အိမ်မှာထားရင် ကံကောင်းခြင်းတွေ ရောက်လာစေတဲ့ ပစ္စည်း (၇)မျိုး
အိမ်တွင်းမှာ ရိုးရှင်းတဲ့ ပစ္စည်းလေးတွေကို သုံးပြီး ကောင်းတဲ့စွမ်းအင်တွေ ပိုတိုးလာအောင်၊ အညံ့တွေ လျော့အောင် လုပ်လို့ရပါတယ်။
အခုပြောပြမယ့် နည်းလမ်းက ဗေဒင်၊ ယတြာ၊ အဆောင်လက်ဖွဲ့ မဟုတ်ပါဘူး။ နိုင်ငံအသီးသီးရဲ့ ဓလေ့ထုံးတမ်းတွေမှာ ကံကောင်းစေတယ်လို့ ယုံကြည်ထားကြတဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။
(၁) ဓာတ်(၅)မျိုး
တရုတ်ရိုးရာ နည်းလမ်းတွေထဲက အရိုးရှင်းဆုံးနဲ့ အခြေခံအကျဆုံး တစ်ခုကတော့ အိမ်တွင်းမှာ သစ်သား၊ ရေ၊ သတ္တု၊ မြေကြီး၊ မီး စတဲ့ ဓာတ် (၅)မျိုးကို ထားရှိခြင်းပါပဲ။
တရုတ်သမားတော်ကြီးတွေရဲ့ အဆိုအရ သစ်သား (သို့မဟုတ်) ရေကို အိမ်ရဲ့ဘဏ္ဍာရှိတဲ့နေရာမှာထားရင် ပိုပြီး အကျိုး ဖြစ်ထွန်းစေပါတယ်။
(၂) မြင်းခွာ
အိုင်းရစ်ချ်လူမျိုးတွေရဲ့အယူအဆမှာ မြင်းခွာကို ကံကောင်းခြင်း အဖြစ် သတ်မှတ်ကြပါတယ်။
အချို့ကလည်း မြင်းခွာဟာ မကောင်းဆိုးဝါး ရန် က ကာကွယ်ပေးတယ်လို့ ဆိုကြပါတယ် ။ အိမ်ရှေ့တံခါးပေါက်ရဲ့ အပေါ်မှာ မြင်းခွာကို ထားခြင်းက အိမ်ကို အကာအကွယ် ဖြစ်စေပါတယ်။
(၃) ဆင်သင်္ကေတ
ဗုဒ္ဓဘာသာမှာရော ဟင်ဒူဘာသာမှာပါ ဆင်ကို အထွဋ်အမြတ် ထားကြပါတယ်။ ဆင်သင်္ကေတကို အမျိုးမျိုးသော ကံကောင်းခြင်းတွေအတွက် သုံးကြပါတယ်။
နောက်ပြီး ဆင်ရဲ့ ကိုယ်အနေဟန်ထား၊ အ သွင်အပြင်ပေါ် မူတည်ပြီးတော့လည်း အကျိုးပေးကွာခြားတယ်လို့ ဆိုကြပါတယ်။
ဥပမာ – ဆင်နှာမောင်းက အပေါ် မြှောက်နေတဲ့ပုံစံဆိုရင် ကံကောင်းခြင်းတွေ ဖိတ်ခေါ်တဲ့သဘောမျိုး ဆောင်ပါတယ်။
(၄) လိပ်သင်္ကေတ
တရုတ်ဓလေ့ ထုံးစံအချို့မှာ လိပ်သင်္ကေတဟာ အိမ်ရဲ့ အစောင့်အရှောက် ဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။
