။ ဒါေပမယ့္ အုတ္ခဲသယ္ေက်ာက္သယ္ဖို႔ လိုအပ္ရင္ မနက္ခင္းပိုင္းတစ္ခ်ိန္ ညေနပိုင္းက်ေတာ့လည္း ေက်ာင္းဆင္းခ်ိန္ မိနစ္(၃၀)ထက္ပိုေစာၿပီး ဆင္းေပးၿပီး ဆရာ ဆရာမ မ်ားကိုယ္တိုင္ ေက်ာင္းသား လူငယ္ ကေလးေတြ ေခၚလာၿပီး ေတာင္ေအာက္က အုတ္ေတြကို ေစတီကုန္းေျမေပၚ ေတာင္ေပၚအထိ လက္ဆင့္ကမ္း တင္ေပးေနၾကတာမ်ား အုတ္ပုံႀကီး တစ္ပုံေလာက္မ်ား မိနစ္၂၀-ထက္ ပိုမတင္ရဘူး။

သူတို႔ ပါဝင္ ကူညီ ေဝယ်ာဝစၥျပဳေပးၾကတာျမင္ရေတာ့ ဘာေၾကာင့္ရယ္ မေျပာတတ္ က်က္သီးေမႊးညႇင္းေတြထလာၿပီး ဝမ္းနည္း ဝမ္းသာမႈေတြေရာႁပြမ္းလို႔ ရင္ထဲ စို႔တက္ မ်က္ရည္ေတြပါ က်လာပါတယ္။ သူတို႔အားလုံးနဲ႔ မိမိတို႔ဟာ သံသရာအဆက္ဆက္က ေဆြရင္း မ်ိဳးရင္းေတြျဖစ္ခဲ့မွာ မလြဲပါဘူး။

ဒါဟာ ပ႒ာန္းဆက္ႏြယ္၍ အတူကုသိုလ္ျပဳခြင့္ရၾကတာပဲ ဒီေစတီေတာ္ ထီးတင္ပြဲက် နာဂ႐ိုးရာပြဲေတြ ဆီမီးထြန္းပြဲေတြ အျပင္ တျခား ပြဲေတြေရာ ထူးထူးျခားျခား သိုက္သိုက္ၿမိဳက္ၿမိဳက္ တခမ္းတနားကို ျဖစ္လာမွာပါ။ဗုဒၶဘာသာတစ္ဦးမွမပါတဲ့ သူတို႔ ပါဝင္ ကူညီေပးေနတာ တပုံခ်င္းစီ ေသခ်ာၾကည့္ၾကည့္ရင္ ရင္ထဲ တမ်ိဳး ခံစားလာရမွာပါ။ ဒီနာဂ႐ြာႀကီးကို လာလုပ္ေပးရတာ ဘယ္လိုပင္ပန္းပန္း တန္ကိုတန္တယ္။ ေက်နပ္တယ္။Ashin Kavi Nanda

Credit

Leave a Comment