ဟိမဝန္တာဝောာင်ပေါ်က ထူးဆန်းတဲ့အရူးပျားရည် ( သို့မဟုတ် ) စားတဲ့သူကို စိတ်ဂယောင်ချောက်ခြားဖြစ်စေတဲ့ပျားရည်

ဟိမဝန္တာတောင်ထွတ်ပျား (Apis dorsata laboriosa) ဟာ ဟိမဝန္တာလှိုဏ်ဂူနက်ကြီးတွေထဲမှာ နေထိုင်တဲ့ ပျားတွေပါ။

သူတို့ကို ကမ္ဘာ့အကြီးဆုံး ပျားတွေလို့လည်း သိကြပါတယ်။ ၎င်းပျားတွေဟာ အဆိပ်ရှိတဲ့ တောင်ဇလပ်ပန်းတစ်မျိုးကနေ ပျားရည်ထုတ်ပါတယ်။

ပျားတွေဝတ်ရည်စုပ်တဲ့ တောင်ဇလပ်ပန်းက လူတွေအတွက် အဆိပ်ရှိတာကြောင့် သူတို့ထုတ်လိုက်တဲ့ ပျားရည်ရဲ့ အာနိသင်ကလည်း လူတွေရဲ့စိတ်ကို ထင်ယောင်ထင်မှား ဖြစ်စေတတ်တဲ့ ဂုဏ်သတ္တိမျိုး ရှိပါတယ်။

ဒေသခံတွေကတော့ ၎င်းပျားရည်ကို အရူးပျားရည်လို့ ခေါ်ပါတယ်။ လူကိုရီဝေဝေဖြစ်စေပေမယ့် အရူးပျားရည်မှာ ကျန်းမာရေးအရ အကျိုးရှိစေတဲ့ အာနိသင်တွေလည်း ပါဝင်တယ်။

ဒါပေမယ့် ပျားရည်ကို အများကြီးသောက်လို့ မရပါဘူး။ အများကြီး သောက်တဲ့အခါ အော့အန်တာ၊ ကြွက်သားတွေ အားလျော့တာနဲ့ နှလုံးဝေဒနာတွေကို ဖြစ်ပွားစေတတ်ပါတယ်။

ပျားရည်က လူတွေအတွက် အန္တရာယ်ရှိပေမယ့် ဒေသခံတွေကတော့ အရူးပျားရည်ကို ရောင်းချလျက်ရှိနေဆဲပါ။

အောက်ဘက်မှာတော့ အရူးပျားရည်နဲ့ ပတ်သက်လို့ ဗီဒီယိုလေးတစ်ခု တင်ပေးထားပါတယ်။ ပျားဖွပ်ရတာလည်း အန ္တရာယ်ကြီးလှသလို

ရှားပါးလို့ လူတွေတကူးတက လိုက်ရှာကြရတဲ့ အရူးပျားရည်ရဲ့ နောက်ကွက်က အကြောင်းတွေကို ဗီဒီယိုထဲ တွေ့ရမှာ ဖြစ်ပါတယ်။

မူးရင်းရေးသားသူကို လေးစားစွာ credit ပေးပါသည်။

Zawgyi

ဟိမဝႏၲာေတာင္ထြတ္ပ်ား (Apis dorsata laboriosa) ဟာ ဟိမဝႏၲာလႈိဏ္ဂူနက္ႀကီးေတြထဲမွာ ေနထိုင္တဲ့ ပ်ားေတြပါ။

သူတို႔ကို ကမာၻ႔အႀကီးဆုံး ပ်ားေတြလို႔လည္း သိၾကပါတယ္။ ၎ပ်ားေတြဟာ အဆိပ္ရွိတဲ့ ေတာင္ဇလပ္ပန္းတစ္မ်ိဳးကေန ပ်ားရည္ထုတ္ပါတယ္။

ပ်ားေတြဝတ္ရည္စုပ္တဲ့ ေတာင္ဇလပ္ပန္းက လူေတြအတြက္ အဆိပ္ရွိတာေၾကာင့္ သူတို႔ထုတ္လိုက္တဲ့ ပ်ားရည္ရဲ႕ အာနိသင္ကလည္း လူေတြရဲ႕စိတ္ကို ထင္ေယာင္ထင္မွား ျဖစ္ေစတတ္တဲ့ ဂုဏ္သတၱိမ်ိဳး ရွိပါတယ္။

ေဒသခံေတြကေတာ့ ၎ပ်ားရည္ကို အ႐ူးပ်ားရည္လို႔ ေခၚပါတယ္။ လူကိုရီေဝေ၀ျဖစ္ေစေပမယ့္ အ႐ူးပ်ားရည္မွာ က်န္းမာေရးအရ အက်ိဳးရွိေစတဲ့ အာနိသင္ေတြလည္း ပါဝင္တယ္။

ဒါေပမယ့္ ပ်ားရည္ကို အမ်ားႀကီးေသာက္လို႔ မရပါဘူး။ အမ်ားႀကီး ေသာက္တဲ့အခါ ေအာ့အန္တာ၊ ႂကြက္သားေတြ အားေလ်ာ့တာနဲ႔ ႏွလုံးေဝဒနာေတြကို ျဖစ္ပြားေစတတ္ပါတယ္။

ပ်ားရည္က လူေတြအတြက္ အႏၲရာယ္ရွိေပမယ့္ ေဒသခံေတြကေတာ့ အ႐ူးပ်ားရည္ကို ေရာင္းခ်လ်က္ရွိေနဆဲပါ။

ေအာက္ဘက္မွာေတာ့ အ႐ူးပ်ားရည္နဲ႔ ပတ္သက္လို႔ ဗီဒီယိုေလးတစ္ခု တင္ေပးထားပါတယ္။ ပ်ားဖြပ္ရတာလည္း အန ၱရာယ္ႀကီးလွသလို

ရွားပါးလို႔ လူေတြတကူးတက လိုက္ရွာၾကရတဲ့ အ႐ူးပ်ားရည္ရဲ႕ ေနာက္ကြက္က အေၾကာင္းေတြကို ဗီဒီယိုထဲ ေတြ႕ရမွာ ျဖစ္ပါတယ္။

မူးရင္းေရးသားသူကို ေလးစားစြာ credit ေပးပါသည္။

Leave a Comment