ပြောရမယ်ဆိုရင် လိပ်ဟာ တရုတ် Feng Shui ဂိုဏ်းတွေရဲ့ အစောင့်အရှောက်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
လိပ်ကို ခွန်အားကြီးမားတဲ့ သင်္ကေတအဖြစ် သတ်မှတ်ထားကြတာပါ။ လိပ်အစစ် ဖြစ်စေ၊ အတုဖြစ်စေ အိမ်ရဲ့ ရှေ့တံခါး၊ နောက်တံခါးတွေမှာ ထားခြင်းက အိမ်ကို အညံ့တွေက ကာကွယ်ပေးပြီး၊ ကံကောင်းခြင်းတွေကို ဝင်လာစေပါတယ်။
(၅) အနီရောင်
ကမ္ဘာတစ်ဝှမ်းက နိုင်ငံ အတော်များများရဲ့ ဓလေ့ထုံးစံမှာ အနီကို ကံကောင်းစေတဲ့ အရောင်အဖြစ် သတ်မှတ်ထားကြပါတယ်။
တရုတ်နှစ်သစ်ကူးဆိုရင် အနီရောင်တွေနဲ့ အလှဆင်ကြပြီး အန်ဘောင်းကိုလည်း အနီရောင်အိတ်နဲ့ ထည့်ပေးကြပါတယ်။
အိန္ဒိယမှာလည်း မင်္ဂလာပွဲဆိုရင် သတို့သမီးတော်တော်များများဟာ သန့်စင်ခြင်းနဲ့ ကံကောင်းခြင်း သင်္ကေတအဖြစ် အနီရောင်ဝတ်စုံကို ဝတ်ဆင်ကြပါတယ်။
ဒါကြောင့် သင့်အိမ်မှာ အနီရောင်ပန်းအိုး၊ အနီရောင်ချိတ်၊ အနီရောင်ကော်ဇောကို ထားခြင်းက ကံကောင်းခြင်းတွေ တိုးပွားစေနိုင်ပါတယ်။
(၆) ဝက်သင်္ကေတ
ဝက်သင်္ကေတကို ကံကောင်းခြင်းအဖြစ် မှတ်ယူတာက ဂျာမန်လူမျိုးတွေပါ။ ဒီအယူကတော့ ဘာသာရေး အယူ မဟုတ်ပါဘူး။ သမိုင်းကြောင်းအယူပါ။
အလယ်ခေတ်လောက်ကတည်းက ဥရောပနိုင်ငံတွေမှာ ဝက်သင်္ကေတဟာ ချမ်းသာ ကြွယ်ဝခြင်းနဲ့ ကံကောင်းခြင်း အဆောင်အဖြစ် ယုံကြည်ထားကြတာပါ။
ဝက်မွေးပြီဆိုရင် ချမ်းသာလာတော့မယ် ဆိုတဲ့ နိမိတ်ပါပဲတဲ့။ အခြားသော ကျွဲ၊ နွား၊ ကြက်တွေနဲ့ စမ်းသပ်ကြည့်ပေမယ့် အလုပ် မဖြစ်ခဲ့ပါဘူး။
ဝက်ကသာ ကံကောင်းစေခဲ့တာကြောင့် ယ နေ့တိုင် ဝက်သင်္ကေတာကို ကံကောင်းခြင်းအဖြစ် သတ်မှတ်ထားကြတာပါ။
(၇) ဝက်သစ်ချသီး
စကင်ဒနေဗီးယား နိုင်ငံတွေမှာ ဝက်သစ်ချသီးတွေကို ပန်းကန်လုံးထဲထည့်ပြီး (သို့) ပြတင်းပေါက်မှာ ချိတ်ဆွဲပြီး အလှဆင်တာက အိမ်ကို အကာအကွယ် ဖြစ်စေတယ်လို့ ယုံကြည်ကြပါတယ်။
