ညအိပ်ချိန်မှာ ဘလာဇီယာ ချွတ်အိပ်သင့်သလား
မိန်းကလေးအချို့က ဘရာဇီယာကို အချိန်တိုင်းအချိန်ပြည့် ဝတ်ထားရတာကိုပဲ သက်တောင့်သက်သာ ရှိတယ်လို့ ဆိုပါတယ်။
ဘရာဇီယာက ရင်သား တွဲကျခြင်းနှင့် ရင်သား ပုံမကျခြင်းတို့မှ ကာကွယ်ဖို့အတွက် အမြဲဝတ်ထားသင့်တယ် ဆိုပေမယ့်လည်း ညအိပ်တဲ့အခါမှာတော့ မဝတ်သင့်ပါဘူးနော်။
ညအိပ်တဲ့အခါမှာ ဘရာဇီယာ ဝတ်အိပ်ခြင်းကြောင့် ကျန်းမာရေးအတွက် ဘယ်လို ဆိုးကျိုးတွေ သက်ရောက်နိုင်လဲဆိုတာကို သိရှိနိုင်ဖို့အတွက် ဝေမျှပေးလိုက်ပါတယ်နော်။
(၁) ညအိပ်ချိန်မှာ တင်းကြပ်နေတဲ ဘရာဇီယာဝတ်အိပ်ခြင်းကြောင့် သွေးလည်ပတ်မှုကိုအနှောင့်အယှက် ဖြစ်စေပြီး ရင်သား ကြီးထွားမှုကိုနှောင့်နှေးစေပါတယ်။
ဒါ့အပြင် ဟော်မုန်းဓာတ် မညီညွတ်ခြင်းကြောင့် စိတ်ခံစားမှု အတက်အကျမြန်ခြင်း စတဲ့ ကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်တာကြောင့် ညဘက်အိပ်တဲ့အခါ တင်းကြပ်နေတဲ့ ဘရာဇီယာဝတ်ပြီး မအိပ်သင့်ပါဘူးနော်။
(၂) ညဘက် ချွေးအလွန်အကျွံ ထွက်ရတဲ့အကြောင်းအရင်းကလည်း ဘရာဇီယာ ဝတ်အိပ်သူတွေ ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုပါပဲ။
ချွေးထွက်လွန်းတာကြောင့် ယားယံခြင်း ၊ဓာတ်မတည့်ခြင်း စတာတွေ ဖြစ်ပေါ်တတ်တာကြောင့်ကျန်းမာရေးအတွက်သာမက အရေပြားရောဂါ အတွက်လည်း ဆိုးကျိုး သက်ရောက်စေနိုင်တာကြောင့် အထူးဂရုစိုက်ဖို့ လိုပါတယ်နော်။
(၃) ညအိပ်တဲ့အခါမှာ ကျောမှီပြီး အိပ်တာကြောင့် ဘရာဇီယာရဲ့ ချိတ်ကလေးတွေက ကျောကိုစူးပြီး အရာကလေးတွေ ထင်ကျန်ခဲ့ဖူးသလား။
ဒီလိုဖြစ်ခြင်းကြောင့် ကြာလာတဲ့အခါမှာ အသားများ နီမြန်းလာခြင်းနဲ့ ခြစ်ရာ ပွန်းပဲ့ရာတွေ ထွက်ပေါ်လာတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒ့ါအပြင် ညအိပ်တဲ့အခါမှာ သက်တောင့်သက်သာ မဖြစ်ဘဲ ကျပ်နေတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာ မဟုတ်ပါဘူး။
ဒါ့ကြောင့် ညအိပ်ရာဝင်တဲ့အခါမှာ လွတ်လွတ်လပ်လပ်နဲ့ သက်တောင့်သက်သာ ဖြစ်နေစေဖို့ဘရာဇီယာကို ချွတ်ဖို့ မမေ့ပါနဲ့နော်။
(၄) ရေမြှပ်၊ ဖော့ စတာတွေ ပါဝင် ဖွဲ့စည်းထားတဲ့ဘရာဇီယာကို ကြာရှည်စွဲမြဲစွာ ဝတ်မယ်ဆိုရင်ရင်သားကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။
ဘာ့ကြောင့်လည်းဆိုတော့ ရေမြှုပ်မှာ ကပ်ညှိနေတတ်တဲ့ အညစ်အကြေးများ ဘတ်တီးရီးယားပိုးမွှားတွေက တစ်ဆင့် ကင်ဆာရောဂါ ဖြစ်ပွားနိုင်ပါတယ်။
ညအိပ်တဲ့အခါမှာ ခန္ဓာကိုယ်တွင်းမှ ချွေးအဆီထွက်တဲ့အခါ ဘရာဇီယာက ဘတ်တီးရီးယားများနဲ့ ပေါင်းစပ်သွားပြီး မှိုရောဂါ ကင်ဆာရောဂါ ဖြစ်ပွားနိုင်တာကြောင့် အထူး ဂရုပြုသင့်ပါတယ်။
Credit : shweinnlay
Zawgyi
ညအိပ္ခ်ိန္မွာ ဘလာဇီယာ ခြၽတ္အိပ္သင့္သလား
Credit : shweinnlay