သင်လည်း ကံကောင်းချင်တယ် ဆိုရင်တော့ အိမ်မှာ ဝက်သစ်ချသီးတွေနဲ့ အလှဆင်ထားလိုက်ပါ။
Credit
Zawgyi
အိမ္မွာထားရင္ ကံေကာင္းျခင္းေတြ ေရာက္လာေစတဲ့ ပစၥည္း (၇)မ်ိဳး
အိမ္တြင္းမွာ ႐ိုးရွင္းတဲ့ ပစၥည္းေလးေတြကို သုံးၿပီး ေကာင္းတဲ့စြမ္းအင္ေတြ ပိုတိုးလာေအာင္၊ အညံ့ေတြ ေလ်ာ့ေအာင္ လုပ္လို႔ရပါတယ္။
အခုေျပာျပမယ့္ နည္းလမ္းက ေဗဒင္၊ ယၾတာ၊ အေဆာင္လက္ဖြဲ႕ မဟုတ္ပါဘူး။ ႏိုင္ငံအသီးသီးရဲ႕ ဓေလ့ထုံးတမ္းေတြမွာ ကံေကာင္းေစတယ္လို႔ ယုံၾကည္ထားၾကတဲ့ ပစၥည္းေတြပဲ ျဖစ္ပါတယ္။
(၁) ဓာတ္(၅)မ်ိဳး
တ႐ုတ္႐ိုးရာ နည္းလမ္းေတြထဲက အ႐ိုးရွင္းဆုံးနဲ႔ အေျခခံအက်ဆုံး တစ္ခုကေတာ့ အိမ္တြင္းမွာ သစ္သား၊ ေရ၊ သတၱဳ၊ ေျမႀကီး၊ မီး စတဲ့ ဓာတ္ (၅)မ်ိဳးကို ထားရွိျခင္းပါပဲ။
တ႐ုတ္သမားေတာ္ႀကီးေတြရဲ႕ အဆိုအရ သစ္သား (သို႔မဟုတ္) ေရကို အိမ္ရဲ႕ဘ႑ာရွိတဲ့ေနရာမွာထားရင္ ပိုၿပီး အက်ိဳး ျဖစ္ထြန္းေစပါတယ္။
(၂) ျမင္းခြာ
အိုင္းရစ္ခ်္လူမ်ိဳးေတြရဲ႕အယူအဆမွာ ျမင္းခြာကို ကံေကာင္းျခင္း အျဖစ္ သတ္မွတ္ၾကပါတယ္။
အခ်ိဳ႕ကလည္း ျမင္းခြာဟာ မေကာင္းဆိုးဝါး ရန္ က ကာကြယ္ေပးတယ္လို႔ ဆိုၾကပါတယ္ ။ အိမ္ေရွ႕တံခါးေပါက္ရဲ႕ အေပၚမွာ ျမင္းခြာကို ထားျခင္းက အိမ္ကို အကာအကြယ္ ျဖစ္ေစပါတယ္။
(၃) ဆင္သေကၤတ
ဗုဒၶဘာသာမွာေရာ ဟင္ဒူဘာသာမွာပါ ဆင္ကို အထြဋ္အျမတ္ ထားၾကပါတယ္။ ဆင္သေကၤတကို အမ်ိဳးမ်ိဳးေသာ ကံေကာင္းျခင္းေတြအတြက္ သုံးၾကပါတယ္။
ေနာက္ၿပီး ဆင္ရဲ႕ ကိုယ္အေနဟန္ထား၊ အ သြင္အျပင္ေပၚ မူတည္ၿပီးေတာ့လည္း အက်ိဳးေပးကြာျခားတယ္လို႔ ဆိုၾကပါတယ္။
ဥပမာ – ဆင္ႏွာေမာင္းက အေပၚ ေျမႇာက္ေနတဲ့ပုံစံဆိုရင္ ကံေကာင္းျခင္းေတြ ဖိတ္ေခၚတဲ့သေဘာမ်ိဳး ေဆာင္ပါတယ္။
(၄) လိပ္သေကၤတ
တ႐ုတ္ဓေလ့ ထုံးစံအခ်ိဳ႕မွာ လိပ္သေကၤတဟာ အိမ္ရဲ႕ အေစာင့္အေရွာက္ ျဖစ္တယ္လို႔ ယုံၾကည္ထားၾကပါတယ္။
ေျပာရမယ္ဆိုရင္ လိပ္ဟာ တ႐ုတ္ Feng Shui ဂိုဏ္းေတြရဲ႕ အေစာင့္အေရွာက္ေတြထဲက တစ္ခုလည္း ျဖစ္ပါတယ္။
လိပ္ကို ခြန္အားႀကီးမားတဲ့ သေကၤတအျဖစ္ သတ္မွတ္ထားၾကတာပါ။ လိပ္အစစ္ ျဖစ္ေစ၊ အတုျဖစ္ေစ အိမ္ရဲ႕ ေရွ႕တံခါး၊ ေနာက္တံခါးေတြမွာ ထားျခင္းက အိမ္ကို အညံ့ေတြက ကာကြယ္ေပးၿပီး၊ ကံေကာင္းျခင္းေတြကို ဝင္လာေစပါတယ္။
(၅) အနီေရာင္
ကမာၻတစ္ဝွမ္းက ႏိုင္ငံ အေတာ္မ်ားမ်ားရဲ႕ ဓေလ့ထုံးစံမွာ အနီကို ကံေကာင္းေစတဲ့ အေရာင္အျဖစ္ သတ္မွတ္ထားၾကပါတယ္။
တ႐ုတ္ႏွစ္သစ္ကူးဆိုရင္ အနီေရာင္ေတြနဲ႔ အလွဆင္ၾကၿပီး အန္ေဘာင္းကိုလည္း အနီေရာင္အိတ္နဲ႔ ထည့္ေပးၾကပါတယ္။
အိႏၵိယမွာလည္း မဂၤလာပြဲဆိုရင္ သတို႔သမီးေတာ္ေတာ္မ်ားမ်ားဟာ သန႔္စင္ျခင္းနဲ႔ ကံေကာင္းျခင္း သေကၤတအျဖစ္ အနီေရာင္ဝတ္စုံကို ဝတ္ဆင္ၾကပါတယ္။
ဒါေၾကာင့္ သင့္အိမ္မွာ အနီေရာင္ပန္းအိုး၊ အနီေရာင္ခ်ိတ္၊ အနီေရာင္ေကာ္ေဇာကို ထားျခင္းက ကံေကာင္းျခင္းေတြ တိုးပြားေစႏိုင္ပါတယ္။
(၆) ဝက္သေကၤတ
ဝက္သေကၤတကို ကံေကာင္းျခင္းအျဖစ္ မွတ္ယူတာက ဂ်ာမန္လူမ်ိဳးေတြပါ။ ဒီအယူကေတာ့ ဘာသာေရး အယူ မဟုတ္ပါဘူး။ သမိုင္းေၾကာင္းအယူပါ။
အလယ္ေခတ္ေလာက္ကတည္းက ဥေရာပႏိုင္ငံေတြမွာ ဝက္သေကၤတဟာ ခ်မ္းသာ ႂကြယ္ဝျခင္းနဲ႔ ကံေကာင္းျခင္း အေဆာင္အျဖစ္ ယုံၾကည္ထားၾကတာပါ။
ဝက္ေမြးၿပီဆိုရင္ ခ်မ္းသာလာေတာ့မယ္ ဆိုတဲ့ နိမိတ္ပါပဲတဲ့။ အျခားေသာ ကြၽဲ၊ ႏြား၊ ၾကက္ေတြနဲ႔ စမ္းသပ္ၾကည့္ေပမယ့္ အလုပ္ မျဖစ္ခဲ့ပါဘူး။
ဝက္ကသာ ကံေကာင္းေစခဲ့တာေၾကာင့္ ယ ေန႔တိုင္ ဝက္သေကၤတာကို ကံေကာင္းျခင္းအျဖစ္ သတ္မွတ္ထားၾကတာပါ။
(၇) ဝက္သစ္ခ်သီး
စကင္ဒေနဗီးယား ႏိုင္ငံေတြမွာ ဝက္သစ္ခ်သီးေတြကို ပန္းကန္လုံးထဲထည့္ၿပီး (သို႔) ျပတင္းေပါက္မွာ ခ်ိတ္ဆြဲၿပီး အလွဆင္တာက အိမ္ကို အကာအကြယ္ ျဖစ္ေစတယ္လို႔ ယုံၾကည္ၾကပါတယ္။
သင္လည္း ကံေကာင္းခ်င္တယ္ ဆိုရင္ေတာ့ အိမ္မွာ ဝက္သစ္ခ်သီးေတြနဲ႔ အလွဆင္ထားလိုက္ပါ။
Credit